ဘွဲ့နှင်းသဘင် ဖိတ်ခေါ်ခြင်း (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)
၂၀၁၃ နှစ်ကျင်းပမည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်အတွက် ၂၀၀၉-၁၀၊ ၂၀၁၀-၁၁၊ ၂၀၁၁-၁၂ ပညာသင်နှစ်တွင် အောင်မြင်ကြသော ဘီအေ (B.A) ကျောင်းသား/သူများအားလုံး အထူးသဖြင့် မိခင်တကသိုလ်မှ နိုင်ငံခြားသို့ ပညသင်ထွက်နေကြသော ကျောင်းသားများအားလုံး သိစေလိုပါသည်ဘုရား။ ဘွဲ့နှင်းသဘင်ရက် - ၁၃၇၄-ခုနှစ် တပေါင်းလဆန်း ၁၄ ရက် (ဆရာတော်ကြီး၏ ၇၆နှစ်ပြည့် မွေးနေ့အကြို) တွင် ကျင်းပပြုလုပ်ပါမည်။
အိန္ဒိယနိုင်ငံတက္ကသိုလ်အသီး၊ ထိုင်းနိုင်ငံတက္ကသိုလ်၊ သီရိလင်္ကာတက္ကသိုလ်များသို့ တက်ရောက် ပညာသင်ကြားနေကြသော ထိုနှစ်တွင် အောင်မြင်တော်မူကြသော ကျောင်းသား ကျောင်းသူအားလုံး မပျက်မကွက်လည်း တက်ရောက်စေလိုပါသည်။ ထိုနှစ်တွင် အောင်မြင်တော်မူကြသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပြည်တွင်း ပြည်ပကျောင်းသား အားလုံးကို အကြောင်းကြားပါသည်။
သီတင်းကျွတ်လပြည့်နေ့ နောက်ဆုံးထားလျက် အောက်ပါများအချက်အလက်များကို အောက်ပါ လိပ်စာအတိုင်းပေးပို့ဖို့ကြရန်ဖြစ်ပါသည်။
၁။ ဘွဲ့အမည်
၂။ ဓာတ်ပုံ ၂
၃။ အောင်သောခုနှစ်၊ ခုံနံပါတ်
၎။ မှတ်ပုံတင်နံပါတ်
၅။ ဆက်သွယ်ရန်လိပ်စာ တယ်လီဖုန်း
အတိသီတလမေတ္တာဖြင့်
ဒေါက်တာကိတ္တိဗလ
လထ/မော်ကွန်းထိန်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ
သီတဂူစတား
၁၁-၉-၂၀၁၂

Tuesday, September 11, 2012
sitagustar
Posted in:
0 comments:
Post a Comment