သီတဂူစတား

သီတဂူစတား

29 May 2013

(၂၃)သီတဂူ အာရောဂျဒါနဆေးရုံ (ကျိုက်ထို)

(၂၃)သီတဂူ အာရောဂျဒါနဆေးရုံ (ကျိုက်ထို) သီတဂူဆရာတော်ကြီးနှင့် သီတဂူ တပည့် ဒကာဒကာမများသည် ၂၈-၅-၂၀၁၃ ရက်နေ့ ဖွင့်လှစ်မည့် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သီတဂူအာရောဂျဒါနဆေးရုံသို့ ရောက်ရှိကြသည်။ သီတဂူဆရာတော်ကြီးသည် မြေပြင် မြေပြန့်မကျန် မြန်မာပြည်နေရာ အနှံ့အပြားသို့ သွားရောက်ကာ သီတဂူမျက်စိဆေးရုံများ၊ သီတဂူအထွေထွေကု ဆေးရုံများ၊ ဆေးရုံသုံးပစ္စည်းများ စတဲ့ ကျန်းမာရေးအပြင် ပညာရေးအတွက် စာသင်ကျောင်းများ၊ ကွန်ပြူတာ သင်တန်းအဆောင်များ၊ ကွန်ပြူတာများကို သွားရောက်လှူလေ့ရှိသည်။  သီတဂူ အာရောဂျဒါနဆေးရုံ (ကျိုက်ထို) ဒီကနေ့ ၂၈-၅-၂၀၁၃ ရက်နေ့မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာလဲ (၂၃) ခုမြှောက် “သီတဂူအာရောဂျဒါနဆေးရုံ” (အထွေထွေကု ဆေးရုံ)ကို လှူဒါန်း...

21 May 2013

နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များ ညီလာခံ

တတိယအကြိမ် နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့၏ အစည်းအဝေးပွဲကြီး(Conference of the Association of Theravāda Buddhist Universities)သီတဂူဆရာတော်ကြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ထိုင်းနိုင်ငံမှာ ကျင်းပ ပြုလုပ်နေစဉ် =============== ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့(Association of Theravāda Buddhist Universities) ဒီအဖွဲ့ကို သီတဂူဆရာတော်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ၂၀၀၇ မတ်လမှာ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြုတက္ကသိုလ် (ရန်ကုန်) မြန်မာနိုင်ငံမှာ စတင်ဖွဲ့စည်းသည်။ ပထမအကြိမ် (ပိတ်ပွဲ၊ ပုပ္ပားတောင်၊ မြန်မာ) ၁။ ထိုနှစ်မှာပဲ ပထမအကြိမ်အဖြစ် နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့ အစည်းအဝေး (ATBU International Conference)ကြီး၏ ဖွင့်ပွဲကို ထိုတက္ကသိုလ်နှင့်...

18 May 2013

ရဟန်းနှင့် ဘွဲ့ဒီဂရီ

ရဟန်းနှင့် ဘွဲ့ဒီဂရီ  စာမိတ်ဆက် အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ အမေရိက၊ အင်္ဂလန် စသည်နိုင်ငံတွေကဲ့သို့ ကမ္ဘာတလွားမှာ ကြီးကြီးကျယ်ကျယ်ပြောရရင် ခေတ်နဲ့လျော်ညီသော B.A, M.A, Ph.D စတဲ့ ဘွဲ့ဒီဂရီတွေ အတွက်ပညာရပ်များကို သင်ကြားနေကြသော မြန်မာ ရဟန်းတော်များစွာ ရှိသည်။ မြန်မာရဟန်းတော် ကျောင်းသားများက ကိုယ့်နိုင်ငံအသီးအသီးရှိ အဖွဲ့၏နှစ်စဉ်အမှတ်တရ မဂ္ဂဇင်းစာစောင်များ ထုတ်ဝေလေ့ရှိသည်။ ထိုင်းနိုငံရောက် မြန်မာရဟန်းတော် မိတ်ဆွေတစ်ပါးက “အရှင်ဘုရား ဆောင်းပါးတစ်ပုဒ်လောက် ချီးမြင့်ပါဘုရား”ဟု မိန့်သဖြင့် ပညာရေးနဲ့ပတ်သတ်ပြီး အွန်လိုင်း ဒကာမတစ်ယောက် အမေးကို စုစည်းပြီး အမေးအဖြေ ဆောင်းပါးတစ်ပုဒ် ဖန်တီးလိုက်ရပါသည်။ စာရေးသူကို ဖေ့ဘုတ်မှာရော ဂျီမေးလ်မှာရော ဂျီတော့ခ်မှာပါ...

13 May 2013

သွေးပိုင်ရှင်နှင့် ထူးခြားကိုယ်ပိုင်ဟန်များ

သွေးပိုင်ရှင်နှင့် ထူးခြားစရိုက်များ " A "သွေးပိုင်ရှင်များ ၏ထူးခြားချက် သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်းရပါတယ်.. ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်.. အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ.. ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့...

10 May 2013

ဖေ့ဘုတ် သင်းဂြိုင်း

ဖေ့ဘုတ် သင်းဂြိုင်း စာမိတ်ဆက်အရင်ကတော့ မြန်မာ့သတင်းစာ ဖတ်ရင် အရင်ဆုံး နာရေးသတင်းတွေကိုပဲ အရင်ဆုံးသွားဖတ်မိတယ်။ နောက်မှ တခြား ပါနေကျ သတင်းတွေကို ဖတ်မိတယ်။ နာရေးသတင်းတွေကို ဖတ်ရင်း သံဝေဂယူပြီး ကုသိုလ်စိတ်တွေ ဖြစ်မိသေးတယ်။ အခုတော့ အလွန်မြန်ဆန်တဲ့ ဖေ့ဘုတ်ပေါ်က သတင်းအစုံတွေ ဖတ်ခွင့်ရသည်။ ဖေ့ဘုတ်သတင်းသည် စက္ကန့်ပိုင်းတွင်းမှာပဲ သတင်းမျိုးစုံ တက်နေသည်၊ ထိုသတင်းတွေမှာ ကားတိုက်၊ ဆိုင်ကယ်တိုက်အစရှိတဲ့ ယာဉ်အက်ဆီးဒင့်တစ်ခုခုကြောင့် သေတဲ့သူတွေ တိုက်ပေါ်က ခုန်ချလို့သေတဲ့သူတွေ၊ မီးလောင်လို့သေတဲ့သူတွေ၊ ရေနှစ်လို့ သေတဲ့သူတွေ၊ တိုက်ပွဲတွေကြောင့် သေတဲ့သူတွေ၊ ရောဂါကြောင့်သေတဲ့ သူတွေ၊ သက်တမ်းကုန်လို့ သေတဲ့သူတွေ စသည်အားဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေနေကြတဲ့...

04 May 2013

ဘ၀ဆိုတာ အိပ်မက်တစ်ခု

ဘ၀ဆိုတာ အိပ်မက်တစ်ခု“သီတဂူစတား၏ စာတိုပေတို” အိပ်မက်ထဲက အမှန်တရား အိပ်မက်ထဲမှာတော့ ရေလဲ ကူးဖူးသည်၊ ကောင်းကင်သို့လဲ ပျံဖူးသည်၊ မြေကြီးထဲလဲ ၀င်ဖူးသည်၊ တောင်ပေါ်ကနေလဲ ခုန်ချဖူးသည်၊ ကြောက်စရာ ထိတ်လန့်စရာတွေနဲ့လဲ တွေ့ဖူးသည်၊ ပျော်စရာ ကြည်နူးစရာလေးတွေနဲ့လည်း ကြုံဖူးသည်၊ ငိုလည်း ငိုဖူးသည်၊ ရယ်လည်း ရယ်ဖူးသည်။ အိပ်မက်ထဲ မတွေ့ဖူးတာ မရှိ၊ အကုန်တွေ့ဖူးသည်၊ မဖြစ်နိုင်တာဆိုတာ မရှိ၊ အကုန်ဖြစ်နိုင်သည်၊ အိပ်မက်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားသောကြောင့် အိပ်မက်ထဲက မြင်သမျှ ကြုံသမျှ တွေ့သမျှ ဖြစ်ခဲ့သမျှ အရာအားလုံးသည် အမှန်ချည်းပဲ ဖြစ်သည်။ လူသား သို့မဟုတ် ပုထုဇဉ်လူသားတို့သည် ကိုယ့်ကိုယ်ကို ရှိနေသည်ဟူ၍ ယူဆထားသည်၊ ထင်ထားသည်။ အနောက်တိုင်း အတွေးခေါ်ပညာရှင်...
Page 1 of 22412345Next

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes