နာဂဒေသ သီတဂူစက္ခုဒါနအလှူတော်
(ဆရာတော်ကြီးကို ကြိုဆိုနေကြသော နာဂတိုင်းရင်းသားများ)
ပြည်တွင်းပြည်ပ သာသနာပြု သီတဂူဆရာတော်ကြီးသည်
ကျန်းမာရေးအထူးပြု အလှူတော်များ လှူလျှက်ရှိရာ အထူးအားဖြင့် မျက်စိအလှူတော်များ
ပြုလုပ်ရာတွင် မြန်မာနိုင်ငံ နေရာအနှံ့အပြား အရောက်သွားတော်မူသည်။ သီတဂူစက္ခုဒါန၊
သီတဂူအာရောဂျဒါန အစရှိလျှက် သီတဂူဆေးရုံတော် (၂၁) ရုံအထိ လှူဒါန်းပြီးဖြစ်သည်။
ဒီလအတွင်းမှာပဲ ဧရာဝတီတိုင်း ပန်းတနော် (အစုကြီးကျေးရွာ) သီတဂူသုမေဓာဆေးရုံကို
၂၃-၄-၂၀၁၃နေ့က ဖွင့်လှစ်ခဲ့သည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့
သီတဂူစက္ခုဒါနဆေးရုံများကိုလည်း ဆက်လက် ဖွင့်လှစ် လှူဒါန်းမည်ဖြစ်သည်ဟု
သိရသည်။
နာဂဒေသ (လဟယ်) မျက်စိအလှူ
၁၈-၄-၂၀၁၃နေ့က ဆရာတော်ကြီး ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံ၏ အနောက်မြောက် အစွန်အဖျား နာဂတိုင်းရင်းသားများ ရှိရာ စစ်ကိုင်းတိုင်း၊ နာဂဒေသအထိ သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်သည်၊ မျက်စိအလှူများ ပြုလုပ်ပေးသည်။ ထိုဒေသရှိ လဟယ်ပြည်သူ့ဆေးရုံတွင် သီတဂူဆရာတော်ကြီးနှင့် အဖွဲ့က ဆေးရုံသုံးပစ္စည်းများ၊ သီတဂူစက္ခုဒါနဆေးရုံ အဆောက်အဦးများ လှူဒါန်းထားသည်ကို တွေ့ရသည်။
(မျက်စိဝေဒနာရှင်များအား အားပေးစကားပြောနေစဉ်)
၁၈-၄-၂၀၁၃နေ့မှ ၂၀-၄-၂၀၁၃ရက်နေ့အထိ
လဟယ်ပြည်သူ့ဆေးရုံတွင် မျက်စိအထူးကုဆရာဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာမြအောင်၊
ဒေါက်တာပွင့်ဦးနှင့် သီတဂူမျက်စိဆရာဝန် ဒေါက်တာဒေါ်မိမိခင်၊ ဒေါက်တာမင်းသီဟနှင့်
သီတဂူအာယုဒါနဆေးရုံမှ သူနာပြု (၆)ဦးတို့က မျက်စိဝေဒနာရှင်ပေါင်း (၂၀၂)ယောက်
စမ်းသပ်စစ်ဆေးသည်။ (၂၂ )ယောက် ခွဲစိတ်ကုသပြီး မျက်စိအလင်းများ
ပေးလှူခဲ့သည်။
(နိုင်ငံတော်အစိုးရရဲ့ ကောင်းမှုဖြင့် ခရီးကြမ်း အစဉ်ပြေ)
ဝေးလံသော တောင်းတက်ခရီး
မျက်စိဝေဒနာရှင်များသည် ထိုဆေးရုံသို့ ရောက်ဖို့ရန် လမ်းခရီး (၃)ည အိပ်ရသည်ဟု ဆိုသည်၊ ဤမျှလောက် ဝေးလံခေါင်သော ထိုဒေသရှိ တိုင်းရင်းသားများသည် ဆရာတော်ကြီး၏ မေတ္တာ၊ ကရုဏာများကို ရရှိကြသည်၊ ဆရာတော်ကြီး၏ ဓမ္မစကား ကြားနာခွင့်ရသည်မှာ သီတဂူဆရာတော်ကြီး၏ လူသားအပေါ် ထားသည့် မေတ္တာ ကရုဏာတော်များနှင့် သူတို့၏ ကံကောင်းခြင်းများဖြစ်ကြသည်။ ဆရာတော်ကြီး၏ ထိုခရီစဉ်အတွက် အဆင်ပြေစေရန် နိုင်ငံတော်မှ ရဟတ်ယဉ်လှူဒါန်းသည်ဟုလည်း သိရသည်။

(ဓာတ်ပုံ၊ သတင်းများကို
ကင်မရာမင်း သီတဂူထိန်လင်းဦး ထံမှ
ရယူသည်)
ရွှပ်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၄-၂၀၁၃
0 comments:
Post a Comment