သီတဂူစတား

သီတဂူစတား

10 October 2010

ပြင်ချင်တာလေးတွေ ပြင်စေချင်

မိတ်ဆက်

ဒီစာလေးကတော့ မလေးရှားမှာနေသော မဇာခြည်နှင်းရေးသော ပို့စ်လေးဖြစ်ပါတယ်၊ မလေးရှားမှာ ဖြစ်တတ်တသည့် အခြေအနေများကို မြန်မာအမျိုးသမီးများအတွက် သိစေချင်သော စေတနာသန့်သန့်ဖြင့်ရေးသော အကြံပြုစာဖြစ်ပါတယ်။ မလေးရှားမှာဆိုသော်လည်း နိုင်ငံအသီးအသီး ရောက်ရှိနေကြသော မြန်မာအမျိုးကောင်းသမီးလေးများ အတွက်ရော မြန်မာ့မျိုးချစ်စိတ်ရှိသော မြန်မာအမျိုးသားများစွာ အတွက်ရော ကိုယ့်ဘာသာ ကိုယ့်လူမျိုးချစ်တတ်ဖို့ တပ်လန့် (သတိ) ပေးသည့် အကြံပြုစာလေးများ ဖြစ်ပါသည်။ ဘာသာရေး လူမျိုးရေး အကျိုးပြု ပညာပေးပို့စ်ဖြစ်သဖြင့် တင်ပေးလိုက်ပါသည်။ ပို့စ်ရေးပို့ပေးသော မဇာခြည်နှင်းအား အထူးကျေးဇူးတင်ပါသည်။

သီတဂူစတား
၁၀-၁၀-၂၀၁၀



ပြင်ချင်တာလေးတွေ ပြင်စေချင်

နိုင်ငံရပ်ခြား ကို ရောက်လာတဲ့ မြန်မာအမျိုးသမီးလေး တော်တော်များများရဲ့ အဖြစ်တွေကို တွေ့ရတာ တော်တော်လေး စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ကိုယ့် ဘက်ကလည်းကူညီပေးချင်ပေမယ့် တကယ့်လက်တွေ့မှာ ကူညီဖို့ ရန်အခက်အခဲတွေ အများကြီးရှိပါတယ်။

မြန်မာမလေးများနှင့် မလေးရှား

မလေးရှား ရောက်အချို့သော မြန်မာ အမျိုးသမီးများမှာ မြန်မာပြည်မှ မိကောင်းဖခင်များ၏ရင်သွေး ရတနာလေးများဖြစ်ကြပါတယ်။ မလေးရှားကိုရောက်လာချိန်မှာ အကြောင်းကြောင်းကြောင့် ပြောင်းလဲသွားကြခြင်းသာဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် နိုင်ငံရပ်ခြားကို ထွက်တော့မယ် ဆိုရင် မိဘတွေ အနေနဲ့ရော ကာယကံရှင်က ပါ အခြေအနေ အရပ်ရပ် ကို စုံစမ်းမေးမြန်းပြီးမှ တွက်စေချင်ပါတယ်။ ပထမဆုံး ကြုံတွေ့ ရတာ က ပွဲစားတွေရဲ့ လိမ်လည်ခံရမယ့်ပြဿနာပါ။ free calling လို့ပြောပြီး short visit နဲ့ထွက်လာ၊ ဒီဘက်ရောက်ရင် permit ပြောင်းပေးမယ် ပြောထားပြီး၊ ပွဲစားက ရှောင်နေတဲ့အတွက် over stay ဖြစ်သွား ကြရတာက တစ်မျိုး၊ calling visa နဲ့ထွက်လာပြီး ဒီဘက်ရောက်တော့ မှ ပြောထား တဲ့လစာ ထက်လျော့ခံရတာက တစ်မျိုး၊ အလုပ်ချိန်များနေတာ၊ အခန်းကျဉ်းလေးထဲ မှာ နှစ်ထပ်ကုတင် နဲ့ လူပေါင်း လေးယောက် (သို့) ခြောက်ယောက်ထားတာ၊ ထမင်း စားချိန် မှာ ထမင်း၊ ဟင်းသေသေချာချာ မကျွေးတာ၊ နေမကောင်းရင်လဲ ဆေးခန်းပြခွင့်၊ နားခွင့် မပေးတာ….စသည်ဖြင့် အခြားသော ပြဿနာ များလည်း ကြုံတွေ့ ကြရပါတယ်။

အဲဒါတွေ အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာပေါင်းမြောက်များစွာ ကိုလည်းကြုံတွေ့ ကြရပါတယ်။ ဒီလိုအချိန်တွေ မှာ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့ပြဿနာ အရပ်ရပ်ကို ဖြေရှင်းပေး နိုင်မယ့်၊ အကြံဥာဏ်ပေးနိုင်မယ့်လို့ ထင်ရတဲ့သူကို အားကိုးရှာပါတော့တယ်။ အဲဒီအချိန်မျိုးမှာ ကိုယ့် ကိုမောင်နှမသားချင်းလို ကူညီတဲ့သူရှိသလို အခွင့်အရေး လိုချင်လို့ ကူညီတဲ့သူလည်းရှိပါတယ်။ များသောအားဖြင့် အခွင့်အရေးယူတတ်သူနဲ့သာ တွေ့ကြရပြီး မလိုလားအပ်တဲ့ လူမှုရေးပြဿနာတွေနဲ့ ကြုံတွေ့ကြရပါတော့တယ်။ စားနေကျ ကြောင်ပါးများကလည့်း ဒီလိုအချိန်မျိုးမှာ ၀မ်းသာအားရ ကူညီကြပါတယ်။

အဆိုးဆုံး

အဆိုးဆုံး အဖြစ်က အိမ်ထောင် ရေး နဲ့ပက်သက်တဲ့ အမှား ပါပဲ။ မသိလို့မှားသည်ဖြစ်စေ၊ သိရက်နဲ့ မှားသည်ဖြစ်စေ အဲဒီ အမှားထဲက ရှန်းထွက်နိုင်အောင် ကြိုးစားသင့်ပါတယ်။ မှားလက်စ နဲ့ မထူးတော့ ပါဘူးဆိုပြီး ဆက်မှားနေတဲ့ အတွက် အမှားသံသရာမှာလည်နေကြပါတယ်။ မြန်မာ လူမျိုးအချင်းချင်းလည်း ကူညီစောင့် ရှောက်ရမည့်အစား ရေနစ်သူ ၀ါးကူ လို့ထိုးနေတဲ့ အဖြစ်တွေကလည်း အများကြီး ကြုံတွေ့နေ ရပါတယ်။ မှားနေတဲ့ သူကို အမှန်ရောက်အောင်လမ်းမပြပဲ အချွန်နဲ့ မ ပေးနေသူတွေ ကလည်းအများသား။ အပျို၊ လူပျို တွေ့ကြပြီဆိုလျှင်လည်း မိမိရဲ့ အဖော်ကို တကယ် လက်တွဲ နိုင်တဲ့ အိမ်ထောင်ဘက် အဖြစ် လက်တွဲနိုင်မှသာ အတူနေကြစေချင်ပါတယ်။ နိုင်ငံခြားမှာ ဘယ်သူနဲ့ နေ နေ ကိစ္စမရှိဘူးဆိုပြီး တစ်ယောက်ပြီး တစ်ယောက်ပြောင်းနေကြမယ်၊ ငွေကြေးအတွက် ခဏသာ အသုံးချတာပဲ လို့ အတွေးမျိုးတွေ ရှိနေရင် မိမိ လူတစ်ယောက်အဖြစ် ရပ်တည်နေခြင်း၏ တန်ဖိုးကို ပြန်လည်သုံးသပ်စေချင်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်အားလုံးဟာ ကိုယ့်နောက်ကို ထပ်ချပ်မကွာလိုက်နေမှာပါ။ ကိုယ် ဘယ်လမ်းကိုလျှောက်နေ တာလဲ၊ ဘယ်လမ်းပေါ် ရောက်နေပြီလဲလို့ ပြန်တွေးကြည့်ရင်ကြောက်စရာပါ။ ဒီ အရိပ်ဟာ ကိုယ့် တစ်ယောက်တည်းပေါ် ကျရောက်မှာ မဟုတ်ပါဘူး။ ကိုယ့် မိဘ အသိုင်းအ၀ိုင်း၊ ကိုယ့်ရဲ့ သားသမီးမြေးမြစ် အထိ လိုက်မယ့် အရိပ် ဆိုတာ သတိထားစေချင်ပါတယ်။

ဒီဘ၀ အတွက် တင် မဟုတ် သံသရာ အထိ သယ်သွားရမယ့် အရိပ် အောက်မှ အတတ်နိုင် ဆုံးရုန်းထွက် နိုင်ကြမည် ဆိုလျှင် ဘယ်အချိန်၊ ဘယ်အခြေအနေ ဖြစ်ဖြစ် ရုန်းထွက်ဖြစ်သည့် အချိန်သည် အမှန်ဆုံးအချိန်ပင် ဖြစ်ပါတယ်။ ထို့ အတူ အိမ်ထောင်သည်များအနေဖြင့်လည်း မိမိ၏ မိသားစု ဂုဏ်သိက္ခာ ကို ထိမ်းသိမ်းသင့်ပါသည်။ ကိုယ့်ရဲ့ အတ္တ ၊ ကိုယ့်ရဲ့ ခံစားမှုကြောင့် မိသားစုတစ်စုလုံး စိတ်ဆင်းရဲ ကြရမည် ဆိုလျှင် မျှတမှုရှိပါရဲ့လား၊ ကိုယ့်တစ်ယောက်တည်းရဲ့ ခံစားချက်ကို အားလုံးရဲ့ စိတ်ဆင်းရဲမှုနဲ့ လဲရဲတဲ့ မိမိ ကိုယ်တိုင်ရောစိတ်ချမ်းသာမှု ဘယ်လောက် အတိုင်းအတာထိ ရမည်ထင်ပါသလဲ။ တစ်ယောက်ကိုတစ်ယောက် ငွေကြေးအရဖြစ်စေ၊ မည်သို့သော အကြောင်းကြောင့်ဖြစ်စေ အသုံးချတယ် ဟုဆိုလျှင် မိမိ ကိုယ်တိုင် အသုံးချခံနေရသည်ကို သတိပြုမိစေလိုပါတယ်။

တကယ်တော့ ကံဆိုတာ

ငွေကြေးနှင့် အကျင့်စာရိတ္တ၏ တန်ဖိုးသည်မည်သည့်နည်းနှင့်မျှ နှိုင်းယှဉ်၍ မရလောက်အောင် ကွာခြားလှပါသည်။ ဗုဒ္ဒဘာသာဝင်များ နေ့စဉ် စောင့်ထိန်းရမည့် အခြေခံသီလ ၅ ပါးတွင်ပါဝင်သော ကာမေသု မိစ္ဆာစာရာ ကံ ကိုလည်းနေ့စဉ် ကျူးလွန်နေသည်ကို သတိပြုမိစေချင်ပါတယ်။ ကျွန်ုပ်တို့ဗုဒ္ဒဘာသာမြန်မာလူမျိုး တော်တော်များများ အသုံးချနေသောစကားတစ်ခုမှာ အမှားများလုပ်ပြီးသောအခါတွင် မှားသွားမှန်းသိသော်လည်း ပြန်ပြင်ရန် မကြိုးစားဘဲ ကံတရားပေါ့လေ ဟုဖြေပြောပြောတတ်ကြပါတယ်။ အမှန်မှာ ကံ ဆိုသည်မှာ မိမိတို့ ကိုယ်တိုင်ပြုလုပ်ခဲ့သော၊ ပြုလုပ်နေသော အလုပ်များသာ ဖြစ်ပါတယ်။ အတိတ်ကံ အရ မှားသည် ဟုဆိုလျှင် လက်ရှိအချိန်တွင် အမှန်ကို ပြင်ယူသင့်တယ်လို့ ထင်ပါတယ်။ ယ္ခု လက်ရှိ လုပ်ရပ် ကောင်းပါမှ အနာဂါတ် သံသရာကောင်း ပါလိမ့်မယ်။ ထိုမိမိ၏ ကံတရားကို ပုံချကာ အမှားကိုမပြင်မှုကြောင့် လူအများ စိတ်ဆင်းရဲ ရသည့်အဖြစ်ကိုရောက်ရပါတော့တယ်။ ဒါ့အပြင် လူမျိုးခြားများ၏ အထင်အမြင်သေးခြင်းကိုလည်း ခံကြရပါ တယ်။ လူနည်းစု ရဲ့ အမှား ဟာ မြန်မာ လူမျိုးအားလုံးကို ထိခိုက် နစ်နာစေမှု ရှိပါတယ်။ လူတိုင်းအမှားတွေ လုပ်မိကြပါတယ်၊ လုပ်လည်းလုပ်နေကြဆဲပါ၊ သို့သော် မှားမှန်းသိ၍ ပြင်သူများမှာ အနည်း ငယ်သောအရေအတွက်မျှသာရှိပါတယ်။ ကျွန်ုပ်ကိုယ်တိုင်လည်း မှားခဲ့ဘူးပါတယ်။ ကြိုးစားပြီးလည်း ပြင်ခဲ့ပါတယ်။ ထို့အတူအားလုံးသော လူများလည်း အမှားများထဲမှ အမှန်ကို ပြန်ပြင်ချင်ကြလိမ့်မယ် လို့ထင်ပါတယ်။

နောက်မကျသေးပါ

ထို့ကြောင့် မထူးဇာတ်ခင်းနေသူများ၊ ပြင်ရန်ကြိုးစားနေသူများ၊ ပြင်ရန်မေ့လျော့နေသူများ၊ ပြင်ချင်သော် လည်း ပတ်ဝန်းကျင်မှ အတင်းအဖျင်းပြောမည်ကို ကြောက်ရွံ့နေသူများ၊ မှားမှန်းသိသော်လည်း ပြင်ရန်ခက်နေသူများ အားလုံး ယခုအချိန်မှ စ ပြင်ပါလျှင် နောက်မကျသေးပါဟု စေတနာထား၍ တိုက်တွန်းလိုက်ပါတယ်။

ဇာခြည်နှင်း
မလေးရှား
၂၅-၉၂၀၁၀

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes