သီတဂူစတား

သီတဂူစတား

30 April 2013

နေ (၇)စင်းထွက်သော်

နေ (၇)စင်းထွက်သော်(သီတဂူစတား စာတို ပေတို) ပူလွန်းတယ်-- ညက တော်တော်နဲ့လည်း အိပ်မပျော်၊ မနက်ရောက်တော့လဲ စောစော အိပ်ယာက နိုးနေသည်၊ အိပ်ရေးမ၀ ဖြစ်နေသည်။ ခန္ဓာကိုယ်နဲ့ ထိတွေ့သည့် အရာမှန်သမျှတို့ ပူနေသည်၊ ခန္ဓာကိုယ်မှာ ဘာမှ မကပ်ဘဲ တာဇံလို နေချင်စိတ်တွေတောင် ဖြစ်လာမိသည်။ မွမ်ဘိုင်း (ဘုံဘေ) သည် အပူချိန် ၃၈ ရှိနေပြီ၊ ပူစပ်စပ်ရှိလှသည်၊ မေလအကုန်ထိ ပူမည်၊ မေလကုန်ပိုင်းဆိုရင်တော့ မိုး စရွာမည်။ ဒီအချိန် အိန္ဒိယပြည် ခရီးသွားလို့ မကောင်း၊ ပင်လယ်ကမ်းခြေရှိ မွမ်ဘိုင်းလို မြို့မှာတောင် ဒီလောက်ပူနေပြီဆိုရင် နယူးဒေလီ၊ ဗုဒ္ဓဂယာ၊ ဗာရာဏသီ စတဲ့ ဒေသတွေမှာ ၄၀-၄၂ အထိရှိနေသဖြင့် ကျောပြင်တွေ လောင်မတတ် ပူပြင်းသည်ဟု သိရသည်။ ဒီကနေ့ နေရာအနံ့အပြား “ပူလိုက်တာ ပူလိုက်တာ...

27 April 2013

ငါချစ်ရဆုံးသူ

ငါချစ်ရဆုံးသူ(သီတဂူစတား စာတို ပေတို)  လူတွေက ပြောကြတယ် “ငါအချစ်ဆုံးက မင်းပါ”တဲ့၊ တကယ်တော့ ငါချစ်တာ မင်းပါလို့ ဆိုကထဲက “ငါအချစ်ဆုံးက ငါပါပဲ”လို့ပြောတာနဲ့ အတူတူပါပဲ။ ကိုယ့်စိတ်၊ ကိုယ့်ဆန္ဒအတွက် သူ့ကို ချစ်တာပါ၊ သူသည် ကိုယ့်ဆန္ဒပြည့်ဝစေဖို့ပဲ ဖြစ်သည်။ လောကမှာ ကိုယ့်ကိုယ်ကိုထက် ချစ်ရဆုံးသူဆိုတာ မရှိပါဘူး၊ မိမိသည်သာ မိမိရဲ့ အချစ်ဆုံးပါပဲ။ အမိသော်မှ အခက်အခဲ အကြပ်အတည်းနဲ့ကြုံလာလျှင် မိမိ၏ သားကိုပင် စွန့်ပစ်နိုင်ကြသည်၊ သားကို မချစ်၍မဟုတ် သို့သော် မိမိကိုယ် မိမိ ပိုချစ်နေသောကြောင့်ပင်ဖြစ်သည်။ အတ္တသမံ ပေမံ နတ္ထိ- လောကမှာ မိမိထက် ချစ်စရာ ကောင်းဆုံးသော အရာဟူ၍ မရှိ၊ သို့သော် မိမိကိုယ်သာ အချစ်ဆုံးဟူ၍ ဆိုစေကာမူ မိမိကိုယ်ကို ချစ်စရာ ဖြစ်အောင်...

24 April 2013

နာဂဒေသ သီတဂူစက္ခုဒါနအလှူတော်

နာဂဒေသ သီတဂူစက္ခုဒါနအလှူတော်   (ဆရာတော်ကြီးကို ကြိုဆိုနေကြသော နာဂတိုင်းရင်းသားများ)   ပြည်တွင်းပြည်ပ သာသနာပြု သီတဂူဆရာတော်ကြီးသည် ကျန်းမာရေးအထူးပြု အလှူတော်များ လှူလျှက်ရှိရာ အထူးအားဖြင့် မျက်စိအလှူတော်များ ပြုလုပ်ရာတွင် မြန်မာနိုင်ငံ နေရာအနှံ့အပြား အရောက်သွားတော်မူသည်။ သီတဂူစက္ခုဒါန၊ သီတဂူအာရောဂျဒါန အစရှိလျှက် သီတဂူဆေးရုံတော် (၂၁) ရုံအထိ လှူဒါန်းပြီးဖြစ်သည်။ ဒီလအတွင်းမှာပဲ ဧရာဝတီတိုင်း ပန်းတနော် (အစုကြီးကျေးရွာ) သီတဂူသုမေဓာဆေးရုံကို ၂၃-၄-၂၀၁၃နေ့က ဖွင့်လှစ်ခဲ့သည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ သီတဂူစက္ခုဒါနဆေးရုံများကိုလည်း ဆက်လက် ဖွင့်လှစ် လှူဒါန်းမည်ဖြစ်သည်ဟု သိရသည်။ နာဂဒေသ (လဟယ်) မျက်စိအလှူ၁၈-၄-၂၀၁၃နေ့က ဆရာတော်ကြီး...

22 April 2013

အချစ်နွံထဲမှ လွတ်မြောက်သူ

အချစ်နွံထဲမှ လွတ်မြောက်သူ စာမိတ်ဆက် ညက သူငယ်ချင်းတစ်ယောက်က ဦးဇင်း “သူ့မိဖုရားသေလို့ သောကရောက်နေတဲ့ ဘုရင်းကြီးတစ်ယာက် အကြောင်း၊ သူ့မိဖုရားက နွားချေးပိုး (နောက်ချေးပိုး) မလေး သွားဖြစ်တဲ့အကြောင်း” ဇာတ်တော် ဘယ်ထဲပါလဲ ဘုရားတဲ့။ စာရေးသူလည်း ခဏခဏသာ ကြာဖူးတယ်၊ တခါက လူနှစ်ယောက်ကိုတောင် ပြောပြဖူးသေးတယ်။ ဒါပေမဲ့ ဘယ်ဇာတ် ဘယ်နေရာမှာ ပါလည်းဆိုတာ ချက်ချင်းမပြောနိုင်လိုက်ဘူး။ ဒါနဲ့ စာတွေလိုက်ရှာလိုက်တော့ အဿကမင်းကြီးအကြောင်း အဿကဇာတ်တော်ကို တွေ့သည်။ ဖတ်ရင်း စဉ်းစားရင်း မှတ်မိအောင် စာရေးချင်စိတ်ပေါက်လာသည်။ မှတ်စုအဖြစ် ရေးချလိုက်သည်။  အချစ်နဲ့ မကင်းသူ အနာဂါမ် ရဟန္တာကလွဲရင် လူတိုင်း အချစ်နဲ့ မကင်းနိုင်ကြတာ အမှန်ဖြစ်သည်၊ နဲတာနဲ့ များတာသာ ကွာမည်၊...

17 April 2013

နှစ်သစ်မွေးနေ့ အထူးပို့စ် (ဘောလုံးနဲ့တူသော မိန်းမများ)

နှစ်သစ်မွေးနေ့ အထူးပို့စ်(ဘောလုံးနဲ့တူသော မိန်းမများ) စာမိတ်ဆက် ဒီကနေ့ ဧပြီလ (၁၇) ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်ဖြစ်သည်။ နှစ်ဟောင်းကုန်ကျူး နှစ်သစ်ကူးသည့် နှစ်၏အစ နှစ်သစ်၊ နှစ်ဆန်း ဖြစ်သည်။ ဒီနေ့ ဒီရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင်အတွက် ဓမ္မလက်ဆောင်ပို့စ် ရေးရန် စိတ်ကူးပေါ်မိသည်။ “မွေးနေ့အတွက် အမှတ်တရ တစ်ခုခု လုပ်ပေးပါ”ဟု ပူဆာလွန်းသော ဂျီကျလွန်းသော မွေးနေ့ရှင်အတွက်ရော၊ ဒီကနေ့ကျရောက်သော မွေးနေ့ရှင်အားလုံးအတွက်ရော၊ မွေးနေ့ရှိသော လူတိုင်းအတွက်ပါ ဘ၀ဆိုတာ နေ့စဉ် တန်ဖိုးရော့ရော့သွားတယ်ဆိုတာကို ဘောလုံး ဥပမာဖြင့်သော်လည်းကောင်း၊ ဘ၀ဆိုတာ အချိန်က နေ့စဉ် အ၀ါးမျိုးခံရတယ်ဆိုတဲ့ အကြောင်းနှင့် အချိန်၏၀ါးမျိုးခြင်း မခံရအောင်၊ အချိန်ကို အသုံးချတတ်အောင်၊...

13 April 2013

ဧရာဝတီ အလှ ဖန်တီးကြ

ဧရာဝတီ အလှ ဖန်တီးကြ ဧရာဝတီတိုင်းကြီး တစ်တိုင်းလုံးနီးပါးသည် ၂၀၀၇ခုနှစ်က နာဂ်စ် မုန်တိုင်းဒဏ်ကြောင့် အကျည်းတန် ဖြစ်ခဲ့ရသည်။ ထိုအရုပ်ဆိုး နေသော နေရာလေးကို လှပအောင် ပရဟိတစိတ်ရှိသူများက မိမိ တတ်နိုင်သမျှ လှပသာယာလာအောင် ဖန်တီး အလှဆင်နေကြပေသည်။ (သီတဂူလှဆန်းယဉ် စက္ခုဒါန ဆေးရုံ (မော်လမြိုင်ကျွန်းမြို့)  ထိုတိုင်းဒေသကြီးထဲက မော်လမြိုင်ကျွန်းမြို့ ပစ္ဆိမာရုံစာသင်တိုက်နေရသည် ထိုတိုင်းဒေသကြီးကို လှပအောင် အများဆုံးဖန်တီးပေးနေသူ သီတဂူဆရာတော်ကြီးအတွက် နေရာတစ်ခု ဖြစ်သည်။ ထိုကျောင်းကြီးရဲ့ ဆရာတော် အရှင်စိန္တိတာလင်္ကာရ၊ တိုက်အုပ်ဆရာတော် အရှင်ရေ၀တာလင်္ကာရနှင့် ကျောင်းရှိ သံဃာများသည် မုန်တိုင်းတိုက်ခတ် ပြီးပြီးခြင်း ဒုက္ခရောက်နေသူများအတွက် ကယ်ဆယ်ရေး...

09 April 2013

သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံ

သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံ (၂၁)ခုမြောက်ဆေးရုံ    (ဆေးရုံတော် ဖွင့်လှစ်ပွဲနှင့် ရေစက်ချ လှူဒါန်းပွဲ) သီတဂူဆရာတော်ကြီးနှင့် သီတဂူသာသနာပြု အဖွဲ့ကြီးက ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြန်မာနိုင်ငံ အနှံ့အပြား၊ ဝေလှံခေါင်သော နေရာပါ မကျန် သီတဂူစက္ခုဒါနဆေးရုံများ၊ သီတဂူအာရောဂျဒါနဆေးရုံများ၊ သီတဂူအထွေထွေရောဂါကု ဆေးရုံကြီးများကို တည်ဆောက် လှူဒါန်းလျှက်ရှိရာ ဤ သီတဂူလှဆန်းယဉ် စက္ခုဒါဆေးရုံသည် သီတဂူဆေးရုံများစွာထဲက (၂၁) ခုမြောက် ဆေးရုံဖြစ်သည်။ သီတဂူလှဆန်းယဉ် စက္ခုဒါဆေးရုံသည် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၉)ရပ်ကွက် ပစ္ဆိမာရုံစာသင်တိုက်တွင် တည်ရှိသည်။ ထိုဆေးရုံကြီးကို ၇-၄-၂၀၁၃ နေ့က သီတဂူဆရာတော်ကြီးနှင့်...

02 April 2013

သီတဂူအာရောဂျဒါန ဆေးရုံ (ရပ်စောက်)

အမှတ်စဉ် (၂၀) မြောက် သီတဂူအာရောဂျဒါန ဆေးရုံ (ရပ်စောက်) (ဆေးရုံတော်ကို သီတဂူဆရာတော်ကြီး ကိုယ်တိုင် ဖွင့်လှစ်ပေးစဉ်) သီတဂူအာရောဂျဒါန ဆေးရုံကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ၃၁.၃.၂၀၁၃ နေ့က ဖွင့်လှစ်ခဲ့သည်။ ထိုဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့်အလှူရှင်များ မျက်စိအထူးကုဆရာဝန်ကြီးများ၊ သီတဂူအာယုဒါနဆေးရုံ ဆရာဝန်၊ သူနာပြုများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။ (လှပတဲ့ ရပ်စောက်မြို့က သီတဂူအာရောဂျဒါနဆေးရုံတော်ကြီး)  မျက်စိကုသမှုများ ထိုဆေးရုံကြီးမှာပဲ မျက်စိဆရာဝန်ကြီး ဒေါက်တာသိန်းမြင့်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ မြအောင်၊ ဒေါက်တာမြသီတာအုန်းနှင့် သီတဂူအာယုဒါနဆေးရုံမှ ဒေါက်တာမိမိခင် ဦးဆောင်သော...

01 April 2013

Communal Violence Condemnation by Sitagu Sayadaw

Communal Violence Condemnation by Sitagu Sayadaw   ရွှင်လန်းချမ်းမြေ့ပါစေ သီတဂူစတား ၁-၀၄-၂၀၁၃   ...
Page 1 of 22412345Next

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes