စာမိတ်ဆက်
ဒီပေးစာလေးက စာရေးသူထံ မကြာမကြာ မေးလေ့ရှိတဲ့ သူရဲ့ စာဖြစ်ပါတယ်၊ စာရေးသူ၏ ပြန်စာကြောင့် လူတစ်ယောက် အသိတရားရလာပြီး ဘ၀ကို ပြုပြင်နိုင်သွားတဲ့ဆိုတဲ့အကြောင်းတွေ ၀မ်းမြောက်ဝမ်းသာ ပြောပြထားပါတယ်။ဘုန်းဘုန်း
တပည့်တော်နာမည် နောင်နောင်ပါဘုရား ..
အရင်တုန်းက ကာမေသုမိစ္ဆာရကံအကြောင်း၊ ရဟန်းကမယ်တော်၊ ခမည်းတော်ကို ပြန်ရှိခိုးထိုက်ပါသလားဆိုတဲ့ အကြောင်းတွေကို မေးဖူးတဲ့သူပါဘုရား.....
တပည့်တော်ရဲ့ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို အရှင်ဘုရားပြောတဲ့ အကြောင်းတွေကို ပြန်ပြောပြတော့ နောင်တတွေရပြီး ပြန်ပြင်နေပါပြီဘုရား။ သူက အရင်တုန်းကဆို (ကျောင်းတက်တဲ့သုံးနှစ်လုံး) ရည်းစားတွေထည်လဲတွဲပြီး လက်မထပ်ရုံတမယ် တစ်ပတ်ရိုက်တွေ လုပ်တယ်ဘုရား၊ အဲဒီတုန်းက တပည့်တော်လည်း ကာမေသုမိစ္ဆာရကံနဲ့ပတ်သက်ပြီး သိပ်မသိတော့
မပြောပြမိခဲ့ဘူးဘုရား။ သူ့လိုတွေကလည်း ကျောင်းတုန်းက သူငယ်ချင်းတွေထဲမှာက
အများကြီးဆိုတော့ သူတို့တွေရော မင်းဘယ်လိုပြောမလဲဆိုပြီး ပြစရာတွေဖြစ်နေတော့ တပည့်တော် မပြောဖြစ်ခဲ့ဘူး။
တပည့်တော့ကတော့ ဘ၀ပေးအခြေအနေအရ အမျိုးတွေအိမ်မှာနေပြီး
ကျောင်းတက်တာဖြစ်လို့ ရည်းစားထားတယ်အသံကြားရင် ပညာရေးအတွက် အနှောင့်အယှက် ဖြစ်မှာစိုးတာကြောင့်ရယ်၊ ကိုယ်တကယ် နှလုံးသားထဲက ရင်ခုန်တဲ့သူမရှိတာကြောင့်ရယ် ရည်းစားမထားဖြစ်ခဲ့ပါဘူးဘုရား။ ....
အဲလိုနဲ့နေလာခဲ့တာ. .. အရင်တလောကအထိ အဲဒီသူငယ်ချင်းက ရည်းစားသုံးယောက် တစ်ပြိုင်တည်းထားပြီး သုံးယောက်လုံး တစ်ပြိုင်တည်း ကိုယ်ဝန်ပေါ်လာလို့ ဖျက်ပေးခဲ့ရတယ်လို့
ပြောတယ်ဘုရား။ အဲလိုစကားစပ်မိတော့ တပည့်တော်လည်း အရှင်ဘုရားရဲ့ ဘလော့ထဲက
အကြောင်းတွေကို ပြောပြမှ သူလည်း ဟုတ်လားဟုတ်လားနဲ့နေတော့တာပဲဘုရား ...
အေး----အဲဒါဆိုလည်း အခုပြင်တော့ နောက်မကျသေးဘူး... တစ်သက်လုံး လက်တွဲမယ့်သူကိုပဲ ကောင်းကောင်းရှာရွေးပြီး သစ္စာရှိရှိ တွဲတော့လို့ ပြောပြရတယ်ဘုရား။ သူထင်တာက အမျိုးသမီးတစ်ယောက်နဲ့ လက်မထပ်ခင်အထိ ရည်းစားဆိုတာ ကြိုက်သလောက်ထားခွင့်ရှိတယ်။ ရည်းစားအဆင့်ကျော်လို့မကလဲ Living together ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကြိုက်သလိုနေခွင့်ရှိတယ်...
အဲတရားဝင်လက်ထပ်တဲ့သူရှိပြီးရင်တော့ နောက်တစ်ယောက်တွေ ဘာတွေ လုံးဝ မထားရတော့ဘူး။ အဲလိုဆိုရင် အပြစ်ရှိသွားပြီလို့ အရင်တုန်းက သူက သဘောပေါက်ထားတာတဲ့ဘုရား ... (ပြောလို့သာပြောတာပါဘုရား အရင်တုန်းကတော့ တပည့်တော်လည်း အဲဒီကိစ္စတွေကိုေ၀၀ါးဝါးပဲဘုရား။ အရှင်ဘုရားနဲ့တွေ့ပြီး မေးဖြစ်မှသာ ရှင်းရှင်းလင်းလင်းသိရတာပါဘုရား)
သူအဲလိုအတွေးမှန်ရပြီး ပြင်သွားတော့ တပည့်တော်လည်း ၀မ်းသာတယ်ဘုရား။ အရှင်ဘုရားလည်း သာဓုခေါ်ရအောင် ရေးလိုက်တာပါဘုရား ....
(အရှင်ဘုရားတို့နဲ့ မအပ်စပ်တဲ့ စကားလုံးများ ပါပါက သည်းခံခွင့်လွှတ်ပေးပါဘုရား)
အရှင်ဘုရားဒီထက်မက သာသနာ့အကျိုးကို ထမ်းရွက်နိုင်ပါစေကြောင်း ဆုရည်လျှက်ပါဘုရား ......
ရိုသေစွာဖြင့် ..
နောင်နောင်
(ခေတ္တ - ဟားခါး)
လူငယ်များ စာပေနဲ့ မဝေးသင့်
အထူးလဲဝမ်းသာတယ် အထူးလဲ ကျေးဇူးတင်ပါတယ်။ ယခုလို မောင်ရင့် သူငယ်ချင်း အသိတရား ရပြီး ပြုပြင် ပြောင်းလဲနိုင်တာဟာ မောင်ရင့်ရဲ့ ကျေးဇူးတွေလဲ ပါတာပေါ့။ လူတစ်ယောက် အသိရ သွားတယ်ဆိုရင်ပဲ ကိုယ့်အတွက် အများကြီးကုသိုလ်ရလိုက်တယ်၊ သူတစ်ယောက်ကြောင့် ဒုက္ခရောက်မည့်သူတွေကို အများကြီး ကယ်တင်နိုင်လိုက်တာပဲ။ အဲဒီအတွက်လဲ၊ အလွန့်လွန် ၀မ်းသာမိပါတယ်။ ယခုလို အသိတစ်ခု ရပြီး ဘ၀တစ်ခုကို ပြုပြင်နိုင်ခြင်းဟာ စာပေရဲ့ တန်ခိုးဖြစ်ပါသည်။ "ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက သား မယားပင် သိမြင်ကင်းကွာ မလိမ္မာလည်း စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည်းးးး" ဆိုသည့် ရှင်မဟာရဋ္ဌသာရ၏ အဆိုအမိန့်ထဲကလိုပဲ လူလိမ္မာ တစ်ယောက် ဖြစ်သွားသည်၊ ထို့ကြောင့် လူငယ်များ ဘာသာရေး စာပေများ အချိန်ရှိခိုက် အခွင့်သာခိုက် ဖတ်စေလိုသည်၊ နာကြားစေလိုသည်။ လူကြီးများကလဲ လူငယ်တွေ စာပေနဲ့ နီးစပ်အောင် ဖန်တီးပေးသင့်သည်။သူမေးခဲ့ဖူးတဲ့ အကြောင်း----
ကာမေသုမိစ္ဆာစာရ အကြောင်း လင့်ခ် http://www.sitagustar2020.net/2010/10/blog-post_16.htmlသားရဟန်းက အမေကို ရှိခိုးသင့်လား လင့်ခ် http://www.sitagustar2020.net/2011/03/blog-post_13.html
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၄၀၂၀၁၂
1 comments:
ဘုန်းဘုန်း ဘုရား တပည့်တော် အရှင်ဘုရားရေးထားတဲ့ ကာမေသုမိစာ စာရ ကံအကြောင်း ဖတ်ရပါတယ်။ တပည့်တော် ထပ်ပြီးသိချင်တာက ယောက်ျားရှိတဲ့သူ (၀ါ) မိန်းမရှိပြီးသားသူတွေနဲ့ ပတ်သက်မိတာနဲ့ အဲကံမြောက်လားသိချင်ပါတယ်။ ပတ်သက်တာက စကားပြောမှားသွားရင် တောင်းပန်ပါတယ်၊ လင်မယားလို မဟုတ်ပဲနဲ့၊ သူငယ်ချင်းထက်နည်းနည်းပိုတဲ့အခြေအနေ လောက်ကိုပြောတာပါ။ သမီးရည်းစားလိုကလည်း စိတ်ထဲက တကယ်မပါတာကို သိနေပြီးတော့ အရင်က သူငယ်ချင်း၊ ရည်းစားဟောင်းဖြစ်နေတဲ့ အတွက်ကြောင့် ပတ်သက်မိရင်းနဲ့ သူငယ်ချင်းထက် နည်းနည်းကျော်တဲ့ အခြေအနေကိုပြောတာပါ။ အဲလိုမျိုး ကြုံဘူးခဲ့ပါသည်။ ယခုမဟုတ်တော့ပါ။ ကိုယ့်အတွက်ကြောင့် ဘယ်သူမှ စိတ်ထိခိုက်အောင်မလုပ်ချင်ပါ။ အဲလိုလုပ်ခဲ့မိတာကို ပြန်လည် ကျေအောင်လုပ်လို့ရတဲ့ နည်းလမ်းများရှိရင် သိချင်ပါတယ်။ တပည့်တော် တရားထိုင်တိုင်း ကိုယ့်သီလကို ပြန်စစ်တာ အဲကိစကို တွေးမိပြီး အဖြေမထွက်သေးလို့ပါ။ ကျေးဇူးတင်စွာဖြင့် တပည့်
Post a Comment