(ဓာတ်ပုံ=သီတဂူစတား (ဒီဇင်ဘာ၊၂၀၁၁ က ရိုက်ခဲ့)
(က) ဗုဒ္ဓဂယာအလှူ
ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၁၂ ရက်နေ့ အထိ (၁၀) ရက်တိုင်တိုင် နိုင်ငံတကာ တိပိဋက ရွတ်ဘာသ် ပူဇော်ပွဲကို ဗုဒ္ဓဘာသာနိုင်ငံများက အလှည့်ကျ ဦးဆောင်၍ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်တွင် နှစ်စဉ် ကျင်းပလေ့ရှိသည်။ ယခုနှစ် ၂၀၁၂ ပွဲကို မြန်မာနိုင်ငံက ဦးဆောင်ကျင်းပမည်ဖြစ်သည်။ ထိုပူဇော်ပွဲကို သီတဂူဆရာတော် ဦးဆောင်၍ တိပိဋကဆရာတော်များနှင့် ၆၆ ယောက်ပါ တပည့် ဒကာ-ဒကာမများ ထိုမြေမြတ်မဟာသို့ သွားရောက် ပူဇော်ကြမည် ဖြစ်သည်။ ထိုပွဲအတွက် သီတဂူသာသနာပြုအဖွဲ့က အမေရိကန် ဒေါ်လာ (၁) တစ်သိန်း လှူဒါန်းမည် ဖြစ်သည်။

(နှစ်စဉ် အိန္ဒိယတက္ကသိုလ် အသီးအသီးတွင် ပညာသင်ကြားနေကြသော မြန်မာရဟန်းတော် ၆၀၀ ခန့်ကို ပညာသင်စရိတ် ထောက်ပံ့သည့် အစီအစဉ်လဲ ပါရှိကြောင်း၊ သို့သော် သတင်းကား အတိအကျ မရသေး)
ထိုပူဇော်ပွဲနှင့်ပတ်သက်ပြီး “မဟာဗောဓိအသံ” အမည်ရှိ ပို့စ်တစ်ခုဖြင့် စာရေးသူ၏ဆိုက်တွင် နှိုးဆော်ခဲ့ဖူးသည်။
(မှတ်ချက်) သီတဂူစတား သည် ထိုနေ့ထိုရက်များတွင် ဗုဒ္ဓဂယာတွင် ရှိနေပါမည်)
( အိန္ဒိယရောက် မြန်မာ ရဟန်းတော်များ နိုင်ငံတကာ တိပိဋက ပူဇော်ပွဲတွင် ပါဝင်)
(ခ) ဘင်္ဂလားဒေ့ရှ် အလှူ
များမကြာမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သမိုင်းဝင် ရှေးဟောင်း ဗုဒ္ဓဘာသာ ဘုရားကျောင်းဆောင်၊ ဘုန်းကြီးကျောင်းဆောင် အများပြားကို မီးရှို့ဖျက်ဆီးခံရသဖြင့် ဗုဒ္ဓဘာသာ လူအနဲစုသာ နေသော ထိုနိုင်ငံတွင် ပြန်လည်ထူထောင်နိုင်ဖို့ အလွန်ခက်ခဲသည်။ ထိုဗုဒ္ဓဘာသာ ကျောင်းဆောင်များ ပြန်လည်ထူထောင်ရေးအတွက် သီတဂူသာသနာပြုအဖွဲ့က အမေရိကန် ဒေါ်လာ တစ်သိန်းကို လှူဒါန်းမည် ဖြစ်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၁၀-၂၀၁၂

Tuesday, November 06, 2012
sitagustar
Posted in:
0 comments:
Post a Comment