အောင်ဆန်း တကယ် မသေ သေးဘူး
by သီတဂူဆရာတော်
by သီတဂူဆရာတော်
“အောင်ဆန်း”ကွန်ပျုတာ ဖွင့်လှစ်ပွဲ
မကွေးတိုင်း၊
နက်မောက်မြို့၊ ဗိုလ်ချုပ်မွေးရပ်မြေ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့်
ထိုမြို့ရှိ ဗိုလ်ချုပ်အမှတ်တရ အထက (၁) အခြေံပညာ အထက်တန်းကျောင်းတွင်၊
ကွန်ပျူတာကျောင်းဆောင်နှင့် ကွန်ပျူတာများကို ကျပ်သိန်း ၁၆၀၀
(တစ်ထောင့်ခြောက်ရာ)ကျော် အကုန်ကျခံ၍ သီတဂူဆရာတော်ကြီးနှင့် ဘယ်လ်ဂျီယံအလှူရှင်
အထွေထွေခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဘိုကုတို့က
မတည်လှူကြသည်။
(ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်စဉ်)
တက်ရောက်လာသော လူကြီးမင်းများ
ဒီကနေ့ ၂၈-၃-၂၀၁၃ နေ့၊ မနက်ကပဲ သီတဂူဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့၊ အလှူရှင် ဒေါက်တာဘိုကု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ထိုကျောင်းဆောင်သစ်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။ ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲသည် ကမ္ဘာကျော်ပုဂ္ဂိုလ်များနှင့် ဒေသခံ မြို့မိ မြို့ဖများ စည်ကားလျှက်ရှိသည်။

(အခမ်းအနား မစမီ သီတဂူဆရာတော် သြ၀ါဒတရားချီးမြင့်)
(မင်္ဂလာအခါတော်အချိန်ကျရောက်ပါပြီ)
(ဒေါ်အောင်ဆန်းစုကြည်နှင့် အလှူရှင် ဖဲကြိုးဖြတ် ဖွင့်လှစ်)
ဆရာတော်ကြီး၏
မှာကြားချက်များ
“ထိုကျောင်းအတွက် တပ်ဆင်လှူဒါန်းထားသော ကွန်ပျူတာများကို ထိုကျောင်းကပဲ အသုံးပြုရန်ဖြစ်သည်၊ မည်သည့်ကျောင်း၊ မည်သည့် အခမ်းအနားအတွက်ကိုမှ ငှါးရမ်း ထုတ်ယူ မသုံးစွဲကြရန်”ကိုလည်း သီတဂူဆရာတော်ကြီးက မှာကြားသည်။
ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် လှူဒါန်းဖွင့်လှစ်ပွဲသို့ တက်ရောက် အားပေးသော ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်အား ကျေးဇူးတင်ကြောင်း မိန့်သည်၊ ကျောင်းသား ကျောင်းသူများနှင့် ကြွရောက်လာကြသော ပရိသတ်အား “အသက်ရှင်သမျှကာလပက်လုံး သင်ယူကြရန်၊ သင်နေသမျှ ကာလပတ်လုံး အသက်ရှင်နေရန်”ကို သီတဂူဆရာတော်ကြီးက မိန့်ကြားခဲ့သည်။ ထိုမိန့်ကြားချက်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်က လူထုအား ပြန်လည် ဟောကြားခဲ့သည်။

(ဆရာတော်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ အလှူရှင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်)
(ဆရာတော်နှင့် သီတဂူကျောင်းအမများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်)
(ဆရာတော်နှင့် ဆရာ ဆရာမများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်)
ဗိုလ်ချုပ်မသေသေး
“အောင်ဆန်းကို လုပ်ကြံခံရလို့ သေပြီဆိုတာ တကယ် မဟုတ်ဘူး၊ အောင်ဆန်း ရှင်နေဆဲ၊ အောင်ဆန်း အသက်ရှင်နေတာကို သိချင်ရင် အောင်ဆန်းစုကြည်ကို ကြည့်လိုက်၊ အဲလို အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်ကို ဆက်လက် အသက်ရှည်အောင် ဒို့တတွေ ၀ိုင်းလုပ်ကြရမှာ။” ဟု နက်မောက်မြိ့၊ “အောင်ဆန်း”ကွန်ပျူတာကျောင်းဆောင်ဖွင့်ပွဲ အပြီးတွင် သီတဂူဆရာတော်မိန့်သည်။
လွန်ခဲ့သော နှစ်က ထိုမြို့မှာပဲ သီတဂူဆရာတော်ကြီးနှင့် တပည့်များက သီတဂူဒီပင်္ကရာစက္ခုဒါန ဆေးရုံကြီးတစ်ခု ဆောက်လုပ် လှူခဲ့ပြီးဖြစ်သည်။
(အခမ်းအနားအပြီး လူထုအား မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်)
(ဓာတ်ပုံနှင့် သတင်းများကို ဗီဒီယိုနှင့်ကင်မရာမင်း
သီတဂူထိန်လင်းဦးထံမှ ရယူသည်)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၃-၂၀၁၃
သီတဂူစတား
၂၈-၃-၂၀၁၃
0 comments:
Post a Comment