သီတဂူစတား

သီတဂူစတား

13 March 2012

မွေးနေ့အလှူမင်္ဂလာ


မွေးနေ့အလှူမင်္ဂလာ

သီတဂူတပည့်များ စုဝေးရာ
နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့ဆိုရင် မြန်မာပြည် အထက်အောက်ရှိ တပည့်ဒကာဒကာများက ကမ္ဘာ့သာသနာပြုအကျော် သီတဂူဆရာတော်ကြီး သီတင်းသုံးရာ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၌ စုဝေးလေ့ရှိကြသည်။ အကြောင်းမူကား သီတဂူဆရာတော်ကြီးသည် ယခုနှစ် ၁၃၇၃ခုနှစ် တပေါင်းလပြည့်နေ့ (၂၀၁၂ မတ်လ-၇)သည် (၇၅) နှစ်ပြည့် မွေးနေ့ဖြစ်သည်။ ထိုမွေးနေ့ပွဲကို စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၌ ကျင်းပကြသည်။

မွေးနေ့ပွဲ အကြို
အနယ်နယ် အရပ်ရပ်မှ တပည့်ရဟန်းများ၊ တပည့်ဒကာ ဒကာမ တချို့တို့သည် မွေးနေ့ အကြို မတ်လ(၃)(၄)ရက်လောက်ကထဲက စတင်ရောက်ရှိလာကြကာ လုပ်အားအလှု ပေးလှုနေကြပါသည်၊ တက္ကသိုလ်ဝန်းကျင် သန့်ရှင်းရေးလုပ်ကြသူများ၊ ဧည်ခံကြိုဆိုရေး တာဝန်ယူသူများက ဧည့်သည်များကို နေရာချထားရေး တာဝန်များ၊ ကျွေးမွေးရေး ချက်ပြုတ်ရေး တာဝန်များ၊ သတင်းမှတ်တမ်း ပြန်ကြားရေး တာဝန်များစသည်ဖြင့် ကိုယ်စီ တာဝန်ကျရာ နေရာများတွင် လစ်ဟင်းမှု့ မရှိစေရန် ဒေါင့်ပေါင်းစုံက တာဝန် ယူကာ လုပ်အားဒါနပေးလှူ နေကြသည်မှာ ကြည်နူးစရာ မြင်ကွင်း တစ်ခုဖြစ်နေပါသည်။
တပေါင်းလဆန်း(၁၃)ရက် (၅-၃-၂၀၁၂) နေ့ စစ်ကိုင်းတောင်ချောင်များမှ ရဟန်း၊ သာမဏေ၊ သီလရှင်များတို့သည် ဆရာတော်ကြီး၏ မွေးနေ့တွင် လှုဖွယ် ပစ္စည်းများနှင့် လာရောက် ကန်တော့ကြသလို အဝေး အနယ်နယ် အရပ်ရပ်မှ တဖွဲဖွဲ လာရောက်ကြသော ဆရာတော့်တပည့် ရဟန်းများနှင့် တပည့် ဒကာဒကာမများကလဲ ရောက်ရောက်ချင်း ဆရာတော်ကြီးကို ကန်တော့ကြသည်။ ဆရာတော်ကြီးသည်လဲ လာကန်တော့ကြသော တပည့်ဒကာ ဒကာမများအား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထုတ်ဝေသော တရားစာအုပ်များနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင် (သိမ်တော်ကြီး) အမှတ်အသားပါ ကြွေခွက်များကို ပြန်လည် လက်ဆောင်ပေးအပ်ပါသည်၊ လာရောက်ကြသော အနယ်အနယ်ရပ်ရပ်မှ တပည့်ဒကာဒကာမများတို့သည် နေရာချထားရေးအဖွဲ့မှ ချထားပေးသော နေရာများတွင် အနားယူ ကပြီး ညနေစောင်း နေရိပ်ချိန်တွင် သံဃာတော် ၁၀၀၀ နှင့် သီလရှင် အပါး ၁၀၀၀တို့အား လောင်းမည့် နေရာ ဘွဲ့နှင်းသဘင် (သိမ်တော်ကြီး)အတွင်း အပြင် တစ်လျှောက် လှည်လည် ကြည်ရှု့ကြသည်၊ နောက်နေ့ မွေးနေ့ အလှုတွင်ဆွမ်းလောင်း လှူဒါန်းရန် လှူဖွယ်ပစ္စည်းများကို စနစ်တကျ ကြည်ညိုဖွယ်ဖြစ်အောင် နေရာချနေကြပါသည်။ တချို့ကလဲ စစ်ကိုင်း၊ မန္တလေးရှိ တန်ခိုးကြီး ဘုရားများကို ရောက်တုန်း ရောက်ခိုက် သွားရောက် ဖူးမျှော်နေကြသည်။ ညချမ်းတွင် စစ်ကိုင်း စည်းဂုံကြီးစေတီတွင် သီတဂူဓမ္မကထိကအကျော်များ၏ ဓမ္မသဘင်သို့ သွားရောက် တရားနာယူသူများရှိသလို၊ ဇေယျာကွက်သစ်ရှိ အားကစားကွင်းတွင် သီတဂူဆရာတော်ကြီးကို အနုပညာဖြင့် ပူဇော်သော သီးလေးသီးဆေးရောင်စုံ အငြိမ့်ဖြေဖျော်မှု့ကို သွားရောက် ကြည့်ရှု့ သူများလဲ ရှိကြပါသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကျောင်းကြီး တစ်ဝန်းလုံး မီးရောင်စုံများ ထွန်းညှိထားသည်မှာ လပြည့်နေ့၏လမင်းကြီးနှင့်အပြိုင် ထိန်လင်းလှပ နေပေသည်။ အမှတ်တရ ဓါတ်ပုံရိုက်ကြသူများ၊ ဘွဲ့နှင်းသဘင်ခမ်းမဆောင်ကြီး (သိမ်တော်ကြီး)ကို လာရောက် ဖူးမျှော်သူများနှင့် ပိုပြီး စည်ကားနေပါသည်။
(လောင်းလှူရန် အလှူပစ္စည်းများ ပြင်စဉ်)
တပေါင်း လဆန်း(၁၄)ရက်နေ့ (၆- ၃-၂၀၁၂) နေ့ မနက်
တပေါင်း လဆန်း(၁၄)ရက်နေ့ (၆- ၃-၂၀၁၂) နေ့ မနက် ၉ နာရီတွင် တက္ကသိုလ် သံဃာများနှင့် သီလရှင် အပါး(၁၀၀၀) တို့အား ရွှေတောင်ခေါက်ဆွဲဖြင့် အရုဏ်ဆွမ်း ကပ်လှုပြီး ထိုသီလရှင် အပါး(၁၀၀၀)တို့ အား ဒံပေါက်ဆွမ်း၊ ဆွမ်းဟင်း၊ သီလရှင်ဝတ်စုံ၊ စတီး(လ်) ငါးဆင့်ချိုင့်နှင့် အခြားလှုဖွယ်ရာ ပစ္စည်းများ ၀ထ္ထုငွေများကို အလှု့ရှင်အသီးအသီးတို့က သဒ္ဓါထက်သန် လောင်းလှုကြသည်။ ထိုသို့ အလှူပစ္စည်းများ အလွန်များပြားသဖြင့် တစ်ပါးလျှင် တစ်ယောက်နှင့် နောက်မှလိုက်ပါ လုပ်အားပေးလှုသူများ မနိုင်င်ကြဘဲ လူ၂ယောက် သယ်ယူရလောက်အောင် များပြားနေသောကြောင့် လုပ်အားအလှုကိုလဲ ပြုနေကြသည်မှာ မြန်မာတို့၏ ချစ်စရာ ဓလေ့ အဖြစ်မြင်ကြရပါသည်။

နံနက်(၈)နာရီ အချိန်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူအာယုဒါနဆေးရုံ၊ သီတဂူ ရေ အလှုတော် ၀န်ထမ်းများအားလုံးသည် သီတဂူဆရာတော်ကြီးထံမှ သြ၀ါဒခံယူခြင်း အခန်းအနားနှင့် အထက်ပါ စီမံကိန်း(၃)ရပ်တို့မှာ ၀န်တမ်း (၁၁၄) ယောက်တို့အား တစ်ယောက်လျှင် တစ်သိန်းကျပ်သော ဆုကြေးငွေ (bonus)များချီးမြှင့်ခြင်း၊ နံနက်(၉)နာရီ အချိန်တွင် သီတကမ္ဘာ့ဂူဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) တက္ကသိုလ် (၃)ခုတို့မှ ကျောင်းသားများကို သီတဂူဆရာတော်က သြ၀ါဒမြွက်ကြားတော်မူပါသည်။ သြ၀ါဒခ့ယူပြီးနောက် စစ်ကိုင်း သီတဂူဗုဒ္ဓတက္ကသိုလ် အဆောင်နေ B.A စာသင်သား သံဃာတော်များအား အားလုံးအား Laptop- Computer များလှူဒါန်းခြင်းနှင့် စာချကထိကများနှင့် Ph.D ကျောင်းသားများအား Tablet များလှုဒါန်းခြင်းများ ကျင်းပ ပြုလုပ်ပါသည်။
စာတမ်းဖတ်ပွဲတွင်

ထိုနေ့ နေ့လည်ပိုင်း (၂)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမကြီး (သန္တိမဟာသိမ်တော်ကြီး)တွင် စာတမ်းဖတ်ပွဲများ ကျင်းပပါသည်၊ ထိုစာတမ်းဖတ်ပွဲသို့ လာရောက် လေ့လာ နားထောင်သူများ အလွန်များပြားပါသည်၊ ညချမ်း အချိန်တွင် စစ်ကိုင်း စည်းဂုံကြီးစေတီ၌ သီတဂူဓမ္မကထိကအကျော်တို့၏ ဓမ္မသဘင် ဆင်ယင်ကျင်းပပေးခြင်း၊ ဇေယျာကွက်သစ်အားကစားကွင်း၌ သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့် မွေးနေ့ စိန်ရတုသဘင်အတွက် အလင်္ကာဝတ်ရည်အဖွဲ့သားများက ဓမ္မတေးများဖြင့် ဧည့်ခံ ဖြေဖျော်ကြပါသည်။
မွေးနေ့ကျင်းပရာ
မွေးနေ့အလှူ လောင်းလှူနေကြစဉ်

တပေါင်းလပြည့်နေ့ (၇-၃- ၂၀၁၂) နေ့ မနက်
တပေါင်းလပြည့်နေ့ (၇-၃- ၂၀၁၂) နေ့ မနက် အရုဏ်တွင် သံဃာတော်များအား ခိုတောင်မုန့်တီဖြင့် အရုဏ်ဆွမ်းကပ်လှုပြီး၊ သံဃာ အပါး(၁၀၀၀) တို့အား တပါးလျှင် အုန်းဆွမ်းနှင့် ကြက်သား၊ စတီး(လ်) သပိတ်၊ သင်္ကန်းနှင့် လှုဖွယ်ပစ္စည်းအစုံအပြင် န၀ကမ္မ၀ထ္ထုငွေများကို အလှူရှင်အသီးသီးတို့က လောင်းလှုကြပါသည်၊ ၎င်းနေ့တွင် လုပ်အားပေးလိုက်ပါသူများသည် လှုဖွယ် ပစ္စည်းများကို ၃ယောက် ၄ယောက်လောက် ထမ်းယူရပါသည်၊ ဘွဲ့နှင်းသဘင် (သိမ်တော်ကြီး) အပြင်ဘက် ဒေါင့်များတွင်လည်း သဒ္ဓါထက်သန်လှသော အလှု့ရှင်များက အရပ်ရှစ်မျက်နှာတို့မှ ရောက်လာကြသော ဧည့်သည် ပရိတ်သတ်များနှင့် အနီးအနား ရပ်ကွက်များမှ လူပရိတ်သတ်များအား စတုဒီသာ မြန်မာမုန့်များနှင့် တည်ခင်း ဧည့်ခံနေသည်မှာလည်း အလွန်ကြည်နူး ပျော်ရွှင်စရာ ကောင်းလှသည်။ နံနက်(၉)နာရီ အချိန်တွင် သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ အကယ်ဒမီတွင် တည်ထားသော ရွှေစည်းဂုံ စေတီတော်အား စိန်ဖူးတော်တင်လှူ ပူဇော်ခြင်းနှင့် တက္ကသိုလ် သံဃာတော်များမှ စေတီတော်အား အနေကဇာတင်ခြင်း အခန်းအနား ကျင်းပပါသည်။

သံဃာတော်များအား နေ့ဆွမ်းအတွက် အုန်းဆွမ်း ကြက်သားဟင်းများ ကပ်လှူကြပါသည်၊ နေ့လည် (၁)နာရီ အချိန်တွင် ဓမ္မပါလကျောင်းဆောင်တွင် သီတဂူဝိပဿနာအကယ်ဒမီ၌ ဆရာတော် သီတင်းသုံးမည့် ကျောင်းဆောင်၊ လက်ထောက် ကမ္မဌာနာစရိယကျောင်းဆောင်နှင့် သဲကုန်းသီတဂူဆေးရုံတော်၊ ရှမ်းပြည်မြောက်ပိုင်း နန့်ခမ်းသီတဂူဆေးရုံတော်တို့အတွက် အလှုငွေ ဆက်ကပ်ပွဲနှင့် တပည့် ဒကာ ဒကာမ များအားလုံး စုပေါင်းကာ ကျေးဇူးရှင် သီတဂူဆရာတော်ကြီး မွေးနေ့ ပူဇော်ကန်တော့ပွဲကိုပါ တစ်ပါးတည်း ကျင်းပခဲ့ပါသည်၊ တပည့်ဒကာဒကာမများအား ဆရာတော်ကြီးက တရားဓမ္မာဟောကြားခြင်းနှင့် လှုဒါန်းမှု့ အစုစုတို့ကို ရေစက်ချ အနုမောဒနာတရား ချီးမြှင့် ပေးခဲ့ပါသည်၊ ထို့နောက် နေ့လည်ပိုင်း စာတမ်း ဖတ်ခြင်း အခန်းအနားကို ဆက်လက်ကျင်းပပါသည်။ ထိုညနေပိုင်းတွင် ရပ်ဝေးမှ လာကြသော ဧည့်သည်တချို့ ပြန်သွားကြပါသည်၊ ထိုနေ့ ညချမ်းတွင် စစ်ကိုင်းစည်းဂုံကြီး စေတီတော်တွင် သီတဂူဆရာတော်က တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးပြီး အားကစားကွင်းတွင် မန္တလေးမြို့ မြို့မတေးဂီတ အဖွဲ့နှင့် တွဲဖက်၍ ဗုဒ္ဓ၀င် သရုပ်ဖေါ် တင်ဆက်ကပြ ကြပါသည်။
ညချမ်းအခါ မြင်တွေ့ရသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အ၀င်ပေါက် မုခ်ဦး

Sky-net မှအလှူ
တပေါင်းလပြည့်နေ့ (၇-၃-၂၀၁၂) နံနက်(၅)နာရီမှ စတင်ကာ Sky-net မှ သီတဂူဆရာတော်ကြီး၏ တရားခွေများ၊ သီတဂူ ဆရာတော်၏ မွေးနေ့ပွဲ အခန်းအနားများ၊ သီတဂူ၏ စီမံကိန်းလုပ်ငန်းများ အကြောင်းကို တစ်နေကုန် တိုက်ရိုက် ထုတ်လွှင့်ပြသ ပေးနေပါသည်။
နောက်တစ်နေ့တွင် ရပ်ဝေးရပ်နီးမှ လာရောက်ကြသော သီတဂူဆရာတော်၏ တပည့်ရဟန်းများ တပည့် ဒကာ ဒကာမများသည် ဆရာတော်ကြီးအား ကန်တော့ကြပြီး မိမိတို့နေရပ်အသီးသီးသို့ ကားကြီး ကားငယ်များနှင့် ပြန်သွားကြသည်မှာ လွမ်းမောဖွယ်ရာ ကောင်းလှပါသည်။
(သီတဂူအလှူရှင်များက ကိုယ်စွမ်းသမျှ လောင်းလှူနေစဉ်)
(၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နှင့် ဇနီး)
(မန္တလေးက သီတဂူကျောင်းအမများ)

ကျမ၏ စိတ်ထဲတွင်လည်း ကျေးဇူးရှင်သီတဂူဆရာတော်ကြီး ကျန်းမာ ချမ်းသာစွာဖြင့် သာသနာပြုလုပ်ငန်းများကို ဒီထက်မက လုပ်ဆောင်နိုင်င်ရန် အကြိမ်ကြိမ် ဆုတောင်းနေမိပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်း တရားနေရာတိုင်းတွင် ထွန်းတောက်နိုင်ပါစေ။

ပန်းစပယ်(လှဆန်းယဉ်)

ပို့စ်ဖြင့် ပူဇော်ပေးသော ကျောင်းအမအား အထူးကျေးဇူးတင်ပါသည်။
(ဓာတ်ပုံအားလုံးကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖေ့ဘုတ်နှင့် ကျောင်းအမထံမှ ကူးယူပူဇော်သည်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၃-၂၀၁၂

1 comments:

မဇ္ဈိမကျောင်းသား said...

သီတဂူဆရာတော်ကြီးကား ဘုန်းကံလည်း ကြီးမားတော်မူ၏၊ သာသနာကိုလည်း သူမတူအောင် ထောက်ပံ့တော်မူ၏။တပည့်များကိုလည်း ပြုစုပျိုးထောင်တော်မူ၏။သတ္တိ ဗျတ္တိနှင့်ပြည့်စုံတော်မူ၏။ သက်တမ်းအရှည်ကြာဆုံး ဓမ္မကထိကကြီလည်းဖြစ်တော်မူ၏။ရှာမှ ရှားသည့်သာသနာ့အာဇာနည် ဆရာတော်ကြီး သက်တော်ရှည်ကြာ သာသနာပြုနိုင်ပါစေကြောင်း ကိုစတားဘလော့မှ တဆင့် ဆုတောင်းပါသည်ဘုရား။

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes