အခုတလော ရေပန်းစားနေတဲ့ ဘလော့ဂ်အကယ်ဒမီပါဘဲ။
http://www.mmblogpress.org/for-reg-concern/to-vote-mbaa2009/ အဖွဲ့ကနေ တဦးချင်းရဲ့ကိုယ်ပိုင် ဆန္ဒစနစ်နှင့် မဲပေးပြီး ဘလော့ဂ်တွေကို အမှတ်ပေးနေပါတယ်။ ဘာသာရေး၊ နည်းပညာ၊ သတင်း နှင့် သုတ စသည့်ဆိုဒ်များ အပိုင်းခွဲကာ ယှဉ်ပြိုင်စေပါတယ်။ မဲပေးပုံနည်းစနစ်တွေကို ကိုသံလုံငယ် (http://thanlonnge.info/) နှင့် ကိုညီနေမင်း (http://www.nyinaymin.com/) တို့ ဆိုဒ်တွေမှာ ကြည့်နိုင်ပါတယ်။
အဖွဲ့၏ရည်ရွယ်ချက်
ထိုအဖွဲ့၏ ရည်ရွယ်ချက်များသည်လည်း အလွန်မွန်မြတ်သည်ဟူ၍လည်း ယုံကြည်ထားပါသည်။ ဘာသာရေးအသိပညာ၊ နည်းပညာ၊ လူမှုရေး၊ ပရဟိတ စတာတွေကို တိုးတက်စေလိုတဲ့ စေတနာအရင်းခံနှင့် ဘလော့ဂ်အကယ်ဒမီ အစီအစဉ်လေး ပြုလုပ်ပေးတာလဲ ဖြစ်ပါတယ်။
ဘလော့ဂါရဲ့မျော်လင့်ချက်
ယှဉ်ပြိုင်တယ်ဆိုတဲ့အခန်းမှာလဲ ကောင်းတာရှိသလို ဆိုးကြိုးတွေလည်း ထွက်လာနိုင်တယ်ဆိုပေမဲ့ ဘလော့ဂါအားလုံးရဲ့ စိတ်နေသဘောထားများကို ယုံကြည်ပြီးသားဆိုတော့ အကောင်းဘက်ကို ဦးတည်နေသည်ဟု ယုံကြည့်ပါသည်။ ဘလော့ဂါတိုင်းရဲ့ ရင်ထဲမှာတော့ အခွင့်အရေး (ဆု) ရဘို့ထက် ကိုယ့်ဖန်းတီးထားတဲ့ ဘလော့ဂ်လေးကို စာဖတ်ပရိသတ်က ဘယ်လောက်အသိအမှတ်ပြုသလဲ၊ သူတို့အတွက် ဘယ်လောက်အကျိုးများရသွားသလဲ ဆိုတဲ့ သူတို့ရဲ့ ပီတိစကားလေးတွေကိုပဲ ပိုပြီး မျော်လင့်ကြပါတယ်။
အွန်လိုင်းမှာ ညီမတစ်ယောက် ရဲ့ ဂျီမေးလ်မှာတင်ထားတဲ့ ‘‘အနိုင်’’ ဆိုတဲ့ကဗျာလေးကို အမှတ်ရမိပါတယ်။
အနိုင်
‘‘ကံ ခြင်းတူလျှင် ဥာဏ်ရှိသူက အမြဲအနိုင်ရ တယ်၊
ဥာဏ်ခြင်းတူလျှင် ၀ိရိယရှိသူက အမြဲအနိုင်ရတယ်၊
ဝီရိယရှိသူခြင်းတူလျှင် စည်းကမ်းရှိသူက အမြဲအနိုင်ရတယ်၊
စည်းကမ်းရှိသူခြင်းတူလျှင် စေတနာရှိသူက အမြဲအနိုင်ရတယ်၊
စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက အမြဲအနိုင်ရတယ်၊
ရိုးသားဖြောင့်မတ်သူခြင်းတူလျှင် အပြောချို သာသူက အမြဲအနိုင်ရတယ်၊
အပြောချိုသာ ဖို့ဆိုရင် မိမိမျက်နှာအများကြီးမူတည်တယ်လေ
ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင်(50%) က အလိုလို အောင်မြင်ပြီးသားပါ။’’
စေတနာအကယ်ဒမီ
သီတဂူစတားရဲ့ အမြင်ပေါ့၊ သီတဂူစတားတို့လို သာမန် (ပုထုဇဉ်) လူသားတစ်ယောက် အနေနှင့် အပြိုင်အဆိုင်ရှိလာပြီ ဆိုရင် ကိုယ်က သူများကို အနိုင်ရချင်ကြတာ သဘာဝပါ။ သို့သော်လည်း ထိုအနိုင်က ဘာလဲဆိုတာ အရေးကြီးပါတယ်၊ ဘလော့ဂ်အကယ်ဒမီ အရွေးခံရသည်ဖြစ်စေ မသိလို့ ကျန်ခဲ့သည်ဖြစ်စေ သိပ်အရေးမကြီးလှပေ။ ဘလော့ဂ်အကယ်ဒမီ ရဘို့ထက် လူသားတွေအတွက် အသိပညာ၊ ဗဟုသုတ၊ နည်းပညာ စတဲ့ အကျိုးပြုတွေကို ဘယ်လောက်ပေးနိုင်လဲ ဆိုတဲ့ စေတနာ အကယ်ဒမီသာ (စေတနာ ပထမ) ရဘို့ လိုသည်ဟူ၍ပင် ဖြစ်ပါသတည်း။
စေတနာ အကယ်ဒမီများ ဆွတ်ခူးနိုင်ကြပါစေ။
သီတဂူစတား
၇-၂-၂၀၁၀
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
6 years ago


Sunday, February 07, 2010
သီတဂူစတား (sitagustar)
Posted in:
2 comments:
ဒီကနေ့မှ ဘလော့အကယ်ဒမီဆုနဲ့ ပတ်သက်ပြီး 'သက်တန့်ချို' ဘလော့ကနေတဆင့် အသေးစိတ်ဖတ်ဖူးတာ ဘုရား။ ဘုန်းဘုန်းအပါဝင် ပြိုင်ပွဲဝင်သူများ အားလုံး ကိုယ်စိတ် နှစ်ပါး အေးငြိမ်းကြပါစေ လို့ ဆုတောင်း မေတ္တာပို့သပါတယ် ဘုရား။
ညီမရေ ဘုန်းဘုန်းက ပြိုင်ပွဲမ၀င်ပါဘူး၊ ဘုန်းဘုန်းဘလော့ကို ဘယ်သူစာရင်းထဲ ထည့်ပေးတယ်ဆိုတာလဲ မသိပါဘူး။ ဘုန်းဘုန်းလဲ သိတာ ၂ ရက်ရှိသေးတယ်။
Post a Comment