


ညခင်းရဲ့ ငယ်ငယ်က ပုံလေးတွေပါ၊ သူငယ်ငယ်တုန်းက အဲလိုပဲ ပေါင်မုန့်ပေါ်တက်ထိုင်တယ်၊ ရဲမှည့်နေတဲ့ ငရုပ်သီးတောင့် အပေါ်တောင် ခွစီးလိုက်သေးတယ်၊ ဟီးးးးးးးးးးး။။ အခုကျတော့လဲ သူမဟုတ်သလိုဘဲ စာတွေ ရေးနေလိုက်တာ ညခင်းနှင့်လမင်းရယ်လို့ ဖြစ်လာတယ်။
ဒီနေ့သည် ညခင်းနှင့်လမင်း http://www.nyahkinyaelamin.com/ဘလော့ဂ်လေးရဲ့ နှစ်နှစ်မြောက်ပြည့်ဖြစ်ပါတယ်။ အဲဒီအတွက် (Congratulation) ဂုဏ်ပြုပေးချင်စိတ်လေးဖြစ်ပေါ်လာပါတယ်။ ဘယ်လိုဂုဏ်ပြုပေးရမလဲ ဟတ်ပီးဘာသဒေး (happy birthday) ပဲ ဆိုပေးရမလားတွေးနေမိတယ်၊ နောက်ဆုံးတော့ သူရဲ့ ခရေဇီ (crazy ) အကြောင်းနှင့်ပဲ ဂုဏ်ပြုလိုက်ပါသည်။
သူ့ရဲ့ ခရေဇီအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ ပြောကုန်မည်မထင်။ သူဟာ ဘလော့ဂါ တစ်ယောက်လို့ ပြောရမလား၊ ဘလော့ဂါဆိုရာဝယ် ဘလော့ဂ်ဖန်းတီးရှင်ကိုသာ ဆိုလိုသည်မဟုတ် ဘလော့ဂ်ထဲမှာ တံဖိုးမဖြတ်နိုင်သည့် လူသားအကျိုးပြု အစာပလာ ထည့်ခြင်းကိုဆိုလိုပါသည်။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ ဘလော့ဂ်အပေါ်မှာ သိပ်မြတ်နိုး လွန်းလို့ သူ၏ဘလော့ဂ်သည် သူ၏ဘ၀ပင်ဖြစ်နေပါသည်။ သူဟာ သူ၏ဘလော့ဂ်လေးကို နေ့စဉ် တသသ တစိမ့်စိမ့်ကြည့်နေသူပါ။ မကြာမကြာလဲ သူ၏ဘလော့ဂ်ကို အမြဲတမ်းဆန်းသစ်အောင် မွန်းမံပြင်ဆင်နေသူတစ်ယောက်ဖြစ်ပါတယ်။
ညခင်းနှင့်လမင်းသည် သူ၏ဘလော့ဂ်ကိုသာ မွန်းမံပြုပြင်သည်မဟုတ် မကြာသေးမီကမှ ပေါ်ပေါက်လာတဲ့ (၄ လ အသက်တမ်းသာ ရှိသေးသော သီတဂူစတား http://www.sitagustar.net/ ဘလော့ဂ်လေးကိုလဲ မွန်းမံပြင်ဆင်ပေးခဲ့သူပါ။ ပုံစံ၊ အရောင်စသည်တို့နှင့်စပ်လျင်းပြီး လူတိုင်းမှာ အကြိုက်ချင်း မတူကြပါဘူး၊ အကြိုက်တစ်မျိုးစီဖြစ်ကြပါတယ်။ ညခင်းနှင့်လမင်း သည် သီတဂူစတားဘလော့ဂ်ကို သီတဂူစတားအကြိုက် ဖန်တီးပေးသူလဲဖြစ်ပါတယ်၊ ထိုကဲ့သို့ ပုံစံ အရောင်စသည် ပြင်ဆင်ရသည့်အချိန်ခါဆိုရင် တခါတရံ ညလုံးပေါက် အချိန်ပေးရပါသည်။ ဒါလဲသူ၏စေတနာနှင့် သူ၏ခရေဇီ ဖြစ်သည်။ နှစ်နှစ်တာအတွင်း ကမ္ဘာတ၀ှမ်းရှိ စာဖတ်ပရိသတ်များနှင့် ဘာသာရေးစိတ်ဝင်စားသော ဓမ္မမိတ်ဆွေတို့အား ညခင်းနှင့်လမင်းဟာ များစွာသော အသိပညာတွေ ပေးနေခဲ့ပြီးပါပြီ၊ ထိုနှစ်နှစ်တာအတွင်း စာဖတ်ပရိသတ်ရဲ့ ရင်တွင်းဖြစ်ခံစားချက်လေးရဲ့ ပီတိအဟုန်တွေကြောင့် ညခင်းဟာ မမောနိုင် မပန်းနိုင် တခါတရံ အစားအစာကိုပင် စားဘို့ မေ့ပျောက်ကာ စာပေချစ်သူများအား ဘယ်လို အသိအဆန်းတွေ ပေးရပါ့မလဲ တွေးတောနေခဲ့သူပါ။ ဒါလဲပဲ သူ၏ ခရေဇီပဲထင်မပါသည်။
ထိုသို့အသိအဆန်းတွေ ဗဟုသုတနှင့် အပြုသဘောဆောင်သည့် များစွာသောဆောင်းပါး၊ ပို့စ်များ တင်ပြဘို့ရာ စာအုပ်စာပေဖတ်ဘို့ အချိန်များစွာပေးရသည့်အပြင် စာပေချစ်သူများ စိတ်ဝင်စားအောင် သူ၏ ဘလော့ဂ်လေးကို စိတ်ကူးရတိုင်း ပြုပြင်ပြောင်းလဲပေးနေသူဖြစ်ပါတယ်၊ ထိုအတွက် အချန်များစွာပေးဆက်ရပါတယ်။ ဘလော့ဂ်ပေါ်ရောက်ရှိလာကြတဲ့ ဓမ္မညီအစ်ကိုမောင်နှများရဲ့ ပီတိစကားလေးတွေကလဲ အလွန်အစွမ်းထက်လှပါတယ်။ သူတို့ရဲ့ စကားလေးတွေနှင့်ပဲ ပင်ပန်းသမျှ နွမ်းသမျှတွေ တမုဟုတ်အတွင်း ပျောက်ပြယ်သွားပါတယ်။ ဒါဟာ စကားလုံးရဲ့ စွမ်းအားတွေပေါ့။ စကားလုံးတိုင်းမှာ စွမ်းအားဆိုတာရှိပါတယ်၊ ထိုစကားလုံးရဲ့ အစွမ်းအားဟာ လူသားက ဖန်တီးတာရှိသလို သူတို့ပင်ကိုယ်က စွမ်းအားတွေရှိနေကြပါတယ်။ ကောင်းတဲ့စကားလုံးက ကောင်းတဲ့စွမ်းအား (အဖြစ်စွမ်းအား) (Positive) ရှိသလို မကောင်းတဲ့စကားလုံးက အဖျက်စွမ်းအား( Negativie) ရှိပါတယ်။
သူ၏ပို့စ်ထဲက ညခင်လမင်းတင်ပြသွားတဲ့ စကားလုံးတိုင်းဟာ အဓိပ္ပါယ်အပြည့်ဝရှိသလို Positive စွမ်းအားတွေလဲ ပါဝင်နေပါတယ်။ အကြောင်းက စကားလုံးတိုင်း ၀ါကျတိုင်းသည် လူသားတိုင်းရဲ့ ဘ၀မြင့်မားရေးဆီသို့သာ ဦးတည်နေသောကြောင့်ဖြစ်ပါသည်။ ထိုစွမ်းအားတွေကြောင့်ပင် ဓမ္မမိတ်ဆွေတွေရဲ့ ပီတိစကားလေးတွေ ထွက်ပေါ်လာဖြင်းဖြစ်ပါတယ်။ ဆိုလိုသည်မှာ စာပေချစ်သူများ အားရကျေနပ်နှစ်သက်စေသည်ဟူ၍ပင်ဖြစ်ပါသည်။
ဤ ညခင်းလမင်းရဲ့ ခရေဇီ (Crazy) ပို့စ်ဖြင့် ညခင်းလမင်းရဲ့နှစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ်ဖြင့် ဂုဏ်ပြုလိုက်ပါသည်။
နှစ်နှစ်ပြည့်မှ သုံးနှစ်ပြည့် လေးနှစ်ပြည့် စသည်ဖြင့် ရာပြည့်အထိ ဆက်လက် အသိပညာတွေ ဖြန့်ဝေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။
ရာပြည့်အထိမ်းမှတ်မှာ ဂုဏ်ပြုမှတ်တမ်းလေးရေးပေးချင်ပါတယ်၊ ထိုနေ့ကို သီတဂူစတား စောင့်မျော်နေပါမည်။
သီတဂူစတား
၁-၂-၂၀၁၀
0 comments:
Post a Comment