သီတဂူစတား

သီတဂူစတား

08 February 2010

အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၉)



သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး၏ အဓိပတိဆရာတော်နှင့် ထိုင်းနိုင်ငံ မဟာမကုဋ် တက္ကသိုလ်ကြီး၏ ပါမောက္ခချုပ်ဆရာတော်တို့ ၂၀၀၉ ခုနှစ် သီတဂူဆရာတော်ကြီး၏ မွေးနေ့တွင် အမှတ်တရ

ခုဇ္ဇုတ္တရာ

ပန်းဆက်သမ
အဲဒီတော့ သာမာဝတီတို့ငါးရာ ပရိသတ်ရေ ဘုရားဆီတရားနာဖို့ သွားခွင့်မရတော့ဘူး၊ နေ့စဉ်နေ့စဉ် သာမာဝတီထံကို ပရိသတ်ရေ ပန်းဆက်တဲ့တာဝန်ကို ယူရတဲ့ ခုနပြောထားတဲ့ ဘယ်သူများလဲ ခုဇ္ဇုတ္တရာ၊ နေ့စဉ်ပန်းဝယ်ပြီးတော့ ဆက်တဲ့ရှစ်ကျပ်ဖိုး၊ ရှစ်ကျပ်ဖိုး ပန်းဆက်တာ၊ တစ်ခုသောနေ့မှာ ပန်းရောင်းတဲ့ပန်းသည်ကြီးရဲ့ အိမ်မှာဘုရားနှင့်သံဃာကို ဆွမ်း ကပ်ကြတယ်။
အဲဒါ ခုဇ္ဇုတ္တရာက ပန်းဝယ်ဖို့သွားတယ်၊ တစ်အိမ်လုံးဆွမ်းပွဲတွေ အတွက်အလုပ်ရှုတ်နေတာကို တွေ့တော ဟာ ဒီအိမ်ကလူတွေ စည်လိုက်တာ ဘာများလဲ မေးကြည့်တော့ ပန်းသည်ကြီးကပြောတယ်၊ ဘုရားနှင့်သံဃာတော်ငါးရာကို ဆွမ်းကပ်မလို့ ပန်းမပေးနိုင်သေးဘူး၊ ဝင်ပြီးကူညီစမ်းပါအုံး။

အခွင့်ရေးကို ထိုင်စောင့်မနေနဲ့
ဆွမ်းကျွေးပွဲ ခုဇ္ဇုတ္တရာက အခွင့်အရေးရသွားပြီ ပရိသတ်ရေ၊ ဘာဝင်လုပ်လိုက်ရသလဲ၊ ဆွမ်းကျွေးပွဲ ဝေယျာဝစ္စဝင်လုပ်တယ်၊ သူ့အလှူမဟုတ် သူများအလှူ ဘုရားဆွမ်းကပ်၊ ဆွမ်းကပ်လို့ပြီးတော့ တရားဟော တရားဟောတော့ ဧည့်သည်ပန်းသည်သမားလေးနော်၊ အဲဒီဆွမ်းကပ်တဲ့ ပန်းသူဋ္ဌေးက ဘာမှမဖြစ်ဘူး၊ ပရိသတ်၊ နောက်အစွန်းကနေ ဝေယျာဝစ္စဝင်လုပ်နေရင်းနဲ့ တရားနာတဲ့ ခုဇ္ဇုတ္တရာက သောတာပန်ဖြစ်သွားတယ်။

ပန်းသည်မလေး၏ အခွင့်ရေးများ
သူဖြစ်တဲ့ သောတာပန်က တခြားသောတာပန်တွေထက် ထူးထူးဆန်းဆန်း ''စတူဟိ ပဋိသမ္ဘိ ဒါဟိ'' ပဋိသမ္ဘိဒါအပြား မဂ်ဥာဏ်လေးပါးတို့နှင့်။ သဟ - အတူတကွ။ သောတာပတ္တိဖလေ - သောတာပတ္တိမဂ်ဥာဏ် ဖိုလ်ဥာဏ်၌။ ပတိဋ္ဌာဟိ - တည် ခဲ့လေလပြီ။ အဋ္ဌကထာကပြောတယ်၊ သောတာပတ္တိမဂ်ဥာဏ်နှင့် ပဋိသမ္ဘိ ဒါဥာဏ်လေးပါးနဲ့အတွဲလိုက်ဖြစ်တာ။

ပဋိသမ္ဘိဒါဥာဏ်လေးပါး
အဲဒီ ပဋိသမ္ဘီဒါဆိုတာ အရာရာကိုခွဲခြမ်းစိပ်ဖြာ၍ဖောက်ဖောက် ထွင်းထွင်းသိတဲ့Óဏ် -
(၁) မြတ်စွာဘုရားဟောတဲ့ စကားရပ်တွေကို ဖောက်ထွင်း၍ခွဲခြမ်း စိပ်ဖြာ၍သိတယ်၊ (ဓမ္မပဋိသမ္ဘိဒါဥာဏ်)
(၂) အဲဒီစကားရပ်တွေကို အဓိပ္ပါယ်ဖွင့်ပြီးတော့ သိတယ်။ (အတ္ထ ပဋိသမ္ဘိဒါဥာဏ်)
(၃) ပါဠိ ပုဒ် ဝါကျ သဒ္ဒါအနေအထားကို သိတယ်။ (နိရုတ္တိပဋိ သမ္ဘိဒါဥာဏ်)
(၄) ကိုယ်ပိုင်ဥာဏ်နဲ့ထိုးထွင်း၍လည်းသိတယ်။ (ပဋိဘာနပဋိသမ္ဘိ ဒါဥာဏ်)
ဘယ်နှယ်နည်းသိသလဲ။
လေးနည်းသိပါတယ်ဘုရား။
အဲဒီဥာဏ်လေးပါးကို ပဋိသမ္ဘိဒါဥာဏ်လေးပါး၊ ဒါမှ ဓမ္မပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ၊ နိရုတ္တိပဋိသမ္ဘဒါ၊ ပဋိဘာနပဋိသမ္ဘိဒါဥာဏ်ရယ်လို့ ပဋိသမ္ဘိဒါလေးပါးရှိတယ်။
ပဋိသမ္ဘိဒါဥာဏ် အဲဒီဥာဏ်လည်းပိုင်သွားပြီး၊ ပြီးတော့မှ ပန်းဝယ် ပြီးတော့မှပြန်တယ်၊ ရွှေနန်းတော်ပြန်တယ်တဲ့ ပန်းဆက်တယ်။ ပန်းက သူ ဝယ်ဖို့ဘယ်လောက် ပေးထားသလဲဆိုတော့ တစ်နေ့တစ်နေ့ကို ပန်းဖိုးရှစ်ကျပ် ရှစ်ကျပ်ပေးတယ်၊ ရှစ်ကျပ်ဖိုးပန်းပြီးတော့ ပြန်သွားတယ်။
နန်းတော်ထဲရောက် မိဖုရားကြီးသာမာဝတီကို ပန်းတွေပုံပြီးဆက်လိုက်တယ်၊ မိဖုရားကြီးက ပန်းတွေကိုကြည့်ပြီးတော့ မျက်လုံးပြူးသွားတယ်၊ ဟဲ့ကောင်မ နင်အခါတိုင်း ပန်းတွေ ယူယူလာတာ အခုပန်းရဲ့တစ်ဝက်ပဲ ရှိတယ်၊ ဒီကနေ့ပန်းတွေက နှစ်ဆကြီးများလာတာ ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုလုပ်ပြီး ဒီပန်းတွေရာလာသလဲလို့ သာမာဝတီကမေးတယ်။

အဲဒီတော့ ခုဇ္ဇုတ္တရာကပြောတယ်၊ ယခင်နေ့တွေတုန်းက ပန်းဆက်တာ သခင်မရှစ်ကျပ်ပေးလိုက်ပေမယ့် လေးကျပ်ဖိုးပဲဝယ်ပြီးတော့ဆက်သ ခဲ့တာပါတဲ့၊ သောတာပန်မဖြစ်ခင်ရှေးရှေးတုန်းက ဘယ်လောက်ခိုးသလဲ။
လေးကျပ်ခိုးပါတယ်ဘုရား။

အစေခံပေမဲ့ စွမ်းဆောင်ရှင်များဖြစ်နိုင်
အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့ ရတဲ့ဥာဏ်မျိုးကို ဒီအမျိုးသမီးကလေးက ရခဲ့တာ၊ သောတာပတ္တိဥဏ်နှင့်တွဲလိုက်ရင် သောတာပတ္တိ ပဋိသမ္ဘိဒါဥာဏ်ရတဲ့ပုဂ္ဂိုလ်ဆိုတာ ရှားရှားပါးပါး သူတစ်ယောက်ပဲ။ အဲဒီတော့ ပဋိသမ္ဘိဒါဥာဏ်ကို အရှင်သာရိပုတ္တရာရတဲ့ဥာဏ်မျိုးကို ဒီအမျိုးသမီးက ရသွားတော့ ပရိသတ်ရေ၊ အမျိုးသမီးတွေထဲမှာ ပန်းဆက်သမလေးဖြစ်လင့်ကစား၊ အစေအပါးလေးဖြစ်လင့်ကစား ပရိသတ်ရေ ထူးချွန်တဲ့မိန်းမ တစ်ယောက်ဆိုတာ ပရိသတ် မသေချာဘူးလား။
သေချာပါတယ်ဘုရား။

အေး ဘယ်သူမှတော့ ထူးချွန်မှန်း မသိလိုက်ဘူးပေါ့ဗျာ၊ ဘုရားရှင်ကိုယ်တော်မြတ်ပဲ သိတယ်၊ သောတာပန်ဖြစ်ပြီးပြီ ပဋိသမ္ဘိဒါဥာဏ်လေးပါး ရလိုက်ပြီဆိုတော့ ဘုရားအဲဒီနေ့ကဟောလိုက်တဲ့တရား၊ တစ်ပုဒ်လုံးကို တစ်ခုမကျန် အကုန်လုံးကို သူမှတ်မိသွားတယ်၊ ဘုန်းကြီးတို့ပရိသတ်နှင့် ကွာသွားတယ်၊ အဲဒါတွေကွာသွားတာ၊ ဘုရားဟောတဲ့တရားကို တစ်လုံး မကျန် အကုန်လုံး ဘာဖြစ်လိုက်သလဲ အကုန်လုံးရသွားပြီ မှတ်မိသွားပြီ၊ တရားလည်းရပြီးပြီ၊ သောတာပန်လည်းဖြစ်ပြီးပြီ။

သောတာပန်မဖြစ်သေးသရွေ့ စိတ်မချ

လေးကျပ်လေးကျပ် နေ့တိုင်းအိတ်ထဲထည့်၊ အဲဒီကောင်မလေးက မင်းနန်းတော်ထဲက ပန်းဆက်တဲ့လူရဲ့လုပ်ထုံးပေါ့ဗျာ၊ စပြီးတော့ပန်းဆက်တဲ့တာဝန်ပေးကထဲက ရှစ်ကျပ်ပေးတာ၊ စခန့်တဲ့နေထဲက နေ့တိုင်း လေးကျပ်လေးကျပ် ခိုးတာ၊ အခုသောတာပန်ဖြစ်ပြီးဆိုတဲ့ နေ့ကျမှ ရှစ်ကျပ်ဖိုး အပြည့်ဆက်တာ၊ အဲဒါကို သာမာဝတီက အံ့သြလို့မေးတော့မှ ဝန်ခံတယ်၊ နေ့တိုင်းနေ့တိုင်းတော့ လေးကျပ်လေးကျပ်ခိုးခိုးထားပြီးတော့ လေးကျပ်ဖိုးပဲ ဆက်ပါတယ်၊ ပန်းဆက်ရာထူရပြီးလို့ တစ်ဝက်တစ်ပျက်ကျမှ တစ်ကျပ် ခိုး နှစ်ကျပ်ခိုး ဒီလိုခိုးတာမဟုတ်ဘူးနော်၊ စခန့်တဲ့နေကတည်းက တစ်ဝက် ခိုးတာ။
အဲဒါကြောင့်မို့လို မိဖုရားကြီးက သိကိုမသိဘူး၊ ငါပန်းရှစ်ကျပ်ဖိုးက ဒါပဲလို့ထင်နေတာနော်၊ သောတာပန်ဖြစ်တဲ့နေ့ကျမှပေါ်သွားတာ၊ အဲ ဒါကြောင့် အားလုံးအတွက် ဘုန်းကြီးအထူးဆုတောင်းတာကတော့ သောတာ ပန်ဖြစ်တော်မူကြပါစေ၊ ဒါ အထူးဆုတောင်း၊ နောက်ပရိုဂျက်ကြီးတွေ တစ် ခုခုလုပ်လိုက်လို့ရှိရင်လေ ခုခုဇ္ဇုတ္တရာက ရှစ်ကျပ်ကို ဘယ်လောက်ခိုးလဲ။
လေးကျပ်ခိုးပါတယ်ဘုရား။

ကုဋေတစ်ရာ project ကို ခုဇ္ဇုတ္တရာ မင်းကိုင်စမ်းကွာ ဒါရိုက်တာလုပ်ပြီးဆွဲစမ်းဆိုရင် ကုဋေငါးဆယ်ခိုးမှာပေါ့၊ သွားပြီတိုင်းပြည်က တစ်ဝက်ပဲရမှာ၊ အဲဒါကြောင့် ဘုန်းကြီးတို့ကတော့ အထူးဆုတောင်းတယ်၊ တခြားနည်းတော့ လုပ်လို့ရမှာမဟုတ်တော့ဘူး။

အားလုံးသောတာပန်ဖြစ်ကြပါစေ
အားလုံးသောတာပန်ဖြစ်အောင် ကမ္မဋ္ဌာန်းရိပ်သာတွေက စွမ်းဆောင်တော်မူနိုင်ကြပါစေ၊ အဲဒီ project ကိုင်တဲ့လူတွေ အကုန်လုံးလဲပဲ ရိပ်သာမှာတရားတွေဝင်ပြီးတော့ သောတာပန်ဖြစ်တော်မူကြပါစေ၊ တိုင်းပြည်က ရာနှုန်းပြည့်ရအောင် ဘုန်းကြီးက ဒါကိုဆုတောင်းတာ။ အဲဒါမှ မဟုတ်ရင် fifty fifty ဖြစ်သွားမယ်၊ အဲဒီတော့ Charges တွေ နည်းမှ မနည်းပဲ။

သောတာပန်များ ခိုးမှုလုံးဝရှောင်
ခုဇ္ဇုတ္တရာက တစ်ယောက်ထဲ တုပ်ထားတာနော်၊ တစ်နေ့လေးကျပ် မိဖုရားကြီးကလေးကျပ်၊ သူကလေးကျပ်၊ အဲဒီလိုဖြစ်၊ သောတာပန်ဖြစ်တော့မှပေါ်လာတယ်၊ မိဖုရားကြီးကသိသွားတယ်၊ သြော်သောတာပန်မဖြစ်ယင်တော့ ခိုးတာပဲ၊ သောတာပန်ဖြစ်ခိုးထားတဲ့ဥစ္စာ ငါအပြည့်ပေးတာကို၊ အံ့သြပြီးတော့ သာမာဝတီက ဟဲ့နင်သောတာပန်ဖြစ်ဆိုတာ ဘယ်လိုဖြစ်၊ ဘာ ညာ ငါကိုပြောစမ်းပေါ့၊ ဟိုတုန်းကလည်း အရပ်ထံ အိမ်မှာနေတုန်းက အတူတူ၊ ရွှေနန်းတော်ကျတော့လည်း အတူတူဆိုတော့ သောတာပန်ရဲ့ဂုဏ်ရည် တွေပြောပြတယ်၊

(အပိုင်း-၁၀) ဆက်ဦးမည်။
သီတဂူစတား
၈-၂-၂၀၁၀

1 comments:

may16 said...

စာလာဖတ်ပါတယ် ဘုန်းဘုန်း၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes