Saturday, December 29, 2012
sitagustar
No comments
တိုင်းပြည် အနှစ်ရှိသူများ
တနေ့က သီတဂူဆရာတော်ကြီး၏ နိုဝင်ဘာ ၃၀ ရက်နေ့
ရန်ကုန်မှာဟောခဲ့တဲ့ “ချမ်းမြေ့ ပျော်ရွှင်ပါစေ” ဆိုတဲ့ တရားကို နာပြီး အတွေးတွေ
များစွာဝင်ခဲ့သည်။ ဆရာတော်ကြီးကလဲ အံ့သြလောက်အောင်ကို နေရာ အချိန်အခါ
အံဝင်ခွင်ကျအောင် ဟောနိုင်သည်။ ဆရာတော်ကြီး၏ တရားတော်ထဲမှာ အနှစ်မရှိတဲ့ အမတ်တွေ
ဝန်ကြီးတွေ အကြောင်းပြောထားတာလေး ပါရှိတယ်။ ထို အနှစ်မရှိတဲ့ အမတ်တစ်ယောက်ကြောင့်
ရဟန်းတော်တွေ များစွာ အသက်ပေးခဲ့ရတယ်။
တခါတရံ တိုင်းပြည်မင်းလုပ်တဲ့သူက
အလွန်တော်နေပေမဲ့ သူ့အနားမှာ နေတဲ့ အနှစ်မရှိတဲ့ ၀န်ကြီးတွေ၊ အမတ်တွေ၊ အရာရှိတွေ၊
အကြံပေးတွေက မြှောက်ထိုးပင့်ကော်မှုကြောင့် တိုင်းပြည်ပျက်စီးခဲ့ရတဲ့ သာဓကတွေလဲ
များစွာရှိခဲ့တယ်။ ဆရာတော်ကြီးက ဒါကိုလဲ
မီးမှောင်းထိုးပြသွားသည်။
အဇာတသတ်မင်းကြီး ဘုရားရှင်နဲ့မတွေ့ခင် ဘုရားရှင်ကို
အမြဲတမ်း ဆန့်ကျင်ခဲ့တဲ့ အရှင်ဒေ၀ဒတ်ရဲ့ မြှောက်ထိုးပင့်ကော်မှုကြောင့် အဖေရင်းကိုပါ
သတ်မိခဲ့သည်။ အသောကမင်းကြီးလက်ထက်ကလဲ အလားတူပဲ ဖြစ်ခဲ့သည်၊ အနှစ်မရှိတဲ့
ဝန်ကြီးတစ်ယောက်ကြောင့် ရဟန်းတော်တွေ အသတ်ခံခဲ့ရဖူးသည်။ ဘုရင်ကြီးတွေ အဲဒီလို
ကြီးကျယ်တဲ့ ညစ်ညမ်းတဲ့ အမှုကြီး ကျူးလွန်ပြီးမှ တွေးတိုင်း စိတ်မအေးရ ဖြစ်ခဲ့ရသည်။
မကျူးလွန်မီကထဲက ကိုယ်ကိုယ်တိုင်ကလဲ အနှစ်ရှိဖို့လိုသလို ကိုယ့်နားက အကြံပေးဆိုတဲ့
ဝန်ကြီးတွေကလဲ အနှစ်ရှိနေဖို့လိုတယ် ဆိုတာ မြတ်ဗုဒ္ဓက အောက်ပါ သုတ္တန်ကို
ဟောခဲ့သည်။
တိုင်းပြည်ကြီးပွားကြောင်း လေးပါး
၁။ တိုင်းပြည် ခေါင်းဆောင်က
အနှစ်ရှိပြီး နောက်လိုက်တပည့်တွေ ဘာမှမတတ်-အကာတွေ ခြံရံခြင်း။ တစ်ကိုယ်ကောင်းဆန်၊
တိုင်းပြည်နဲ့လူမျိုးကို မကြည့်တတ်သော နောက်လိုက်များ ခြံရခြင်း။ (သာရော
ဖေဂ္ဂုပရိဝါရော)
၂။ တိုင်းပြည် ခေါင်းဆောင်က ဘာမှ မလုပ်တတ်၊ အကာတုံးကြီး
ဖြစ်နေပြီး နောက်လိုက်တွေက အနှစ်တွေ (ပညာတတ်) (ဖေဂ္ဂု သာရပရိဝါရော)
၃။ တိုင်းပြည်
ခေါင်းဆောင်ကလဲ အကာ၊ နောက်လိုက်ကလဲ အကာတွေချည်းဖြစ်နေသူ တစ်စု (ဖေဂ္ဂု
ဖေဂ္ဂုပရိဝါရော)။
၎။ တိုင်းပြည် ခေါင်းဆောင်ကလဲ အနှစ်ရှိပြီး နောက်လိုက်တွေကလဲ
အနှစ်ရှိသူကတစ်စု (သာရော သာရပရိဝါရော)။
နံပါတ် (၃) တိုင်းပြည်မှာ ခေါင်းဆောင်ရော
နောက်လိုက်ပါ အကာတွေချည်း ဖြစ်နေရင် အဲဒီနိုင်ငံ အဲဒီတိုင်းပြည် ဘယ်တော့
မချမ်းသာနိုင်၊ ဘယ်တော့မှ မကြီးပွားနိုင်။ နံပါတ် (၂) နောက်လိုက်တွေ အနှစ်ရှိနေပမဲ့
အာဏာမရှိ၍၊ အာဏာရှိတဲ့ တိုင်းပြည်ခေါင်းဆောင်က အကာဖြစ်နေရင်လဲ ထိုတိုင်းပြည်
ထိုနိုင်ငံ အရှုံးကြီး ရှုံးမည်။
သာရော သာရပရိဝါရော-ဆိုတဲ့အတိုင်း ခေါင်းဆောင်
နောက်လိုက် အားလုံးက ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် လူမျိုးအတွက် ဘာသာအတွက် မေတ္တာ
စေတနာ ထားတဲ့ အနှစ်ရှိသူများ ဖြစ်လျှင်-----ဆန္ဒပြုပါသည်။
အင်္ဂုတ္တရနိကာယ်၊
ရုက္ခသုတ်ကို ကိုးကားသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၁၂-၂၀၁၂
Posted in: စာတို ပေတို
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
သီတဂူစတား သြ၀ါဒကထာချီးမြင့် (TTC ရန်ကုန်) -------------------- ၂၀၁၅ခုနှစ်။ အောက်တိုဘာ (၇)ရက် ဒီကနေ့ (၇-၁၀-၂၀၁၅)နေ့ နံနက်ပိုင်း၊ေ...
-
သီတဂူရေဘေးအလှူတော် ချင်းပြည်နယ်အတွက် စတင် ---------------------- ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၁ရက် (၃၀-၈-၂၀၁၅)နေ့ညက သီတဂူဆရာတော်ကြီးသည် ချင်းပြည်...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
၂ ခုမြောက် ရဟန်းပြုရကျိုး မြတ်စွာဘုရား ထိုထက်အဆင့်မြင့်သော ရဟန်းပြုခြင်းရဲ့အကျိုး ကျေးဇူးကို မိန့်ကြားတော်မူပါအုံး ဆိုတော့ ပရိသတ်ရေ အလွန်ရှ...
-
သီတဂူဆရာတော်ကြီး ဗုဒ္ဓဂယာရောက် သီတဂူဆရာတော်ကြီး ဒီဇင်ဘာ (၁)ရက်နေ့က ဗုဒ္ဓဂယာသို့ ရောက်ရှိလာသည်။ နိုဝင်ဘာ (၃၀)ရက် ည ရန်ကုန် တရားပွဲ...
-
သီတဂူဆရာတော်ကြီး သက်တော်(၇၇)နှစ်ပြည့် မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ သီတဂူဆရာတော်ကြီးသက်တော်(၇၇)နှစ်ပြည့် မွေးနေ့ပူဇော်ပွဲကို ၁၃၇၅-...
-
စာနိဒါန်း စာဖတ်ရတာ လွယ်သလောက် စာရေးရတာ မလွယ်ပါလားနော်။ စာရေးသူဖြစ်ဖို့ဆိုတာမလွယ်ဘူးလေ။ ရေးတဲ့အချိန်တွေ၊ စဉ်းစားဖို့အချိန်တွေပေးရပါတယ်။ ဖတ်...
0 comments:
Post a Comment