နှစ်ပေါင်း ၂၆၀၀ ရှိ ဗုဒ္ဓယဉ်ကျေးမှုတစ်ခု
ယနေ့ ၁၃၇၄ခုနှစ် ဒုတိယ၀ါဆိုလပြည့်ကျော် (၁)ရက် ဗုဒ္ဓဘာသာရဟန်းတော်များ ၀ါဆိုဝါကပ်တဲ့ နေ့ဖြစ်သည်။ ယခုနှစ် အိန္ဒိယနိုင်ငံ ဘုံဘေ (မွမ်ဘိုင်း)မြို့ရှိ စောမယကောလိပ်မှာ မြန်မာရဟန်းတော် Ph.D ကျောင်းသား ၂၀ ခန့် ၀ါကပ်တော်မူကြသည်။ စာရေးသူသည် အိန္ဒိယပြည် ဘုံဘေမြို့ စောမယကောလိပ်တွင် ဒီနှစ် ၂၀၁၂ ခုနှစ်အတွက် ၀ါဆို ၀ါကပ်ခြင်းသည် နှစ်ကြိမ်မြောက် ဖြစ်သည်။ ကျောင်းသားရဟန်းတော်များ တစ်နေရာတည်းမှာ စုစည်းပြီး ဘုရားရှိခိုးခြင်း၊ ၀ါဆိုစည်းသက်မှတ်ခြင်း၊ ၀ါဆိုခြင်း၊ မေတ္တာပွားများကြခြင်း စသည့်အစီအစဉ်များအပြီး ဒေါက်တာအလောင်းအလျာ အရှင်အရိယဓမ္မရဲ့ အလှူ အဖျော်ရည်များ ဘုန်းပေးကြသည်။ဒုတိယအကြိမ် ၀ါဆိုခြင်း
ကြည်ညိုထိုက်သော သာသနာ
ရဟန်းတော်များ ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့တိုင်း ၀ါကပ်ရမည်ဆိုတဲ့ ကျင့်ဝတ် သို့မဟုတ် ယဉ်ကျေးမှုတစ်ခုသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၆၀၀ ရှိပြီဖြစ်သဖြင့် ရှေးဟောင်း ဓလေ့ ယဉ်ကျေးမှုဟု ဆိုက မမှားနိုင်။ ဘုရားရှင်ရဲ့သာသနာသည် လက်တွေ့ကျသော သာသနာဖြစ်ရုံတင်မက (သန္ဒိဋ္ဌိက) လူအကြည်ညိုခံ (ဧဟိပဿိက) (သုပ္ပဋိပန္န) စတဲ့ သာသနာဖြစ်၏ဟုလည်းဆိုနိုင်သည်။ ထို့ကြောင့်ပင် ၀ိနည်းတော်များကို လေ့လာကြည့်ပါက ဘုရားရှင်သည် ဥပဒေပညတ်သည့်အခါတိုင်း ရဟန်းတော်များ၏ လုပ်ရှားမှု ပြောဆိုမှုများကို လူဝတ်ကြောင်များ အပြစ်တင်သောကြောင့်သာ ဖြစ်သည်ကို တွေ့ရသည်။ မြတ်စွာဘုရားရှင်၏ သာသနာမူတစ်ခုကိုက အပ္ပသန္နာနံ ပသာဒါယ- သာသနာတော်ကို မကြည်ညိုသေးတဲ့ သူတွေ ကြည်ညိုလာအောင်၊ ပသန္နာနံ ဘိယျောဘာဝါယ- ကြည်ညိုလေးစားပြီးသား သူတွေကို ပိုပြီး သဒ္ဓါတရား ထက်သန်လာအောင် အသွင်အပြင် အပြောအဆို အမူအရာများ ရှိရပါည်။
ဥပမာ- ရဟန်းတော်များများ ၀ါတွင်းကာလ, မိုးရာသီအချိန်သည် ကောက်ပဲ သီနှံများ စိုက်ပျိုးရာ အချိန်ဖြစ်သည်။ စိမ်းစိမ်းစိုစို သော ကောက်ပဲသီးနှံများ အညွှန့်တလူလူ တက်လာချိန်ဖြစ်သည်။ ထိုအချိန်မှာ ရဟန်းတော်များသည် ဘုရားဖူးရန်သော်လည်ကောင်း၊ အခြားအကြောင်းများကြောင့်လည်ကောင်း လယ်ခင်း ယာခင်းများကို ဖြတ်ပြီး ခရီးကြွကြသဖြင့် အညွှန်တလူလူတက်နေသော စိုက်ပျိုးခင်းများကို နှင်းမိသည်၊ ယာပိုင်ရှင် လယ်ပိုင်ရှင်များက ကဲ့ရဲ့အပြစ်တင်ကြသည်၊ ထိုကဲ့ရဲ့သော လူများသည် ဗြဟ္မဏ၀ါဒ ရှိသူများဖြစ်ရာကား သစ်ပင်များ အသက်ရှိဟု ယူဆကြသည်။ ထို့ကြောင့် ရဟန်းများ သစ်ပင်များကို သတ်သည်ဟု စွပ်စွဲသည်၊ ဒီလိုအချိန်မှာ ငှက်ကလေးများသည်ပင် သူတို့အသိုက်ကလေးထဲမှာပဲ ဘယ်မှ မသွားပဲ နေကြသည်။ ဒီရဟန်းတွေကတော့ မိုးတွင်းတောင်မှ ကိုယ့်နေရာကိုယ် မနေနိုင်ကြဘဲ ခရီးသွားနေကြသည် ဟုသော လူတို့ကဲ့ရဲ့သော စကားကြောင့် ရဟန်းများ ၀ါတွင်း ဘယ်မှ မသွားရ ၀ါကပ်ရမည် ဟုသော အမိန့်ကို ဘုရားရှင် ထုတ်ပြန်လိုက်ရသည်။ ဤသည်ကို ကြည့်သောအားဖြင့် ဘုရားရှင်သည် လူဝတ်ကြောင်တွေကို အလေးထားသည်၊ သူတို့ရဲ့ အပြောအဆို မခံရအောင် သူ၏တပည့်တွေကို နေစေသည်။ လူဝတ်ကြောင်များ အပြစ်ပြောလာတိုင်း ရဟန်းတော်များအတွက် စည်းကမ်းဥပဒေများ သက်မှတ်ပေးရသည်။ ၀ိနည်းသည် သာသနာတော်၏ ခြံစည်းရိုးတံတိုင်းဖြစ်သည်၊ ရဟန်းတော်များ ၀ိနည်းတော်အတိုင်း နေပါက လူအများကြည်ညိုမှုကို ရရုံမက အန္တရာယ်မှလဲ ကင်းသည်၊ ချမ်းသာမည်။ မဂ်ဥာဏ်များ ရနိုင်မည်။ ဒါသည်ပင်လဲ သာသနာတော်၏ မူတစ်ခု ဖြစ်ပြန်သည်။
အဲဒီအချိန်ကစပြီး ၀ါတွင်း ၀ါကပ်ရခြင်းသည် ရဟန်းတော်များအတွက် ကျင့်သုံးရမည့် ကျင့်ဝတ်တစ်ခု ဖြစ်လာသည်။ ထိုကျင့်ဝတ်သည် ယနေ့အထိ အသက်ဝင်နေဆဲ ဖြစ်သည်၊ နှစ်ပေါင်း ၂၆၀၀ အထိ ထိုကျင့်ဝတ်ကို ထိမ်းထားနိုင်သည်မှာလည်း ရဟန်းတော်များ၏ ဂုဏ်ကို ပြသလိုက်ခြင်းပဲ ဖြစ်သည်။
ပြည်ပရောက် ပညာတော်သင် ရဟန်းတော်များသည်လည်း မိမိတို့ရောက်လေရာ နေရာအသီးသီးမှာ တစ်နေ့တည်း ၀ါကပ်တော်မူကြသည်ကို ကြည့်သောအားဖြင့် တစ်ကမ္ဘာလုံးရှိ ရဟန်းတော် ၁၅ သိန်းကျော်တို့သည် ထိုနေ့မှာပဲ ၀ါကပ်နေတော်မူကြမည်ကို အာရုံပြု ကြည်ညိုမိသည်။
ပထမအကြိမ် ၀ါဆိုခြင်းနှင့် ၀ါဆိုရခြင်း၏သမိုင်းနဲ့ ပတ်သက်ပြီး စာရေးသူ၏ဆိုက် ဤနေရာတွင် ကြည့်ရှုနိုင်သည်။
ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D မြန်မာရဟန်းတော် ၀ါဆိုသံဃာတော် ၂၁ ပါးတို့အား ဒီနေ့ စနေနေ့မှာပဲ ဒကာဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဋ္ဌေးတို့ မိသားစုက နေ့ဆွမ်းကပ်သည်။
ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D မြန်မာရဟန်းတော် ၀ါဆိုသံဃာတော် ၂၁ ပါးတို့အား ဒီနေ့ စနေနေ့မှာပဲ ဒကာဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဋ္ဌေးတို့ မိသားစုက နေ့ဆွမ်းကပ်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၈-၂၀၁၂
0 comments:
Post a Comment