သီတဂူစတား

သီတဂူစတား

06 May 2012

အမေရိကန် ရွှေစည်းခုံစေတီနှင့် သီတဂူဗုဒ္ဓ၀ိဟာရ


(ရွှေစည်းခုံစေတီတော်ကြီးနှင့် ဓမ္မာရုံ)


အမေရိကန် ရွှေစည်းခုံစေတီနှင့် သီတဂူဗုဒ္ဓ၀ိဟာရ
သီတဂူဗုဒ္ဓ၀ိဟာရ

သီတဂူဗုဒ္ဓ၀ိဟာရ သည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင် အနောက်တောင်ပိုင်းမှာ တည်ရှိသည်။ ၁၆ ဧက အကျယ်ရှိသည်။ အော်စတင်မှာတော့ အကြီးဆုံးဗုဒ္ဓဘာသာ ကျောင်းတိုက်ကြီး ဖြစ်မည်။ တောအုပ်ကြီးသဖွယ် ကမ္မဋ္ဌာန်းကျောင်းကြီး ဖြစ်သဖြင့် သား ငှက် တိရစ္ဆာန်များ၏ စားကျက် နားခိုရာဖြစ်သလို ကမ္မဋ္ဌာန်းတရားအားထုတ်လိုသူများအတွက် အလွန်တိတ်ဆိပ် အေးချမ်းသည့် တောရကျောင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးပွဲ ပြုလုပ်ရာ နေရာလည်းဖြစ်သည်၊ ထိုကျောင်းတိုက်ကြီးသည် ၁၉၉၆ ခုနှစ်ကထဲက အမေရိကန်ရှိ ဓမ္မကို စိတ်ဝင်စားသူများအတွက် ထေရရ၀ါဒဗုဒ္ဓဘာသာ သင်တန်းများနှင့် လက်တွေ့အားထုတ်သူတို့အတွက် ဌာနကြီးတစ်ခု ဖြစ်လာသည်။ ထိုကျောင်းတိုက်ကြီးကို စေတီ ဓမ္မာရုံ၊ ထေရာဝါသ၊ ကထိက၊ ရုံးခန်း၊ ထမင်းစားခန်း၊ စာကြည့်တိုက်၊ ကမ္မဋ္ဌာန်ဆောင် စသည်ဖြင့် အဆောင် ပေါင် ၄၀ ကျော်တို့ဖြင့် တံဆာ ဆင်ထားသည်။
(စေတီတော်ကြီး တည်ဆောက်နေပုံ)
ရွေစည်ခုံ စေတီတော်ကြီး
မြန်မာနိုင်ငံမှ ရွှေစည်ခုံစေတီတော်ကြီး၏ ပုံတူ ဥာစ်တော် အမြင့် ၅၄ ပေရှိ အမေရိကန် ရွေစည်ခုံ စေတီတော်ကြီးကို ဓမ္မသဘာအဆောင်နှင့် တွဲဖတ်ပြီး အမေရိကန်ဒေါ်လာ သိန်း ၂၀ ကျော် ကုန်ကျခံပြီး တည်ဆောက် ပူဇော်သည်။ တသီးပုဂ္ဂလ ကုသိုလ်ရှင်များနှင့် အသင်းအဖွဲ့များ၏ ကုသိုလ်များဖြင့် တည်ဆောက်သည်။ ထိုစေတီတော်ကြီသည် ယခုအခါ ပြီးလုနီးပါး ဖြစ်နေသည်။

ထိုစေတီအတွက် ရှေ့ဆက်မည့် အစီးအစဉ်များကိုလည်း တာဝန်ခံဆရာတော်ထံမှ သိရသည်။
၁။ ၂၀၁၂ မေလ (၅) ရက် နံနက် ၉ နာရီအချိန်တွင် အထက် ပစ္စယံ ဌာပနာပိတ်ပွဲ ကျင်းပမည် ဖြစ်ရာ ဘုရားရှင်၏ ဓာတု စေတီ၊ ဥဒ္ဒိဿ စေတီ၊ ပရိဘောဂ စေတီ၊ ဓမ္မစေတီများနှင့် အနှိုင်းမဲ့မြတ်ဗုဒ္ဓကို ပူဇော်ရန် ရွှေ ငွေ ကျောက်တန် ပတ္တမြားကို သွားရောက် ပူဇော်နိုင်ပါသည်။
၂။ ၂၀၁၂ ဇွန်လ (၃) တနင်္ဂနွေနေ့တွင် ရတနာ စီခြယ်ထားသော ရွှေထီးတော် တင်လှူပွဲ ကျင်းပမည် ဖြစ်သည်။
၃။ ၂၀၁၂ အောက်တိုဘာလ (၂၇-၂၈) ရက်နေ့များတွင် ရွှေစည်ခုံစေတီတော်ကြီး အောင်မြင်ကြောင်း ပူဇော်များကို ခန်းနားစွာ ကျင်းပမည် ဖြစ်သည်။

(May 5, 12 - 9:00 a.m Upper Level Enshrinement Ceremony for Sitagu Shwezigon Pagoda relics, valuables, sacred texts and other sacred objects.
Jun 3, 12 - Sunday Umbrella Setting Up Ceremony for Sitagu Shwezigon Pagoda
Oct 27-28, 12 Final Inauguration Ceremony for Sitagu Shwezigon Pagoda)
(ယောဂီဆောင်များ)

ကျောင်းဆောင်များ
ယခုအခါ ထိုသီတဂူဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကြီးကို--၁၊ ရွှေစည်ခုံစေတီကြီး ၂၊ ဓမ္မသဘာ စုပေါင်း ကမ္မဋ္ဌာန်းအားထုတ်ရာ ပင်မအဆောင်ကြီး ၃၊ ဆရာတော်ကြီး သီတင်းသုံးရာ ထေရာဝါသအဆောင်၊ ၄။ လက်ထောက် ကျောင်းထိုင်းဆရာတော် အဆောင်၊ ၅။ ဆရာ ကထိကများအဆောင်၊ ၆။ စာကြည့်တိုက်၊ ၇။ အမျိုးသား ယောဂီအဆောင် အကြီး ၄ နှင့် အဆောင်ငယ် ၈ဆောင်။ ၈။ အမျိုးသမီးယောဂီအဆောင် အကြီး ၄ နှင့် အဆောင်ငယ် ၈ ခု၊ ၉။ ထမင်းစားဆောင်၊ ၁၀။ မီးဖိုအဆောင်၊ ၁၁။ရေချိုခန်း အိမ်သာများစသည်ဖြင့် အဆောင်ပေါင်း ၄၀ ကျော်တို့ဖြင် တံဆာဆင်ဆဲ ဖြစ်သည်။ တကမ္ဘာလုံးရှိ ကုသိုလ်ရှင်လဲ အသီးအသီး တာဝန်ယူကြပြီး ဖြစ်သည်။

ကျောင်းဆောင်များကို နာမည်ပေးရာမှာ အမျိုးသားယောဂီဆောင်များကို ဘုရားရှင်၏ တပည့်ကြီးများဖြစ်ကြသော အရှင်မဟာကဿပ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန် အရှင်အာနန္ဒ စသော မထေရ်တို့ကို ပူဇော် ဂုဏ်ပြုသောအားဖြင့် ထိုမထေရ်တို့၏ ဘွဲ့တော်များကို ကျောင်းဆောင်အမည်ပေးထားခြင်း၊ အမျိုးသမီးယောဂီဆောင်များကိုလဲ ဘုရားရှင်၏တပည့် အမျိုးသမီး အာဇာနည်များကို ဂုဏ်ပြုသောအားဖြင့် ခေမာ၊ ဥပ္ပလ၀ဏ်၊ ပဋာစာရီ၊ ဓမ္မဒိန္နာ စသည်ဖြင့် အမည်ပေးထားခြင်း၊ ဘုရားရှင်လက်ထက်တော်မှ စ၍ ယနေ့အထိ သာသနာတွင် အထင်ရှားဆုံး ကျောင်းတိုက်ကြီးများဖြစ်ကြသော ဇေတ၀န်၊ ပုဗ္ဗာရုံ၊ ဝေဠုဝန်၊ မဂဒါဝုန် စသည်တို့ကို ဂုဏ်ပြု ပူဇော်သောအားဖြင့် လက်ထောက်ဆောင် ကထိကအဆောင်များကို ထိုနာမည်များ ပေးထားသည်မှာ အလွန့်လွန်ကိုပဲ ကြည်နူးဖွယ်ကောင်းလှသည်။
(ဒေါက်တာဂုဏရတန သက်တော်ရှည် အမေရိကန် သီရိလင်္ကာဆရာတော် လာရောက် အားပေး)

At the Sitagu Buddhist Vihara in Austin Texas, the monestary is building a duplicate Shwe Zi Gon Pagoda 1/3 scale along with a meditation center, library, hall and monks quarters. It is not only a massive construction project but it is also a challenging artistic feat. To accomplish this task master craftsmen from both Burma and the US have converged on this monestary and are duplicating every detail including sculptures, shrines, and tiles that adorn the original temple.
This pagoda is literally being handcrafted from scratch and when it is completed it will truly be a work of art since the artists are using temple building skills that were handed down from one generation to the next. And they are doing it all out of kindness and consideration for fellow Buddhists.
(တမ္မ၀တီ ဦးဝင်းမောင်၏ လက်ရာများ)

For more information:
ဆက်သွယ်ရန်--
Ariyadhamma, Ashin, Dr.
Assistant of Sitagu Sayadaw
In Charge of Sitagu Missionary Association in USA
Theravada Dhamma Society of America
Sitagu Buddhist Vihara
9001 Honeycomb Dr.
Austin, TX 78737
(ကျောင်းဒကာ ဒကာမများ၊ ကျောင်းတော်ကြီးတည်ဆောက်သူများ အမှတ်တရ)

အမေရိကန်ရောက်ရင် ထိုသေသပ်လှပ သာယာသော ကျောင်းတိုက်ကြီးကို ရောက်ဖြစ်အောင် သွားလိုက်ကြပါကုန်သတည်းးးးးးးးးးးးးးးးးးးး

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၃-၅-၂၀၁၂

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes