
Saturday, February 27, 2010

သီတဂူစတား (sitagustar)
1 comment

ဒီကနေ့ တပေါင်းလပြည့်
လတပေါင်းသို့ ရောက်လာပြန်ပါပြီ။ နှစ်စဉ်နှစ်တိုင်း သီတဂူလမင်းကြီးရဲ့ မွေးနေ့ပွဲအတွက် ပြင်ကြဆင်ကြ သန့်ရှင်းရေးတွေလုပ်နေကြတဲ့ သီတဂူလမင်းကြီးရဲ့ တပည့်သား၊ သမီးတွေရဲ့ ပုံရိပ်တွေကို ပြေးမြင်မိတယ်။ အခုလောက်ဆို မနက်မိုးလင်းလို့ စည်တော်ကြီး၏ စည်သံမောင်းသံတွေလဲ ကြားရောင်နေမိတယ်။ သီတဂူဂီတဉ္ဇလီရဲ့ ဓမ္မတေးသွားနှင့်အတူ သံဃာ ၁၀၀၀ ဆွမ်းလောင်းဟန်နှင့် စာရေးတံမဲဖောက်နေတဲ့ နံက် မိုးသောက်ယံအချိန်လေးကိုလဲ အမှတ်ရနေမိတယ်။ ဒီနေ့ဆိုရင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးရဲ့ ၀န်း အတွင်းမှာ သံဃာ ၁၀၀၀ ကျော် သီလရှင် ၁၀၀၀၊ သီတဂူကျောင်းဒကာ ကျောင်းအမတို့ဖွဲ့နှင့် ရပ်ဝေးရပ်နီးမှကြွရောက်လာကြသော သီတဂူသာသနာပြုအဖွဲ့တွေဖြင့် စည်းကားနေသည်။
ပြည်ပ မွေးနေ့ပွဲ
ပြည်ပမှာရောက်ရှိနေကြတဲ့...

Thursday, February 25, 2010

သီတဂူစတား (sitagustar)
1 comment

အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၁၁)
ခုဇ္ဇုတ္တရာ ဟောပုံ
ဘုရားလည်းကြွခွင့်မရဘူး၊ အရှင်အာနန္ဒာလည်း ကြွခွင့်မရဘူး။ ဒီမိန်းကလေး ခါးကုန်းမလေး ခုဇ္ဇုတ္တရာ နေ့တိုင်းဟောနေတာ ရွှေနန်းတော်မှာ တရားပွဲမစဲဘူး ပရိသတ်ရေ။ ခုဇ္ဇုတ္တရာဟောတဲ့ တရားတွေ စစချင်းတည်ဆောက်တဲ့ ဝါကျကို မမေ့နဲ့၊ 'ဣတိ ဝုတ္တံ ဘဂဝတာ' အဆုံးသပ်တော့လဲ ဒါပဲ၊ ဣတိ ဝုတ္တံ ဘဂဝတာ - မြတ်စွာဘုရား ဤသို့ဟောတော်မူပါသည်၊ စ လိုက်တာ အဆုံးလည်းဒါပဲ။
မှတ်တမ်းတင်သူ
ဒီတော့ ခုဇ္ဇုတ္တရာရဲ့ အဲဒီလိုပြန်ပြန်ဟောတဲ့ ဟောပြောချက်တွေ အကုန်လုံးကို အရှင်အာနန္ဒာကမှတ်ထား၊ မှတ်ထားပြီးတော့ စာရင်းလုပ်ထားတာ၊ အရှင်အာနန္ဒာစာရင်းပြုစုပြီးတော့ မှတ်တမ်းတင်ထားတာ သုတ္တန် ပေါင်း(၁၁၂)သုတ်ရတယ်၊ ဘယ်လောက်များသလဲ၊ ခုဇ္ဇုတ္တရာဟောတဲ့သုတ္တန် ပေါင်းဘယ်လောက်လဲ။
၁၁၂...

Wednesday, February 24, 2010

သီတဂူစတား (sitagustar)
No comments
၂၀၀၉ ခုနှစ်အတွက် အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီ ဆုများ
၁။ အကောင်းဆုံး သာသနာတော် အကျိုးပြု စာပေဘလော့ဂ်ဆု
သီတဂူစတား (http://www.sitagustar.net)
၂။ အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့်စာပေဆု ဘလော့ဂ်ဆု
စည်းလုံးခြင်းရဲ့ အင်အား (http://www.photayokeking.org)
၃။ အကောင်းဆုံး နည်းပညာ အကျိုးပြုစာပေဘလော့ဂ်ဆု
ညီနေမင်း (http://www.nyinaymin.com)
၎။ အကောင်းဆုံး လူမှုအကျိုးပြုပရဟိတ အသင်းအဖွဲ့ဘလော့ဂ်ဆု
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း (http://www.everyoneit.com)
၅။ အကောင်းဆုံး ပညာပေး စာပေးဘလော့ဂ်ဆု
မြန်မာစာ မြန်မာစကား (http://myanmarsar.zaung.net)
၆။ အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် စာပေဘလော့ဂ်ဆု
နှင်းနှင့်မာယာ (http://mysterysnow.blogspot.com)
၇။ အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှုစာစုများနှင့် ရသကဗျာ စာပေဘလော့ဂ်ဆု
မြစ်ကျိုးအင် (http://page-28.blogspot.com)
၈။ အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆု
ငပေါများဂေဟာ...

Tuesday, February 23, 2010

သီတဂူစတား (sitagustar)
No comments

သီတဂူဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာ
ဗုဒ္ဓ၏ ထေရ၀ါဒ သာသနာတော် အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် သီတဂူဆရာတော် အရှင်ဥာဏိဿရ ၏ ၁၃၇၁ခုနှစ် တပေါင်းလပြည့် (၂၇-၂-၂၀၁၀)နေ့တွင် သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ၌ တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ချီးကျုး ပူဇော်ပါသည် ဘုရား………။
-သူတော်ကောင်း တစ်ယောက် ထွန်းပေါ်ပေါက် သူ့နောက်ဆွယ်ကျုံး၊ တစ်နယ်လုံးသည် ဘုန်းဆင့်လျှောက်၊ အမြင့်ရောက်၏။
-ပုဂ္ဂိုလ်တွက်ရေ၊ ရာကုဋေတွင် ၊ရှာဖွေပတ်နှောက်၊ သဒ္ဓါပေါက်သည်၊ တစ်ယောက် ရဲရဲထွက်နိုင်ခဲ၏။
-ဤ ပုဂ္ဂိုလ်ကား ၊လွန်စွာရှား၏ များပြားနေရာ မဖြစ်ပါဘဲ၊ ဖြစ်လာပြန်မူ၊ ထိုသူဖြစ်ရာ ၊ ရပ်ရွာအမျိုး၊ ချမ်းသာတိုး၏………။
ဟုသော ပညာရှိများ၏ စကားအတိုင်း သီလဂုဏ် ၊ သမာဓိဂုဏ်...

Sunday, February 21, 2010

သီတဂူစတား (sitagustar)
No comments

ကျောင်းသားအရေးတော်ပုံ
ဒီကနေ့ ၂၁-၂-၂၀၁၀ မနက် ၆-၃၀ လောက် အိပ်ယာထ ထူးထူးဆန်း သူငယ်ချင်းက မြန်မာ့ မုန့်ဟင်းခါးလုပ်ကပ်တယ်၊ စားနေစဉ်မှာပဲ All of Friends! Let's go ဆိုတဲ့ အသံကြားလိုက်ရတယ်။ ဘာရယ်မသိသေးပါ။ သူငယ်ချင်းတွေ မေးကြည့်တော့ ၁၃-၂-၂၀၁၀ ရက်နေ့က ပူနေးမြို့ ဂျာမန်မုံ့ဆိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွဲ့ခဲ့ရာ ပြည်သူ ၁၀ ကျော် သေဆုံး၊ ၆၀ ကျော် ဒဏ်ရာရခဲ့၊ အခုအခါ ဒဏ်ရာရသူများထဲက ဆေးရုံမှာ သေတဲ့နှုန်းတိုးလာနေသည်ဟုသိရသည်။ အသက်ဆုံးရှုံးသူများတွင် ကျောင်းသားအများစုပါဝင်သည်၊ ပြည်ပကျောင်းသားမှာ အီတလီကျောင်းသား ၁၊ အီရန် ၁၊ ဆူရန် ၁ ၊နှင့် အခြားနိုင်ငံမသိပါ၊ အားလုံး ပြည်ပကျောင်းသား ၄ အသက်ဆုံးရှုံးခဲ့သည်။
ကောလိပ်ပေါင်းစုံ
ထို အသက်ကဆုံးရှုံးသွားသော ကျောင်းသားများအတွက်ရော...

Saturday, February 20, 2010

သီတဂူစတား (sitagustar)
No comments

Ashin: သိပ်မကြွားတာ အကောင်းဆုံးပဲ။ အရှိကို အရှိအတိုင်းပြောရင် ငြင်းခုံဖွယ် မလိုတော့ပါဘူး
ကိုယ်အပါအ၀င် ဗမာဘုန်းကြီးအများစုက အဆောက်အဦကြီးတာ ကျောင်းဝိုင်းကျယ်တာကို အောင်မြင်တယ်လို့ ထင်နေတာ။ ဒီဆရာတော်ဆိုဒ်ကို ကြည့်လိုက်ရင် အဆောက်အဦကြီးတွေ ကြွားထားတာ တွေ့ရတယ် ။
အခုတခါလဲ စီဘောက်က ဆွေးနွေးချက်ပဲ ပို့စ်တင်ရပါလိမ့်ည်။ အထက်ပါစာသားများသည် အရှင် ashin ဆိုသူ၏ ဝေဘန်စာသားများကို အပြောင်းအလဲမရှိ မူရင်းအတိုင်းတင်ထားပါသည်။
ကျေးဇူးတင်ခြင်း
ရှေးဦးစွာ အရှင် ashin ကို ကျေးဇူးတင်ပါတယ်။ သီတဂူစတား ဘလော့ဂ်မှာ လာလည်ခြင်း၊ ဝေဖန်ခြင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ စာတွေကိုလဲ အသေအခြာ ဖတ်သွားတယ်ထင်ပါတယ်၊ ထို့အတွက်လဲ အထူးကျေးဇူးတင်ပါတယ်။
သဘောထားဆိုတာ ဘယ်ကလာ
ဒီအရှင် ashin...

Monday, February 15, 2010

သီတဂူစတား (sitagustar)
1 comment

ကိုမောင်မောင်ရဲ့ စီဘောက်က ဆွေးနွေးချက်အရ ဒီပို့စ်ကို တင်ခြင်းဖြစ်ပါတယ်၊ ဘယ်သူကိုမှ မထိခိုက်လိုပါဘူး၊ ကိုယ့်ရဲ့ ကြိုးစားမှုနှင့် ကိုယ့်အရည်းအချင်းသည်သာ ပဓာန ဖြစ်ကြောင်းကိုသာ ရည်ရွယ်၍ ပို့စ်ကို တင်လိုက်ရပါသည်။ ဆိုလိုတာက တက္ကသိုလ် အဆင့်မီဘို့ထက် ကိုယ်အဆင့်မီနေဘို့က ပို၍ အရေးကြီးပါသည်။ စီဘောက်က ကိုမောင်မောင်၏ စာကို အရင်ဖတ်စေလိုပါသည်။
ကိုမောင်မောင်
ကိုမောင်မောင်ရေ ၊ ပူနေးတက္ကသိုလ်ကို ရောက်ဖူးစေချင်ပါတယ်။ ကိုမောင်မောင် ဘာရည်ရွယ်ချက်နဲ့ ပြောနေတယ်ဆိုတာ မသိပါ။ အိန္ဒိယမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ အရည်အချင်းကို အထင်သေးသွားသလိုဖြစ်နေမလား။ သို့သော်လည်း အိန္ဒိယမှာရှိတဲ့ တက္ကသိုလ်အားလုံးကို မပြောသင့်ဘူးထင်ပါတယ်။ အချို့အချို့သော တက္ကသိုလ်တွေမှာ ကိုမောင်မောင်...

Monday, February 15, 2010

သီတဂူစတား (sitagustar)
No comments

အင်ဒိုနီးရှာကျောင်းသားများ
ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ
စာရေးဆရာမဟုတ်သော သီတဂူစတား
ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစားနေမိသည်၊ တင်စရာလဲ မရှိဖြစ်နေသည်၊ ရေးမိရေးရာ ရေးရတော့ပေမည်။ သီတဂူစတားသည် စာရေးဆရာ မဟုတ်သဖြင့် အဖွဲ့အနွဲ့တွေ ဝှေ့ကာပတ်ကာ မရေးတက်ပါ၊ ပြောချင်တာကို တိုက်ရိုက်ပြော၊ တကိုရိုက်ရေးခြင်းမျိုးနှင့်သာ ရေးသည်၊ ဆိုလိုတာက သီတဂူစတားရဲ့စာသည် တွေးစရာမရှိပါ၊ just information သတင်းတစ်ရပ်အနေနှင့်သာ ရေးလေ့ရှိပါသည်။ အခုလည်းပဲသတင်းတစ်ရပ် အနေနှင့်တင်လိုက်ဦးမယ်။
ဘာသာရေးပို့စ် မဟုတ်သော်လည်း ပူနေးတက္ကသိုလ်နှင့် ပတ်သက်တာတွေ မကြာကြာတင်ဖြစ်သည်၊ သီတဂူစတားက ပူနေးတက္ကသိုလ် ကျောင်းသားဆိုတော့ ကိုယ့်တက္ကသိုလ်အကြောင်းတွေကို အများပြည်သူတွေ သိစေချင်ပါသည်၊...

Saturday, February 13, 2010

သီတဂူစတား (sitagustar)
1 comment

တက္ကသိုလ်မုခ်ဦးနှင့် စစ်ကိုင်းတောင်က အမျိုးသမီး စွမ်းဆောင်ရှင်လေးတွေ
အမျိုးသမီးစွမ်းဆောင်ရှင်(အပိုင်း-၁၀)
ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊
ကာယေန ဝါစာ ဥဒ စေတသာ ဝါ။
သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်သည် ကိုယ်နဲ့နှုတ် စိတ်နဲ့မကောင်းမှု တစ်ခုခုကို ပြုသည်ဖြစ်အံ့ -
အဘဗ္ဗော သော တဿ ပဋိစ္ဆဒါယ -
အဲဒီပြုမိတဲ့ မကောင်းမှုကို သောတာပန်သည် မဖုံးကွယ်ဘူးတဲ့၊ ဖြောင့်ဖြောင့်ဖွင့်၍ ဝန်ခံတယ်၊ သောတာပန်ရဲ့ဂုဏ်ရည် ဟုတ်လား၊ စီးပွားရေးရာ ဖျက်ခံရင်ခံမယ်၊ ကိုယ်ကျင့်တရား အပျက်မခံဘူး၊ အသက်နဲ့ခန္ဓာ ဖျက်ဆီးတာခံချင်ခံမယ်၊ အသက်အသေခံမယ် ကိုယ်ကျင့်တရားသီလ အဖျက်မခံဘူး။
အဲဒါတွေလျှောက်ပြောတော့၊ ဟာ သောတာပန်ဖြစ်ရတာ ကောင်းလိုက်တာ၊ နင်ဘယ်လို တရားနာခဲ့သလဲ၊
ဒီလိုနာခဲ့တယ်၊
ဘယ်မှာလဲ၊ ပန်းသည်ကြီးအိမ်မှာ၊...

Wednesday, February 10, 2010

သီတဂူစတား (sitagustar)
No comments

သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ
ဖိတ်ကြားလွှာ
ဖိတ်ကြားအပ်ပါသည်
ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏
သက်တော်(၇၃)နှစ်ပြည့် ၀ိဇာယနအခါတော် ကုသိုလ်ကောင်းမှုမင်္ဂလာပွဲကို
ယခု ၁၃၇၁ခုနှစ် တပေါင်းလပြည့် (၂၇-၂-၂၀၁၀)နေ့တွင် ဆင်ယင်ကျင်းပမည် ဖြစ်ပါသောကြောင့်
အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း
ကောင်းမှုကုသိုလ်တော်ပွဲအားလုံးတွင် ပါဝင်တက်ရောက်ကြည်ညို ကုသိုလ်ယူကြပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်၊
အစီအစဉ်
တပေါင်းလဆန်း(၁၂)ရက်နေ့ (၂၄-၂-၂၀၁၀)နေ့
နံနက်(၈)နာရီအချိန်တွင် သီတဂူအရှင်ဒေ၀ိန္ဒာလင်္ကရာဘိဝံသ(M.A)ကို
ယခင်ကိန္နရာချောင် ယခု သဒ္ဓမ္မဝေဒဂူချောင်၏ ကျောင်းထိုင်တာဝန်ခံအဖြစ် တင်မြှောက် အပ်နှင်းခြင်း။
တပေါင်းလဆန်း(၁၃)ရက်နေ့ (၂၅-၂-၂၀၁၀)နေ့
နံနက်(၈)နာရီအချိန်တွင်
စစ်ကိုင်းမြို့နယ်၊...

Monday, February 08, 2010

သီတဂူစတား (sitagustar)
1 comment

သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး၏ အဓိပတိဆရာတော်နှင့် ထိုင်းနိုင်ငံ မဟာမကုဋ် တက္ကသိုလ်ကြီး၏ ပါမောက္ခချုပ်ဆရာတော်တို့ ၂၀၀၉ ခုနှစ် သီတဂူဆရာတော်ကြီး၏ မွေးနေ့တွင် အမှတ်တရ
ခုဇ္ဇုတ္တရာ
ပန်းဆက်သမ
အဲဒီတော့ သာမာဝတီတို့ငါးရာ ပရိသတ်ရေ ဘုရားဆီတရားနာဖို့ သွားခွင့်မရတော့ဘူး၊ နေ့စဉ်နေ့စဉ် သာမာဝတီထံကို ပရိသတ်ရေ ပန်းဆက်တဲ့တာဝန်ကို ယူရတဲ့ ခုနပြောထားတဲ့ ဘယ်သူများလဲ ခုဇ္ဇုတ္တရာ၊ နေ့စဉ်ပန်းဝယ်ပြီးတော့ ဆက်တဲ့ရှစ်ကျပ်ဖိုး၊ ရှစ်ကျပ်ဖိုး ပန်းဆက်တာ၊ တစ်ခုသောနေ့မှာ ပန်းရောင်းတဲ့ပန်းသည်ကြီးရဲ့ အိမ်မှာဘုရားနှင့်သံဃာကို ဆွမ်း ကပ်ကြတယ်။
အဲဒါ ခုဇ္ဇုတ္တရာက ပန်းဝယ်ဖို့သွားတယ်၊ တစ်အိမ်လုံးဆွမ်းပွဲတွေ အတွက်အလုပ်ရှုတ်နေတာကို တွေ့တော ဟာ ဒီအိမ်ကလူတွေ စည်လိုက်တာ ဘာများလဲ မေးကြည့်တော့ ပန်းသည်ကြီးကပြောတယ်၊...

Sunday, February 07, 2010

သီတဂူစတား (sitagustar)
2 comments
အခုတလော ရေပန်းစားနေတဲ့ ဘလော့ဂ်အကယ်ဒမီပါဘဲ။
http://www.mmblogpress.org/for-reg-concern/to-vote-mbaa2009/ အဖွဲ့ကနေ တဦးချင်းရဲ့ကိုယ်ပိုင် ဆန္ဒစနစ်နှင့် မဲပေးပြီး ဘလော့ဂ်တွေကို အမှတ်ပေးနေပါတယ်။ ဘာသာရေး၊ နည်းပညာ၊ သတင်း နှင့် သုတ စသည့်ဆိုဒ်များ အပိုင်းခွဲကာ ယှဉ်ပြိုင်စေပါတယ်။ မဲပေးပုံနည်းစနစ်တွေကို ကိုသံလုံငယ် (http://thanlonnge.info/) နှင့် ကိုညီနေမင်း (http://www.nyinaymin.com/) တို့ ဆိုဒ်တွေမှာ ကြည့်နိုင်ပါတယ်။
အဖွဲ့၏ရည်ရွယ်ချက်
ထိုအဖွဲ့၏ ရည်ရွယ်ချက်များသည်လည်း အလွန်မွန်မြတ်သည်ဟူ၍လည်း ယုံကြည်ထားပါသည်။ ဘာသာရေးအသိပညာ၊ နည်းပညာ၊ လူမှုရေး၊ ပရဟိတ စတာတွေကို တိုးတက်စေလိုတဲ့ စေတနာအရင်းခံနှင့် ဘလော့ဂ်အကယ်ဒမီ အစီအစဉ်လေး ပြုလုပ်ပေးတာလဲ ဖြစ်ပါတယ်။
ဘလော့ဂါရဲ့မျော်လင့်ချက်
ယှဉ်ပြိုင်တယ်ဆိုတဲ့အခန်းမှာလဲ ကောင်းတာရှိသလို ဆိုးကြိုးတွေလည်း ထွက်လာနိုင်တယ်ဆိုပေမဲ့ ဘလော့ဂါအားလုံးရဲ့ စိတ်နေသဘောထားများကို ယုံကြည်ပြီးသားဆိုတော့...

Sunday, February 07, 2010

သီတဂူစတား (sitagustar)
No comments
ပခုက္ကူဘိုးဘွားရိပ်သာ စိန်ရတုမဂ္ဂဇင်း စာမူဖိတ်ခေါ်
( ဒီဇင်ဘာ ၁ဝ-ရက်)
ဒေါ်ဦးဇွန်းတည်ထောင်ခဲ့သော ပခုက္ကူဘိုးဘွားရိပ်သာ၏ စိန်ရတုမဂ္ဂဇင်း ထုတ်ဝေမည်ဖြစ်၍ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ တစ်မျက်နှာဝတ္ထုတို၊ ဘာသာပြန်၊ ဟာသကာတွန်းများ ရေးသားပေးပို့နိုင်သည်ဟု နှိုးဆော်ကြော်ငြာထားကြောင်း
မဂ္ဂဇင်းစီစဉ်သူများထံမှသိရသည်။
စာမူများကို ၂ဝ၁ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နောက်ဆုံးထား၍ ဖိတ်ခေါ်ထားကြောင်းနှင့် စာမူကို ဒေါက်တာသက်လွင်(အမျိုးသားစာပေဆုရ) သပြေညို ဧည့်ရိပ်သာ၊ မြို့မလမ်း၊ အမှတ်(၇) ရပ်ကွက်ထံလည်းကောင်း၊ ဦးအောင်တင်(အောင်တင်သိုက်) ပခုက္ကူဦးအုံးဖေစာကြည့်တိုက် အုပ်ချုပ်ရေးမှူး ဖုန်း-ဝ၆၂-၂၁၈၂၄ ထံလည်းကောင်း၊ ဦးသောင်းရွှေ ပခုက္ကူဘိုးဘွားဂေဟာမှူး သံခိပ်ရပ်၊ အမှတ်-၃၊ ဖုန်း-ဝ၆၂-၂၁ဝ၁၄ ထံလည်းကောင်း၊ ဦးနေဦးမောင် အမှတ်
(၃)ရပ်ကွက်၊ ၆ လမ်း၊ စိုက်ပျိုးရေးဘဏ်အနီး ပခုက္ကူမြို့ထံလည်းကောင်း ပေးပို့နိုင် ကြောင်း အထက်ပါစီစဉ်သူများထံမှသိရသည်။
စီးပွားရေးလုပ်ငန်းရှင်များ...

Saturday, February 06, 2010

သီတဂူစတား (sitagustar)
No comments

အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၈)
Equanimity
ဘဝဆိုတာ ဒီလိုပဲကိုဗျ၊ ဟုတ်လား၊ တစ်ဘက်ကတော့Pushout လုပ်ပြီးတော့၊ တစ်ဘက်ကတော့ Wellcome ပေါ့ဗျာ၊ တစ်ဘက်ကကြိုဆိုပါ၏၊ တစ်ဘက်ကတော့ ထွက်သွား၊ ဒီလိုဖြစ်တာ။ အဲဒါလူသားတွေရဲ့ဘဝမှာ ကောင်းဆိုး ဒီလိုမျိုးအတွဲလိုက်ပဲ ရှိတတ်တယ်၊ အကောင်းနဲ့တွေ့လို့လည်းပဲ လောဘတွေနဲ့ အသာရ သာယာပြီးတော့ မြောက်မနေဘဲနဲ့၊ အဆိုးနှင့် တွေ့ကြပြန်တော့လည်း စိတ်ပျက်ငြီးငွေ့ပြီးတော့ ဟုတ်လား၊ ဒီလိုပင်ပန်း၍ မနေကြပါနဲ့၊ နှစ်ခုကို မျှတစွာသုံးသပ်နိုင်ဖို့ရာတော့ ဒါတော်တော်အရေး ကြီးတဲ့အလုပ်တစ်ခု။
အဲဒီနေရာမှာတော့ အညီအမျှသုံးဖို့ဆိုလို့ရှိရင် ဒါကို ဥပေက္ခာ လုပ်ရမယ်၊ အကောင်းကိုပဲ မတပ်မက်ဘဲ အဆိုးကိုလဲ စိတ်မပျက်ဘဲ အဲဒီ နှစ်ခုကိုမျှတစွာ ပရိသတ်ရေ သဘောထားတာကို...

Thursday, February 04, 2010

သီတဂူစတား (sitagustar)
No comments

အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်ပ ကျောင်းသား ဦးရေ တစ်သိန်း (၁၀၀၀၀၀) ကျော်အထိ များပြားလာသည်ဟု မှတ်သားရပါသည်။
တက္ကသိုလ်ကြီးကို လင့်ခ်ထားသော ကောလိပ်ပေါင်း ၈၃ ခု ရှိပါသည်။ ပူနေးတက္ကသိုလ်ကြီးသည်လည်း ကျောင်းသား ဦးရေများလာတာနှင့်အမျှ ဌာန Department တွေလည်း တိုးချဲ့လာခဲ့ရာ ယခုနှစ် စာရင်းအရ ဌာနပေါင်း ၄၁ ခုရှိသည်။ ပြည်တွင်းပြည်ပ ကျောင်းသားဦးရေ မြားပြားလာသောကြောင့် စည်းကမ်း အသစ်တွေလည်း နှစ်စဉ် ပြောင်းလဲ တိုးတက် ပြုပြင်လာခဲ့ရာ ယခုနှစ်ကစပြီး အိန္ဒိယနိုင်ငံပြည်တွင်း ကျောင်းသားများသည် M.A တန်းပြီးပါက ရွေးချယ်ခွင့်များ အမျိုးမျိုး ရှိလာခဲ့သည်။ ဥပမာ-...

Wednesday, February 03, 2010

သီတဂူစတား (sitagustar)
2 comments

မက္ခရာ ရွှေစည်းခုံ စေတီတော်ကြီးသည် မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဧည့်ဗျကျေးရွာအုပ်စုရှိ မက္ခရာမြို့ဟောင်း ကျေးရွာတွင် တည်ထားသည်။ မူလဒါယကာသည် ပင်းယ ဥဇနာမင်းကြီးဖြစ်သည်။
ထိုရွှေစည်းခုံစေတီတော်ကြီးသည် ပျက်စီးယိုရွင်းပြီး အမှိုက်ပုံတွေများဖုံးအုပ်နေပါသည်မှာ နှစ်အတော်ကြာနေပြီဖြစ်ပါသည်။
ယခုအခါ ထိုစေတီတော်ကြီး ပြန်လည်ပြုပြင်မှုများ ပြီးစီးသွားပါသည်။ ထိုစေတီတော်ကြီး၏ ရွှေထီးတော်တင် လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယခုနှင့် ၂၉-၁-၂၀၁၀ တပို့တွဲလပြည့်နေ့တွင် ကျင်းပအောင်မြင်ခဲ့ပါသည်။ ထိုစေတီးတော်ကြီးကို သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့် ဒကာ ဒကာမများ စုပေါင်းပြီး မွန်းမံပူဇော်ခြင်းဖြစ်ပါသည်။
မက္ခရာမြို့ဟောင်းရှိ ရွှေစည်းခုံစေတီတော်ကြီးကို...

Monday, February 01, 2010

သီတဂူစတား (sitagustar)
No comments

ညခင်းရဲ့ ငယ်ငယ်က ပုံလေးတွေပါ၊ သူငယ်ငယ်တုန်းက အဲလိုပဲ ပေါင်မုန့်ပေါ်တက်ထိုင်တယ်၊ ရဲမှည့်နေတဲ့ ငရုပ်သီးတောင့် အပေါ်တောင် ခွစီးလိုက်သေးတယ်၊ ဟီးးးးးးးးးးး။။ အခုကျတော့လဲ သူမဟုတ်သလိုဘဲ စာတွေ ရေးနေလိုက်တာ ညခင်းနှင့်လမင်းရယ်လို့ ဖြစ်လာတယ်။
ဒီနေ့သည် ညခင်းနှင့်လမင်း http://www.nyahkinyaelamin.com/ဘလော့ဂ်လေးရဲ့ နှစ်နှစ်မြောက်ပြည့်ဖြစ်ပါတယ်။ အဲဒီအတွက် (Congratulation) ဂုဏ်ပြုပေးချင်စိတ်လေးဖြစ်ပေါ်လာပါတယ်။ ဘယ်လိုဂုဏ်ပြုပေးရမလဲ ဟတ်ပီးဘာသဒေး (happy birthday) ပဲ ဆိုပေးရမလားတွေးနေမိတယ်၊ နောက်ဆုံးတော့ သူရဲ့ ခရေဇီ (crazy ) အကြောင်းနှင့်ပဲ ဂုဏ်ပြုလိုက်ပါသည်။
သူ့ရဲ့ ခရေဇီအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ ပြောကုန်မည်မထင်။ သူဟာ ဘလော့ဂါ တစ်ယောက်လို့...
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...