
Wednesday, September 26, 2012

sitagustar
No comments
သီတဂူ အထူးကြေငြာချက်
Dear All,
Here is the "Important Announcement" that the Consecration
& Inauguration of the
Shwe Si Khom Pagoda in Austin, Texas has to be
postponed to 6th & 7th April, 2013.
ဓမ္မမိတ်ဆွေ အပေါင်းတို့
ခင်မင်လေးစားစွာ
ကြေငြာအပ်ပါသည်။
သီတဂူဗုဒ္ဓ၀ိဟာရ (အော်စတင်၊ တက္ကဆက်ပြည်နယ်၊
အမေရိကန်ပြည်ထောင်စု) တွင် တည်ဆောက်ပြီးသော ရွှေစည်းခုံစေတီတော်ကြီး၏ ဗုဒ္ဓါဘိသေက
ဗုဒ္ဓပူဇာအနေကဇာတင်ပွဲတော်ကို ၂၀၁၂ နိုဝင်ဘာလ ၂၄-၂၅ တွင်ကျင်းပမည်ဟု စီစဉ်ထားပြီး
ဖိတ်စာများလဲ ပို့ထားပြီး ဖြစ်သည်။ သို့သော်လည်း မလွဲသာ မရှောင်သာ
အကြောင်းများကြောင့် ထိုပွဲတော်ကို ရက်ရွှေ့လိုက်ပါသည်။
တက္ကဆက်ပြည်နယ်သည်
တောမီးလောင်တတ်သော ဒေသဖြစ်၍ သီတဂူဗုဒ္ဓ၀ိဟာရကိုလည်း မီးကာကွယ်ရေး စနစ် (Wild Fire
Protecting System) များ တပ်ဆင်ရန် မီးသတ်ဌာနမှ ညွှန်ကြားထားပါသည်၊ အဆောက်ဦးပေါင်း
၅၀ ခန့်ရှိသော သီတဂူဗုဒ္ဓ၀ိဟာရမှာ မီးသတ်ရေကန် (တိုင်ကီ) ရေပိုက်လိုင်း၊
ရေငုတ်တိုင်၊ အဆောက်ဦးများ၏ မျက်နှာကြပ်မှာ ရေပန်းများ တပ်ဆင်ရန်
ညွှန်ကြားထားပါသည်။ ထို့အတွက် Fire Security System တည်ဆောက်ရန် အနည်းဆုံး သုံး (၃)
လ အချိန်ပေးရမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ Consecration and Inauguration ပွဲတော်ကို
၂၀၁၃ ဧပြီလ ၆-၇ ရက်နေများသို့ ရွှေ့ဆိုင်းလိုက်ပါကြောင်း ရင်းနှီးစွာ ကြေငြာ
အသိပေးအပ်ပါသည်။ ခရီစဉ်ရေးဆွဲပြီး၊ လေယာဉ်လက်မှတ် ၀ယ်ယူပြီး၊ ဗီဇာရထားပြီး
ပုဂ္ဂိုလ်များ အားလုံး၏ အဆင်မပြေမှုများကို သည်းခံခွင့်လွတ်ကြပါရန်
မေတ္တာရပ်ခံပါသည်။
မှတ်ချက်။ ။ ဗီဇာများ ပြင်ဆင်နိုင်ရန် ၂၀၁၃
ဇန်န၀ါရီလအတွင်း ဖိတ်စာများ ထပ်မံပို့ပါမည်။
ကိုယ်စိတ်နှစ်ပါး
ချမ်းသာကြပါစေသီတဂူဆရာတော်၂၆-၉-၂၀၁၂
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၉-၂၀၁၂
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
0 comments:
Post a Comment