သီတဂူရွှေစည်းခုံစေတီတော်ကြီး အကြိုထီးတင်ပွဲ
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတွင် တည်ထားကိုးကွယ် ပူဇော်နေသော ရွှေစည်းခုံစေတီတော်မြတ်ကြီး ၉၅ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်သည်။ နောက်ဆုံးစိန်ဖူးတော် မတင်မီ အကြိုထီးတော်အဆင့်ဆင့်တို့ကိုလည်း တင်လှူပူဇော်ပြီး ဖြစ်သည်။နောက်ဆုံး စိန်ဖူးတော်တင်လှူပွဲကိုတော့ ၁၃၇၄ခုနှစ် နယုန်လပြည့်နေ့ (၀၄-၀၆-၂၀၁၂) နံက် ၉နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါသည်။ ထိုပွဲကို သီတဂူဆရာတော်ကြီး ဦးဆောင်တဲ့ ဆရာတော် ၆ ပါးတို့က ဦးဆောင် ပူဇော်ကြမှာ ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ စိတ်ပါဝင်စားသူတိုင်း တက်ရောက် ကြည်ညို သဒ္ဓါပွားနိုင်ပါကြောင်း နှိုးဆော်လိုက်ပါသည်။
“၀၁-၀၆-၂၀၁၂-ရက်နေ့တွင် စင်ကာပူသို့ ကြွရောက်ပါမည်။ စင်ကာပူမှာ တရားချီးမြှင့်မည်ဟု သိရသည်။ စင်ကာပူမှတဆင့် အမေရိကသို့ ဓမ္မဒူတခရီးကြွရောက်ကာ တည်ထားပူဇော်လျက်ရှိသော ရွှေစည်းဂုံစေတီတော်အား အချိန်မှီ ပြီးစီးပူဇော်နိုင်ရန် အနီးကပ်ညွှန်ကြားမှုများ ပြုလုပ်ပါမည်ဟု
သိရပါမည်။ သီတဂူဆရာတော်သည် အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့၊ သီတဂူဗုဒ္ဓ၀ိဟာရတွင် တည်ထားပူဇော်လျက်ရှိသော ရွှေစည်းဂုံစေတီတော်အား ယခုနှစ် သီတင်းလပြည့်နေ့တွင် အပြီးတည်ထားပူဇော်ရန် ရည်ရွယ်ထားပါသည်” ဟု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖေ့ဘုတ်မှ တွေ့ရပါသည်။
အမေရိကန် သီတဂူဗုဒ္ဓ၀ိဟာရ တာဝန်ခံဆရာတော် ဒေါက်တာအရိယဓမ္မ၏ ဖိတ်စာအရ နောက်ဆုံး စိန်ဖူးတော်တင်လှူပွဲသည် ယခုနှစ်နယုန်လပြည့် ဖြစ်သည်။ ဒီလ ဒီသီတင်းမှာဟု ဆိုဟန်တူသည်။ သို့သော် ဓမ္မသာလာစသည့် ထေရာဝါသ၊ ကမ္မဋ္ဌာန်းကျောင်းဆောင်များ အပ်နှင်းပွဲ ရေစက်ချပွဲကိုတော့ သီတင်းကျွတ်လပြည့်အတွင်း ဖြစ်နိုင်ပါသည်။ ထို့အတွက် ကျောင်းဆောင်များ မြန်မြန် ပြီးစီးနိုင်ရန်အတွက် သီတဂူဆရာတော်ကြီးသည် အမေရိကနှင့်မြန်မာ ခေါက်တုံ့ခေါက်ပြန် သွားနေရသည်။
(You all are warmly invited to Final Diamond Bud Set Up Ceremony on Monday June 4, 2012. Full Moon Day of Nayon, 9:00 a.m to 2: 00 p.m. Headed by Sitagu Sayadawgyi and 6 monks.)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၅-၂၀၁၂
1 comments:
America မြေပေါ်မှာ စေတီ ပုထိုး၊ မြန်မာမှုလက်ရာ ကျောင်းကန်တွေ ခမ်းခမ်းနားနား တည်ဆောက်မှုများကို ပါရမီရှင် ဘုန်းကံကြီးတော်မူသော သီတဂူဆရာတော်ကြီးသာ စွမ်းဆောင်နိုင်ပေသည်။
Post a Comment