အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၁)
၁၃၆၄ - ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၃) ရက်၊ ညချမ်း ကာလ(၇)နာရီ (၄၅)မိနစ်အချိန်က စတင်၍ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၆) ရပ်ကွက်၊ ဘူတာရုံလမ်း၊ ဇေယျဝတီပရိယတ္တိစာသင်တိုက် ဝိဇ္ဇာဓရဓမ္မ ဗိမာန်တော်မှာ ဦးအောင်ထွန်း+ဒေါ်အေးမြင့် သားသမီးတစ်စု ဓမ္မဒါနပြုသဖြင့် ဆင်ယင်ကျင်းပသော ဓမ္မသဘင်ကို ယခုမေတ္တာအာသီသဖြင့် မေတ္တာပတ္ထ နာဖြင့် စတင်ဖွင့်လှစ်ပါပြီ။
ဓမ္မသဘင်ပွဲသို့ရောက်ရှိလာသော တရားချစ်ခင် သူတော်စင်အ ပေါင်းတို့နှင့်တကွ သုံးဆယ့်တစ်ဘုံ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာ၌ရှိကြကုန်သော အနန္တသတ္တဝါတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကိုယ် စိတ်နှစ်ပါး ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ မေတ္တာဓာတ်တွေ ဖြန့်ဝေ ပြီးတော့ ဓမ္မသဘင်ကို စတင်ဖွင့်လှစ်ပါပြီ။
ဤနေ့ ဇေယျဝတီဓမ္မသဘင်မှာ အားလုံးသောတရားချစ်ခင် သူတော်စင်တွေ ဘုန်းကြီးတို့ဟောနေတဲ့ ဓမ္မအစီအစဉ်က မြတ်စွာဘုရား လက်ထက်တော်ကာလက ဧတဒဂ်ဘွဲ့ထူးရရှိတဲ့ ပုဂ္ဂိုလ်လေးမျိုးတို့ရဲ့ဓမ္မအစီအစဉ် ဖြစ်ပါတယ်။
(၁) ရဟန်းတွေရယ်။
(၂) ရဟန်းမတွေရယ်။
(၃) ဒကာတွေရယ်။
(၄) ဒကာမတွေရယ်။
အဲဒီပုဂ္ဂိုလ်လေးမျိုးတို့ကို မြတ်စွာဘုရားက ဧတဒဂ်ဘွဲ့ထူးနဲ့ သာသနာတော်မှာ ချီးမြှောက်တော်မူခဲ့တာတွေရှိတယ်။
ဧတဒဂ်ဘွဲ့ထူးရ ပုဂ္ဂိုလ်တို့ရဲ့အကြောင်း
ဒီကနေ့ အမျိုးကောင်းသားတွေ အမျိုးကောင်းသမီးတွေ အားကျ စေဖို့ အတုယူစေဖို့ မိမိတို့ရဲ့ဘဝလမ်းကြောင်း ဖြောင့်ဖြောင့်ကြီး နိဗ္ဗာန်တိုင် လျှောက်လှမ်းပြီးတော့ ဘဝနှင့်စိတ်နေသဘောထားအာလုံး မြှင့်တက်စေဖို့ရာ နည်းလမ်းမျိုးစုံကို ပေးသွားတဲ့ ဧတဒဂ်ဘွဲ့ထူးရှင် ပုဂ္ဂိုလ်တို့ရဲ့ အကြောင်းအရာ ဘုန်းကြီးတို့ စတင်ဟောနေတဲ့ အစီအစဉ်ကတော့ ဥပါ သိကာဧတဒဂ်ဖြစ်ပါတယ်၊ ဥပါသိကာဆိုတာ အိမ်နေသူ ဒကာမတွေ ခေါင်းရိပ်လို့ ရဟန်းဝတ်နိုင်ကြတာတော့မဟုတ်ဘူး။
အိမ်မှာနေရင်း သားမွေးရင်း အိမ်ထောင်ပြုရင်း လုပ်ကိုင်ဆောင် ရွက်ရင်း စီးပွားရေး ဘာညာစသည် လောကီလူမှုရေးတွေကို ဒီလိုပဲ ပုဆိုးနှင့်ထမီနဲ့ လူ့လောကမှာ လုပ်ကိုင်ဆောင်ရွက်ရင်းနဲ့ ဧတဒဂ်ဘွဲ့ကို ရယူ သွားကြတဲ့ ယောက်ျားတွေ မိန်းမတွေ ဘုရားလက်ထက်က အများကြီးရှိ ကြတယ်။ အဲဒီတော့ ယခု အစအနေနဲ့ ဘုန်းကြီးတို့ရန်ကုန်မှာဟောနေတဲ့ အစီအစဉ်ကတော့ ဥပါသိကာတဲ့။
ဥပါသိကာ ဆိုတာ အိမ်နေသူ ဒကာမ၊ နောက်တစ်ခါ ဘိက္ခုနီဆိုရင် ရဟန်းမ၊ ရဟန်းဝတ်သွားတယ်၊ ပြီးတော့မှ ဥပါသကာဆိုတာ ဒကာ ယောက်ျား၊ နောက်ပြီးတော့ ဘိက္ခုဆိုလို့ရှိရင်ရဟန်း။ အဲဒီလို ရဟန်းရယ် ရဟန်းမရယ်၊ ဒကာရယ်၊ ဒကာမရယ်၊ လေးမျိုးထဲက ဒီကနေ့ ဥပါသိကာ ဆိုတဲ့ ဒကာမ ဧတဒဂ်ရ ပုဂ္ဂိုလ်များရဲ့အကြောင်းကို ဘုန်းကြီးတို့ပြောမယ်။
အဲဒီတော့ ရန်ကုန်ရွှေမြို့တော်ကြီက အလွန်ကျယ်ပြန့်တယ်၊ အလွန်ကြီးမားတဲ့မြို့တော်ကြီးတစ်ခုဆိုတော့ ဘုန်ကြီးတို့တရားတစ်ပုဒ်ကို မြို့ရဲ့အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာမှာနှံ့အောင် ဟောရရင်ပိုကောင်းတယ်၊ တစ်ပုဒ်တစ်နေရာ ဟောသွား၊ နောက်တစ်နေ ရာ တစ်မျိုးပြောင်းသွား၊ ဒီလိုလည်းပဲ ဟောဖို့ရာ ဘုန်းကြီးတို့တာဝန်မ လေးဘူးပေါ့။ သို့သော်လည်းပဲ မြို့ရှိတဲ့လူတွေခပ်များများကို နှံ့စပ်အောင် တရားတစ်ပုဒ်ကို ကြားသွားရရင် ပိုကောင်းတယ်။
အဲဒီလိုယူဆတဲ့အတွက်ကြောင့် ယခုဒီကနေ့ အစီအစဉ်မှာတော့ တရားတစ်ပုဒ်ကို ဘုန်းကြီးတို့ ရန်ကုန်ရွှေမြို့တော်မှာ နေရာဝေးရင်ခွဲပြီး တော့ သုံးနေရာ၊ သို့မဟုတ် လေးနေရာ ဒီလိုဟောပြီးတော့မှ နောက်အ သစ်တစ်ခုပြောင်းမယ်။
အမျိုးသမီးစွမ်းဆောင်ရှင် ခုဇ္ဇုတ္တရာ
အဲဒီတော့ ယခုဆိုလို့ရှိရင် အားလုံးမှတ်သားဖို့ကတော့ ဗဟုသု တ ဓမ္မကထိက ဧတဒဂ်ဘွဲ့ကိုရရှိတော်မူသော ဘယ်သူလဲဆိုလို့ရှိရင် ခုဇ္ဇုတ္တရာ။ ပရိသတ်ကြီး ဘယ်သူ့အကြောင်းလဲ။
ခုဇ္ဇုတ္တရာအကြောင်းပါဘုရား။
တရားရှိတဲ့ ဧတဒဂ်ဘွဲ့ ''ဗဟုသုတဓမ္မကထိက'' ပြန်ပြောကြည့် လိုက်ပါ။
ဗဟုသုတဓမ္မကထိကပါဘုရား။
ဗဟုသုတ ဆိုတာ သင်ထားတာ၊ နာထားတာ၊ မှတ်ထားတာ၊ ဖတ် ထားတာ၊ ကြားထားတာ၊ ဆောင်ထားတာ၊ အများကြီးရှိတယ်၊ အဲဒါ ဗဟုသု တခေါ်တယ်၊ ဘာတွေကို သင်ထား ဖတ်ထား မှတ်ထား ကြားထား နာထား ဆောင်ထားသလဲမေးရင် ပိဋကတ်သုံးပုံ။ ကာတွန်းတွေ မဂ္ဂဇင်းတွေ ဂျာနယ်တွေ မဟုတ်ပါဘူး၊ ပိဋကတ်သုံးပုံကို သင်ထားတာလည်းအများကြီး၊ ကြားထားတာလဲ အများကြီး၊ သင်ထား ကြားနာထားသမျှ အကုန်လုံးမှတ် မိတယ်၊ တစ်လုံးမှမေ့မပြစ်အောင်ဆောင်ထားတယ်။ အဲဒါကြောင့် သူဟာ ဘာခေါ်သလဲဆိုတော့ ''ဗဟုသုတ'' ဘာခေါ်သလဲ။ ဗဟုသုတခေါ်ပါတယ်ဘုရား။
Burst in learning သင်ကြားတဲ့နေရာမှာ အများကြီးပဲ၊ နောက် တစ်ခါ အဲဒီသင်ထား မှတ်ထား ကြားထား ဆောင်ထားတာတွေကို ပြန်ပြီး တော့ အကုန်ဟောနိုင်တယ်၊ ပြန်ပြီးတော့ဟောနိုင်တဲ့အတွက်ကြောင့် ဘာ လဲဆိုတော့ ဓမ္မကထိက၊ သင်တာ ကြားတာများတော့ ဗဟုသုတ၊ ပြန်ဟော တော့ ဓမ္မကထိက နှစ်ထပ်ရတယ်၊
အဲဒါ အိမ်နေတဲ့မိန်းမတစ်ယောက် ရဟန်းဝတ်သွားတာကို မဟုတ် ဘူး။ အိမ်မှာနေရင်းနဲ့ ဒီဘွဲ့ရတယ်၊ ပိဋကတ်သုံးပုံကို အကုန်လုံးသူက မ သင်ဘူးတာ၊ မမှတ်ဘူးတာ၊ မကြားဘူးတာ၊ မနာဘူးတာမရှိဘူးတဲ့။ ပိဋကတ် သုံးပုံအကုန်သင်ဖူးတယ်၊ သင်ဖူးသမျှလည်းပဲ သူမှတ်မိတယ်၊ မှတ်မိသမျှ လည်း ပြန်ပြီးဟောတယ်။ ဟောဒီကမာရွတ်ကအမျိုးသမီးတွေနဲ့တော့ နည်း နည်းလောက်ပဲကွာမယ်ထင်တယ်နော်။
ခုဇ္ဇာနှင့်ဥတ္တရာ ပေါင်းစည်းခြင်း၏ ဂုဏ်ရည်
အဲဒါ ဘယ်သူလဲဆိုရင် ခုဇ္ဇုတ္တရာ၊ ခုဇ္ဇာဆိုတဲ့စာလုံးရယ်၊ ဥတ္တရာ ဆိုတဲ့စာလုံးရယ် ဒီနှစ်လုံးပေါင်းထားတာ၊ ဘာနဲ့ဘာပေါင်းထားသလဲ။
ခုဇ္ဇာနဲ့ဥတ္တရာပေါင်းထားပါတယ်ဘုရား။
ခုဇ္ဇာ ဥတ္တရာပြောကြည့်လိုက်ပါ။
ခုဇ္ဇာ ဥတ္တရာပါဘုရား။
ဥတ္တရာဆိုတဲ့နာမည်က မိဘနှစ်ပါးပေးထားတဲ့နာမည်။ ခုဇ္ဇာဆိုတာ ကတော့ ဟိုကဒီက ခေါ်ရင်းနဲ့ အရပ်ကအပေါင်းအသင်းတွေက ဝိုင်းခေါ် လို့တွင်တဲ့နာမည်။ ဘာလဲဆိုတော့ ခုဇ္ဇာက ခါးကုန်းတယ်၊ ဒီမိန်းကလေး က ခါးကုန်းကုန်းလေး၊ အဲဒါ ခါးကလေးကုန်းလို့ အရုပ်ဆိုးသလိုရှိပေမဲ့ ပိဋကတ်သုံးပုံ ကျွမ်းကျင်တာကတော့ အလွန်ပဲ၊ အရှင်အာနန္ဒာကို မှီလုမှီကမ်း ကျွမ်းကျင်တယ်၊ ပိဋကတ်သုံးပုံအကုန်လုံးဆောင်တယ်၊ ဟောတယ်၊ အဲဒါ ကြောင့် ''ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဗဟုဿုတာနံ ဓမ္မကထိကာ နံ ဥပါသိကာနံ ယဒိဒံ ခုဇ္ဇုတ္တရာ'' လို့ မြတ်စွာဘုရားကိုယ်တော်မြတ် သာ ဝတ္ထိပြည်မွန် ဇေတဝန်ရွှေကျောင်း ကိန်းအောင်းတော်မူနေတဲ့ကာလ ဘွဲ့ နှင်းသဘင် ပရိသတ်ရေ ဘာလုပ်တာလဲ။ ဘွဲ့နှင်းသဘင်လုပ်ပါတယ်ဘုရား။
ဘွဲ့နှင်းသဘင်အခမ်းအနားကြီးကို ဇေတဝန်မှာ တခမ်းတနားကျင်း ပပြီးတော့မှ ဒီကလေးမကို =
ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့။ မမ သာသနေ - ငါ ဘုရားရဲ့သာသနာတော်မှာ။ ယဒိဒံ ယာ ဧသာ ခုဇ္ဇုတ္တရာ - အကြင်ခုဇ္ဇုတ္တ ရာဆိုတဲ့ အမျိုးသမီးငယ်သည်။ အတ္ထိ - ရှိပါပေ၏။ ဧတံ ဧသာ ခုဇ္ဇုတ္တရာ - ထိုခုဇ္ဇုတ္တရာဆိုတဲ့ အမျိုးသမီးသည်။ မမသာသနေ - ငါဘုရားရှင်ရဲ့သာ သာနာတော်မှာ။ မမသာဝိကာနံ - ငါဘုရားရှင်ရဲ့အဆုံးအမစကားကို လိုက်နာကြကုန်သော။ ဗဟုဿုတာနံ - ပိဋကတ်သုံးပုံ တရားမြတ်မှာ ဗဟုသုတ များကြကုန်သော။ ဓမ္မကထိကာနံ - တရားစကားကိုဟောပြောနိုင်စွမ်းရှိ ကြကုန်သော။ ဥပါသိကာနံ - ဒကာမအပေါင်းတို့တွင်။ အဂ္ဂံအဂ္ဂေါ - အ မြတ်ဆုံး အတော်ဆုံး အသာဆုံးသည်။ ဟောတိ - ဖြစ်ပါပေတယ်ရယ်လို့ သတ္ထာ - နတ်လူတို့ဆရာ ဘုရားရှင်ကိုယ်တော်မြတ်သည်။ ခုဇ္ဇုတ္တရံ နာမ ဥပါသိကံ - ခုဇ္ဇုတ္တရာဆိုတဲ့အမျိုးသမီးကို။ ဗဟုဿုတဓမ္မကထိကဧတဒဂ္ဂ ဋ္ဌာနေ - ဗဟုသုတ ဓမ္မကထိက ဧတဒဂ်ရာထူး၌။ ဌပေသိ - ကောင်းစွာ မသွေ ချီးမြှောက်တော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။
မှတ်ချက်။ ။ တရားဟောလိုသော အရှင်မြတ်များနှင့် ပါဠိဘာသာကို စိတ်ဝင်စားသူများအတွက် အသုံးဝင်မည်ဟု ယုံကြည်၍ ပါဠိဘာသာနှင့် အနက်ပေးမြန်မာပြန်များကို ထည့်ပေးလိုက်ရပါသည်။
အပိုင်း(၂) ဆက်ရန်
0 comments:
Post a Comment