
Saturday, December 29, 2012

sitagustar
No comments
၂၀၁၂ မြန်မာနိုင်ငံတွင် အထင်ရှားဆုံး
ယခုနှစ်အတွင်း ထူးခြားထင်ရှားမှု
အရှိဆုံးသူများအဖြစ် The VoiceWeekly အယ်ဒီတာအဖွဲ့က သတ်မှတ်ရွေးချယ်
ဖော်ပြလိုက်သည့် ပုဂ္ဂိလ်များတွင် သီတဂူဆရာတော်ကြီးလည်းပါဝင်သည်။
လင်းပွင့်စ
မြန်မာနိုင်ငံတွင် အကောင်းအဆိုး ရောပြွမ်း ဖြစ်ပွားခဲ့သည့် ၂ဝ၁၂ ခုနှစ်တွင် ဘာသာ
ရေးနှင့် လူမှုရေး လှူဒါန်းကူညီမှု များအပြင် နိုင်ငံ ခြား တိုင်းပြည်အချို့၏ အဓိက
အရေးကိစ္စရပ် အချို့တွင်ပါ သြဇာ သက်ရောက်မှုရှိရှိ လှုပ်ရှားခဲ့သူ၊ ဘွဲ့တော်ရင်း
ဒေါက်တာအရှင် ဉာဏိဿရ ဟု ခေါ်တွင်ကာ မွန်ပြည်နယ် သထုံမြို့ သပိတ်အိုင်တောရ စခန်းတွင်
လေးနှစ်ကြာ တရားအားထုတ်ခဲ့ခြင်းကို အစွဲပြု၍ သပိတ်အိုင် ဆရာတော်ဟုလည်း လူသိများသူ
သီတဂူဆရာတော်ကို ယခုနှစ်အတွက် ထူးခြားထင်ရှားသည့် ပုဂ္ဂိုလ်အဖြစ်
ရွေးချယ်လိုက်ပါသည်။
၂၀၁၂ ခုနှစ်အတွင်း လူထု အာရုံစိုက်မှု အမြင့်ဆုံးဖြစ်ခဲ့သည့်
လက်ပံတောင်းတောင်အရေး အပါအဝင် ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ်) မှ
မြန်မာဘုန်းတော်ကြီးကျောင်း အရေးတို့တွင်လည်း သက်တော် ၇၆ နှစ်ရှိ ဆရာတော်၏
ပါဝင်ဆောင် ရွက်မှုတို့မှာ များစွာ အရေးပါ ခဲ့သည်။
"ဒီပြဿနာက ရေနဲ့ ဖျန်းတာပဲ၊
ဒါပေမဲ့ ငရဲပြည်က ရေဖြစ်နေတယ်" ၊ "သမိုင်းတွင်မည့် မီးသင့်သင်္ကန်း" စသည့် ဆရာတော်၏
မှတ်ချက် စကားတို့က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော သက်တမ်းနုနု
အစိုးရအတွက် ယခုနှစ်အတွင်း အမည်းစက်ဖြစ်စေသော လက်ပံတောင်းတောင်
သပိတ်ဖြိုခွင်းမှုနှင့်ပတ်သက်၍ များစွာ ထင်ရှားခဲ့သည်။ အစိုးရက တရားဝင်ဝန်ချ
တောင်းပန်အပြီး သံဃာတော်များ တစ်နိုင်ငံလုံး ဆန္ဒပြ အရှိန်တက်လာမည့်အရေးကို
အစိုးရနှင့် ဦးဆောင်သံဃာ တို့အကြား ညှိနှိုင်း စေ့စပ်သူအဖြစ် ကြားဝင်ကာ ဆန္ဒပြမှုများ
ရပ်တန့်ရန် မိန့်ကြားအပြီးတွင် ဆန္ဒပြမှုများ အရှိန် လျော့ကျခဲ့သည်။
ပဲခူးတိုင်း
ဒေသကြီး သဲကုန်းမြို့နယ် ဇာတိ၊ သက်တော် ၃၀ ကျော်အရွယ်မှ စတင်၍ လူမှုရေး လုပ်ငန်းများ
လုပ်ကိုင်ခဲ့သူ၊ ၁၉၇၈ ခုနှစ်တွင် သီတဂူ သာသနာပြု အဖွဲ့ကို တည်ထောင်ကာ ရေအလှူတော်၊
အာယုဒါန ဆေးရုံတော်၊ ဗုဒ္ဓတက္ကသိုလ်၊ ဓမ္မဝိဟာရ စသည့် သာသနာပြု လုပ်ငန်းများ
လုပ်ကိုင်လျက်ရှိသူ၊ ဗုဒ္ဓ တရားတော်ကို နေ့စဉ် အနည်းဆုံး တစ်ကြိမ် တရားရေအေး
တိုက်ကျွေးလျက်ရှိသူ ဆရာတော်သည် နိုင်ငံ အတွင်းရှိ အရေးကိစ္စများတွင်
မိန့်ကြားလေ့ရှိသော မှတ်ချက်စကားမှာလည်း များစွာ ထိရောက်လှပြီး
နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် အစိုးရ၊ အတိုက်အခံတို့အပြင် နိုင်ငံတကာ ဆက်ဆံရေး
စာမျက်နှာ တွင်လည်း များစွာ အရေးပါလှသောကြောင့် ယခုကဲ့သို့ရွေးချယ်ရခြင်း
ဖြစ်ပါသည်။
thevoicemyanmar မှ
ကူးယူဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၁၂-၂၀၁၂
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
0 comments:
Post a Comment