သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံ
(၂၁)ခုမြောက်ဆေးရုံ
(ဆေးရုံတော် ဖွင့်လှစ်ပွဲနှင့် ရေစက်ချ လှူဒါန်းပွဲ)
သီတဂူဆရာတော်ကြီးနှင့် သီတဂူသာသနာပြု အဖွဲ့ကြီးက
ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြန်မာနိုင်ငံ အနှံ့အပြား၊ ဝေလှံခေါင်သော နေရာပါ
မကျန် သီတဂူစက္ခုဒါနဆေးရုံများ၊ သီတဂူအာရောဂျဒါနဆေးရုံများ၊ သီတဂူအထွေထွေရောဂါကု
ဆေးရုံကြီးများကို တည်ဆောက် လှူဒါန်းလျှက်ရှိရာ ဤ သီတဂူလှဆန်းယဉ် စက္ခုဒါဆေးရုံသည်
သီတဂူဆေးရုံများစွာထဲက (၂၁) ခုမြောက် ဆေးရုံဖြစ်သည်။
သီတဂူလှဆန်းယဉ် စက္ခုဒါဆေးရုံသည် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၉)ရပ်ကွက် ပစ္ဆိမာရုံစာသင်တိုက်တွင် တည်ရှိသည်။
ထိုဆေးရုံကြီးကို ၇-၄-၂၀၁၃ နေ့က
သီတဂူဆရာတော်ကြီးနှင့် ဒေသခံ ပစ္ဆိမာရုံဆရာတော်တို့ ဦးဆောင်ပြီးဖွင့်လှစ်ရာ
ပင့်သံဃာတော်များ၊ တိုင်းဒေသကြီးရှိ တာဝန်ရှိသူများ၊ အလှူရှင်များ၊
ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူ ဧည့်သည်တော်များ စည်ကားသိုက်မြိုက်စွာ
တက်ရောက်ကြသည်။
(ခွဲစိပ်ကုသပြီး လူနာရှင်များအား အလှူရှင်များ အားပေးစကားပြော)
( တာဝန်ရှိသူများ လာရောက် အားပေးစကားပြော)
အလှူရှင်များနှင့် ကုန်ကျစရိတ်
ထိုဆေးရုံကြီးကို သီတဂူဆရာတော်ကြီး တစ်ဦးတည်းလှုဒါန်းသော ဆေးရုံးသုံးဆေးပစ္စည်းများ၊ ခွဲစိပ်ခန်းသုံး စက်ပစ္စည်းကိရိယာများ၊ လူနာအသုံးပြုရန် ပစ္စည်းများ၊ မီးစက်များ စုစုပေါင်း ကျပ်သိန်း နှစ်ထောင် (၂၀၀၀ ကျပ်)နှင့် ဒေသခံ ပစ္ဆိမာရုံ ဆရာတော်၊ သီတဂူဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ်မိသားစု) နှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ စုပေါင်း လှူဒါန်းငွေ ကျပ်သိန်း နှစ်ထောင့်ငါးရာ (၂၅၀၀ကျပ်) နှစ်ရပ်ပေါင်း ကျပ်သိန်းပေါင်း လေးထောင့်ငါးရာ (၄၅၀၀) ဖြင့် အကုန်အကျခံ လှူဒါန်းထားသည်။
သီတဂူဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ်မိသားစု)က သီတဂူလှဆန်းယဉ်စက္ခုဒါနဆေးရုံ အတွက် ကျပ်သိန်း(၁၀၀) ငွေပဒေသာပင် စိုက်ထူခဲ့သည်၊ ထို့ပြင် ဆေးရုံအတွက် အသုံးပြုရန် Super Custom ဂျပန် ကားတစ်စီးကိုလည်း လှူဒါန်းသည်။ ဒေသခံများနှင့် အဝေးရောက် အလှူရှင်များကလဲ ဆေးရုံကြီး ရေရှည် ရပ်တည်နိုင်ရန် ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းကြသည်။
မျက်စိဝေဒနာများ ကုသပေးခြင်း
ဆေးရုံကြီးမဖွင့်မီ ကြိုတင်ပြီး (၃-၄-၂၀၁၃)နေ့မှ စတင်ပြီး မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးမြအောင်၊ အင်္ဂလန်နိုင်ငံမှ ဒေါက်တာသိန်းမြင့်ခေါင်းဆောင်သော မျက်စိအထူးကု ဆရာဝန်များက မျက်စိဝေဒနာရှင်ပေါင်း (၁၀၉၇)ယောက်တို့အား စမ်းသပ် စစ်ဆေးပေးသည်။ ထိုအထဲမှ(၂၉ရ)ယောက်ကိုတော့ ခွဲစိပ်ကုသပေးသဖြင့် လောကအလင်းများ ပြန်လည်ရရှိကြသည်။
သတင်း-ပန်းစပယ် (လှဆန်းယဉ်) သတင်းကို ကိုးကားသည်။
ဓာတ်ပုံ-သီတဂူထိန်လင်းဦး ထံမှ ရယူသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၄-၂၀၁၃
0 comments:
Post a Comment