အပြည်ပြည်ဆိုင် သီတဂူ ၀ိပဿနာ ကမ္မဋ္ဌာန်းဌာန (စစ်ကိုင်း)
SITAGU INTERNATIONAL VIPASSANA ACADEMY (SAGAING)
သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးစီးပဓာနဖြစ်တော်မူသော သီတဂူဆရာတော်ဘုရားကြီးသည်
၁။ စစ်ကိုင်းတောင် ရေအလှူတော်စီမံကိန်း
၂။ သီတဂူအာယုဒါန ဆေးရုံတော်
၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)နှင့်
၎။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၅။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (မန္တလေး) နှင့်
၆။ သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက) အစရှိသော ပရဟိတ စီမံကိန်းကြီးများကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီ။ စစ်ကိုင်းတောင်သည် သမိုင်းအစဉ်အလာအရ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓသာသနာ ထွန်းကားခဲ့ရာနေရာဖြစ်ပါသည်။ ယခုအခါ ထိုမြေမြတ်မဟာဝယ် အပြည်ပြည်ဆိုင်ရာ သီတဂူ ၀ိပဿနာကမ္မဋ္ဌာန်းဌာနကြီးကို အကောင်အထည်ဖော်နေပါပြီ။ အလှူဒါနပြုရန် အခွင့်ကောင်းကို ချောင်းနေသူများအတွက် အသိပေးလိုက်ပါသည်။
အဆောက်အဦး ဖွဲစည်းပုံနှင့် အလှူရှင်များ-
အဆောင်များ၏ ဦးထိပ်ဝယ်
၁။ သီတဂူ ဒီပင်္ကရစေတီ (အလှူရှင်- မင်းသီဟ (ကျပ်သိန်း ၁၀၀၀)
၂။ ထိုစေတီနှင့် ဘေးချင်းယှဉ်ကပ် ဂါလံ ၅၀၀၀၀ (ငါးသောင်း) ဆန့် ရေလှောင်ကန်ကြီး ၂လုံး (တစ်လုံးလျင်- သိန်း ၁၅၀၊ အလှူရှင်ရပြီး)။
၃။ ဆရာတော်နှင့် လက်ထောက်ဆရာတော်များ ၂ ဆောင်အတွက် (တစ်ဆောင်လျင် သိန်း ၈၀၀၊ အလှူရှင်ရပြီး)။
၎။ ၀ိပဿနာဓမ္မဗိမာန်တော် (ကျပ်သိန်း ၅၀၀၊ အလှူရှင်ရပြီး) ထိုဗိမာန်တော်ကြီးသည် အမျိုးသား အမျိုးသမီး ယောဂီဆောင် ၂ ဆောင်ကြား၌တည်ရှိသည်၊ ယောဂီပေါင်း ၃၀၀ တပြိုင်းတည်း ကမ္မဋ္ဌာန်းတရားထိုင်နိုင်သည်။
အောက်ပါအဆောင်များအတွက် လှူဒါန်းနိုင်ရန် အလှူရှင်များအခွင့်အရေးရှိပါသေးသည်။
၁။ အမျိုးသားယောဂီဆောင်ငယ်ပေါင်း ၁၀၀ အတွက် (တစ်ဆောင်လျင် ကျပ်သိန်း ၅၀)။
၂။ အမျိုးသမီးယောဂီဆောင်ငယ်ပေါင်း ၁၀၀ အတွက် (တစ်ဆောင်လျင် ကျပ်သိန်း ၅၀)။
၃။ အမျိုးသားယောဂီ ထမင်းစားဆောင်နှင့် မီးဖိုဆောင် (ကျပ်သိန်း ၂၅၀)။
၎။ အမျိုးသမီးယောဂီ ထမင်းစားဆောင်နှင့် မီးဖိုဆောင် (ကျပ်သိန်း ၂၅၀)။
ဆက်သွယ်လှူဒါန်းရန်ဌာန--
၁။ ၀၁-၅၈၁၇၇၇ (ရန်ကုန်) ။
၀၁-၅၈၁၉၉၉ (ရန်ကုန်)။
၀၁-၅၈၁၆၆၆ (ရန်ကုန်)။
၂။ ၀၇၂-၂၁၆၁၁ (စစ်ကိုင်း)။
၀၇၂-၂၁၅၈၇ (စစ်ကိုင်း)။
၀၇၂-၂၂၂၆၀ (စစ်ကိုင်း)။
ပဋိပတ္တိမဟာဌာနကြီး အလှူတော်အတွက် ၀မ်းမြောက်နုမော် သာဓုခေါ်ပါသည်။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူစတား
၆-၁၂-၂၀၀၉
4 comments:
တပည့်တော် သီတဂူစီမံကိန်းအသစ်ကို လာဖတ်ပါတယ်ဘုရား
မေလေးရေ-- သီတဂူစီမံကိန်းအသစ်ကို ကြည်ညိုသွားလို့ ကျေးဇူးတင်နေပါတယ်။
သီတဂူစီမံကိန်းကို လာဖတ်သွားပါတယ် ဘုန်းဘုန်း။
အများကြီးလှူနိုင်တဲ့သူတွေကို အားကျမုဒိတာပွား ၀မ်းမြောက်မိ
ပါတယ် ဘုရား။
ဒီပို့စ်လေးကို မျှဝေခွင့်ပြုပါ ဘုန်းဘုန်း။
ဝါ၀ါခိုင်မင်း
( အမှတ်တရလေးများ)
(အနှိုင်းမဲ့ချမ်းသာ)
မ၀ါဝါခိုင်ရေ---
လာလည်လို့ ကျေးဇူးတင်ပါတယ်၊ သီတဂူစတားထံမှ ဘယ်အရာမဆို ကူးယူဖော်ပြနိုင်ပါတယ်။ ပို၍ပင် ကျေးဇူးတင်နေမှာပါ။
Post a Comment