
Monday, December 07, 2009

သီတဂူစတား (sitagustar)
No comments

ညနေ ၃၊၃၀ မီးနစ်မှာ ပူနေးတက္ကသိုလ်အတွင်းရှိ တက္ကသိုလ်ခန်းမကြီးထဲတွင် သီတဂူဆရာတော်ကြီး၏ ဟောပြောပွဲ အစီအစဉ်စပါသည်။ ရှေးဦးစွာ အခမ်းအနားမှူး (အမျိုးသမီး)က မြန်မာရဟန်းတော်များအား စတိတ်ခုံပေါ်တက်စေ၍ ပရိတ်တရားများ ပွားဘို့ မေတ္တာရပ်ခံသောအခါ အားလုံးက မေတ္တာသုတ်ဖြင့် အခန်းအနားကို စတင်ဖွင့်ပေးသည်။ ထိုအခန်းအနားမစမီ ဆရာတော်နှင့် ပါဠိဌာနမှူးတို့က ဘုရားရှင်အား ဆီမီပူဇော်သည်။ အခန်းအနားမှူးက ဆရာတော်နှင့်သီတဂူသာသနာပြုလုပ်ငန်းများအကြောင်းမိတ်ဆက်သောအခါ အံသြဘနန်းဖြစ်ကြသည်။ အသက်အရွယ်အားဖြင့် ၇၃ နှစ်ရှိနေသော်လည်း လူငယ်တို့ထက် တက်တက်ကြွကြွ အလုပ်လုပ်နိုင်တာကိုလည်း အံ့သြနေကြသည်။ ထိုနောက် ဌာနမှူးကလည်း ဆရာတော်နှင့်သူစတင်တွေ့ပုံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးမှာ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာထေရ၀ါဒ တက္ကသိုလ်များ ညီလာခံကြီးကိုလည်း အံ့ဘနန်းဖြစ်ခဲ့ရပုံ၊ ဆရာတော် ယခုလို ပူနေးတက္ကသိုလ်သို့ကြွလာခြင်းသည် ပူနေးတက္ကသိုလ်အတွက် အထူးအခွင့်အရေးဖြစ်ကြောင်းနှင့် သီတဂူဆရာတော်သည် ပါဠိဌာနသို့ ပိဋကတ်ကျမ်းစာများနှင့် စကျင်ကျောက် ဗုဒ္ဓဆင်းတုတော်တို့ကို လှူခဲ့ကြောင်းစသည်များကို ပြောကြားကာ သီတဂူဆရာတော်အား ပူနေးတက္ကသိုလ်ကြီးရဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားသွားပါသည်။ ထို့နောက် သီတဂူဆရာတော်၏ မိန့်ခွန်းစတင်ပါတော့သည်၊ ဆရာတော်သည် မြန်မာနိုင်ငံမှာ တရားဟောသလိုမျိုးအလွတ်ပြောသွားသည့်အတွက်ကြောင်းနှင့် ဆရာတော်၏တရားတော်တို့ကို နားကြားရပြီး ပရိသတ်များက လက်ခုတ်သြဘာများပေးကြသည်။ ဟောပြောပွဲအပြီးမှာ လက်ဆောင်များပေးကြပါသည်။ စင်မြင့်ပေါ်သို့ ပါမောက္ခများတက်လာကာ ဆရာတော်အား မိတ်ဆက်စကားပြောကြပါသည်၊ ထိုအထဲတွင် သီတဂူစတား၏ဆရာမ ဒဿနိကဗေဒဌာနမှ မင်္ဂလာချင်ချိုရီလဲပါသည်။ အော်တိုများ၊ ဧည့်သည်တော်မှတ်တမ်းများရေးပြီး လေဆိပ်သို့ထွက်လာခဲ့ပါသည်။ ဆရာတော်၏ နွေးထွေး ဖော်ရွှေမှုတို့ကြောင့် ဆရာကြီးနှင့်တကွ ပရိသတ်များ အားရကျေနပ် သဘောကျကြပါသည်။ သီတဂူစတားသည် မြန်မာနိုင်ငံအတွက် ဂုဏ်ယူမဆုံးဖြစ်မိပါသည်၊ ၀မ်းသာလွန်း၍ မျက်ရည်ပင်ကျမိပါသည်။
ဆရာတော်၏ မိန့်ခွန်းကို သီတဂူစတား စာမေးပွဲအပြီးမှာ တင်ဖြစ်ပါမည်။ သီတဂူစတား ကင်မရာသည် အပျော်တမ်း အညံ့စားဖြစ်၍ ဓာတ်ပုံအရည်အသွေးမကောင်းသည်ကိုတော့ နားလည်ပေးစေလိုပါသည်။
သီတဂူစတား
၇-၁၂-၂၀၀၉
Posted in: မိန့်ခွန်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
သီတဂူဗုဒ္ဓနေ့ပူဇာ ဖိတ်ကြားခြင်း *********** မနက်ဖန် သာသနာနှစ် ၂၆၀၀ မြန်မာနှစ် ၁၃၇၈ ကဆုန်လပြည့်နေ့ (၂၁-၅-၂၀၁၆) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (...
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အသားစားနည်း စနစ် နောက်စကားတစ်ခွန်း ဆက်မလို့ ဘုန်းကြီးက အားယူ နေတုန်း ချက်ချင်းကြားဖြတ်ပြီးတော့ သူပြောတယ်။ ဘုန်းကြီးပြောလိုက်တဲ့ စကားထဲမှ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
မက္ခရာ ရွှေစည်းခုံ စေတီတော်ကြီးသည် မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဧည့်ဗျကျေးရွာအုပ်စုရှိ မက္ခရာမြို့ဟောင်း ကျေးရွာတွင် တည်...
-
စာမိတ်ဆက် တစ်နေ့က ဘုံဘေ (မွမ်ဘိုင်း) အိန္ဒိယကနေ ပြန်လာတော့ ရန်ကုန်မှာ နေရာတကျဖြစ်တဲ့ အချိန် ရွာက ဆရာသမားရယ် မွေးသမိခင် အမေရယ်၊ ဆွေတော်အပေ...
-
အောင်မြင်သော ခရီးသည် ဘ၀သောတံ ဘေ၀၀ါဟံ၊ တိဏ္ဏော ပါရင်္ဂတော အဟု။ ဧတေန သစ္စ၀စ္စေန၊ ဂမနံ မေ သမိဇ္ဈတု။ မြတ်ဗုဒ္ဓသည် ဘ၀သံသရာတည်းဟု ရေပင...
-
အီရန်ရောက် သီတဂူဆရာတော် (၃) ၃၁-၁၂-၂၀၁၄ နေ့က အီရန်နိုင်ငံသို့ရောက်နေသော သီတဂူဆရာတော်ကြီးသည် အီရန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တစ်မြို...
-
သီတဂူရေဘေးအလှူတော် ၁၃-၈-၂၀၁၅ am ------------------ သီတဂူရဲ့ ရေဘေးကယ်ဆယ်ရေးလှုပ်ရှားမှုတို့သည် ရေဘေးသင့်ဒေသများဆီ သို့ အလုံးစုံ ရောက်ပြီး...
0 comments:
Post a Comment