
Wednesday, October 09, 2013

sitagustar
No comments
သံတွဲရောက် သီတဂူဆရာတော်ကြီး
တကျော့ပြန် ပဋိပက္ခဖြစ်ပွားခဲ့သော သံတွဲမြို့သို့
ရောက်နေသော သီတဂူဆရာတော်ကြီးသည် အောက်တိုဘာ (၇) ရက်နေ့က သံတွဲမြို့
ခန်းမဆောင်ကြီးတွင် ငြိမ်းချမ်းရေး တရားဟောကြားခဲ့သည်။ ဒေါသတွေ လျှော့ကြဖို့၊
ဒေါသမျက်လုံးဖြင့် အချင်းချင်း မကြည့်ကြဖို့၊ ဒေါသကို ထိန်းချုပ်ကြဖို့
ဟောကြားခဲ့သည်။
အောက်တိုဘာ (၈)ရက်နေ့ မနက်ပိုင်းမှာတော့
အစ္စလာမ်အဖွဲ့အစည်းများကို တွေ့ဆုံ ဟောပြောခဲ့သည်။ အလားတူး အချင်းချင်း
ခွင့်လွတ်ကြဖို့၊ သည်းခံကြဖို့ ဒေါသတွေ လျှော့ချဖို့အပြင် ပြည်တွင်းမှာ ဖြစ်သည့်
ပြဿနာကို ကိုယ့်ပြည်တွင်းမှာပဲ ဖြေရှင်းကြဖို့၊ ကိုယ့်ပြည်တွင်းကလူ အချင်းချင်း
ညှိနိုင်းဖြေရှင်းကြဖို့၊ အင်တာနက်စာမျက်နှာပေါ်က သတင်းအမှားတွေကိုလည်း မယုံကြဖို့
မိန့်ကြားခဲ့သည်။ အိုအိုင်စီတို့လို ပြည်ပအဖွဲ့အစည်းများကို အားကိုးပြီး
ဖြေရှင်းလျှင်ကား ပြဿနာ ပိုမိုကြီးထွားစေသည်၊ ကိုယ့်သေတွင်းကို ကိုယ်တိုင်တူးရာ
ရောက်ကြောင်းကိုပါ မိန့်ကြားခဲ့သည်ဟု သိရသည်။
ထိုဒေသတွေမှာ လိုအပ်တဲ့
စာသင်ကျောင်းများကို သီတဂူဆရာတော်က တတ်နိုင်သလောက် ဆောက်လုပ် လှူဒါန်းမည်ဟု သိရသည်၊
နိုင်ငံတော်အစိုးရကလဲ ပျက်စီးဆုံးရှုံးသွားသော အိမ်များကို တစ်အိမ်လျှင် (၁၀)
ဆယ်သိန်းကျပ်စီ ထောက်ပံ့မည်ဟုလည်း
သိရသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၁၀-၂၀၁၃
Sent at 7:56 AM
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
0 comments:
Post a Comment