
Saturday, December 15, 2012

sitagustar
No comments
နိုင်ငံတကာ ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ စာတမ်းဖတ်ပွဲ
(သီတဂူ)
(စာတမ်းဖတ်ပွဲအခမ်အနားဖွင့်ပွဲ သီတဂူဆရာတော်ကြီးနှင့် ဒုသမ္မတ ဆီမီးထွန်းပုံ)
ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ
အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ(International Seminar on Buddhist Cultural Heritage
) ဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၈ နာရီ ၃၀ က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အတွင်းရှိ ဘွဲ့နှင်းသဘင်ခမ်းမဆောင် (ဓမ္မသဘာ)တွင် ကျင်းပခဲ့သည်။ ထိုစာတမ်းဖတ်ပွဲကြီးကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ
ယဉ်ကျေးမူဆက်ဆံရေးကောင်စီတို့က
ကြီးမူးကျင်းပသည်။
ဗုဒ္ဓအမွေအနှစ်စာတမ်းဖတ်ပွဲဖွင့်ပွဲသို့
နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ မြန်မာနိုင်ငံသို့
ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး
ဆယ်လ်မန်ခါရှစ်တို့လည်း တက်ရောက်ခဲ့သည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အတွင်း သီတဂူဆရာတော်ကြီး ဒု-သမ္မတနှင့်အဖွဲ့အား လိုက်လံပြသ)
(ဒု-သမ္မတနှင့်အဖွဲ့အား သီတဂူ အလုပ်အမှုဆောင်အဖွဲ့က ကြိုဆို)
ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ
သုံးရက်ကြာပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊
ဗီယက်နမ်၊ လာအို၊ ဗြိတိန်၊ သီရိလင်္ကာ၊ တရုတ်နိုင်ငံတို့မှ ပညာရှင်များနှင့်
မြန်မာနိုင်ငံမှပညာရှင်များက ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ
စာတမ်းများဖတ်ကြားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(အခမ်းအနားသို့ကြွရောက်လာ ဧည့်ပရိသတ်များ)
သတင်းဓာတ်ပုံများကို 7Days
News Journalနှင့် Popular Myanmar News Journal တို့မှ ကူးယူ ကိုးကား
ဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁၂-၂၀၁၂
Posted in: အစည်းအဝေးများ
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
0 comments:
Post a Comment