
Tuesday, October 29, 2013

sitagustar
No comments
အဆိုးတကာ အဆိုးဆုံး
(သီတဂူစတား စာတို ပေတို)
(က) မီးတကာမီးတို့တွင် ရာဂမီး
အဆိုးဆုံး။
(ခ) ဖမ်းစားတတ်သူတို့တွင် ဒေါသသည် အဆိုးဆုံး။
(ဂ) ပိတ်လှောင်
ဖမ်းတတ်သော ပိုက်ကွန်တို့တွင် မောဟ ပိုက်ကွန်သည် အဆိုးဆုံး။
(ဃ)
မြစ်တကာမြစ်တို့တွင် တဏှာသည် အဆိုးဆုံး။
ပကတိမီးတို့သည် လောင်ကျွမ်းနေသည်ကို
မြင်ရသည်၊ ငြိမ်းလိုက ငြိမ်းသတ်နိုင်သည်၊ ရာဂမီးသည်ကာ အတွင်းမှ လောင်ကျွမ်း
လိုက်စားနေသဖြင့် မမြင်ရ၊ ငြိမ်းသတ်ဖို့ ခက်ခဲသည်ဖြစ်ရကား အဆိုးဆုံးဖြစ်သည်၊
တစ်ဘ၀တစ်ခါ မက လောင်ကျွမ်းနေသည်။
ဘီလူးဖမ်းစားခြင်း၊ စပါးကြီးမြွေဖမ်းစားခြင်း၊
မီးကျောင်းစသော ရေသတ္တ၀ါများ ဖမ်းစားခြင်းတို့သည် တစ်ဘ၀ တစ်ခါမျှသာ ဖမ်းစားနိုင်သည်။
ဒေါသသည်ကား ဘ၀တိုင်း ဘ၀များစွာ ဖမ်းစားနိုင်သည် ဖြစ်ရကား
အဆိုးဆုံးဖြစ်သည်။
ပကတိပိုက်ကွန်တို့သည် အမှန်အားဖြင့် လုံအောင် ပိတ်လှောင်
ဖမ်းမထားနိုင်၊ ထိုအထဲမှ ရုန်းထွက်လိုက ထွက်နိုင်သည်၊ မောဟတည်းဟူသော ပိုက်ကွန်သည်
ဘ၀များစွာ အထက်အောက် ပတ်ပတ်လည် ရုန်းမထွက်နိုင်အောင် ပိတ်လှောင်
ဖမ်းထားနိုင်သည်အတွက် အဆိုးဝါးဆုံး ပိုက်ကွန်ဖြစ်သည်။
ဂင်္ဂါ၊ ဧရာဝတီစသော
မြစ်ချောင်းတို့သည် ပြည့်လာသောအခါ၊ ခြောက်သွေ့ခန်းခြောက်သော အခါ ထင်ရှားစွာ မြင်ရ၏၊
တဏှာတည်းဟုသော မြစ်ချောင်းသည်ကား ပြည့်သည်ဟူ၍ မရှိ၊ အမြဲတမ်း အလိုပြနေသည်၊ အမြဲတမ်း
ယုတ်လျှော့နေသည်၊ ပြည့်အောင် ဖြည့်နိုင်ဖို့ မလွယ်ကူသောကြောင့် မြစ်တကာ
ဖြစ်တို့တွင် တဏှာမြစ်သည် အဆိုးဆုံးဖြစ်သည်။
နတ္ထိ ရာသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော
ဂဟော။
နတ္ထိ မောဟသမံ ဇာလံ၊ နတ္ထိ တဏှာသာမာ နဒီ
(ဓမ္မပဒ)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၁၀-၂၀၁၃
Posted in: စာတို ပေတို
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
0 comments:
Post a Comment