သီတဂူစတား

သီတဂူစတား

06 February 2013

ချစ်သွားပြီ ခုတော့ချစ်သွားပြီ

စွဲငြိသွားပြီ

စာမိတ်ဆက်

စာတွေ ဖတ်ရင်းက အနိတ္ထိဂန္ဓအကြောင်း ဖတ်ရင်း သံသဂ္ဂ (စွဲငြိသွားပြီ) ဆိုတဲ့ အကြောင်းလေးတွေ ဖတ်ပြီး အတွေးပေါ်လာသည်။ စွဲသွားပြီလို့ပြောမလား၊ ငြိသွားပြီးလို့ပဲပြောမလား ဒါမှမဟုတ် စွဲငြိသွားပြီလို့ပဲ ပြောမလား၊ Heart ထိသွားပြီလို့ပြောမလား သံသဂ္ဂပဲ ဖြစ်သည်။ ယနေ့ခေတ် အင်တာနက်ခေတ်၊ တယ်လီဖုန်းခေတ်လေးတွေ ဖြစ်လာတော့ သံသဂ္ဂဖြစ်ဖို့ရာ ပိုနီးစပ်လာသည်။ ပို အဖြစ်များလာသည်ကို တွေ့ရသည်။ ထိုခေတ်တွေက တစ်ဖက်က အရေးအကြောင်း သတင်းမီဒီယာအတွက် ကောင်းသလို တစ်ဖက်ကလဲ ၀ိသဘာဂ မတူကွဲပြားတဲ့ ဖို+မတို့အတွက် တစ်ယောက်နဲ့တစ်ယောက် စွဲငြိစေဖို့ လက်နက်တစ်ခု ဖြစ်လာသည်။ ထိုအကြောင်းရာနဲ့စပ်လျှင်းပြီး အနိတ္ထိဂန္ဓအမျိုးသားလေးအကြောင်း ဖတ်ရင်း သံသဂ္ဂ (စွဲငြိသွားပြီ) ဆိုတာလေးကို ရေးချင်စိတ်ပေါက်တာနဲ့ ရေးချမိလိုက်သည်။

မိန်းမ မကြိုက်သူ
လောကမှာ လူထူးလူဆန်းတွေ ရှိတယ်ဆိုတာ တကယ်ပါ၊ ဘုရားဟောတဲ့ ၀ိသဘာဂ (ဆန့်ကျင်ဘက်)တို့စွဲငင်အား အရ အမျိုးသမီးက အမျိုးသားကို ကြိုက်စရာ နှစ်သက်စရာ မက်မောစရာ တွယ်တာစရာ အားကိုးစရာ အဖြစ် စွဲငြိသွားတာ အဆန်းအကျယ်မဟုတ်၊ အမျိုးသားက အမျိုးသမီးကို စွဲငြိတာ၊ လိုချင်တာ၊ မက်မောတာ၊ ကြိုက်တာ ခိုက်တာ သဘာဝဖြစ်၍ အထူးအဆန်းမဟုတ်။ သို့သော် ယောက်ျားလေးက မိန်းကလေးလှလှလေးကို မကြိုက်တာကတော့ အဆန်း ဖြစ်သည်။ အနာဂါမ်စတဲ့ အရိယာ ပုဂ္ဂိုလ်မျိုးကို မဆိုလို။ သာမန် ပုထုဇဉ်သားတစ်ယောက်အတွက် အလွန်ဆန်းသည်ဟု ဆိုရမည်။

တခါက မိန်းမ မကြိုက်သူ တစ်ယောက် ရှိခဲ့ဖူးသည်။ သူကတော့ မိန်းမအနံ့ကို မခံနိုင် မိန်းမတွေကိုမမြင်ချင်တဲ့ အနိတ္ထိဂန္ဓ အမျိုးသားတစ်ယောက်ပဲ ဖြစ်သည်။ ငယ်ငယ်က သူ့ကို နို့တိုက်ရင်တောင် အထိမ်းတော်တွေကို မိန်းမအနံ့တွေ ဖျောက်၊ ဘရာဇီယာ မ၀တ်စေဘဲ ယောက်ျားအသွင်ဖြင့် နို့တိုက်စေရသည်။ သူက ဘာဖြစ်လို့ မိန်းမအနံ့ မခံနိုင်ရသလဲဆိုတော့ ကဿပဘုရားရှင်လက်ထက်က နှစ်ပေါင်း နှစ်သောင်း ရဟန်းတရားအားထုတ်ခဲ့ဖူးသည်၊ ဈာန်တွေ ရခဲ့ဖူးသည်။ ပါရမီအားနုသေးတော့ အရိယာမဂ်အထိ မရနိုင်ဘဲ ထိုဘ၀မှ ဗြဟ္မာပြည်ရောက်သွားသည်။ ထိုဗြဟ္မာ့ပြည်ကနေ ဗာရာဏသီ မိဖုရား၏ ၀မ်းဗိုက်ထဲ ရောက်လာသည်။ မိန်းမ ယောက်ျား ခွဲခြားပြီး သိလာတဲ့ အချိန်က စပြီး မိန်းမတွေ အကပ်မခံတော့။ မိန်းမအနံ့ နံရင်၊ မိန်းမအသံ ကြားရင် ငိုသတဲ့။

မိန်းမ အသည်းစွဲအောင် ကြိုက်သူ
နောက်ဆုံးတော့လဲ မိဘတွေက မျိုးရိုးတိမ်ကောသွားမည်ကို စိုးရိမ်ရကား နယ်နယ်အရပ်ရပ် ရှိ သိပ်လှ သိပ်ချောတဲ့ အလှမယ်လေးတွေကို ရွေးချယ်၍ ခေါ်လာသည်။ သူတို့ကို ကန့်လန့်ကာ၏ တစ်ဖတ်ဆီကနေ အနိတ္ထိဂန္ဓမင်းသားလေးကို သီချင်းဆိုပေးရသည်။ ထိုအစီအစဉ်တွေကို ဘုရင်ကြီး၏ ၀န်ကြီးတစ်ပါးက စီမံပေးရသည်။ တစ်ဖတ်က အနိတ္ထိဂန္ဓမင်းသားလေးက ထိုသီချင်းအသံလေးကို ကြားရသဖြင့် ဒါက ဘာအသံလဲ မေးတော့ ၀န်ကြီးက “အရှင်မင်းသား- ဒီလို သာယာတဲ့ မိန်းမလှလေးတွေရဲ့ အသံဟာ အရှင်မင်းသားတို့လို ဘုန်းရှိ ကံရှိတဲ့ သူတွေသာ ခံစားခွင့်ရတာ၊ အရှင်မင်းသား အားပါးတရ ခံစားပါဟု လျှောက်တော်မူသတဲ့။ မင်းသားလေးက ၀န်ကြီးအား ဒုတ်နဲ့ ရိုက်ထုတ်သတဲ့။ ၀န်ကြီးလဲ ထွက်ပြေးရတယ်။ လွန်ခဲ့တဲ့ အရင် ဘုရားလက်ထက်ကထဲက နှစ်ပေါင်းအားဖြင့် ရေတွက်ရန်ခက်ခဲမည့် အချိန်ခါကထဲ ဖြစ်ရပ်လေးက ယနေ့ခေတ်ကို ရောင်ပြန်ဟပ်နေသည်။ ယနေ့ခေတ်မှာလဲ ကေတီဗီ ညကလာပ် (KTV, Night-club) တွေမှာ အရာရှိသားသမီးတွေ၊ ပိုက်ဆံရှိ သားသမီးတွေကို ခစားနေတဲ့ ထိုခေတ်က ဘုရင်ကြီး၏ ၀န်ကြီးလိုမျိုး သူတွေ ရှိမှာ အမှန်ပင်။ ရှေးက အာဏာရှင်ခေတ် ဘုရင့်နန်းတော်အတွင်းမှာတောင် ဒီ KTV, Night-club မျိုးလို အပျော်အပါးမျိုးတွေ ရှိနေတာဆိုတော့ ယနေ့ခေတ် သြဇာအာဏာရှိတဲ့သူတွေ ငွေကို ထင်တိုင်းသုံးနိုင်တဲ့ သူတွေရဲ့ အိမ်တွေမှာလဲ မရှိနိုင်ဘူးလို့ မပြောနိုင်။ အိမ်တွေမှာ မရှိရင်တောင် အပြင်မှာ ဖွင့်မထားနိုင်ဘူးလားဆိုတာ စဉ်းစားစရာပါ။

အနိတ္ထိဂန္ဓမင်းသားလေးက မိန်းမလှလေးတွေနဲ့ ဖြားယောင်း သွေးဆောင်သော ၀န်ကြီးကို မောင်းထုတ်တော့ ဘုရင်ကြီးလဲ နောက်တစ်မျိုးကြံရသည်။ ဘုရင်ကြီးသည် အတော်ဆုံး ရွှေပန်းတိမ်ဆရာထံ အကောင်းဆုံးရွှေတုံးရွှေခဲတွေကို ရွေးပြီး သိပ်လှ သိပ်ချောတဲ့ရွှေယမင်းရုပ်ကလေး ထုလုပ်ရန် အပ်နှံသည်။ ရွှေပန်းတိမ်ဆရာသည် သိပ်လှ သိပ်ချောတဲ့ ရွှေရုပ်ကလေးကို ထုလုပ်ပြီး အကောင်းဆုံးတန်ဆာတွေနဲ့ တန်ဆာဆင်ထားသည်၊ ၀ိသကြိုဟ်နတ်သား ဖန်ဆင်းသည့်အလား အလွန်ချောမောလှသည့် ရွှေယမင်းရုပ်ကလေးကို မင်းသားလေးကို ပြလိုက်တော့ မင်းသားလေး သိပ်သဘောကျသွားသည်။ ဒီရွှေယမင်းရုပ်နဲ့တူတဲ့ မိန်းမလှဆိုရင် ယူမယ်ဆိုပြီး အာမခံလိုက်သည်။ “ဒါ-ငါတို့သားလေးရဲ့ ဘုန်းကံနဲ့ဆို ဒီလို အမျိုးသမီး ရကို ရရမယ်”ဟု မင်းမိဖုရားကြီးတို ခံယူထားကြသည်။

မိန်းမလှရှာထွက်
ဒီလိုနဲ့ မင်းမိဖုရားအမိန့်နဲ့ ၀န်ကြီးတွေ မြို့ပြဇနပုဒ် ၁၆ ခုထိ ရွှေယမင်းနဲ့ တူတဲ့ မိန်းမလှ ရှာထွက်ရာက မဒ္ဒရစ်တိုင်း သာဂလမြို့က မိန်းမလှလေးတွေ ရေချိုးတဲ့ ရေဆိပ်ရှိရာသို့ ရောက်ရှိလာကြသည်။ ထိုဆိပ်ကမ်းမှာပဲ ရွှေယမင်းရုပ်လေးလို သိပ်လှပပြီး နုဖတ် အိစက်နေတဲ့ မဒ္ဒရစ်မင်းသမီးလေးကို တွေ့သွားသည်။ ၀န်ကြီးတွေလဲ ဘုရင်ကြီးထံ မိန်းမလှတွေ့ကြောင်း ဆက်သွယ်သည်။ ဒီနေရာမှာ ဘုရင်ကြီး၏ တိုင်းသူ ပြည်သားတွေအပေါ် ထားတဲ့ စိတ်ကလေးကို သတိပြုမိသည်။ “မင်းသမီးလေးကို ကျွန်တော်မျိုးတို့ ခေါ်ဆောင်ခဲ့ရမှာလား၊ ဘုရင်ကြီးကိုယ်တိုင် လာခေါ်မှာလား” ဆိုတော့ ဘုရင်ကြီးက“မောင်မင်းတို့ပဲ ခေါ်ခဲ့ကြပါ၊ ငါကိုယ်တိုင်လာခေါ်ပါက ပြည်သူပြည်သားတွေ ပင်ပန်းလိမ့်မည်၊ သူတို့ကို ညှင်ပန်းနိပ်စက်ရာရောက်မည်”ဟု ဆိုသတဲ့။ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ ကိုယ့်အိမ်တွင်းရေး ကိစ္စကြောင့် တိုင်းပြည်မှာ ရုပ်ရုပ်သဲသဲ မဖြစ်စေချင်၊ အကယ်၍ ဘုရင်ကိုယ်တိုင် သွားမည်ဆိုရင် သွားလေရာ ခရီးတစ်လျှောက်မှာ လမ်းရှင်းရ၊ လမ်းခင်းရ၊ ထုံးသုပ်ရ၊ ကြိုဆိုရ၊ ပြည်သူတွေ အတွက် အချိန်ကုန်စေမည်၊ ပင်ပန်းစေမည်၊ ကိုယ့်နောက်လိုက်လာကြတဲ့ ၀န်ကြီးတွေက အစ အောက်ခြေ၀န်ထမ်းတွေအထိ ကိုယ့်ရဲ့ သားရေးသမီးရေး ကိစ္စအတွက်နဲ့ ပင်ပန်းမည်ကို ကရုဏာထားကာ ဘုရင်ကိုယ်တိုင် မကြွခြင်းဖြစ်သည်။

ဒုက္ခရဲ့ အစ စွဲငြိမိခြင်းက
ဝန်ကြီးများကပဲ မဒ္ဒရစ် မင်းသမီး မိန်းမလှလေးကို ခေါ်ရန် ပြင်ဆင်ကြသည်။ မင်းသားလေးလဲ အသက်အရွယ်အားဖြင့် ၁၆နှစ်၊ သိပ်လှတဲ့ ရွှေယမင်းနဲ့တူတဲ့ မိန်းမလှလေး ရပြီလို့ ကြားကထဲက စွဲငြိသွားသည်၊ ချစ်စိတ်တွေ လွမ်းမိုးသွားသည်။ အရင်ဘ၀ကထဲက ရထားတဲ့ ပထမဈာန်လဲ ကွယ်ပျောက်သွားသည်။ အရင်က မိန်းမ အနံ့ မခံနိုင်သူ၊ မိန်းမအသံ မကြားချင်သူက အခုတော့ ကြားကြားခြင်းပဲ မမြင်ရ မနေနိုင်ဖြစ်ရသည်။ မြန်မြန်သာ ခေါ်ခဲ့ပါတော့ ဟူသတည်း။ ထိုစွဲငြိခြင်း၊ ချစ်ခြင်းကပဲ သူ့ကို ဒုက္ခပေးပြီ။

ဘုရင်ကြီးလဲ မဒ္ဒရစ်မင်းသမီးလေးကို မင်းခမ်းမင်းနားဖြင် ကြိုဆိုဖို့ရန် ပြင်ဆင်သည်၊ မင်္ဂလာဥယျာဉ်ထဲမှာ မင်္ဂလာကိစ္စပြုဖို့ရန် ခန်းနားထည်ဝါ ပြင်ဆင်ထားသည်၊ ယနေ့ခေတ်လို မော်တော်ကားများ မရှိရကား အလှဆင်ထားသော မင်္ဂလာ မြင်းလှည်း နွားလှည်းများဖြင့် မင်းသမီးကို ခေါ်ဆောင်သည်။ မင်းသမီးလေးသည် အလွန်နုညံ့လွန်းသောကြောင့် တ၀ုန်းဝုန်း တဒုန်းဒုန် ခုန်နေသော မြင်းလှည်း ဆောင့်ဒဏ်ကို မခံနိုင်၊ လေပူ လေကြမ်းကလဲတိုက် ဆိုတော့ အလွန်ပင်ပန်းနွမ်းနယ်ပြီး ပန်းလေးတစ်ပွင့် ညိုးနွမ်းသလို အဲဒီညပိုင်းမှာပဲ ကွယ်လွန်သွားသည်။ ထိုသတင်းကို ကြားသိရသော ဘုရင် မိဖုရားကြီးရော မြို့သူမြို့သားတွေပါ စိတ်မကောင်းဖြစ်၍ ငိုကြွေးကြသည်။ ထိုသတင်းက ဗာရာဏသီမြို့မှာရော မဒ္ဒရစ်တိုင်းမှာရော တသောသော ညံသွားသည်။ အဆိုးဆုံးက မိန်းမအနံ့ မခံနိုင် မိန်းမအသံမကြားချင်သော အနိတ္ထိဂန္ဓမင်းသားလေးဖြစ်သည်၊ သူဟာ အစောပိုင်းလေးကမှ ထိုမင်းသမီးလေး၏ ဂုဏ်သတင်းကို ကြားရသဖြင့် ချစ်စိတ်တွေ လွမ်းမိုးကာ အစွဲကြီးစွဲနေမိသည်၊ အခုတော့ ထိုစွဲငြိခြင်းက သူ့ကို ဆောက်တည်ရာ မရအောင်ဖြစ်ရသည်။

သောကအစ
ရှေးဘ၀များစွားက အားထုတ် ဆည်းပူးခဲ့သော ကောင်းမှုကံကြောင့် သတိဝင်ကာ သောကကို ပယ်နုတ်ဖို့ ကြိုးစားသည်။ မင်းသားလေးရဲ့အတွေးထဲမှာ ရှေးက အားထုတ်ခဲ့ဖူးသော အသိတရားတွေ ၀င်လာသည်၊ “မွေးဖွားခြင်း ဇာတိမရှိရင် ၀မ်းည်းခြင်း ပူဆွေးခြင်းဆိုတဲ့ သောက မရှိနိုင်၊ ထိုမွေးဖွားခြင်းရှိနေလို့ ယခုလို ၀မ်းနည်းခြင်းတွေ ရင်ထုမနာ ပူဆွေးမှုတွေ ဖြစ်ကြရသည်”၊ “ထိုမွေးဖွားခြင်းဘယ်ကလာ၊ ဘ၀ကလာ၊ ဘ၀ရှိနေလို့ ဇာတိရှိနေတာပဲ”ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို အပြန်အလှန် စဉ်းစား ဆင်ခြင်ရင်းကနေ ပစ္စေကဗုဒ္ဓါ ဖြစ်သွားသည်။ စွဲငြိခြင်းကြောင့်ဖြစ်သော သောကအစရှိတဲ့ ပူလောင်မှုတွေ လုံးဝငြိမ်းသွားသည်။ အေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်သွားသည်။

ပစ္စေကဗုဒ္ဓါဖြစ်သွားသော အနိတ္ထိဂန္ဓက ဘုရင်ကြီး မိဖုရားကြီးနဲ့ တိုင်းပြည် ပြည်သူပြည်သားတွေကို တရားဟောသည်။ ဘာမှ ၀မ်းမနည်းဖို့အကြောင်း၊ ကျွန်ုပ်လဲ ပစ္စေကဗုဒ္ဓါဖြစ်သွားကြောင်း၊ စွဲငြိခြင်းသည် ချစ်ခြင်းကို ဖြစ်စေကြောင်း၊ ထိုချစ်ခြင်းက ဒုက္ခကို ဖြစ်စေကြောင်း၊ စွဲငြိခြင်း၊ ချစ်ခြင်းအပြစ်အနာဆာတို့ကို ပြကာ တောထဲတောင်ထဲ တစ်ကိုယ်တည်း ထွက်သွားသည်။

စွဲငြိခြင်း ၅မျိုး
အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ဟောသည့် စွဲငြိခြင်း ၅မျိုးကို မှတ်သားသင့်သည်။ မြင်ခြင်းကြောင့် စွဲငြိခြင်း (ဒဿန သံသဂ္ဂ)၊ အသံကြားခြင်းကြောင့် စွဲငြိခြင်း (သ၀န သံသဂ္ဂ)၊ အထိအတွေ့ကြောင့် စွဲငြိခြင်း (ကာယ သံသဂ္ဂ)၊ အပြန်အလှန် စကားပြောခြင်းကြောင့် စွဲငြိခြင်း (သမုလ္လပန သံသဂ္ဂ)၊ အတူတကွ သွားလာ လုပ်ရှား၊ အတူတကွ မျှဝေသုံးစွဲခြင်းကြောင့် စွဲငြိခြင်း (သမ္ဘောဂ သံသဂ္ဂ) ဟုသော ငါးမျိုးသော သံသဂ္ဂကြောင့် ဟောထားသည်။

တခါက သီဟိုဠ်ကျွန်းမှာ အမျိုးသမီးလေးတစ်ယောက်က ရုပ်ရည် အသန့်ရှိသည့် ရဟန်းငယ်တစ်ပါး အိမ်ကို ဆွမ်းခံကြွ အလာကို မြင်မြင်ခြင်းပဲ စွဲငြိသွားသည်၊ မမြင်ရ မနေနိုင် ဖြစ်ရသည်၊ နောက်ဆုံးတော့ မမြင်ရ မနေနိုင်လောက်အောင် စွဲငြိခြင်းက သူ့ကို ဒုက္ခပေးတော့သည်။ မကြာမီမှာပဲ အသည်းကွဲပြီး ကွယ်လွန်သွားရှာသည်။ ထိုသတင်းကို ကြားလိုက်ရသော ရဟန်းငယ်လေးမှာတော့ သူမရဲ့ နာရေးက ရလာတဲ့ အ၀တ်အပိုင်းအစလေးကို ကြည့်ပြီး ရင်ထုမနာ ဖြစ်ပြီး နှလုံးကွဲ ပျံလွန်တော်မူသွားရှာသတဲ့။ မြင်ခြင်းကြောင့် စွဲငြိခြင်း (ဒဿန သံသဂ္ဂ) သည် ဤမျှလောက် ဒုက္ခကို ဖြစ်စေသည်။ ဤနည်းအားဖြင့် ၀ိသဘာဂ ဆန့်ကျင်ဘက် စွဲငင်အားရှိသော အဖို အမဓာတ်သဘာဝတို့သည် စကားပြောသံ သီချင်းသံ ပြုံးရွှင်သံများကြောင့်လည်း စွဲငြိနိုင်ကြသည်။ အထိအတွေ့ကြောင့်သော်လည်းကောင်း၊ အပြန်အလှန် စကားပြောခြင်းကြောင့်သော်လည်းကောင်း၊ အတူတကွ သွားလာခြင်းကြောင့် မြင်ပါများ တွေ့ပါများရာကနေ ချစ်ကျွမ်းဝင်ပြီး စွဲငြိသွားစေသည်။ တခါတရံ ရှေးက အတူသွား အတူလာ အတူစားခဲ့ဖူးတဲ့ အတွေ့အကြေုံလေးတွေကို တွေးပြီး စွဲငြိသွားစေသည်။

ကာမတော ဇာယတိ သောကော- ထိုသို့ စွဲငြိခြင်းကြောင့်ပဲ ရှင်ကွဲ သေကွဲရသောအခါ ရင်ထုမနာဖြစ်ကြရသည်၊ ၀မ်းနည်း ပူဆွေးသောက ရောက်ကြရသည်။ အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ကတော့ ထိုသို့သော ဒုက္ခကို ဘယ်လိုကျော်လွားနိုင်မလဲ ဆိုတာကို သူ၏ ကိုယ်တွေ့ဘ၀ဖြင့် သုံးသပ် ဟောကြားခဲ့သည်။ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား နောက် ကြေကွဲရှိသည်တကားးးးး။ ဘ၀ရယ်လို့ ဖြစ်လာကြတဲ့ အားလုံးသော သူတွေမှာ ဘ၀ဖြစ်ရင် ဘ၀ပျက် (သေ)ရမည်ဆိုတာ သိထားကြပြီး ဖြစ်ရကား ထိုကဲ့သို့ကြုံလာလျှင် လက်နက်အဖြစ် အရန်သင့်ဖြစ်အောင် အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ဆင်ခြင်သုံးသပ်ခဲ့သော တရားကို အပြန်အလှန် သုံးသပ် ဆင်ခြင်နိုင်ကြပါစေကုန်သတည်း။။။။။
(နောက်ထက် မိန်းမမကြိုက်သူ လူထူးလူဆန်း အနိတ္ထိဂန္ဓ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်အကြောင်းကိုလည်း ဖော်ပြပါဦးမည်။)


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၀-၂၀၁၂

01 February 2013

လုမ္ဗိနီကို ကယ်တင်ပါ (Save LUMBINI)

မြတ်စွာဘုရားဖွားတော်မူသည့် လုမ္ဗိနီကို ကယ်တင်ပေးကြပါ
------------------------------------
(၂၀၁၂-ဒီဇင်ဘာက ဂီတဉ္စလီအဖွဲ့နှင့် လုမ္ဗိနီ အမှတ်တရ)

ဗုဒ္ဓအမွေအနှစ်များ ထိန်းသိမ်းကာကွယ်ကြပါ .....။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေး “ငြိမ်းချမ်းကမ္ဘာသစ်မြို့တော်´´ စီမံကိန်းကြောင့် ကမ္ဘာ့ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်သော ဗုဒ္ဓဘုရားရှင် ဖွားတော်မူရာဌာန လုမ္ဗိနီမှာ အန္တရာယ်နှင့်ရင်ဆိုင်နေရပါပြီ။

ထိုကြောင့် မြတ်ဗုဒ္ဓရဲ့အမွေအနှစ်ကို ကာကွယ်ရန်အတွက် ကျေးဇူးပြု၍ အောက်ပါ လင့်ခ်မှ အသနားခံလွှာတွင် လက်မှတ်ထိုးကြရန်ဖြစ်ပါသည်။
(Please sign the Petition) http://www.save-buddhist-heritage.org/Lumbini/sign-pettion/burmese-petition/ SIGN PETTION

ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်
ဗုဒ္ဓဘုရားရှင်ဖွားတော်မူရာ လုမ္ဗိနီမြေမြတ်မဟာသည် နီပေါနိုင်ငံတောင်ပိုင်း၌ တည်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကြွယ်ဝသော အထွတ်အမြတ်နေရာဒေသတစ်ခု ဖြစ်ပါသည်။ ၄င်းဒေသသည် ဗုဒ္ဓဘာသာဝင်ဘုရားဖူး ခရီးသွားရာ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)တွင် တစ်ခု အပါအ၀င်ဖြစ်ကြောင်း ဘုရားရှင်ကိုယ်တော်တိုင် မဟာပရိနိဗ္ဗာနသုတ်တော်၌ ဟောကြားတော်မူခဲ့ပါသည်။

ဘာသာတရားကိုင်းရှိုင်းလှသော ဘုရားဖူးများသည် ဤအထင်ကရ အရေးပါလှသော လုမ္ဗိနီသို့ ရှေးရာစုနှစ်များစွာကတည်းက ဘုရားဖူးလာခဲ့ကြပြီး ယခုခေတ်တိုင်အောင်လည်း လာဆဲဖြစ်ကြပါသည်။ ဘုရားရှင်ဖွားတော်မူရာ ဤအရပ်၊ ရှေးပေဝေသဏီခေတ်မှ ဗုဒ္ဓဘာသာဘုရားဖူးသွားရာဒေသ၏ သဘောသဘာဝတို့နှင့် စပ်ဆိုင်သော ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ ပြည့်စုံကြွယ်ဝသည့် ဤနေရာဒေသတွင် ဘုရားဖူးများ လာရောက်ဖူးမြော် ကြည်ညိုသဒ္ဓါပွားကာ ၀တ်ပြုရှိခိုးကြပါသည်။

ဤသို့ ပူဇော်ကြရာတွင် အဆင်ပြေရန်အတွက်
ဂျပန်လူမျိုးဗိသုကာပညာရှင် ကင်ဇိုတင်ဂီ (Kenzo Tange)ရေးဆွဲခဲ့သော လုမ္ဗိနီဖွံ့ဖြိုးတိုးတက်ရေး လွှမ်းခြုံစီမံကိန်းသည်။ ဤဒေသ၏ဘုရားဖူး၊ ၀တ်ပြုခရီးသွားကဏ္ဍကို အသားပေး ရေးဆွဲခဲ့ပါသည်။ ၁၉၇၈ ခုနှစ်၌ ယင်းစီမံကိန်းကို UN နှင့် နီပေါနိုင်ငံတော်အစိုးရတို့မှ အတည်ပြုလက်ခံခဲ့ပြီးဖြစ်ပါသည်။ ၄င်းတွင် လုမွိနီ၏တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုရန်နှင့် ကာကွယ်ရန်အတွက် ၂၂ စတုရန်းမိုင်ကျယ်ဝန်းသော ကြားခံဇုန် (Buffer Zone)ပါဝင်ပါသည်။

၁၉၉၇ခုနှစ်တွင် လုမ္ဗိနီမှာ ၄င်း၏ တမူထူးခြားထင်ရှားအရေးပါမှုကြောင့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာဒေသ အဖြစ်ထုတ်ပြန်ကြေညာခံခဲ့ရပါသည်။

ယခုဘာဖြစ်နေပြီလဲ? 
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ တွင် နီပေါနိုင်ငံအစိုးရနှင့် ကိုရီးယားအစိုးရကိုယ်စားလှယ်များသည် လုမ္ဗိနီကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော် ထိန်းသိမ်းကာကွယ်ရေးနှင့်တိုးတက်ရေးစီမံကိန်း နားလည်မှုစာချွန်လွှာကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါသည်။ ယင်းစီမံကိန်းသစ်အား KWAAK E.S.P.R.I နှင့် ကိုရီးယားနိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီ (KOICA) တို့မှ တစ်နှစ်ခွဲအတွင်း စီစဉ်ဆောင်ရွက်ရန်ဟူ၍ ဖြစ်ပါသည်။

လူဦးရေ ၂ သိန်း အခြေချနေထိုင်မည့် ဤကမ္ဘာငြိမ်းချမ်းရေးမြို့တော်ကို ကြားခံဇုန်အတွင်း တည်ဆောက်လိမ့်မည် ဖြစ်ပါသည်။

ဤသဘောတူညီချက်စာချုပ်ကို ယူနက်စကိုသို့ အကြောင်းကြားခြင်းမရှိဘဲ လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်ပါသည်။

ဤသဘောတူညီချက် (နီပေါအစိုးရနှင့်….)အကြောင်း ပိုမိုသိရှိလိုပါက ဤနေရာ Link
1http://thehimalayantimes.com/featured/year2011/inner.php?id=526, Link
2http://newindianexpress.com/opinion/article521534.ece, Link
3http://en.wikipedia.org/wiki/Asia_Pacific_Exchange_and_Co-operation_Foundation, PDF
Link3 တို့တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်တည်ဆောက်ပါက မည်သည့်အကျိုးဆက်များ ဖြစ်လာနိုင်မည်နည်း?

(က) ကမ္ဘာ့အမွေအနှစ်နေရာဌာနများ၏ ကမ္ဘာတလွှားထင်ရှားသော တန်ဘိုးများအပေါ် အပျက်သဘောဆောင်သော အကျိုး(အပြစ်)သက်ရောက်မှုများ အထူးသဖြင့် ကိုယ်ပိုင်စရိုက်လက္ခဏာ၊ စစ်မှန်မှုနှင့်ဂုဏ်သိက္ခာများ ထိခိုက်စေနိုင်ပါသည်။

(ခ) လုမ္ဗိနီတွင် လေထု၊ ရေထုနှင့် အသံညစ်ညမ်းမှုများ ကျရောက်နိုင်ပါသည်။

(ဂ) ၂၂ စတုရန်းမိုင်ကျယ်ဝန်းသော ကန့်သတ်နှင့်စိုက်ပျိုးရေးကြားခံဇုန် ဆုံးရှုံးမှု၊ လူသားတို့ ချင်းနင်းဝင်ရောက်မှုနှင့် ဂေဟစနစ်အပေါ်မြို့ပြပုံစံသွတ်သွင်းမှုများ ရိုက်ခတ်နိုင်ပါသည်။

(ဃ) အနာဂါတ်လုမ္ဗိနီဖွံ့ဖြိုးရေးတွင် လုမ္ဗိနိအား ဘုရားရှင်ဖွားတော်မူရာ ဒေသအဖြစ်ထက် လူနေထူထပ်သော ကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်အဖြစ် ပိုမိုအသားပေးလာခြင်းဖြစ်ပါသည်။ စွမ်းအားအရင်းအမြစ်များကိုလည်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ ထိန်းသိမ်းရန်အတွက်သာ အသုံးပြုပြီးလုမ္ဗိနီ၏ သမိုင်းဝင် အထွတ်အမြတ်အရည်အသွေးများကို လစ်လျူရှုလျက်ရှိပါသည်။

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် နီပေါနိုင်ငံတော်အစိုးရအား လုမ္ဗိနီကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်စီမံကိန်းအား ရုတ်သိမ်းပေးပါရန်နှင့် ကင်ဇိုတင်ဂီး (Kenzo Tange)၏ စီမံကိန်းအား ဆက်လက်ထောက်ပံ့ပေးပါရန် ကျွန်ုပ်တို့မှ ခိုင်မာစွဲမြဲစွာ တိုက်တွန်းအပ်ပါသည်။

ဤလုမ္ဗိနီကမ္ဘာ့အမွေအနှစ် နေရာဌာနကို နောင်လာမည့် အနာဂါတ်မျိုးဆက်သစ်တို့အတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရပါမည်မှာ ကမ္ဘာ့နေရာဒေသအသီးသီမှ ဗုဒ္ဓဘာသာဝင်တိုင်း၏ အဓိက တာဝန်တစ်ရပ် ဖြစ်ပါသည်။

ဤနေရာတွင်ဆန္ဒမဲ ပေးကြပါ
ထို့ကြောင့် အောက်ပါ လင့်ခ်တွင် ၀င်ရောက်၍ မြတ်ဗုဒ္ဓအမွေအနှစ် ဖွားတော်မူရာနေရာအတွက် အကာအကွယ်ပေးနိုင်ရန် ဆန္ဒမဲ ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။

ဒီလင့်ခ်  SIGN PETTION ကို ကလစ်ပေးပြီး မိမိနာမည်နှင့် မေးလ်လိပ်စာ စာပို့သင်္ကေတအတွက် အဆင်ပြေမည့်နံပါတ် ငါးလုံးခန့် ရိုက်ထည့်ပေးလိုက်ရုံသာ ဖြစ်ပါသည်။ အကျယ်သိလိုပါက ဒီစာမျက်နှာမှာ ၀င်ဖတ်ပါ။

ဤပို့စ်ကို တတ်နိုင်သမျှ share လုပ်ပေးခြင်း၊ ဆန္ဒမဲပေးခြင်းများ ပြုလုပ်ကာ သာသနာ့အမွေအနှစ်ကို ကယ်တင်ပေးကြပါရန် တောင်းပန်တိုက်တွန်းအပ်ပါသည်။

LUMBINI IS IN DANGER!

URBAN DEVELOPMENT – “NEW WORLD PEACE CITY” PLAN -

THREATENS THE BUDDHA’S BIRTHPLACE & ITS WORLD HERITAGE STATUS


Lumbini is the Buddha’s birthplace – an archaeologically rich and sacred site located in southern Nepal. It is one of the four major pilgrimage sites of Buddhism (one of the world’s great religions), which the Buddha himself identified in the Mahaparinibbana Sutta.

At such a significant site, devoted pilgrims have come to Lumbini for the centuries and continue to do so in the present time. Here they pay homage at the place where the Buddha was born – a place that now contains important archaeological evidence about the nature of Buddhist pilgrimage centers from the very earliest times.

A Master Plan for the Development of Lumbini, which was prepared by the Japanese architect Kenzo Tange, emphasizes the pilgrimage aspect of Lumbini. This was approved by the UN and the Government of Nepal in 1978. The plan includes a buffer zone of twenty-two square miles to support the serenity and protection of Lumbini.

In 1997, Lumbini was declared as UNESCO’s World Heritage Site in recognition of its unique importance.

WHAT IS HAPPENING NOW?

On January 20, 2012, the Government of Nepal and the Government of the Rep. of Korea signed a Memorandum of Understanding (MoU) for the preparation of the Lumbini World Peace City Preservation and Development plan. This new plan is to be designed within one and a half years by KWAAK E.S.P.R.I. and Korea International Cooperation Agency (KOICA).

This World Peace City for 200,000 inhabitants will be built inside the Buffer Zone.

This agreement has been signed without informing UNESCO’s World Heritage Centre.
If you would like more information about the agreement between the Nepalese government and ….please read more here: Link 1 Link 2 Link 3 PDF Link 3

WHAT ARE THE CONSEQUENCES OF THE WORLD PEACE CITY BEING BUILT?

A negative impact on the Outstanding Universal Value of the World Heritage site, particularly in terms of identity, authenticity, and integrity. Lumbini could most likely be placed on UNESCO’s danger list, threatening its World Heritage listing.

Lumbini will be affected by increased air pollution, water pollution, and noise pollution.

The loss of twenty-two square miles of a restricted and agricultural buffer zone, with human encroachment and the impact of urbanization on the ecosystem.

An increasing emphasis of the future development of Lumbini as a population centre – “World Peace City” – rather than as the Birthplace of the Buddha. Resources will be directed towards this urban development, and its ongoing infrastructure maintenance needs, neglecting the preservation of the sacred and historic qualities of Lumbini.

We strongly urge the UN Secretary General Mr. Ban Ki-moon and the Government of Nepal to drop the Lumbini World Peace City plan and continue to support Kenzo Tange’s master plan. This Lumbini World Heritage Site must be preserved for future generations.

LUMBINI BELONGS TO THE WORLD, EVERYONE HAS A VOICE IN THIS MATTER, PLEASE SIGN TO SAVE LUMBINI!!!

လုမ္ဗိနီမြန်မာကျောင်းတာဝန်ခံ ရဟန်းတော်တစ်ပါးမှ ပေးပို့သည်ကို ဗုဒ္ဓဘာသာဝင်အားလုံးနှင့် ရှေးဟောင်းအမွေအနှစ်များကို မြတ်နိုးကြကုန်သော သူတော်စင် အသိပညာရှင်များအတွက် ပြန်လည် ဝေငှလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၀၁-၂၀၁၃

28 January 2013

ဘုရင်အရူး၏ဘ၀နိဂုံး

ခေါင်းဆောင်ချစ်သူ
(သီတဂူစတား စာတိုပေတို)

စာမိတ်ဆက်
ဒီ အတိုအထွာ ပို့စ်လေးကို “ဘ၀နိဂုံးချုပ်ချိန် ပြည်သူတွေ ပျော်နေတာကို မြင်ချင်သလား၊ ပြည်သူတွေ ငိုနေတာကို မြင်ချင်သလား” လို့ အမည်လေး ပေးရင် ကောင်းမလားပဲ။

၂၀၀၉ ခုနှစ်ကထင်တယ်၊ အိန္ဒိယပြည် အန္တရပရဒေ့ရှ်ပြည်နယ် (AP State)က ပြည်နယ်ဝန်ကြီးချုပ် လေယာဉ် အက်စီးဒင့်ဖြစ်ပြီး ဆုံးသွားတယ်ဆိုတဲ့ သတင်းကို ကြားတော့ ထိုပြည်နယ်ရှိ ပြည်သူတွေအားလုံး ၀မ်းနည်းကြသည်၊ ပူဆွေးကြသည်၊ ငိုကြွေးကြသည်၊ ဆွေမတော် မျိုးမစပ်၊ သွေးမတော် သားမစပ်ပေမဲ့ သူတို့၏ ခေါင်းဆောင်ကို ချစ်ကြသည်။ တချို့ဆို ရင်ဘက်စည်တီးပြီး မူးမေ့သွားရလောက်အောင် ဥပါယာသ ဖြစ်ကြသည်မှာ သူတို့၏ ခေါင်းဆောင်ကို ဘယ်လောက် ချစ်ကြသည်ဆိုတာကို သိနိုင်သည်။

ဘာ့ကြောင့်ချစ်သနည်းဆိုတာကိုတော့ စဉ်းစားစရာမလိုဟု ထင်ပါသည်။ ပြည်သူအတွက် အားကိုးထိုက်သူ၊ ပြည်သူဘက်က ရပ်တည်ပေးသူ၊ ပြည်သူကို စာနာတတ်သူ၊ ပြည်သူကို အလေးထားသူ၊ ပြည်သူကို အထင်မသေးသူ စသည်စသည်ဖြင့် သူ၏ စိတ်ဓာတ်မြင့်မားမှုနှင့် သူ၏ ကြိုးပမ်းမှုတွေက ပြည်သူ၏ အချစ်ကို တိုးပွားစေသည်၊ ပြည်သူ၏ မေတ္တာကို တိုးပွားစေသည်။ ပြည်သူက ဘာလိုချင်လဲ၊ ဘာလုပ်ချင်၊ ဘာဖြစ်ချင်လဲ ဆိုတာကို အမြဲတစေ လေ့လာပြီး ဖြည့်ဆည်းပေးနေခြင်းက ပြည်သူ၏ ခေါင်းဆောင် သူရဲကောင်းအဖြစ် သူတို့ အလေးထား ကိုးကွယ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။
အရှင်ဒေ၀ဒတ်၏ ဘ၀နိဂုံး

စာရေးသူသည် မနက်တိုင်း သတင်းတွေ ဖတ်ဖြစ်သည်၊ ကိုယ့်တိုင်းပြည် ဖြစ်ပျက်နေတာတွေကော သူများတိုင်းပြည် ဖြစ်ပျက်နေတာတွေကိုပါ သတင်းနားစွင့်ဖြစ်သည်။ ကိုယ့်တိုင်းပြည်သတင်းတွေကို နေ့စဉ် ဖတ်ရင်းက ၂၀၀၉ ခုနှစ်လောက်က အိန္ဒိယပြည် AP-State က ပြည်နယ်ဝန်ကြီးချုပ်ဖြစ်စဉ်ကို အဖြစ်ပျက်လေးကို ပြန်သတိရမိသည်။ တပြိုင်တည်းမှာပဲ ဘုရားရှင်လက်ထက်က အဖြစ်ပျက်ကလေးတစ်ခုကိုပါ သွားသတိရမိသည်။ ထို့ကြောင့်ပင် စာရေးသူ၏ အတိုအထွာ မှတ်စုအဖြစ် ရေးမိပါသည်။ စာရေးသူ စာအတိုလေးမှာတော့ ထိုပြည်၏ အဖြစ်အပျက်ကလေးနဲ့ ကျောချင်းယှဉ်ကပ် ပြေးသည့်အလားသို့ လုံးဝလုံးဝ ဆန့်ကျင်နေသည်။

ဘုရင်အရူးထသူများ
ဘုရားလက်ထက်က ဘ၀ပေါင်းများစွာကထဲက ဘုရားအလောင်းကို အမြဲတမ်း ပြိုင်ခဲ့သူ၊ ဘုရားအလောင်းသည် ဖြစ်လေရာ ဘ၀တိုင်းမှာလဲ ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ရသည်။ ထိုခေါင်းဆောင်နေရာ၊ ဘုရင့်နေရာ၊ (ယခုခေတ်၊ သမ္မတ၊ ၀န်ကြီးချုပ်နေရာ) ရဖို့ရန် အမြဲတစေ လုယူခဲ့သည်။ ဘုရင်ဘ၀၊ သမ္မတ ဘ၀ကို အရမ်းအလိုမက်မောသူဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရင်ရူး ရူးနေသူဖြစ်သည်။ ထိုသူက တခြား မဟုတ်၊ အရှင်ဒေ၀ဒတ်ပင်ဖြစ်သည်။

အရှင်ဒေ၀ဒတ် ဘ၀လဲဖြစ်၊ ဘုရားလောင်းသည်လည်း သာသနာကို တည်ထောင်သူ ဗုဒ္ဓမြတ်စွာ အဖြစ် တစ်ဘ၀တည်းမှာ လာဖြစ်ကြသည့် အပြင် ဆွေမျိုးပင် တော်လေသည်။ သိန်းသောင်းချီတဲ့ သံဃာထုကို တည်ထောင်သူက ဘုရားရှင်ပင်ဖြစ်သည်အတွက် သာသနာတော်မှာတော့ ဘုရင်ပင်ဖြစ်သည်။ အရှင်ဒေ၀ဒတ်သည် ဘုရင်အရူး ရူးလာခဲ့တဲ့ အထုံက ဒီဘ၀အထိ ပါလာသည်။ ဘုရားရှင်နေရာကို ရဖို့ နည်းမျိုးစုံနဲ့ တိုက်သည်၊ ကိုယ့်ဖခင်ကို သတ်ရလောက်အောင် ဘုရင်အရူး ရူးနေသော အဇာတသတ်ကိုလဲ အလွယ်တကူ သိမ်းသွင်းပြီး သူတို့နှစ်ယောက် နည်းမျိုးစုံနဲ့ ဘုရင်အရူး ရူးနေကြသည်။ ထိုကဲ့သို့သော ဘုရင်အရူး ရူးထခြင်းက သာမန်ပြည်သူ သတ်ဖို့ဆိုတာ မဆိုထားနဲ့၊ ဖခင်ကိုပင် သတ်ရဲလာသည်၊ သုံးလောကလုံးက ကိုးကွယ်ရာ ဘုရားရှင်ကိုလဲ နည်းမျိုးစုံ လုပ်ကြံရဲလာသည်။
ဘုရင်အဇာတသတ်

နောက်ဆုံးတော့လဲ သူ့ဘ၀ နေ၀င်ချိန်ရောက်ချိန်ရောက်မှ နောင်တဆိုတာ ဖြစ်လာသည်။ သိပ်နောက်ကျသွားသည်။ ဘုရားရှင်ကို ပြစ်မှားမိသမျှ တောင်းပန်ဖို့ ဘုရားရှိရာ အလာ ကျောင်းဝင်းမှာ ထမ်းစဉ်ကနေ အောက်အချ၊ မြေကြီးက ဒီလောက် ဘုရင် အရူးထတဲ့သူကို လက်မခံနိုင်သဖြင့် ၀ါးမျိုလိုက်သည်။ မြေမျို ငရဲရောက်ရသည်။ အလားတူပင် ဘုရင်အရူး ရူးနေသော အဇာတ်သတ်သည်လည်း မြေကြီး၏ ၀ါးမျိုးခြင်းကို ခံရသည်။ ဘုရင်အရူးထသူတို့၏ ဘ၀ နိဂုံးကား ဤကဲ့သို့ဖြစ်သည်။

ဘုရင်ရူးကို မုန်းသူ
“အရှင်ဒေ၀ဒတ်ကြီး မြေမျိုလို့ သေပြီတဲ့”ဆိုတဲ့ သတင်းလဲ ကြားရော တပြည်လုံးက လူတွေက ပျော်ကြသတဲ့။ ပျော်ပွဲရွှင်ပွဲတွေဖြင့် အောင်ပွဲခံကြသည်။ ဘာ့ကြောင့် သူတို့တတွေပျော်ကြသနည်း မေးရန် မလိုအပ်။ သူတို့ဘုရင်အရူးထအောင် လုပ်သူကား ဒီ အရှင်ဒေ၀ဒတ်ကြီးဖြစ်သည်ဟု ယူဆကာ ပျော်နေကြသည်လား စဉ်းစားစရာဖြစ်သည်။ ထိုအကြောင်းအရာတွေကို ကြားသိကြသော ရဟန်းတော်တွေက ဘုရားရှင်အား လျှောက်ထားတော့ ဘုရားရှင်က “ဒေ၀ဒတ်သေလို့ ပြည်သူတွေ အခုမှ ပျော်ကြတာ မဟုတ်ဘူး၊ အရင်ကလဲ ဒီလိုပဲ ပျော်ခဲ့ကြတယ်” ဆိုပြီး ရှေးက ဘုရင်အရူးတစ်ယောက်အကြောင်း ပြောပြတော့သည်။

တခုသော ဘ၀မှာ အရှင်ဒေ၀ဒတ်က တိုင်းပြည်ရဲ့ ဘုရင်၊ တိုင်းပြည်ခေါင်းဆောင် ပိင်္ဂလဆိုတဲ့ အမည်နဲ့ ဘုရင်ဖြစ်ခဲ့ဖူးတယ်။ ထိုပိင်္ဂလမင်းကြီးသည် တိုင်းပြည်အပေါ် စာနာ ထောက်ထားလေ့မရှိ၊ ကိုယ့်အတ္တကိုပဲ ကြည့်တတ်သူဖြစ်သည်၊ သူ့နေရာ သူ့ကုလားထိုင် မြဲဖို့အရေးပဲ စဉ်းစားသည်၊ သူ့နေရာနှင့် သူ့မိသားစု၊ သူ့အသိုင်းဝိုင်းကို ထိလာသူမှန်သမျှကို ရှင်းလင်း သုတ်သင်လေ့ရှိသည်။ ပြည်သူပြည်သားတွေကို မစောင့်ရှောက်တဲ့ အပြင်၊ နည်းမျိုးစုံနဲ့ ညှင်းဆဲသည်၊ နိပ်စက်သည်။ မင်းကျင့်တရားဆိုတာ ကြားတောင် မကြားဖူးသည့် ဘုရင်ဖြစ်သည်။ ထိုဘုရင်ကြီးကို ပြည်သူတွေက “မချစ်သော်လည်း အောင့်ကာနမ်းဆိုတာလို၊ ခါခြင်ကောင် မာန်ဖီးလို့ တောင်ကြီးကိုတဲ့ ဖြိုမည်ကြံ ခါးက မသန်” ဆိုတာလို ဘာမျှ မတတ်နိုင်သဖြင့် ဘုရင်နှင့် အပေါင်းအပါတွေ ထုသမျှ နုနေကြရသည်၊ ဖိသမျှ ပြားနေကြရသည်။ ထိုကဲ့သို့ ပြည်သူတွေအပေါ် နိုင်ထက်စီးနှင်း၊ ကြမ်းထမ်းသော ဘုရင်ကြီး သေသွားတော့ တပြည်လုံးက ပြည်သူတွေ ပျော်လို့မဆုံး ဖြစ်ကြသည်။ တတိုင်းပြည်လုံး ဘုရင်သေလို့ ၀မ်းမနဲကြတဲ့ အပြင် ပျော်ပွဲရွှင်ပွဲတွေနဲ့ အောင်ပွဲခံကြသည်။ တချို့ကလဲ သူ အသက်ပြန်ရှင်လာမှာကို ကြောက်ရွံ့နေဆဲ ဖြစ်ကြသည်။

ဘုရင့်နန်းတော် တံခါးစောင့်က ဘုရင်ကြီးသေလို့ ငိုနေသတဲ့၊ လူအုပ်ကြီးက “ဟေးးး အမောင်တံခါးစောင့်၊ ဘာလို့ ငိုနေတာလဲ၊ ဘုရင်ကြီးသေလို့ တတိုင်းပြည်လုံးက ပြုံးပျော်နေတဲ့ အချိန်မှာ မောင်မင်းက ဘာလို့ ငိုနေတာလဲ”လို့ ၀ိုင်းမေးကြတော့၊ “ကျွန်တော်မျိုးက ဘုရင်ကြီးကို ချစ်လို့ ငိုတာ မဟုတ်ဘူး၊ နောက်တစ်ခါ ဒီဘုရင်ကြီး ပြန်ပေါ်လာမှာကို ကြောက်လို့ ငိုနေတာပါ”ဟု ပြောသတဲ့။ မုဆိုးမတွေ၊ မုဆိုးဖိုတွေရော၊ အပျိုအအို၊ လူကြီးရော ကလေးရောပါ အားလုံးက အောင်ပွဲတွေနဲ့ တစ်နေလုံး တစ်ညလုံး ပျော်နေကြသည်။

လူဆိုတာ ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးကြသည်၊ လွန်ခဲ့သည် နှစ်ပေါင်း ၂၆၀၀ ကျော်က အရှင်ဒေ၀ဒတ်နှင့် အဇာတသတ်တို့၏ သူတို့ကိုယ်တိုင်ရေးသည့် သမိုင်းသည် ယနေ့အထိ ရှင်သန်နေဆဲ၊ ဟို--ဘ၀များစွာက ပိင်္ဂလမင်းကြီး ရေးခဲ့သော သူ၏သမိုင်းသည်လည်း ယနေ့တိုင် ထင်ရှားနေဆဲ၊ ယနေ့မျက်မှောက်ခေတ် အဆက်ဆက် တိုင်းပြည်၏ ဘုရင်စတဲ့ ခေါင်းဆောင်တွေသည်လည်း သူတို့သမိုင်း သူတို့ရေးခဲ့ကြသည်။ သူတို့ရေးခဲ့သော သမိုင်းကောင်းသည် လူသားအတွက် ဆောင်ရန် သင်္ခန်းစာ ဖြစ်သလို၊ ပိင်္ဂလမင်း၊ အဇာတသတ်နှင့် အရှင်ဒေ၀ဒတ်တို့ရေးခဲ့သော သမိုင်းဆိုး သမိုင်းညစ်သည်ကား လူသားအတွက် ရှောင်ရန် သင်္ခန်းစာများ ဖြစ်လာသည်။ ကိုယ့်ရဲ့သမိုင်းသည် လူသားအတွက် စံပြ၊ အတုယူဖွယ် ဖြစ်ဖို့၊ ဆောင်ရန် ဖြစ်ဖို့ ဘ၀သမိုင်း လှဖို့လိုသည်။

နိဂုံး

ဘ၀နိဂုံးချုပ်ချိန် “ပြည်သူတွေ ပျော်နေတာကို မြင်ချင်သလား၊ ပြည်သူတွေ ငိုနေတာကို မြင်ချင်သလား” စာတိုပေတို လေးသည် “ဘ၀ဆိုတာ ရေပွက်ပမာလိုပဲ ခဏလေးရယ်ပါ၊ အားလုံး နှစ် ၁၀၀ အတွင်းမှာ သေကြရမှာ ဖြစ်ပါတယ်၊ အားလုံးကို စွန့်ခွါသွားကြရမှာ ဖြစ်ပါတယ်။ ဒီလို ဘ၀ကောင်း ဘ၀အတိုလေး ရနေခိုက်မှာ၊ ကိုယ့်အတ္တ၊ ကိုယ့်ဆန္ဒတွေကို ဘေးဖယ်ထား၊ တစ်ဦးဆန္ဒ တစ်ဦးက စဉ်းစားပေးရင်းဖြင့် ဘ၀တူ ပြည်သူပြည်သားတွေ အားလုံး အေးအေး ချမ်းချမ်း စိတ်ချမ်းချမ်း သာသာနဲ့ နေနိုင်ကြမှာ ဖြစ်သည်။” ဆိုတဲ့ သင်္ခန်းစာလေးတော့ ရကောင်း ရနိုင်ပါလိမ့်မည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၀၁-၂၀၁၃

21 January 2013

သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


သီတဂူဆရာတော်ကြီး၏ မွေးနေ့ပို့စ် ဖိတ်ကြားခြင်း 

စာရေးသူသည် ဘလော့ဂ်စတင်ရေးခဲ့သည့်နှစ်မှ စ၍ စာရေးသူ၏ သီတဂူစတားဆိုက်တွင် ကျေးဇူးရှင် သီတဂူဆရာတော်ကြီး၏ မွေးနေ့ပို့စ်များကို နှစ်စဉ် ဖိတ်ခေါ်၍ ပူဇော်လျှက်ရှိသည်။

ယခုနှစ် ၁၃၇၄ခု၊ တပေါင်းလပြည့်နေ့ (၂၀၁၃ မတ်လ ၂၆ရက်၊)တွင် သီတဂူဆရာတော်ကြီးသည် ၇၆ နှစ်ပြည့် မွေးနေ့ပူဇာ ဖြစ်ပါသည်။ ဆရာတော်ကြီးသည် မိမိခန္ဓာ ကျန်းမာသရွေ့ လူမျိုးဘာသာ သာသနာအတွက် ရေအလှူတော်များ၊ ဆေးရုံအလှူတော်များ၊ တက္ကသိုလ်အလှူတော်များ၊ ပညာရေးအလှူတော်များ၊ ကျန်းမာရေးအလှူတော်များ၊ သဘာဝဘေးဒဏ်အတွက် အလှူတော်များ စသည် စသည်အားဖြင့် ပြုလုပ်အားထုတ်ခဲ့သည်မှာ သက်တော် ၇၆ နှစ်ပင် ရှိလာပြီဖြစ်သည်။

သို့ဖြစ်ပါ၍ သီတဂူဆရာတော်ကြီး၏ လူမျိုး ဘာသာ သာသနာပြုလုပ်ငန်းများကို ကြည်ညိုလေးစားကြသော တပည့်အပေါင်းတို့သည် ထိုမွေးနေ့ပူဇာအတွက် ပို့စ်များကို မိမိတို့၏ သဒ္ဓါ ပညာ ၀ီရိယတို့ဖြင့် ရေးသားပူဇော်နိုင်ပါသည်။ သီတဂူစတားဆိုက်တွင် ပူဇော်ပေးမည် ဖြစ်ပါသည်၊ ၀က်ဘဆိုက်၊ ဘလော့ဂ်ရေးသားသူများလဲ မိမိတို့ဆိုက်မှာလည်း ပူဇော်နိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ 

ထိုကဲ့သို့ ပူဇော်ရာတွင် မြန်မာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ကဗျာ၊ ဆောင်းပါး၊ ပို့စ်၊ စသည်အားဖြင့် ကြိုက်နှစ်သက်ရာ ပူဇော်နိုင်ပါသည်။


ပေးပို့ရန် အီးမေးလ်
sitagustar2010@gmail.com နှင့် sitagustar.0073@gmail.com

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၀၁-၂၀၁၃

18 January 2013

သီတဂူစက္ခုဒါနဆေးရုံ (သဲကုန်း) စတင်

သီတဂူစက္ခုဒါနဆေးရုံ (သဲကုန်း) စတင်

အုတ်မြစ်စီ အခမ်းးအနား

သာသနာနှစ်-၂၅၅၆၊ မြန်မာနှစ်-၁၃၇၄၊ ခရစ်နှစ်-၂၀၁၃၊ ပြာသိုလ်လဆန်း (၆)ရက်၊ နံနက် ၆-၁၅ နာရီ အချိန်၊ သီတဂူစက္ခုဒါနဆေးရုံးတော် (သဲကုန်း)ကို မင်္ဂလာပန္နက်တော်တင်သည်။ နံနက် ၈-၁၅ နာရီအချိန်တွင် ရတနာအုတ်မြစ်စီသည်။ ရတနာအုတ်မြစ်တော်ကို သီတဂူဆရာတော်ကြီးနှင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းနှင့် ဆေးရုံတော်အလှူရှင် သီတဂူဒေါ်ရွှေဥတို့က အုတ်မြင်စီကြသည်။

ဆေးရုံအလှူရှင်
သီတဂူဆရာတော်ကြီး၏ မွေးရပ်မြေ ပြည်ခရိုင် သဲကုန်းမြို့တွင် သီတဂူစက္ခုဒါနဆေးရုံတော်ကို
ဆေးရုံ အဆောက်အဦးကို ဒေါ်ရွှေဥ (ရာစုသစ် ရွှေဥရတနာရွှေဆိုင်)မှ တစ်ဦးတည်း လှူဒါန်းသည်။
သီတဂူဆရာတော်က ဆေးရုံအတွက် လိုအပ်သော ဆေးပစ္စည်း၊ ခွဲခန်းသုံး စက်များ၊ မီးစက်များ စသည်တို့ကို လှူဒါန်းပါမည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၀၁-၂၀၁၃

15 January 2013

သမီးလေးပဲ ဖြစ်ဖြစ် သားလေးပဲ ဖြစ်ဖြစ်


သမီးလေးပဲ ဖြစ်ဖြစ် သားလေးပဲ ဖြစ်ဖြစ်
(သီတဂူစတား၏ အတိုအထွာ မှတ်စု)

တချို့နိုင်ငံတွေမှာ တချို့လူတွေ သားယောက်ျားလေးကိုပဲ မျော်လင့်ကြသည်၊ သမီးကလေးဟု သိသွားတဲ့နေ့သည် သူတို့အတွက် အကြီးအကျယ် စိတ်မကောင်းဖြစ်သည့် နေ့ဖြစ်သလို၊ အမိဝမ်းထဲက သမီးလေးလဲ ကံဆိုးရှာသွားရသည်။ ရူးရူးမိုက်မိုက် မိခင်၊ ဖခင်တွေလဲ များစွာ တွေ့ရသည်၊ မွေးလာသည့် ရင်သွေးသည် ကိုယ့်ရဲ့ ရင်သွေး၊ ကိုယ့်သွေး ကိုယ့်သားဖြစ်သည့်အတွက် သူတို့အပေါ်ထားသည့် မိဘမေတ္တာသည် တစ်ညီတည်း ဖြစ်နေရမည်။ အဖြစ်အပျက်များစွားထဲက လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀၀ကထဲက အဖြစ်ပျက်လေးတစ်ခု ရှိခဲ့ဖူးသည်။

ဂုဏ်သရေရှိ အဆင့်တန်းရှိ မိဖုရားတွေကြားမှာ ချစ်လွန်းလို့ ယူထားတဲ့ ပန်းသည်မ မိဖုရားလေး မျက်နှာပန်းလှအောင်၊ ၀ံ့ဝံ့ကြွားကြွားနေနိုင်အောင် သားယောက်ျားလေး မွေးဖွားလိုသည်။ သူမသာ သားယောက်ျားလေးမွေးရင် အားလုံးက တပြည်လုံးက ၀ိုင်းပြီး ဂုဏ်ပြုကြမည်။သို့သော် သူစိတ်ကူးထားသလို ဖြစ်မလာ။

တခါက ကောသလမင်းကြီး ဘုရားရှင်နဲ့ စကားပြောနေစဉ် လူယုံတော်တစ်ယောက်က မင်းကြီး၏နားကပ်ပြီး “အရှင်မင်းမြတ် အချစ်ကလေး မလ္လိကာ သမီးတော်လေး မွေးဖွား”ပါကြောင်း လျှောက်ထားတော့ ဘုရင်ကြီး မျက်နှာပျက်သွားသည်။ သူလိုချင်တာက သားယောက်ျားလေး၊ အခု ချစ်ဇနီးက ပေးတာက သမီးမိန်းကလေး။

ဘုရားရှင်က ထိုအခြင်းအရာကို သိသဖြင့်--
မင်းကြီး ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့၊ လောကမှာ တချို့ အမျိုးသမီးတွေက တချို့ ယောက်ျားတွေထက် များစွာ သာလွန်လှပါတယ်၊ တချို့သော ယောက်ျားတွေထက် အသိပညာရှိတယ်၊ ကိုယ်ကျင့်တရားအားဖြင့်လည်း သာလွန်တယ်၊ ယောက္ခမအပေါ် သိတတ်မှုကလဲ များစွာ သာလွန်းလှပါတယ်” ဒါ့ပြင်--

အမျိုးသမီးတွေက တိုင်းပြည်အတွက် ကာကွယ်စောင့်ရှောက်မည့် သူရဲကောင်းတွေကိုလည်း မွေးထုတ်ပေးတယ်၊ တိုင်းပြည်၏အဓိပတိ ခေါင်းဆောင်များကိုလည်း မွေးထုတ်ပေးနိုင်တယ်၊ ဒီလို လှပပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးကောင်းကို တိုင်းပြည်အတွက် ကျွေးမွေး စောင့်ရှောက်သင့်တယ်” ဟု အမိန့်ရှိတော့မှ သမီးမိန်းကလေးကိုလည်း ဘုရင်ကြီး ချစ်တတ်သွားသည်။

သားယောက်ျားပဲ မွေးမွေး သမီးလေးပဲ မွေးမွေး တိုင်းပြည်အတွက် အလုပ်လုပ်မည့်သူတွေ၊ တိုင်းပြည်အတွက် မျိုးဆက်သစ်လေးတွေ ဖြစ်သည့်အတွက် ကျွေးမွေး စောင့်ရှောက်ရမည် ဖြစ်သည်။

(အတိုအထွာ မှတ်စု။)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၀၁-၂၀၁၃

12 January 2013

ဒဏ်ရာရ ရဟန်းတော်များ သီတဂူ သတင်းထုတ်


လက်ပံတောင်းတောင်အခင်းဖြစ်ပွားရာမှ ဒဏ်ရာရသံဃာတော်များ ပြုစုကုသမှုနှင့် ပတ်သက်ပြီး သီတဂူသာသနာပြုအဖွဲ့မှ သတင်းထုတ်ပြန်ချက်

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့နှင့် သီတဂူအာယုဒါနဆေးရုံတော် စီမံအုပ်ချုပ်ရေး အဖွဲ့က ပြည်သူပြည်သားများသို့ ၀မ်းမြောက်ဖွယ်သတင်းစကားပါးလိုပါသည်။ လက်ပံတောင်းတောင် အမှုအခင်းကိစ္စ၌ ရဟန်းသာမဏေများနှင့် လူပုဂ်္ဂိုလ်အချို့ မီးလောင် ဒဏ်ရာရကြသည်ကို သိလျှင် သိချင်း သီတဂူဆရာတော်ကိုယ်တိုင် မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးဖိုးဝါးခအတွက် ကျပ်ငွေ (၂၅) သိန်း လှူဒါန်းခဲ့သည်။

ထို့အပြင် သီတဂူသာသနာပြုအဖွဲ့ဝင် ရန်ကုန်ဆင်းဘရားသား ဆေးဆိုင်ညီအစ်ကိုများကို တာဝန် ပေး၍ အိန်္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ ဆင်းဘရားသားဆေးဆိုင် ညီအစ်ကိုများထံ လိုအပ်သောဆေးဝါး များကို မှာကြား၍ မုံရွာမြို့ရှိဂိလာနသံဃာများအား စောင့်ရှောက်နေသော ပရိဟိတအဖွဲ့မှ တာဝန်ရှိ သူတို့ထံ ပေးပို့လှူဒါန်းခဲ့သည်။ ထိုအိနိ္ဒယမှ ရောက်လာသောဆေး ၀ါးများမှာ မီးလောင်ဒဏ်များ အတွက် အထူးသင့်လျော်ကြောင်း အရေးပြားအထူးကုဆရာဝန်များထံမှ သိရသည်။ နိုင်ငံတော်အစိုးရ အစီအစဉ်အထောက်အပံ့ဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သံဃာတော် (၃)ပါး သွားရောက်၍ ကုသမှုခံယူကြရာ ငွေကြေး အကုန်အကျများစွာရှိကြောင်း ကြားသိရသည်။

သို့ဖြစ်ကြောင့် ပြည်ပမှ ဆေးဝါးများကို မှာယူ၍ ပြည်ပမှ ကျွမ်းကျင်နိုင်နင်းသော ဆရာဝန် များကိုခေါ်ယူ၍ သီတဂူအဖွဲ့ပိုင် စစ်ကိုင်းတောင်ရိုး သီတဂူအာယုဒါနဆေးရုံတော်တွင် လူနာများကိုတင်၍ ကိုယ်တိုင်ကြည့်ရှု ကုသခွင့်ရမည့်ဆိုလျှင် ကောင်းမည်ဟု စိတ်အကြံဖြစ်ခဲ့ပါသည်။ ထိုကြောင့် ထိုအကြံအစည်နှင့် ထိုအစီအစဉ်ကို နိုင်ငံတော်သမ္မတကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ စာရေး တင်ပြ၍ ခွင့်တောင်းခဲ့ရာ နိုင်ငံတော်သမ္မတကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ၀မ်းမြောက်စွာခွင့်ပြုခဲ့ပါသည်။

သီတဂူအလှူရှင်များ၏ ပါဝင်မှု
သို့ဖြစ်၍ မုံရွာမြို့မှ လူမှုရေး၊ သာရေး၊ နာရေးအဖွဲ့များ၊ စေတနာရှင်များကို အကြောင်း ကြားခဲ့ပါသည်။ မုံရွာမြို့ ဇောတိကတိုက်ဆရာတော်ကြီးအားလည်း ခွင့်ပန်အကြောင်းကြား၍ မီးသင့် ဂိလာနသံဃာတော်အားလုံးတို့ကို စစ်ကိုင်းတောင်ရိုး သီတဂူအာယုဒါနဆေးရုံတော်သို့ ပို့ဆောင်စေခဲ့ သည်။ ဤအစီအစဉ်ကို ကြားသိကြကုန်သော သီတဂူဆရာတော် တပည့်ဒါယကာ၊ ဒါယိကာမ များဖြစ်ကြသော မုံရွာမြို့မှ ဒေါ်မဉ္ဖူနှင့်အဖွဲ့က သယ်ယူ ပို့ဆောင်ရေးအတွက် မော်တော်ယာဉ် များလှူဒါန်းကြသည်။

မန္တလေးမြို့မှ သီတဂူကျောင်းအစ်မကြီး ဒေါ်ညွန့်ညွန့်အေးမိသားစု၊ ဦးကံတင်+ဒေါ်ဌေးဌေးမိသာစု၊ ရန်ကုန်မြို့မှ ကိုမျိုးဇော်ထွန်း+မ၀တ်ရည်ထွေး မိသားစုတို့က နံနက်ဆွမ်း၊ နေ့ဆွမ်းများကို လှူဒါန်းကြ သည်။ သီတဂူသာသနာပြုအဖွဲ့က ထိုအရေပြားမီးလောင်ခံရသော သံဃာတော်များအတွက် အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးအသစ်များကို လှူဒါန်းကြသည်။ သီတဂူအာယုဒါနဆေးရုံတော်သို့ တက်ရောက်ကြရာ၌ သံဃာတော်တို့ ၀တ်ရုံလာကြသော သင်္ကန်း အဟောင်းများကို သင်္ကန်းအသစ်များနှင့် လဲလှယ်ဝတ်ရုံစေပြီးမှ ဆေးရုံတော်သို့တင်ကြသည်။

ပြည်ပမှဆရာဝန်ကြီးများ ပါဝင်မှု
ဤရည်ရွယ်ချက်နှင့် ဤအစီ အစဉ်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ သီတဂူဆရာတော်၏တပည့် အင်္ဂလိပ်၊ မြန်မာဆရာဝန်များထံ အကြောင်းကြား၍ အရေးပြား အထူးကိုဆရာဝန်များကို ရှာဖွေခဲ့ရာ ဒေါက်တာဦးကိုကို၏ စီမံဆောင်ရွက်မှုဖြင့် အင်္ဂလိပ်လူမျိုး အရေပြားအထူးကု ဆရာဝန် Dr. James နှင့် အဖွဲ့သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၅) ရက်နေ့က လန်ဒန်မြို့မှ ရန်ကုန်မြို့သို့ ဆိုက်ရောက်လာခဲ့သည်။ ဇန်န၀ါရီလ (၆) ရက်နေ့တွင် ထိုအရေပြား အထူးကုဆရာဝန်နှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူအာယူဒါနဆေးရုံတော်သို့ ရောက်ရှိခဲ့သည်။ ဇန်န၀ါရီလ (၆) ရက်နေ့ညမှာ သီတဂူအာယု ဒါနဆေးရုံတော် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆရာဝန်များ၊ သီတဂူအာယုဒါနဆေးရုံတော် ဆေးရုံအုပ်ကြီးနှင့် တကွသော သီတဂူခွဲစိတ်ဆရာဝန်များ၊ ညှိနှိုင်းတိုင်ပင်ကြပါသည်။
ဒဏ်ရာရ လူနာ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ
ထိုညှိနှိုင်းတိုင်ပင်အစည်းအဝေး၌ ထိုသံဃာတော်များကို ပြုစုစောင့်ရှောက်ခဲ့ကြသော ဆရာဝန်များအားလုံး၏ မှတ်ချက်များနှင့် အစီရင်ခံချက်များကို ကြည့်ရှု့လေ့လာကြသည်။ ဆင်းဘရားသားဆေးဆိုင်က လှူဒါန်းသော ဆေးဝါးအားလုံးကိုလည်း ဆရာဝန်ကြီးများအဖွဲ့က စီစစ်ကြသည်။ ဇန်န၀ါရီလ (၇) ရက် နံနက်ပိုင်းတွင် ကုသမှုလုပ် ငန်းများကို စတင်ဆောင်ရွက်ကြသည်။ ဇန်န၀ါရီလ (၆) ရက်ညဥ့်ဦးယံကပင် သီတဂူအာယူဒါနဆေးရုံတော်ပေါ်၌ ဂိလာန (၅၇)ဦးတို့အား ဆေးရုံတော်ပေါ်တင်ထားပြီးဖြစ်သည်။ ဇန်န၀ါရီလ (၇) ရက်နေ့၌ (၃၆) ဦး ထပ်မံ ရောက်ရှိလာသည်။ ဇန်န၀ါရီလ (၉) ရက်နေ့၌ (၂၃) ဦးထပ်မံ၍ ရောက်ရှိလာသည်။ သို့ဖြစ်ခြင်း ကြောင့် မီးလောင်ဒဏ်ရာရ ဂိလာ နပေါင်း (၁၁၆) ဦးရောက်ရှိလာ ခဲ့သည်။ ထိုဂိလာနေ (၁၁၆) ဦးထဲတွင် ရဟန်းတော် (၃၃) ပါး၊ သာမဏေ (၆၈) ပါး၊ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၉)ဦး အသီးသီးရှိကြသည်။

အထက်ဖော်ပြပါ ဂိလာနတို့တွင် အနာကို စစ်ဆေး၍ စားဆေး၊ သောက်ဆေးပေးကာ တစ်ညအိပ်၊ နှစ်ညအိပ်ဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်သော လူနာပေါင်းမှာ (၉၃) ဦးရှိပါသည်။ ခွဲစိပ်ခန်းသို့ဝင်၍ အင်္ဂလန်မှာ ခွဲစိပ်အထူးကုဆရာဝန်ကြီးကိုယ်တိုင် ခွဲစိပ်ကုသ အရေပြားလှဲပေးလိုက်သော ဂိလာန သံဃာတော်များမှာ ရဟန်းတော် (၃)ပါး၊ သာမဏေ (၄) ပါး စုစုပေါင်း (၇) ပါးဖြစ်ပါသည်။

သီတဂူဆရာတော်၏ ထိုအစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယကျန်းမာရေးဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး၊ ခွဲစပ် အထူးကုဆရာဝန်ကြီး ဒေါက်တာဦးတင်ကြိုင်၊ ဒေါက်တာလှဘုန်း၊ ဒေါက်တာထွန်းထွန်းသန်း၊ ဒေါက်တာဦးချစ်ကိုကို၊ ဒေါက်တာခင်အုန်းဟန်၊ ဒေါက်တာမြတ်လေးနွယ်၊ ဒေါက်တာကြူကြူလွင်၊ စစ်ကိုင်း၊ မန္တလေး တိုင်းကျန်းမာရေးဦးစီးဆရာဝန်ကြီးများ၊ ဆေးရုံအုပ် ကြီးခေါင်းဆောင်သော သီတဂူအာယုဒါနဆေးရုံတော် ဆရာဝန်များအဖွဲ့နှင့် ရန်ကုန်၊ မန္တလေး၊ မုံရွာတို့မှ ဆရာဝန်များသက်ဆိုင်ရာ ပုဂ်္ဂိုလ်များက လာရောက်ကြည့် ရှုကြပ်မတ်ကူညီကုသပေးခဲ့ကြသည်။

သီတဂူစန်းလပမာ ချမ်းမြသာ ယာရှိကြပါစေ။
သီတဂူဆရာတော်

(သီတဂူအယုဒါနဆေးရုံတော်၊ စီမံအုပ်ချုပ်ရေးအဖွဲ့စစ်ကိုင်းတောင်ရိုးမှ သတင်းထုတ်ပြန်သည်)

ဤနေရာမှ ကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၀၁-၂၀၁၃

11 January 2013

လှုပ်ရှားမှုနည်းသော နေထိုင်မှုပုံစံကြောင့်

လှုပ်ရှားမှုနည်းသော နေထိုင်မှုပုံစံကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နိုင်သည်များ|
By Good Health

အထိုင်များတာက သင့်ကျန်းမာရေး အတွက် မကောင်းသလို မတ်တတ် ရပ်တာ များရင်လည်း ခြေသလုံး ကြွက်သားတွေ တောင့် တင်းတာ၊ ခြေဖဝါးတွေ ကျိန်းတာ၊ ခြေဖနောင့်နာတာတွေ ခံစား ရနိုင်တာကြောင့် သင့်တစ်နေ့တာမှာ မတ်တတ်ရပ်တာနဲ့ ထိုင်တာကို မျှခြေဖြစ်အောင် ကြိုးစားပါ။ လေ့ကျင့်ခန်း မလုပ်တဲ့အခါ သင့်ခန္ဓာ ကိုယ်က ကြွက်သားတွေ တောင့်တင်းနေတာကြောင့် တက်ကြွ လန်းဆန်းမှုမရှိ ဖြစ်နေတတ်ပါတယ်။ တစ်နေ့ ငါး-ခြောက်ကြိမ် လောက် ခန္ဓာကိုယ်ကို အကြော ဆန့်ပေးတာမျိုး လုပ်ဆောင်ပေးပါ။ ရုံးတွင်းမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ထိုင်ရာက မထဘဲ စကား လှမ်းပြောမယ့်အစား နေရာ အရောက်သွားပြီး စကားပြောဆိုပါ။ ဖုန်း ပြောတဲ့အခါ လမ်းလျှောက်ပြီး ပြောပါ။ သင့်တစ်နေ့တာ အချိန်တွေမှာ လှုပ်ရှားဆောင်ရွက် နေတာထက် ထိုင်နေတဲ့အချိန်က ပိုများနေပါ သလား။
လှုပ်ရှားမှုနည်းတာကြောင့် အဝလွန်တာ၊ သွေးတိုးတာတွေအပြင် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေများစေပါတယ်။ ဒါ့အပြင် တခြား ဖြစ်နိုင်ခြေများတဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ဖြေရှင်းနည်းတွေကို ရေးသားလိုက်ပါတယ်။

(၁) နောက်ကျောနာကျင်ခြင်း
လှုပ်ရှားမှုနည်းတာကြောင့် နောက် ကျောနာကျင်မှုကို ဖြစ်စေတယ်လို့ နော် တင်ဟမ်တက္ကသိုလ်မှ အားကစားနဲ့ ဆေးပညာဆရာဝန် ဒေါက်တာ တင်ဘိတ်ကာက ပြောပါတယ်။ တက်ကြွလှုပ်ရှားတဲ့ နေ ထိုင်မှုပုံစံက သွေးလှည့်ပတ်မှုကောင်းပြီး ကြွက်သားနဲ့ အရွတ်တွေရဲ့ လုပ်ဆောင်မှု တွေကိုလည်း ကောင်းစေပါတယ်။ လှုပ်ရှား မှုနည်းတာက ကြွက်သားတွေရဲ့ တောင့် တင်းအားကို လျော့နည်းစေပြီး နောက်ကျော နာကျင်မှုကို ဖြစ်စေပါတယ်။ သင်က လှုပ်ရှားမှုနည်းလို့ နောက်ကျောနာ ကျင်တဲ့ဝေဒနာကို ခံစားနေရတယ်ဆိုရင်တောင် လှုပ်ရှားမှုများတဲ့ နေထိုင်မှု ပုံစံကို ပြောင်းလဲနေ ထိုင်မယ်ဆိုရင် နာကျင်မှု ဝေဒနာတွေ လျော့နည်း သက်သာနိုင်ပါ တယ်။

(၂) အဝလွန်ခြင်း

အဝလွန်တဲ့လူတွေက လှုပ်ရှားမှု နည်းကြပြီး လှုပ်ရှားမှုနည်းတဲ့လူတွေက အဝလွန်တတ်ကြပါတယ်။ အဝလွန်တာနဲ့ လှုပ်ရှားမှုနည်းတာက ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အရင်ဖြစ်တာလဲ ဆိုတာလိုပဲ ပြောရခက်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားတာတွေနဲ့ ကိုယ်အလေးချိန်ကို ထိန်း သိမ်းနိုင်ပါတယ်။

(၃) ကြွက်သားများ ပျော့တွဲလာခြင်း

အချိန်ကြာရှည်စွာ ထိုင်တာက ကြွက်သားတွေပျော့တွဲလာစေပါတယ်။ ကြွက်သားတွေကို အသုံးမပြုတာ ကြာ လာတဲ့အခါ ကြွက်သားရဲ့ တောင့်တင်း အား ကျဆင်းလာပါတယ်။ ဒါကြောင့် ကြွက်သားတွေ တောင့်တင်းသန်မာလာ စေဖို့ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ငါး ပါတယ်။

(၄) နှလုံးတိုက်ခိုက်ခံရခြင်း
သင်က လှုပ်ရှားမှုနည်းပြီး အထိုင် များတာကြောင့် ခန္ဓာကိုယ်တွင်းမှာ သွေး လှည့်ပတ်မှုနည်းသွားတာက နှလုံးတိုက် ခိုက်ခံရနိုင်ခြေ များစေပါတယ်။ နှလုံးက ကြွက်သားတွေနဲ့ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေရောက်ရှိဖို့အ တွက် ညှစ်ထုတ်ပေးပါတယ်။ လှုပ်ရှားမှု နည်းတာကြောင့် နှလုံးကြွက်သားတွေ လည်း အားနည်းလာပါတယ်။ နှလုံး ကြွက်သားတွေ သန်မာဖို့အတွက် ရေကူး တာ၊ ရွရွပြေးတာ၊ လမ်းလျှောက်တာ၊ လှေကားတက်တာနဲ့ ဥယျာဉ်ခြံစိုက်ပျိုး တာတွေကို လုပ်ဆောင်သင့်ပါတယ်။

(၅) လေဖြတ်ခြင်း
လှုပ်ရှားတက်ကြွမှုရှိတဲ့ နေထိုင်မှုပုံ စံကြောင့် လေဖြတ်နိုင်ခြေလျော့နည်းနိုင် ပါတယ်။ နှလုံးရောဂါရှိသူ၊ ကိုယ်အလေး ချိန်များသူ၊ လှုပ်ရှားမှု မရှိသူ၊ သွေးတိုးရှိ သူနဲ့ ဆေးလိပ်သောက်သူတွေဟာ လေ ဖြတ်နိုင်တဲ့ အခွင့်အလမ်းများသူတွေပါ။ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ် ဆောင်တာတွေနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

(၆) ကင်ဆာဖြစ်ခြင်း
လှုပ်ရှားတက်ကြွမှုမရှိတာကြောင့် ရင်သားကင်ဆာ၊ အူကင်ဆာနဲ့ သားအိမ် ကင်ဆာဖြစ်ပွားမှုကို များစေပါတယ်။ အင်္ဂလန်နိုင်ငံမှာ လှုပ်ရှား တက်ကြွတဲ့နေ ထိုင်မှုပုံစံကြောင့် ကင်ဆာဖြစ်ပွားနိုင်ခြေ ကို လျှော့ချနိုင်တာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာကြောင့် ကိုယ်တွင်းအဆီတွေကို လျှော့ချပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါ
လှုပ်ရှားမှုနည်းတာကြောင့် သွေး တွင်း အင်ဆူလင်ပမာဏကို လျော့နည်း စေပြီး အမျိုးအစား၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်ခြေများပါတယ်။ လေ့ကျင့်ခန်း ကို တစ်နေ့ မိနစ် ၂၀နဲ့ တစ်ပတ် ငါးကြိမ် ပြုလုပ်ဖို့ လိုပါတယ်။

(၈) စိတ်ဓာတ်ကျခြင်း
Bristol တက္ကသိုလ်မှ သုတေသီတွေက လှုပ်ရှားမှုမရှိသူတွေဟာ စိတ်ဓာတ်ကျ ရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆခန့် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ လှုပ်ရှား မှုရှိသူတွေဟာ ခန္ဓာကိုယ်ကနေ ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိတာကြောင့် စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

(၉) အယ်လ်ဇိုင်းမားရောဂါ
ချီကာဂိုတက္ကသိုလ်မှ လေ့လာသူ တွေက လေ့ကျင့်ခန်းလုပ်ဆောင်မှုနဲ့ အယ်လ်ဇိုင်းမားရောဂါ ဆက်စပ်မှုရှိတယ် လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ လှုပ် ရှားမှုမရှိတဲ့လူတွေဟာ လှုပ်ရှားမှုရှိသူတွေ ထက် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင် ခြေ ၄၅ ရာခိုင်နှုန်း ပိုမိုတာကို တွေ့ရှိခဲ့ပါ တယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက သက်ကြီးသတိမေ့ရောဂါဖြစ်ပွားမှုကိုပါ လျှော့ချနိုင်ပါတယ်။ မျိုးရိုးမှာ အယ်လ် ဇိုင်းမားရောဂါရှိသူ ရှိပါက လှုပ်ရှားမှုများ တဲ့နေထိုင်မှုပုံစံနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချသင့်ပါတယ်။

(၁၀) အရိုးပါးရောဂါ

အရိုးသိပ်သည်းဆနည်းလာပြီး ကြွပ်ဆတ်လာတာကြောင့် အရိုးကျိုးနိုင် ခြေများလာပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း ပြုလုပ်တာ တွေသာ မလုပ်ဆောင်ဘူးဆိုရင် အရိုးပါးလာပြီး ကျိုးနိုင်ခြေ များပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၀၁-၂၀၁၃

07 January 2013

အိမ်ဖော်မလေး၏ ဘ၀နဲ့ ကံကြမ္မာ

အိမ်ဖော်မလေး၏ ဘ၀နဲ့ ကံကြမ္မာ
 
စာမိတ်ဆက်
တနေ့က ကျောင်းအမတစ်ယောက်က စာရေးသူ၏ “ချစ်ခြင်းကို မခွဲပါနဲ့” ဆိုတဲ့ ပို့စ်ကို ဖတ်ပြီး သူ့အတွေ့ကြုံနဲ့ပတ်သက်ပြီး မေးထားတာလေးဖြစ်သည်။ တပည့်တော်မကလေ လူမှန်းသိတတ်စထဲက ဘယ်သူ့အပေါ်ကိုမဆို ရိုင်းပြစွာ၊ မောက်မာစွာ မဆက်ဆံဘူးခဲ့ဘူး၊ အနိုင်လဲ မကျင့်ခဲ့ဖူးးဘူး၊ တပည့်တော်မကသာ သူများ အနိုင်ကျင့်တာကို အမြဲခံခဲ့ရတာလေ။ တပည့်တော်မတို့အိမ်မှာ အိမ်ဖေါ်ဘယ်တာ့မှ မထားဘူး၊ ဒါပေမဲ့ ဆွေမျိုးတွေထဲမှာ နဲနဲပါးပါးနွမ်းနေတဲ့ ဆွေမျိုးအချို့ကို မိဘတွေက ခေါ်ယူစောင့်ရှောက်ခဲ့။ အစ်ကိုအရွယ် အစ်မအရယ်၊ အရွယ်တူတွေ တစ်ယောက်ပြီး တစ်ယောက် အတူတူ နေကြတယ်။ သူတို့တတွေကို တပည့်တော်မက ဘယ်တုန်းကမှ မောက်မာ ရိုင်းစိုင်း ငြူစူတဲ့ အကျင့်မရှိခဲ့ဘူး။ ကိုယ်ကပဲ ကြည်ကြည်ဖြူဖြူ တပည့်တော်မ ပင်ကိုယ်စိတ်ဓာတ်ကိုက လူတစ်ဘက်သားကို သနားတတ်တယ်၊ အလျော့ပေးတတ်တယ်၊ အောက်ကျို့ခံပြီး ပေါင်းသင်းတတ်တယ်။
အဲလိုမျိုးနေခဲ့တာတောင်မှ တပည့်တော်မကို ငြူစူသူ၊ မောက်မာသူ အငြိုးအတေးထားသူတွေ ပေါ်ပေါ်လာတယ်။ ပေါ်လာတိုင်းလဲ သူတို့ကို မေတ္တာပို့ပေးတယ်၊ အာဃာတ ဆိုတာ မထားဘဲ နေတယ်။ အဲလိုမျိုး အပြုအမူခံရတာတွေက အခုလက်ရှိဘ၀ရဲ့ ကံတရား၊ ကံ၏ အကျိုးပေးကြောင့်လား၊ ဒါမှမဟုတ် ဟိုးအတိတ်ဘ၀ ဟောင်းတစ်ခုခု ကလား။

အခု လက်ရှိဘ၀မှာ တပည့်တော်မအနေနဲ့ ကောင်းအောင်နေပေမဲ့ ကိုယ့်အပေါ်မကြိုက်တဲ့သူတွေရှိနေတယ်။ အခုလို အပြုအမူတွေ ခံနေရတာတွေကို ပြေပျောက်အောင် တပည့်တော်မအနေနဲ့ ဘယ်လိုလုပ်ရမလဲ၊ ဆုံးမစကားလေးပေးပါ။ ဆုံးမ စကားတွေကိုလဲ လိုက်နာကျင့်သုံးပါ့မယ်။ ကျောင်းအမရဲ့ စာကို ဖတ်ပြီး ဘုရားလက်ထက်က ရဇ္ဇုမာလာ အစေခံမလေးအကြောင်းကို သတိရသွားသည်။ ထို့အတွက် ကံအကြောင်း တစ်စိတ်တစ်ဒေသကို ရဇ္ဇုမာလာဘ၀အကြောင်းနဲ့ ထင်ဟပ်စေလိုက်ပါသည်။

ရူးသွပ်စေသော ကံအကြောင်း
လောကမှာ မကြံစည်ကောင်း မကြံအပ်သော အရာ ၄ မျိုးရှိသည်၊ ဘုရားရှင်၏အရာ၊ ဈာန်အရာ၊ ကံ၊ ကံ၏အကျိုးနှင့် လောကကြီးအကြောင်းတို့သည် အလွန်ဆန်းပြား နက်နဲ ကျယ်ပြန့်သည်ဖြစ်ရကား ထိုအကြောင်းအရာများကို စဉ်းစားတွေးခေါ်နေလျှင် ပင်ပန်းမည်၊ ရူးသွပ်သွားမည်ဟု ဘုရားရှင် မိန့်ခဲ့သေးသည်။ ထို့ကြောင့် တချို့ကံ၏ အကျိုးတွေ ကိုယ့်ဥာဏ် ကိုယ့်အတွေး လိုက်မမီအောင် ဆန်းကျယ်သည်ကို တွေ့ရသည်။ သို့သော်လည်း ကိုယ်မီသလောက်လေးကိုပဲ တွေးဖြစ်ကြသည်၊ ရေးဖြစ်ကြသည်။

ကံအကြောင်းနဲ့ပတ်သက်တာကို စာရေးသူ၏ဆိုက်မှာ “ဘ၀ရဲ့အနိမ့်အမြင့်” ပို့စ်ကဲ့သို့ ပို့စ်တော်တော်များများမှာ ရေးခဲ့ဖူးသည်။ ထိုပို့စ်ကို ဖတ်လိုက်ခြင်းအားဖြင့် ဒီကနေ့ ဖြစ်ပေါ်နေသော လူတွေရဲ့ ဘ၀ အနိမ့်အမြင့်၊ ဆက်ဆံရေး၊ သဘောထားတွေရဲ့ တစ်စိတ်တစ်ဒေသကို ဖြေရှင်းပေးနိုင်ပါလိမ့်မည်။ အထက်ပါ အကြောင်းအရာနဲ့ပတ်သက်ပြီး ထိုပို့စ်က အထောက်ကူပြုပါလိမ့်မည်။

ကိုယ်က သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့တယ်၊ ကောင်းကောင်း ဆက်ဆံနေတယ်။ ဒါပေမဲ့ ကိုယ် ပြန်ရလိုက်တာက သူ့ရဲ့ အမုန်းတရား၊ သူ့ရဲ့ မောက်မာတဲ့ တုန့်ပြန်မှု၊ သူ့ရဲ့ ကြမ်းထမ်းတဲ့ အပြုအမူပဲ။ အဲဒါ ဘာကြောင့်ဘာလဲ၊ ဒီလိုမေးခွန်းအလားတူပဲ၊ ကိုယ်က ကောင်းကောင်းနေတယ်၊ သီလတွေလဲ မကျိုးအောင် ဆောက်တည် ကျင့်သုံးတယ်၊ ကိုယ်တတ်နိုင်သလောက်လဲ လိုအပ်နေသူတွေကို ဝေငှတယ်၊ ပေးကမ်းတယ်၊ လှူဒါန်းတယ်။ ဒီလောက် ကောင်းတာတွေချည်းလုပ်နေရဲ့သားနဲ့ အဆိုးတွေချည်း ရင်ဆိုင်နေရတယ်။ ဒီလိုပြဿနာတွေက လူ့လောကမှာ ဒူးနဲ့ဒေး တွေ့ကြုံနေရတယ်။ တချို့ကြပြန်တော့ သားသတ်၊ ငါးသတ်၊ ၀က်သတ်နဲ့ ကြီးပွားချမ်းသာနေလိုက်ကြတာ။ ဒီလိုအဖြစ်အမျိုးတွေ ကြုံတွေ့နေရတော့ လူတွေမှာ ကောင်းတာလုပ်ဖို့ ဇဝေဇ၀ါ ဖြစ်သွားကြတယ်၊ ကံတရားအပေါ် သံသယ၀င်လာကြတယ်။ တကယ်တော့ သူတို့တတွေ ကံတရားနှင့် ကံ၏အကျိုးတရားကို ကောင်းကောင်း နားမလည်သေးလို့ပါပဲ။

“မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ နပစ္စတိ” သတ္တ၀ါတွေဟာ အကုသိုလ်ကံ အကျိုးမပေးသေးခင်တော့ သူလုပ်နေတဲ့ အလုပ်တွေကို ပျားရည်လို ချိုမြိန်ကောင်း ချိုမြိန်နေပါလိမ့်မည်။ “ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ” အကျိုးပေးချိန်ကျပြီဆိုတော့မှ ဒုက္ခလှလှတွေ ခံစားကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့မှ ဓားသွားပေါ်က ပျားရည်ဆိုတာ သဘောလာကြတာ ဖြစ်ပါတယ်။ အကုသိုလ်ကံက ချက်ချင်းအကျိုးပေးတဲ့ ကံရှိသလို နောက်နောက် ဘ၀တွေမှ အကျိုးပေးတာလဲ ရှိပါတယ်။ ဘုရားရှင်အား ပြစ်မှားစော်ကားခဲ့တဲ့ အရှင်ဒေ၀တ်၊ အဖေကို ညှင်းပန်းနှိပ်စက်ပြီး သတ်ခဲ့တဲ့ အဇာတသတ်၊ ၀က်သတ်ရုံထောင်ပြီး နစ်ပေါင်းများစွာ အသက်မွေးဝမ်းကြောင်း ပြုခဲ့သော စုန္ဒတို့ ဒီဘ၀မှာပဲ အကျိုးပေးခြင်းကို ခံစားကြရသည်။ တခါတရံ အကုသိုလ်ကံအဟုန်က နည်းနေသေးရင် အကျိုးပေးရန် အချိန်တစ်ခုတော့ စောင့်သည်။ ထိုအချိန်မှာ ထိုအကုသိုလ်ကံတွေက ပျားရည်လို ချိုမြိန်နေသည်ဟု ထင်တတ်သည်။

ကုသိုလ်ကောင်းမှုတွေဆိုလဲ ထို့နည်းတူပါပဲ။ အကျိုးပေးချိန်တန်မှ အကျိုးပေးမှာပါ၊ သူဋ္ဌေးအလုပ်သမား မောင်ပုဏ္ဏ မယ်ဥတ္တရာတို့ဆို နိရောဓသမာပတ်ဝင်စားရာမှ ကြွတော်မူလာသော အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို အစေခံ အလုပ်သမားတွေ စားလေ့စားထရှိတဲ့ မုန့်ပိုင်းလေးများ လှူဒါန်းလိုက်ခြင်းကုသိုလ်ကံ ချက်ချင်းလက်ငင်း အကျိုးပေးသည်။ သူဆင်းရဲက သူဋ္ဌေးရာထူးဘွဲ့ရသွားသည်။ ကုသိုလ်ကံတို့၊ အကုသိုလ်ကံတို့၊ ၀ဋ်တို့ဆိုတာ တချိန်မဟုတ် တချိန်တော့ အကျိုးပေးပါလိမ့်မည်။ အကုသိုလ်ကံ အကျိုးပေးပုံလေးကို ရဇ္ဇုမာလာအမျိုးသမီးလေးဘ၀က ထင်ရှားစေပါလိမ့်မည်။

အစေခံမလေး ရဇ္ဇုမာလာ ဘဝ
ဘုရားလက်ထက်က အစေခံမလေးတစ်ယောက် သူဋ္ဌေးအိမ် ရောက်လာတယ်၊ သူဋ္ဌေးမက သူ့ကို မြင်မြင်ခြင်းပဲ ရန်ငြိုးဖွဲ့တယ်၊ သူမအပေါ်မှာ ဘယ်လို မုန်းမှန်းမသိ မုန်းနေခဲ့တယ်။ အစေခံမလေးက နေ့တိုင်း သူဋ္ဌေးမအပေါ် ရိုသေတယ်၊ လုပ်သင့်လုပ်ထိုက်တဲ့ အိမ်၏အမှုကိစ္စတွေကို တာဝန်ကျေအောင် လုပ်ပေးနေပေမဲ့ သူဋ္ဌေးမဆီက သူရလိုက်တာက အမုန်းတရားချည်းပဲ ဖြစ်သည်။ နေ့စဉ် ထုထောင်းခံရသည်။ နေ့စဉ် အဆူ အပူခံရရုံမဟုတ်ဘဲ ဆံပင် စွဲစောင့်ခြင်း၊ ဆံပင်ဆွဲပြီး အမျိုးမျိုး ညှင်းပန်း နိပ်စက်ခြင်းကို ခံရသည်။ အစေးခံမလေးလဲ မိန်းမသားပီးပီ သူမ၏ အလွန်လှပ ကျောရှင်းတဲ့ ဆံပင်ကို မြတ်နိုးတွယ်တာပေမဲ့ ဒီဆံပင်ကြောင့်ပဲ အမျိုးမျိုး နိပ်စက်ခံရသည့်အတွက်ကြောင့် ဆံပင်ဆိုင်သွားပြီး ခေါင်းတုန်းပစ်လိုက်တော့သည်။
ဒါပေမဲ့ သူမခင်မျာ မလွတ်ရှာ၊ ဆံပင်ဆွဲစရာ မရှိပေမဲ့ နောက်တစ်မျိုးနဲ့ နိက်စက်ပြန်သည်။ ခေါင်းကို ကြိုးနဲ့ပတ်ပြီး တိရစ္ဆာန်များကို ရိုက်သလို အရိုက်ခံရပါတော့သည်၊ ခေါင်းကို အောက်ကို ငုံ့စေကာ အမျိုးမျိုး ညှင်းပန်းခြင်းကို ခံရပြန်သည်။ ထိုအချိန်က စပြီး သူမကို ရဇ္ဇုမာလာဟု ခေါ်ကြသည်။ ခေါင်းမှာ ကြိုးရှိသူ၊ သို့မဟုတ် လည်ပင်းမှာ ကြိုးကွင်းရှိသူကို ရဇ္ဇုမာလာဟု ခေါ်သည်။ (ရဇ္ဇု-ကြိုး၊ မာလာ-ပန်းကုန်း။)

ကိုယ့်ကိုယ်ကို သေကြောင်းကြံ

ရဇ္ဇုမာလာသည် ကိုယ့်ကိုယ်ကို သေဖို့ရန် ကြိုးစားတော့သည်။ လူတွေဟာ ပြသနာတစ်ခုကို မဖြေရှင်းနိုင်ရင်သော်၎င်း၊ စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ အလွန်အကဲများလာရင်သော်၎င်း၊ အကောင်းဆုံးနည်းကို မရွေးဘဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ ကြိုးစားတော့သည်။ ကိုယ်သေသွားလျှင် ပြသနာ အေးသွားပြီဟု ထင်တတ်ကြသည်။ တကယ်တော့ ကိုယ့်ကိုယ်ကိုသေကြောင်း ကြံသူတွေက ပြသနာကို ရင်မဆိုင်နိုင်လို့ ကိုယ်လွတ် ရုန်းထွက်ပြေးသော သူရဲဘောကြောင်သူများ ဖြစ်ကြသည်။ နောက်တစ်ခုက အတ္တကြီးသူများ ဖြစ်ကြသည်။ ကိုယ့်အတွက်ပဲ ကြည့်သည်၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအ၀ိုင်းကို မကြည့်တတ်သော အတ္တသမားများသာ ဖြစ်သည်။ ဒီလို စိတ်ဖိဆီးမှုတွေကို ကိုယ့်အပေါ် မကျရောက်စေချင်၊ မခံစားချင်သောကြောင့် ရှောင်လွဲသွားတတ်သော အတ္တသမားများသာ ဖြစ်သည်။ ဒီလိုအဖြစ်အမျိုးတွေ ဘုရားလက်ထက်ကထဲက ရှိခဲ့သည်၊ ယနေ့ခေတ်အထိ ဘုရားပွင့်ခဲ့ရာ အိန္ဒိယဒေသမှာ ပိုမိုတွေ့မြင်ရသည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံသည့် အမှုများသည် တစ်ခြားနိုင်ငံများထက် အိန္ဒိယမှာ ပိုအဖြစ်များသည်။ လူတွေဟာ ကိုယ်ရလာတဲ့ ရခဲတဲ့ လူ့ဘ၀ကို တန်ဖိုးထားရကောင်းမှန်းမသိ ဖြစ်နေတတ်သည်၊ ထိုအခါ လွယ်လွယ်နဲ့ တန်ဖိုးရှိတဲ့ ဘ၀ကို အလွယ်တကူစွန့်လွတ်နိုင်ခဲ့ကြသည်။ အသိတရားနဲပါးသည်ဟု ကောက်ချက်ချ ရတော့မည်ဖြစ်သည်။

ရဇ္ဇုမာလာလည်း ထိုနည်းတူစွာ သူဋ္ဌေးမ၏ ညှင်းပန်းနိက်စက်မှုကို မခံစားနိုင်ဖြစ်ရသည်။ “နေ့စဉ်နေ့စဉ် သူဋ္ဌေးမရဲ့ ကြမ်းတမ်းတဲ့ ဆဲသံဆိုသံပဲ ကြားရသည်၊ နေ့စဉ် သူဋ္ဌေးမရဲ့ အမျိုးမျိုးနိက်စက်တာကိုပဲ ခံနေရသည်၊ ဒီလို လူ့ဘ၀မှာ အသက်ရှင်နေခြင်းက ဘာမှအကျိုးမရှိ၊ သေတာမှ ကောင်းလိမ့်ဦးမည်” ဟု အသက်ဆက်ရှင်နေခြင်းကို ငြီးငွေ့လာသည်၊ ရေအိုးထဲ ကြိုးခွေကို ထည့်ပြီး ရေဆိပ်သို့ ရေခပ်ဟန် ထွက်ခဲ့သည်။ တောအုပ်ကြီးတစ်ခုထဲ ရောက်လာပြီး သစ်ပင်ကြီးတစ်ပင်ပေါ်တက်သည်၊ ကြိုးစတစ်စကို ကွင်းလုပ်ပြီး လည်ပင်းကို စွပ်လိုက်သည်၊ ကြိုးတစ်စကိုတော့ သစ်ပင်ကြီးက ကိုင်းတစ်ကိုင်းကို ချည်ထားလိုက်ပြီး ခုန်ချတော့မည့်ဟန်ပြင်လိုက်မှ ကံကောင်းချင်တော့ ထိုသစ်ပင်ကြီးအနီးအနားမှာ ဘုရားရှင်က စောင့်နေသည်။ ဘုရားရှင်ကို မြင်လိုက်တော့မှ “ဘုရားရှင်က ငါ့လိုလူကို အလေးထားပါ့မလား၊ ဘုရားရှင်၏ တရားနာခွင့်ရရင်တော့ ဒီလို စက်ဆုပ်ဖွယ် အသက်ရှင်နေရခြင်းက လွတ်ကောင်းပါရဲ့”ဟု အတွေးဝင်နေတဲ့ အချိန် ဘုရားရှင်က ချစ်သမီး ရဇ္ဇုမာလ လို့ခေါ်လိုက်သည်။ ငါ့လိုအစေခံမ၏ အမည်ကို ဘုရားရှင်က ခေါ်သည်၊ သောကတွေ ဒုက္ခတွေ၊ စိတ်ဖိစီးမှုတွေနဲ့ နောက်ဆုံး ထိုဒဏ်တွေကို မခံနိုင်လို့ ဘ၀ကို အရှုံးပေးတော့မည့်အချိန်မှာ ဘုရားရှင်၏ ရဇ္ဇုမာလဆိုတဲ့ ခေါ်သံက သူမအတွက် အမြိုက်ရေအေးနဲ့ သွန်းဖြန်းပေးလိုက်သလို ခံစားရသည်။ အလွန့်လွန်ကို အေးချမ်းသွားသည်။

ဘယ်သူမပြု မိမိမှု
သူ့ဆီချဉ်းကပ်လာသော ရဇ္ဇုမာလာအား ဘုရားရှင်က ယခုလို သူဋ္ဌေးမ၏ ဆဲဆို ကြိမ်းမောင်း၊ ညှင်းပန်းနိက်စက်ခြင်းကို ခံရတယ်ဆိုတာ သင်လုပ်ခဲ့တဲ့ ကံ ပြန်ခံရတာပဲ။ ဘယ်သူကမှ လုပ်တာမဟုတ် သင်ကိုယ်တိုင်ပဲ လုပ်ခဲ့တာ ဆိုပြီး အတိက်ဘ၀ ရဇ္ဇုမာလာသည် သူဋ္ဌေးမဖြစ်ခဲ့ဘူးသည်။ သူ့ကို ညှင်းဆဲတဲ့ သူဋ္ဌေးမက အိမ်အဖော်ဖြစ်ခဲ့သည်။ အတိတ်ဘ၀က အိမ်ဖော်မကို ဒီလိုပဲ ဆဲဆို ကြိမ်းမောင်း၊ ညှင်းပန်းနိပ်စက်ခဲ့ဖူးသည်။ ထို အကုသိုလ်ကံက အခု အကျိုးပေးတာပဲ ဆိုပြီး “ကိုယ့်ကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း” ကံ၊ ကံ၏ အကျိုးကို ဟောပေးလိုက်သည်။ ရဇ္ဇုမာလာ သောတာပန် အရိယာမကြီး ဖြစ်သွားသည်။

အိမ်ပြန်လမ်း
ရဇ္ဇုမာလာသည် သူဋ္ဌေးမ အိမ်သို့ပြန်သည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ တောထဲကို ရောက်လာသော ရဇ္ဇုမာလာ၏ မျက်နှာနှင့် အိမ်အပြန်လမ်း မျက်နှာတို့ မတူကွဲပြားလျှက်ရှိသည်။ လာတုန်းက စိုးရိမ်စိတ်၊ ပူပန်စိတ်နဲ့ ပင်ပန်းကြီးစွာ လာရသည်။ အိမ်အပြန်လမ်းမှာတော့ သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ ကရုဏာ၊ မေတ္တာတရားတွေနဲ့ “ သူဋ္ဌေးမသည် ငါ့ကို သတ်လျှင်လဲ သတ်ပါစေ၊ ညှင်းဆဲရင်လဲ ညှင်းဆဲပါစေ၊ သူပြုသမျှခံပါမည်”ဟု နှလုံးသွားထားသည်။ သို့သော်လည်း သူထင်သလို မဖြစ်ဘဲ သူဋ္ဌေးမက ဆီးကြိုနေသည်။ “သမီး ဘယ်သွားနေလဲ၊ ကြာလိုက်တာ” ဟု ပြုံးရွှင်သော မျက်နှာဖြင် ဆိုသတဲ့။ ဘုရားရှင်နဲ့တွေ့ခဲ့ပုံတွေ အကြောင်း ပြောပြတော့ အံသြခြင်၊ ၀မ်းသားခြင်းနဲ့အတူ ဘုရားရှင်နှင့် သံဃာတော်တွေကို အိမ်ပင့်ပြီး ဆွမ်းကပ်၊ ဘုရားရှင်က တရားဟောတော့ သူဋ္ဌေးနှင့် သူဋ္ဌေးကတော်တို့ ရတနာသုံးပါးကို ဆည်းကပ်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်သွားသည်။ အစေခံမလေး ရဇ္ဇုမာလာသည်လည်း သူဋ္ဌေးကြီး၏ မွေးစားသမီး ဖြစ်သွားတော့သည်။

ကိုယ်က အကောင်းဆုံး ဖြစ်အောင် နေခဲ့ပေမဲ့၊ ကိုယ့်အပေါ်မှာတော့ ကံမကောင်း အကြောင်းမလှတာတွေချည်း ကျရောက်လာသည်။ ကိုယ်ပြုတဲ့ ကုသိုလ်အဟုန်က နဲနေသေးခြင်း၊ ရှေးရှေးဘ၀က ပြုခဲ့တဲ့ မကောင်းကံအဟုန်တွေ အားကောင်းနေဆဲ ဖြစ်သည်။ ရှေးယခင် အကုသိုလ်ကံတွေကို အရှိန်ရော့သွားအောင် နဲသွားအောင် ပါးသွားအောင် ကောင်းကံတွေ များများနဲ့ အစားထိုးဖို့လိုသည်။ အဖေသတ် အမေသတ် ဘုရားကို ပြစ်မားခြင်း စတဲ့ ကြီးလေးတဲ့ ဂရုကံကလွဲရင် သေးမွှားတဲ့ အကုသိုလ်ကံတွေကို ကုသိုလ်ကံဖြင့် အရှိန်ရော့သွားအောင် နဲသွားအောင် ပြုလုပ်နိုင်သည်၊ နောက်ဆုံး အကျိုးမပေးအောင် (အဟောသိကံ) လုပ်နိုင်သည်။ အဖေကို သတ်ခဲ့သော အဇာတသတ်သည် ဘုရားရှင်နဲ့တွေ့ပြီး ကုသိုလ်ကံကြီးကြီးမားမား ပြုလုပ်ခဲ့သဖြင့် ငရဲကျမည့် လျှော့ရက်များ ရသွားသည်။ အကုသိုလ်ကံများကို လုံးဝ ပယ်သတ်နိုင်သည်ကား မဂ်ကုသိုလ်များသာဖြစ်သည်။ နောက်ဆုံး အကုသိုလ်ကံကိုသာ မက ကုသိုလ်ကံများကိုလည်း ပယ်သတ်နိုင်သည်ကား အရဟတ္တမဂ် ဖြစ်သည်။ ရဟန္တာအရှင်မြတ်များသည် ဘ၀ သံသရာကို ရှည်စေသည့် ထိုကံနှစ်မျိုးလုံးကို လုံးဝပယ်နိုင်သွားကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁၀-၂၀၁၂

03 January 2013

သမိုင်းဝင် ပေးစာ

သမိုင်းဝင် ပေးစာသုံးစောင်
စာမိတ်ဆက်
“သမိုင်းဝင်ပေးစာဟု ဆိုချင်ပါသည်။ ဒီစာပေးချိန်သည် စာရေးသူ အစိုးရဓမ္မာစရိယတန်းအောင်ပြီးနှစ်ဖြစ်သည် (ကြွားတာ)။ မှတ်မိမည် ထင်ပါသည်၊ အဲဒီနှစ်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် တည်ထောင်သူ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်ကြီး၏ နှစ်တစ်ရာပြည့် (ရာပြည့်) အထိမ်းအမှတ်ပွဲသို့ အစိုးရ အရာရှိများကို ဖိတ်မန်ထားသည်၊ သို့သော်လည်း  ရဟတ်ယဉ်မတော်တဆဖြစ်မှုကြာင့် အတွင်းရေးမှူ (၂) ဒုတိယဗိုလ်ချုပ်ကြီး ဦးတင်ဦးဆုံးသွားခဲ့ရခြင်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ကြရသည်၊ ထို့အတွက်ကြောင့်လဲ နာရီပိုင်းအလိုမှ အတွင်းရေးမှူး (၁) လည်း ရာပြည့်ပွဲသို့ မလာနိုင်ဖြစ်ခဲ့ရသည့် နှစ်ဖြစ်သည်။
ထိုနှစ်ထိုအခါက နိုင်ငံ၏အရေးသည် တစ်ဖက်နှင့်တစ်ဖက် အထိမခံဖြစ်ခါ နိုင်ငံကြီးတစ်ခုလုံး ပူလုံးကြွနေသည့် အချိန်လည်း ဖြစ်သည်။ ဤသို့သောအခြေအနေမှာ ပြည်သူလှူသည့် ပစ္စည်းလေးပါးကို အမှီပြုနေရသော ဆရာတော်သံဃာတော်များလည်း ပြည်သူအပူအရှိန်ဟတ်ခံရသဖြင့် မနေသာ ဖြစ်ရသည်။ ထို့ကြောင့် ပြည်သူ၏အပူအတွက် ရင်မအေးသော တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ လက်ရှိ နာယကချုပ်ဆရာတော်ကြီးက နိုင်ငံတော်အတွက် အရေးပါသည်ဟု ထင်ရသော ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ ၂။ လက်ရှိ အာဏာရ ဗိုလ်ချုပ်မှူးကြီးထံ၊ ၂။ အငြိမ်းစား ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး ဦးနေ၀င်းထံသို့ ပေးစာများဖြင့် မေတ္တာရပ်ခံထားသည်မှာ သမိုင်ဝင်ပေးစာအဖြစ် ဖော်ပြလိုက်ပါသည်။
သီတဂူစတား
၂-၀၁-၂၀၁၃
 ++++++++++++++++++++++++
သမိုင်းဝင်ပေးစာ၏နိဒါန်း

ဘာသာဋီကာဆရာတော်ကြီးသည် တိုင်းပြည်အရေးကို သာသနာရေးဖြင့် မြှင့်တင်ရန်ဟူသော ခံယူချက်ဖြင့် အမျိုးဘာသာ သာသနာအတွက် ကြိုးစားတော်မူခဲ့သည့်နည်းတူ တပည့်ဖြစ်သော မွေးနေ့ရှင်ဆရာတော်သည်လည်း မိမိခေတ်တွင် တွေ့ကြုံရသော အခြေနေတို့အရ သာသနာရေးသာမက တိုင်းပြည်နှင့်လူမျိုးတို့၏ အကျိုးအတွက်လည်း တာဝန်ကျေခဲ့ကြောင်း ဆရာတော်၏ မေတ္တာစေတနာ သရုပ်ကို ဤပေးစာဖြင့် သိရှိနိုင်ကြရန် ပြန်လည်ဖော်ပြလိုက်ပါသည်။ ထိုစာများကိုလည်း ယခုနှစ် နာယကချုပ်ဆရာတော်ကြီး၏ သက်တော် (၈၀)ပြည့် အထိမ်းအမှတ်စာဆောင်တွင် ဖော်ပြထားသည်ကို တွေ့ရသဖြင့် ကူယူဖော်ပြလိုက်ပါသည်။
(၅.၁၁.၁၉၉၉ခုနှစ်
ဒါယိကာမလေး အောင်ဆန်းစုကြည် နာယကချုပ်ထံ လာရောက်ဖူးမျှော်စဉ်)
 
သမိုင်းဝင်ပေးစာ (၁)

နေ့စွဲ။ ။ ၂၅.၁၁.၁၉၉၉
ဒါယိကာမလေး အောင်ဆန်းစုကြည်ထံ

ဘုန်းကြီးယခုပေးစာမှာ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရှိ သံဃာတော် (၁၀၀၀) ကျော်၏ကိုယ်စား ရေးသောစာဖြစ်ပါသည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်ဆီတုန်းက ဒါယိကာမလေးတို့အဖွဲ့ အညာတစ်ခွင် လှည့်လည်စဉ် အမရပူရမြို့ မဟာဂန္ဓာရုံတိုက်သို့ ၀င်လာပြီး သံဃာတော် (၁၀၀၀) ကျော်ကို ဖူးမျှော်ကန်တော့ကာ သြ၀ါဒနာယူခဲ့ဖူးတာကို မှတ်မိပါသေးရဲ့လား။

ထိုစဉ်က ဘုန်းကြီးပေးလိုက်သောသြ၀ါဒတွင် “ယခုတွေ့ကြတာဟာ အဖေ့သားတွေနှင့် အဖေ့သမီးများ တွေ့ဆုံပွဲပါ၊ အားလုံးတပ်မတော်သားများနှင့် ဒါယိကာမလေးအပါအ၀င် မြန်မာပြည်သူပြည်သား ရဟန်းရှင်လူအားလုံးဟာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အဖေ့သားတွေနှင့် အဖေ့သမီးတွေချည်းပါ။” လို့ပြောခဲ့ပါသည်။

တိုင်းပြည်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သားတွေ သမီးတွေ ဖြစ်ကြသလို တိုင်းပြည်လွတ်လပ်ရေးရလျှင် သာသနာဘက်ကလည်း ဘယ်လိုသန့်ရှင်းရေးတွေပြုပြီး သာသနာသန့်စင်စေရမည်လို့ အနာဂတ်သာသနာရေးကျမ်းစာ စသည်တွေကို ရေးပြီးပြင်ဆင်နေတဲ့ ကျမ်းပြုအကျော် အရှင်ဇနကာဘိဝံသရဲ့ သားတွေ သမီးတွေ ပြောလျှင်လည်း ရနိုင်တာမို့ အားလုံး အဖေ့သားတွေ အဖေ့သမီးတွေ မောင်နှမတွေချည်းသာဖြစ်ကြပါတယ်။

ယခုအခါ အဖေ့သမီးနှင့် အဖေ့သားများ ညီကိုမောင်နှမ အချင်းချင်း ကဲ့ရဲ့သဂြိုင်္ စကားတင်းဆိုပြီး ဆယ်နှစ်ဆယ်မိုးကျော်အောင် ရန်ဖြစ်နေကြသည်ကို မြင်တွေ့ကြားသိနေရသဖြင့် အဖေ့သားများဖြစ်ကြသော သံဃာတော် ရဟန်းတော်များမှာ နှလုံးစိတ်ဝမ်း မချမ်းသာကြပါ။
သို့ပါ၍ အဖေ့သားနှင့်အဖေ့သမီး အချင်းချင်း ….
၁။ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတိတ် အနာဂတ်တွေ မထား၊ သင်ပုန်းချေငြိမ်းချမ်းရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ကြရန်။
၂။ တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းကို အတူလက်တွဲ ကြိုးစားအားထုတ်ပြုလုပ်ကြရန် မေတ္တာရပ်ခံကြပါသည်။
အရှင်ကုဏ္ဍလာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်
နာယကချုပ်ဆရာတော်
မဟာဂန္ဓာရုံကျောင်းတိုက် အမရပူရမြို့။
မိတ္တူကို
၁။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ
၂။ ဗိုလ်ချုပ်ကြီးဦးနေ၀င်း
၃။ လက်ခံ
++++++++++++++++++
သမိုင်းဝင်ပေးစာ (၂)
နေ့စွဲ။ ။ ၂၅.၁၁.၁၉၉၉
ဒါယကာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ

ဤစာကို ဘုန်းကြီးသည် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရှိ သံဃာတော် (၁၀၀၀) ကျော်၏ကိုယ်စား ရေးသောစာဖြစ်ပါသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်ဆီက ဒါယိကာမ (ဒေါ်)အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ အထက်အညာတစ်ခွင် လှည့်လည်စဉ်က ဘုန်းကြီးတို့ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် သံဃာတော်(၁၀၀၀)ကျော် ထံမှောက်သို့လည်း ၀င်ရောက်ဖူးမျှော်ကန်တော့ခြင်း သြ၀ါဒနာယူချင်း ပြုခဲ့ပါသည်။

ထိုစဉ်က ဘုန်းကြီးပေးလိုက်သောသြ၀ါဒတွင် “ယခုတွေ့ကြတာဟာ အဖေ့သားတွေနှင့် အဖေ့သမီးများ တွေ့ဆုံပွဲပါ၊ အားလုံးတပ်မတော်သားများနှင့် ဒါယိကာမလေးအပါအ၀င် မြန်မာပြည်သူပြည်သား ရဟန်းရှင်လူအားလုံးဟာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အဖေ့သားတွေနှင့် အဖေ့သမီးတွေချည်းပါ။” လို့ပြောခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရရှိဖို့ ကြိုးပမ်းနေစဉ် တိုင်းပြည်လွတ်လပ်ရေးရက သာသနာဘက်လည်း သန့်ရှင်းပြီး စနစ်တကျဖြစ်စေဖို့ရာ အနာဂတ်သာသနာရေးစသော ကျမ်းစာများကို ရေး၍ စီမံကိန်းဆွဲနေခဲ့သော ကျမ်းပြုအကျော် အရှင်ဇနကာဘိဝံသရဲက သားသမီးများဟုဆိုလျှင်လည်း မမှားနိုင်ကြောင်း၊ အားလုံးသည် လောကုတ္တရာ အဖေ့သား အဖေ့သမီးများလည်း ဖြစ်ကြပါသည်။

ယခုအခါ အဖေ့သမီးနှင့် အဖေ့သားများ ညီကိုမောင်နှမ အချင်းချင်း ကဲ့ရဲ့သဂြိုင်္ စကားတင်းဆိုပြီး ဆယ်နှစ်ဆယ်မိုးကျော်အောင် ရန်ဖြစ်နေကြသည်ကို မြင်တွေ့ကြားသိနေရသဖြင့် အဖေ့သားများဖြစ်ကြသော သံဃာတော် ရဟန်းတော်များမှာ နှလုံးစိတ်ဝမ်း မချမ်းသာကြပါ။

သို့ပါ၍ အဖေ့သားနှင့်အဖေ့သမီး အချင်းချင်း ….
၁။ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတိတ် အနာဂတ်တွေ မထား၊ သင်ပုန်းချေငြိမ်းချမ်းရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ကြရန်။

၂။ သင်ပုန်းချေငြိမ်းချမ်းရေးတည်ဆောက်ပြီးနောက် တိုင်းပြည်တည်ဆောက်ရေးကို ညီကိုမောင်နှမအချင်းချင်း အတူလက်တွဲ၍ ကြိုးစားအားထုတ်ပြုလုပ်ကြရန်။
အဖေ့သားများဖြစ်ကြသော သံဃာတော်များက မေတ္တာရပ်ခံကြပါသည်။
အရှင်ကုဏ္ဍလာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်
နာယကချုပ်ဆရာတော်
မဟာဂန္ဓာရုံကျောင်းတိုက် အမရပူရမြို့။
မိတ္တူကို
၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒါယကာကြီးဦးနေ၀င်း
၃။ လက်ခံ
++++++++++++++++++++

သမိုင်းဝင်ပေးစာ (၃)
နေ့စွဲ။ ။ ၂၅.၁၁.၁၉၉၉
ဒါယကာကြီးဦးနေ၀င်းထံ

ဒါယကာကြီးတို့ မိသားစု ကျန်းမာသက်ရှည် သက်ရှည်ကျန်းမာစေကြောင်း နေ့စဉ် နံက်တိုင်း ဘုရားအာရုံပြုပြီးနောက် ဆုတောင်းမေတ္တာပို့သနေပါ၏။ ယခုစာရေးသားသော ဘုန်းကြီးမှာ ဒါယကာကြီးတို့
အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ကျမ်းပြုအကျော် ကျေးဇူးရှင်ဆရာတော်ကြီးထံမှောက်သို့ သုံးကြိမ်သုံးခေါက် လာရောက်ဖူးမျှော်စဉ်က ဆရာတော်ကြီး အနီးအပါးမှာ အမြဲရှိနေခဲ့သော ဘုန်းကြီးဖြစ်ပါသည်။

ဒါယကာကြီးနှင့် ပါလာသော ဒကာကြီး၏ ဇနီး ဒေါ်ခင်မေသန်းနှင့် သားသမီးများကိုလည်းကောင်း၊ ထိုစဉ်က သာသနာရေးဝန်ကြီး ဗိုလ်မှုးကြီးကျော်စိုး၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဗိုလ်မှုးကြီးသောင်းကြည် အမှုးပြုသော ဒါယကာကြီး၏နောက်ပါ ပရိတ်သတ်များကိုလည်းကောင်း မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း လိုက်လံပြသခဲ့သော ဘုန်းကြီးတစ်ပါးလည်းဖြစ်ပါသည်။

ယခုဤစာကို အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရှိ သံဃာတော် (၁၀၀၀) ကျော်၏ကိုယ်စား ရေးသောစာဖြစ်ပါသည်။ လွန်ခဲ့သော ၁၀ နှစ်ကျော်ဆီက ဒါယိကာမ (ဒေါ်)အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ အထက်အညာတစ်ခွင် လှည့်လည်စဉ်က ဘုန်းကြီးတို့ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် သံဃာတော်(၁၀၀၀)ကျော် ထံမှောက်သို့လည်း ၀င်ရောက်ဖူးမျှော်ကန်တော့ခြင်း သြ၀ါဒနာယူချင်း ပြုခဲ့ပါသည်။

ထိုစဉ်က ဘုန်းကြီးပေးလိုက်သောသြ၀ါဒတွင် “ယခုတွေ့ကြတာဟာ အဖေ့သားတွေနှင့် အဖေ့သမီးများ တွေ့ဆုံပွဲပါ၊ အားလုံးတပ်မတော်သားများနှင့် ဒါယိကာမလေးအပါအ၀င် မြန်မာပြည်သူပြည်သား ရဟန်းရှင်လူအားလုံးဟာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အဖေ့သားတွေနှင့် အဖေ့သမီးတွေချည်းပါ။” လို့ပြောခဲ့ပါသည်။

တိုင်းပြည်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားများသမီးများ သဖွယ်ဖြစ်သောကြောင့် အဖေ့သားနှင့် အဖေ့သမီးများချည်းသာ ဖြစ်ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမရှိပြီးနောက် တိုင်းပြည်ကို ဆက်လက်စောင့်ရှောက်သော ဒကာကြီး၏ သားများသမီးများ သဖွယ်ဖြစ်သောကြောင့် အဖေ့သား အဖေ့သမီးများပင်ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒါယကာကြီးတို့ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေစဉ် ဘုန်းကြီးတို့ ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်ကလည်း တိုင်းပြည်လွတ်လပ်ရေးရလျှင် သာသနာဘက်လည်း အချက်ကျကျ ပြုပြင်ဦးဆောင်နိုင်အောင် အနာဂတ်သာသနာရေးစသောကျမ်းစာများကို ရေးသားလျက် ကြိုတင်ပြင်ဆင်နေသည်ဖြစ်သောကြောင့် လောကုတ္တရာ အဖေ့သား အဖေ့သမီးဟုလည်း ဆိုနိုင်ပါသည်။

ယခုလောကီ လောကုတ္တရာဖခင်ကြီးများ၏ အဖေ့သားသမီးများဖြစ်ကြသော ညီကိုမောင်နှမအချင်းချင်း ကဲ့ရဲ့သဂြိင်္ုဟ် စကားတင်း၍ ရန်ဖြစ်နေကြသည်ကို တွေ့မြင်ကြားသိရသဖြင့် အဖေ့သားကြီးများဖြစ်သော သံဃာတော်များမှာ နှလုံးစိတ်ဝမ်း မချမ်းသာကြပါ။

သို့ပါ၍ အဖေ့သားနှင့် အဖေ့သမီးများဖြစ်ကြသော ညီအစ်ကိုမောင်နှမအချင်းချင်း အတိတ်အနာဂတ်တွေ မထားကြဘဲ…
၁။ သင်ပုန်းချေ ငြိမ်းချမ်းရေးပြုလုပ်ကြရန်။
၂။ သင်ပုန်းချေ ငြိမ်းချမ်းရေး ပြုလုပ်ပြီးနောက်တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို ညီကိုမောင် နှမချင်းလက်တွဲ၍ ကြိုးပမ်းအားထုတ်ပြုလုပ်ကြရန်။
အဖေ့သားများဖြစ်သော သံဃာတော်များက မေတ္တာရပ်ခံအပ်ပါသည်။
အရှင်ကုဏ္ဍလာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်
နာယကချုပ်ဆရာတော်
မဟာဂန္ဓာရုံကျောင်းတိုက် အမရပူရမြို့။
မိတ္တူကို
၁။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ လက်ခံ
တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ ညီနှောင်တစ်ပါး ပေးပို့သဖြင့် သမိုင်းဝင် ပေးစာများကို ဖော်ပြလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၂-၀၁-၂၀၁၃

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes