
Saturday, April 27, 2013

sitagustar
No comments
ငါချစ်ရဆုံးသူ
(သီတဂူစတား စာတို ပေတို)
လူတွေက ပြောကြတယ် “ငါအချစ်ဆုံးက
မင်းပါ”တဲ့၊ တကယ်တော့ ငါချစ်တာ မင်းပါလို့ ဆိုကထဲက “ငါအချစ်ဆုံးက
ငါပါပဲ”လို့ပြောတာနဲ့ အတူတူပါပဲ။ ကိုယ့်စိတ်၊ ကိုယ့်ဆန္ဒအတွက် သူ့ကို ချစ်တာပါ၊
သူသည် ကိုယ့်ဆန္ဒပြည့်ဝစေဖို့ပဲ ဖြစ်သည်။ လောကမှာ ကိုယ့်ကိုယ်ကိုထက်
ချစ်ရဆုံးသူဆိုတာ မရှိပါဘူး၊ မိမိသည်သာ မိမိရဲ့ အချစ်ဆုံးပါပဲ။
အမိသော်မှ
အခက်အခဲ အကြပ်အတည်းနဲ့ကြုံလာလျှင် မိမိ၏ သားကိုပင် စွန့်ပစ်နိုင်ကြသည်၊ သားကို
မချစ်၍မဟုတ် သို့သော် မိမိကိုယ် မိမိ ပိုချစ်နေသောကြောင့်ပင်ဖြစ်သည်။
အတ္တသမံ
ပေမံ နတ္ထိ- လောကမှာ မိမိထက် ချစ်စရာ ကောင်းဆုံးသော အရာဟူ၍ မရှိ၊ သို့သော်
မိမိကိုယ်သာ အချစ်ဆုံးဟူ၍ ဆိုစေကာမူ မိမိကိုယ်ကို ချစ်စရာ ဖြစ်အောင်
လုပ်ကြသလားဟူ၍ကား အဓိက မေးစရာပင်ဖြစ်သည်။
မိမိကိုယ်ကို ချစ်စရာဖြစ်အောင်
လုပ်သည်ဆိုသည်မှာ ဓမ္မနဲ့လျှော်ညီစွာ နေထိုင်ခြင်းပဲ ဖြစ်သည်။ ကိုယ်အမှုပဲ ဖြစ်ဖြစ်၊
နှုတ်အမှုပဲ ဖြစ်ဖြစ်၊ စိတ်အမှုပဲ ဖြစ်ဖြစ် ကိုယ်-နှုတ် စိတ်ပါ ဓမ္မနဲ့
အညီဖြစ်ဖို့လိုသည်။ မကောင်းတာ ရှောင်၊ ကောင်းတာ ဆောင်ခြင်းသည်ကား ဓမ္မနဲ့အညီ
ဆောင်ရွက်ခြင်းပဲ ဖြစ်သည်။ ဓမ္မနဲ့အညီ မဆောင်ရွက်ဘဲ အဓမ္မနဲ့အညီ ဆောင်ရွက်နေပါက
မိမိကိုယ်ကို ချစ်ရာ မရောက် နစ်ရာရောက်သည်၊ ဒုက္ခအတွင်းထဲသို့ နစ်ချရာရောက်သည်၊
အပါယ်လေးဘုံသို့ ဆွဲချရာရောက်သည်။
လောကမှာ မိမိကိုယ်ကို ချစ်စရာဖြစ်အောင်
ဆောင်ရွက်ရာ၍ အကောင်းဆုံး၊ အမြင့်ဆုံးကို ရွေးချယ်၍ ပြုလုပ်ရသည်။ အကောင်းဆုံး
အမြင့်ဆုံးကို ရွေးချယ်ရာမှာ သုတသောမဇာတ်တော်အရ-
(က) ပစ္စည်းဥစ္စာတွေထက် ခန္ဓာကိုယ်
အစိတ်ပိုင်းက မြတ်သည်။
(ခ) ခန္ဓာကိုယ်ထက် အသက်က မြတ်သည်။
(ဂ) အသက်ထက် ဓမ္မက
မြတ်သည်။
ထို့ကြောင့် ဓမ္မသည် သက်ရှိသက်မဲ့ အရာအားလုံးထက် မြတ်သည်ဖြစ်ရာကား
မိမိကိုယ်ကို အချစ်ဆုံး အမြင့်မြတ်ဆုံးဟု ယုံကြည်သူများသည် အမြတ်ဆုံး ဓမ္မဖြင့်
နေမှသာ အချစ်ဆုံး အမြတ်ဆုံးတို့
လိုက်ဖက်ညီကြမည်ဖြစ်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၄-၂၀၁၃
Posted in: စာတို ပေတို
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...
0 comments:
Post a Comment