မြစ်ကြီးနား၊ အောက်တိုဘာ ၁၀
ကချင်ပြည်နယ် မြစ်ကြီးနားမြို့  တောင်တန်းသာသနာပြုကျောင်းဝင်း အတွင်း၌ နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည့် သီတဂူဆေးရုံကြီးတွင် ရပ်နီးရပ်ဝေးမှ မျက်စိဝေဒနာရှင်များကို ပြည်ပမှ မျက်စိပါရဂူ ဆရာဝန်ကြီးများနှင့် ပြည်တွင်းမှ မျက်စိအထူးကု ဆရာဝန်ကြီးများဖြင့် နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ အခမဲ့စမ်းသပ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရပ်ဝေးမှ လာရောက်ကုသမည့် မျက်စိဝေဒနာရှင်များကိုလည်း နေရေးထိုင်ရေး စားသောက်ရေးတို့ကို တာဝန်ယူစီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါမျက်စိဆေးရုံကြီးသို့ တက်ရောက်ကုသလိုသော မျက်စိဝေဒနာရှင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး ရုံးများသို့ စာရင်းများပေးသွင်းနိုင်ကြောင်း သက်ဆိုင်ရာမှ ကျေးရွာအုပ်ချုပ်ရေးရုံးများသို့ တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။
ကျန်းမာရေးစစ်တမ်းများအရ ကမ္ဘာပေါ်တွင် ၅ စက္ကန့်တိုင်း၌ လူတစ်ဦးနှုန်း မျက်စိကွယ်လျက်ရှိပြီး ၅၀ % မှာ အာရှတိုက်မှဖြစ်ကြောင်း သိရသည်။ အာရှတွင် မျက်စိရောဂါများ အဖြစ်များရခြင်းမှာ မျက်စိကျန်းမာရေးအတွက် ဂရုတစိုက် စောင့်ရှောက်ထိန်းသိမ်းမှု နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ အောက်တိုဘာ ၁၃ ရက်နေ့အား ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ (World Sight Day) အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့ပြည်သူများ မျက်စိကျန်းမာရေးအတွက် ကျန်းမာရေး စီမံဆောင်ရွက်မှုများကိုလည်း နှစ်စဉ် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဤနေရာမှ ကူးယူဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁၂-၂၀၁၁
နမ့်ခမ်းမြို့
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ဇေယျသုခ-ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဝင်း အတွင်း၌ သီတဂူစက္ခုဒါန (မျက်စိ) အထူးကုဆေးရုံကြီး တည်ဆောက်မည် ဖြစ်ကြောင်း ၂၉-၆-၂၀၁၁ ရက်က သိရသည်။ ထိုဆေးရုံကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်ဉာဏိဿရ၏ လမ်းညွှန်လှူဒါန်းချက် အရ တည်ဆောက်ခြင်း ဖြစ်ပြီး ဆေးဝါးများ၊ ခွဲစိတ် ကိရိယာများကို ဆရာတော်က တာဝန်ယူ၍ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။ မျက်စိ ဆေးရုံကြီး၌ လူမျိုးဘာသာ မရွေး၊ နေရာဒေသ မရွေးမှ လာရောက်သည့် မျက်စိ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ် ကုသ ပေးမည် ဖြစ်ပြီး သုံးလ တစ်ကြိမ် အင်္ဂလန်မှ ပါရဂူကြီးများက လာရောက် ခွဲစိတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
"မျက်စိ ဆေးရုံကို ၁၄-၆-၂၀၁၁ ရက်က ပန္နက်တင်ခဲ့ပြီး ခုတင် ၅၀ ဆံ့ ဆေးရုံ တစ်ထပ်ခွဲဆောင် အဖြစ် တည်ဆောက်မှာပါ။ ဆေးရုံ တည်ဆောက်ဖို့ အတွက် ကျပ်သိန်း ၂၅၀၀ ကုန်ကျမှာ ဖြစ်ပြီး လှူဒါန်းချင်တဲ့ အလှူရှင်တွေ အနေနဲ့လည်း ထည့်ဝင် လှူဒါန်းနိုင်ပါတယ်။
မျက်စိဆေးရုံ ပြီးသွားလို့ မျက်စိရောဂါရှင်တွေကို ခွဲစိတ်ကုသပေးတဲ့အခါမှာလည်း သွေးတိုး၊ ဆီးချို၊ သွေးချိုရောဂါတွေကိုပါ ကုသပေးပြီး ခွဲစိတ်တဲ့အထိ အားလုံး အခမဲ့ ပါပဲ " ဟု အဆိုပါ ဇေယျသုခ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ၀ိနယာစာရ က မိန့်ကြားခဲ့သည်။
လှူဒါန်းနိုင်သည်
ယင်း နမ့်ခမ်းမြို့ သီတဂူစက္ခုဒါန (မျက်စိ) အထူးကုဆေးရုံအတွက် ပါဝင် လှူဒါန်းလိုသူများ အနေဖြင့် မျက်စိ ခွဲစိတ်ခန်း၊ အမျိုးသား၊ အမျိုးသမီး လူနာဆောင်၊ ဆရာဝန် နားနေခန်း၊ ဆေး စတိုခန်းနှင့် စမ်းသပ်ခန်း၊ လူနာများ စောင့်ဆိုင်းရန် နေရာ၊ စာဖတ်ခန်း၊ ပြတင်းပေါက်၊ အမိုးသွပ်၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် နှင့် ဆေးရုံသုံး ပရိဘောဂများ စသည်တို့ကိုလည်း ပါဝင် လှူဒါန်း နိုင်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံသို့ လှူဒါန်းနိုင်သောအလှူခံ ဌာနများမှာ
၁။ နမ့်ခမ်းမြို့ ဇေယျသုခ ကျောင်းတိုက် ဖုန်း-၀၈၂-၆၁၀၁၂ ၊ ၀၉၄၇၃၂၂၄၅၃ ၊
၂။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး (နမ့်ခမ်းမြို့) ဖုန်း-၀၈၂-၆၁၆၉၉ ၊
၃။ စိုင်းအုန်းမြ(မန္တလေး)ဖုန်း-၀၉၂၀၂၄၆၆၁ နှင့်
၎။ ရန်ကုန်မြို့ ဖုန်း-၅၅၈၄၄၇ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။
ဤနေရာမှ ကူးယူဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁၂-၂၀၁၁
0 comments:
Post a Comment