သီတဂူအာယုပါလ ကုသိုလ်ဖြစ်ဆေးခန်း (မြင်းခြံ)
မြင်းခြံမြို့ အာယုပါလ ကုသိုလ်ဖြစ်ဆေးခန်း ကို သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများက သိန်းပေါင်း ၃၅၀၀ (သုံးထောင် ငါးရာ) ကျော် အကုန်ကျခံ၍ ၁၃၇၄ ခု (၁-၉-၂၀၁၂) ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် ဖွင့်လှစ် လှူဒါန်းခဲ့သည်။(က) ဆေးရုံအဆောက်အဦး- ကျပ်သိန်းပေါင်း (၂၀၀၀) နှစ်ထောင်ကျော်
(ခ) ဆေးပစ္စည်းများ ကျပ်သိန်းပေါင်း (၁၅၀၀) တစ်ထောင့်ငါးရာကျော်
(ဂ) ဆေးရုံအဆောက်အဦး အလှူရှင်- ဦးစွန်တိတ်+ ဒေါ်လွမ် (အာရှတော်ဝင်နှင့် တော်ဝင်ဆေးခန်းပိုင်ရှင်) မိသားစု၊ ရန်ကုန်မြို့
ယခုဖွင့်လှစ်ပြီးသော သီတဂူ အာယုပါလကုသိုလ်ဖြစ်ဆေးခန်း (မြင်းခြံ)သည် သီတဂူသာသနာပြုအဖွဲ့၏ ၁၈ ခုမြောက် ဆေးရုံတော် အလှူဖြစ်သည်။ ထိုဆေးခန်း ဖွင့်အပြီးမှာပဲ နိုင်ငံခြား မျက်စိပါရဂူများနှင့် မြန်မာ မျက်စိပါရဂူများ၊ သီတဂူဆေးရုံဆရာ ဆရာမများက မျက်စိဝေဒနာရှင်ပေါင်း ၃၀၀ ကျော်ကို ခွဲစိပ်ကုသပေးခဲ့သည်။
မြင်းခြံထောင်အလှူ
တစ်ဆက်တည်း ထိုမေတ္တာ အခါတော်နေ့မှာပဲ မြင်းခြံမြို့ရှိ မြင်းခြံထောင်တွင် သီတဂူ ကရုဏာအလှူများ ပြုလုပ်သည်။ အကျဉ်းကျခံ ထောင်သားများနှင့် ၀န်ထမ်းများ အားလုံး ၁၀၀၀ (တစ်ထောင်) ကျော် တို့အား သိန်းပေါင်း ၅၀ အကုန်ကျခံကာ လှူဒါန်းရာဝယ် မန္တလေးသီတဂူ ကျောင်းအမကြီး ဒေါ်ညွှန့်ညွန့်အေးနှင့် သီတဂူဒေါက်တာမြတ်သူတို့က လှူဒါန်းကြသည်။ဆရာတော်ကြီး၏လမ်းညွှန်မှု့နှင့် မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမြအောင် ဦးဆောင်သော မျက်စိအထူးကု ဆရာဝန်များသည် ထောင်သားများအား မျက်စိ စစ်ဆေးပေးပြီး လိုအပ်သော ကုသမှု့တွေကို ပြုလုပ်ပေးခဲ့ပါသေးသည်။
ဆက်ရန် သီတဂူအလှူတော်များ
(၁) လွတ်လပ်ရေးနေ့တွင် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး၏ မွေးရပ်မေမြေ မကွေးတိုင်း နတ်မောက်မြို့တွင် စာသင်ကျောင်းဆောက်လုပ် လှူဒါန်းပွဲ ကျင်းပရန်ရှိသည်၊ ထိုစာသင်ကျောင်းကို ဘယ်လ်ဂျီယန်နိုင်ငံသား ဒေါက်တာ ဘူကူးက လှူဒါန်းမည်ဟု သိရသည်။(၂) အောက်တိုဘာ (၁၀)ရက် ၀န်းကျင်လောက်မှာပဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနားထောင်တွင် သီတဂူကရုဏာအလှူတော်ပွဲ ကျင်းပရန်ရှိသည်။
(၃) နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတွင် ကြီးကျယ်ခမ်းနားသော အလှူကြီးတစ်ခုရှိသည်။ ထိုပွဲတောင်တွင် မြန်မာနိုင်ငံမှ ဆရာတော်များ တပည့်ဒကာ ဒကာမများနှင် အခြားနိုင်ငံမှ ဆရာတော်များ (အပါး-၁၀၀)နှင့် အမေရိကန်ရှိ တက္ကသိုလ်များမှ ပညာရှင်များကို ဖိတ်မန်ကာ (က) 24.11.2012 Consecration and Inauguration Ceremony နှင့် (ခ) 25.11.2014 Buddhist Seminar and Interfaith Dialogue အစီအစဉ်တို့ကို ပြုလုပ်မည်ဟု သိရသည်။
(၄) ဒီဇင်ဘာလတွင် ရှမ်းပြည် မြောက်ပိုင်း နန်းခမ့် သီတဂူဆေးရုံဖွင့်ပွဲ အလှူရှိသည်။ (သီတဂူဆေးရုံအလှူတော်များ လှူဒါန်းရန် ဆရာတော်ကြီး၏ စိတ်တွင် စပြီး သန္ဓေတည်ရာမြို့ဖြစ်သည်။ ထိုသို့ သန္ဓေစိတ်ဖြစ်လာပုံကို ဤလင့်ခ်တွင် ရှိသည်။
သီတဂူဆရာတော်ကြီး၏ ဖွင့်လှစ်ပြီးဆေးရုံးများ
၁။ သီတဂူအာယုဒါနဆေးရုံစစ်ကိုင်းတောင်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းဒေသ
၁၉၈၉ ခုနှစ် ဖွင့်လှစ်သည်။
၂။ သီတဂူမြမေတ္တာ စက္ခုဒါန ဆေးရုံ
ပန်းတနော်၊ ဧရာဝတီတိုင်းဒေသ
၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်သည်။
၃။ သီတဂူစက္ခုဒါနဆေးရုံ
သီပေါမြို့၊ ရှမ်းပြည်နယ်
၂၀၀၈ နှစ်တွင် ဖွင့်လှစ်သည်။
၎။ သီတဂူစက္ခုဒါနဆေးရုံ
ကလေးမြို့။ စစ်ကိုင်းတိုင်း
၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်သည်။
၅။ သီတဂူအာရောဂျဒါနဆေးရုံ
စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေးတိုင်းဒေသ
၂၀၁၁ နှစ်တွင် ဖွင့်လှစ်သည်။
၆။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
နတ်မောင်မြို့၊ မကွေးတိုင်းဒေ
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၇။ သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
ဆားတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၈ ။ သီတဂူအာရောဂျဒါနဆေးရုံ
ရင်းငြိမ်၊ မွန်ပြည်နယ်။
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၉။ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
မင်းတပ်မြို့၊ ချင်းပြည်နယ်။
၂၇-၁၂-၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၁၀။ သီတဂူအာရောဂျဒါနဆေးရုံ
ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသ
၁၂-၂-၂၀၁၁ နေ့ ဖွင့်လှစ်သည်။
၁၁။ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ
ရန်ကုန်။
ဧပြီလ (၂၇) ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်သည်။
၁၂။ သီတဂူမေတ္တာဆေးရုံ
အင်းလေးဒေသ၊ ဟဲယားရွာမ၊ ရှမ်းပြည်နယ်။
၁၃။ သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ)
ဆေးရုံတော်ကြီးကို ယခုနှစ် ၂၀၁၁၊ နိုဝင်ဘာ (၁၄) ရက်နေ့တွင် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသအတွက် သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများ သွားရောက် ဖွင့်လှစ်ခဲ့သည်။
၁၄။ သီတဂူစက္ခုဒါနဆေးရုံ (မြစ်ကြီးနား)
(၀၂-၁၁-၂၀၁၁)-ရက်နေ့ မြစ်ကြီးနားတွင် ဖွင့်ပွဲ ကျင်းပမည်။(၀၅-၁၁-၁၁)-ရက်နေ့တွင် ကချင်ပြည်နယ်, ပူတာအို ဆေးရုံတွင် ဆေးရုံပစ္စည်းများ လှူဒါန်းပါမည်။
၁၅။ သီတဂူတက်လမ်းစက္ခူ့ဒါနဆေးရုံ (လွိုင်ကော်)ကို
(၂၀-၁၂-၂၀၁၁)နေ့ မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာရ၀တီကျောင်းတိုက်ရှိ ဆေးရုံတည်နေရာတွင် ဖွင့်လှစ်ကျင်းပပါသည်။
၁၆။ အမှတ်စဉ် (၁၆) သီတဂူသုမေဓာဆေးရုံ
ပန်းတနော်မြို့ အစုကြီးကျေးရွာတွင် သီတဂူသုမေဓာဆေးရုံ ဆောက်လုပ်ထားသည်။
(ရသမျှသတင်းတို့ကို သီတဂူစတား စုစည်းတင်ပြသည်။)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၉-၂၀၁၂


Wednesday, September 05, 2012
sitagustar


Posted in:
0 comments:
Post a Comment