
Monday, December 03, 2012

sitagustar
No comments
သီတဂူဆရာတော်ကြီး ဗုဒ္ဓဂယာရောက်
သီတဂူဆရာတော်ကြီး ဒီဇင်ဘာ (၁)ရက်နေ့က
ဗုဒ္ဓဂယာသို့ ရောက်ရှိလာသည်။ နိုဝင်ဘာ (၃၀)ရက် ည ရန်ကုန် တရားပွဲနှင့် ဒီဇင်ဘာ(၁)
ရက်နေ့ ဗုဒ္ဓဂယာသို့ ကြွရန် ရန်ကုန်ရောက်နေစဉ် မုံရွာ ကြေးနီတောင် အရေးခင်းကြောင့်
သံဃာ တော်တော်များများ ဒဏ်ရာ ပြင်းထန်စွာ ရသည်ကို ကြားသိရသဖြင့် ချက်ချင်း
မုံရွာဘက်သို့အရောက်သွားခဲ့သည်၊ ဒဏ်ရာရ သံဃာများနဲ့ လူဝတ်ကြောင်များကိုပါ
အားပေးစကား ပြောကြားခဲ့သည်၊ အလှူငွေများလဲ ပေးလှူခဲ့သည်။ ထိုအရေးနဲ့ပတ်သက်ပြီး
(၃၀)ရက်နေ့ည ရန်ကုန်တရားပွဲတွင် ထည့်သွင်း ဟောကြားခဲ့သည်ဟု ဆရာတော်ကြီးက မိန့်သည်။
ထိုတရားနာယူနိုင်ပါသည်။ တခါ ချက်ချင်းပဲ ရန်ကုန်ပြန်လာပြီး နောက်နေ့မနက်
ဗုဒ္ဓဂယာဘက်သို့ ရောက်လာခဲ့သည်။
(သီတဂူဆရာတော်ကြီးနဲ့အတူ မစိုးရိမ်ဆရာတော်ကြီး၊ နာလန္ဒာတက္ကသိုလ် ဒေါက်တာပန့်တို့ ဗုဒ္ဓဂယာ အခမ်းအနားတွင် တွေ့ရစဉ်)
၂-၁၂-၂၀၁၂ (၈) ကြိမ်မြောက် နိုင်ငံတကာ
တိပိဋကရွတ်ဆို ပူဇော်ပွဲကို အစဉ်အလာ မပြတ် ကျင်းပလျှက်ရှိသည်။ အိန္ဒိယနိုင်ငံ
ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်တွင် ဒီဇင်ဘာ (၂) ရက်နေ့မှ (၁၂)နေ့အထိ ကျင်းပသည်။
ထိုပွဲကြီးကို ဗုဒ္ဓဘာသာနိုင်ငံများမှ အလှည့်အကျ ဦးဆောင်ဦးရွက် တာဝန်ယူကာ
ကျင်းပလေ့ရှိရာ ဒီ (၈)ကြိမ်မြောက်မှာတော့ မြန်မာနိုင်ငံက တာဝန်ယူ ကျင်းပသည်။
ထိုင်းနိုင်ငံကဲ့သို့ တခြားနိုင်ငံတွေမှာတော့ အစိုးရပိုင်းကပါ အကူအညီများပေးသည်ကို
တွေ့ရပေမဲ့ မြန်မာနိုင်ငံအလှည့်မှာတော့ ကိုယ်ထူ ကိုယ်ထ ကုသိုလ်ရှင်များ
ဖွဲ့စည်းလျှက် တာဝန်ယူ ကျင်းပသည်။
သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာဒကာမများ၊
သီတဂူဂီတဉ္စလီအဖွဲ့ (အလင်္ကာဝတ်ရည်) (အဆို၊ အက၊ ဗုဒ္ဓ၀င်ပြဇာတ်သရုပ် တင်ဆက်)၊
မဇ္ဈိမသံဃာ့မာတာ ကျောင်းအမဒေါ်မြရှင်နှင့်အဖွဲ့နှင့် အစိုးရမဟုတ်သော မြန်မာ့ပြည်
စေတနာရှင်များက ပါဝင်ကုသိုလ်ယူကြသည်ကိုလဲ တွေ့ရသည်။
သီတဂူစတား
ဂယာရောက်
ထိုပွဲအတွက် ကြွရောက်လာသော သီတဂူဆရာတော်ကြီးကို ဖူးမျှော်လိုခြင်း၊
ဝေယျာဝေစ္စပြုလိုခြင်းနှင့် ဆရာတော်ကြီး၏ တပည့်ဒကာ ဒကာမများအတွက် လိုအပ်သည့်နေရာမှာ
ဝိုင်းဝန်းကူညီရန် သီတဂူစတားလဲ တခြားတပည့်များ နည်းတူ ဗုဒ္ဓဂယာသို့ နိုဝင်ဘာ
(၂၈)ရက်နေ့ကထဲက ရောက်ရှိလာသည်။
(မြန်မာ့ရိုးရာ ဖျော်ဖြေရေး သီတဂူဂီတဉ္စလီအဖွဲ့နှင့် အမှတ်တရ)
(မြန်မာ့ရိုးရာ ဖျော်ဖြေရေး သီတဂူဂီတဉ္စလီအဖွဲ့ရဲ့ တခါမှ မမြင်ဖူးသေးတဲ့ ဗုဒ္ဓ၀င်ပြဇာတ်သရုပ်ဖော် အဆို အကတွေကို သဘောကျ ကျေနပ်အားရကြောင်း၊ ကျေးဇူးတင် စကားပြောနေသော မစ်စ် ၀မ်မို)
နိုင်ငံတကာ တိပိဋကရွတ်ဆို ပူဇော်ပွဲကို
မြန်မာပြည်မှ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပုံကို စာရေးသူ ဘုံဘေရောက်မှပဲ
စာဖတ်သူများ ကြည်ညိုသဒ္ဓါပွားနိုင်ရန်
တင်ပြပါဦးမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၂-၂၀၁၂
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
0 comments:
Post a Comment