
Sunday, March 24, 2013

sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံ (မင်းတပ်မြို့)
မျက်စိအလှူတော်
(သီတဂူသူနာပြု မျက်စိစမ်းသပ်၊ ဆေးထည့်ပေးနေစဉ်၊)
သီတဂူစက္ခုဒါနဆေးရုံ
(မင်းတပ်)ကို ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ၂၇-၁၂-၂၀၁၁ နေ့က
သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့် ဒကာ ဒကာမများက ဖွင့်လှစ်ပေးခဲ့သည်။ ထိုဆေးရုံတွင်
နှစ်စဉ်နှစ်တိုင်း ထိုဒေသရှိ ရပ်ဝေး ရပ်နီးမှ မျက်စိအလင်းလိုသူများနှင့် မျက်စိ
ဝေဒနာရှင်များကို မြန်မာနိုင်ငံ (အထက်၊အောက်) ရှိ မျက်စိပါရဂူဆရာဝန်ကြီးများနှင့်
ပြည်ပမှ မျက်စိပါရဂူဆရာဝန်ကြီးများက လာရောက် မျက်စအလင်းများ ပေးသည်၊
မျက်စိဝေဒနာများ ကုသပေးသည်။
ယခုနှစ်အစီအစဉ်
သီတဂူမျက်စိအထူးကုအဖွဲ့သည်
၁၆-၃-၂၀၁၃မှ ၁၉-၃-၂၀၁၃ ရက်အထိ မျက်စိလူနာပေါင်း ၂၇၁၀ကို စမ်းသပ်စစ်ဆေးပြီး
(၆၂၈)ယောက်ကို ခွဲစိတ်ပြီး မျက်စိအလင်းများ အလှူဒါနပြုခဲ့သည်။ ထိုအဖွဲ့ကို
သီတဂူဆရာတော်ကြီး ဦးဆောင်ကာ မျက်စိဆရာဝန်ကြီး ဒေါက်တာ သိန်းမြင့်၊
ပရော်ဖက်ဆာဦးမြအောင်၊ ပရော်ဖက်ဆာ ဒေါက်တာဒေါ်မြင့်ခိုင်နှင့် သီတဂူအာယုဒါနဆေးရုံ
(စစ်ကိုင်း)မှ ဒေါက်တာမိမိခင်နှင့် ကျွမ်းကျင်သူနာပြုဝန်ထမ်း(၁၃)ယောက်တို့က
မျက်စိစမ်းသပ်ခြင်း၊ ဆေးပေးခြင်း စတဲ့ ကြိုတင်စမ်းသပ်မှုများ ပြုလုပ်ပေးဖြင့်
လုပ်အားဒါနပြုကြသည်။
(မျက်စိခွဲစိပ်ရန် စောင့်နေသော ချင်းအမျိုးသား)
(သတင်းနှင့်ဓာတ်ပုံများကို ဗီဒီယိုကင်မရာ သီတဂူထိန်လင်းဦး
ဖေ့ဘုတ်မှရရှိသည်။)
Posted in: သီတဂူဆေးရုံများ
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
0 comments:
Post a Comment