သီတဂူဆရာတော်မွေးနေ့ပွဲ (ဘုံဘေ)
ဒီကနေ့ဟာ တပေါင်းလပြည့်ဖြစ်သည်၊ သီတဂူဆရာတော်ကြီး၏ (၇၆)နှစ်ပြည့် မွေးနေ့ ဖြစ်သည်။ ဒီကနေ့ဆိုရင် ဆရာတော်ကြီး၏ မွေးနေ့ပွဲကို အကြောင်းပြုပြီး စစ်ကိုင်းမှာ သံဃာ အပါး (၁၀၀၀) တစ်ထောင် သံဃာဒါန အလှူပွဲကြီးကျင်းပသည်၊ မနေ့က တပေါင်းလဆန်း (၁၄) မက်လ ၂၅ ရက်နေ့က သီလရှင် ဆရာလေး အပါး (၁၀၀၀) တစ်ထောင် လှူတဲ့ပွဲ ကျင်းပခဲ့သည်။
( Happy Birthday ကိတ်ပြင်ဆင်)
ဘုံဘေက သီတဂူဆရာတော်ကြီး မွေးနေ့
သီတဂူဆရာတော်ကြီး၏ မွေးပွဲအထိမ်းအမှတ်အနေနဲ့ နယ်နယ်ရပ်ရပ်ရှိ တပည့်များက မိမိတို့ နေရာအသီးသီးမှာ မွေးနေ့အလှူများ ပြုလုပ်ကြသည်။ အလားတူ အိန္ဒိယနိုင်ငံ၊ ဘုံဘေ (မွမ်ဘိုင်း)မြို့တွင် Ph.D အတွက် စာတမ်းပြုစုနေကြသော သီတဂူတပည့်များက ဆရာတော်ကြီးကို ပူဇော်သောအားဖြင့် မွေးနေ့အလှူ လုပ်ကြပါသည်။ ပြည်ပရောက် Ph.D ကျောင်းသားများအား တစ်နေ့တာ အလှူ ပြုလုပ်ပါသည်။
(ဒီနေ့ မွေးနေ့အတွက် အလှူရှင်တွေကတော့ ဘုံဘေမြို့ရှိ သီတဂူတပည့်များ)
အကောင်းဆုံးပူဇော်ခြင်း
တကယ်တော့ ဒီလိုအလှူမျိုးက image
(အမြင်)အနေနဲ့ ပူဇော်ပွဲလို့ ပြောလို့ရပါတယ်၊ အကောင်းဆုံးပူဇော်နည်းမဟုတ်စေကာမူ
ဆရာတော်ကြီး၏ သာသနာနှင့် တိုင်းပြည်အတွက် အလုပ်လုပ်ခြင်းနှင့် သီလဂုဏ် သမာဓိဂုဏ်၊
ပညာဂုဏ်တို့ကို အာရုံပြု၍ ပြုလုပ်သော အလှူသည်ကား ဒါနမင်္ဂလာအပြင် ဂါရ၀မင်္ဂလာ၊
နိဝါတမင်္ဂလာ စတဲ့ မင်္ဂလာတွေ ရရှိပါတယ်။
ဆရာတော်ကြီး၏ သွန်သင်ဆုံးမခဲ့သည်အတိုင်း
လိုက်နာ ကျင့်သုံးနေသူတွေအတွက်ကတော့ ဆရာတော်ကြီးကို အကောင်းဆုံး
ပူဇော်ခြင်းမည်ပါသည်။ မြတ်စွာဘုရား၏ “ ငါ့ဘုရားရှင်ကို ပန်းနံ့သာ စသော အလှူတွေနဲ့
ပူဇော်တာထက်၊ ငါ့ဘုရားရှင်အဆုံးအမတိုင်း လိုက်နာ ကျင့်သုံးခြင်းက ငါ့ဘုရားကို
အကောင်းဆုံး ပူဇော်ရာရောက်၏” ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမတိုင်း တပည့်ကောင်းဖြစ်ဖို့
ဆရာ့ရဲ့ လမ်းညွှန်မှုကို လက်တွေ့ကျကျ ကျင့်သုံး အလုပ်လုပ်နေခြင်းဖြင့် အကောင်းဆုံး
ပူဇော်နိုင်ကြပါစေသတည်းးးး။
(သူငယ်ချင်းတွေ မွေးနေ့အတွက် စီစဉ်ထားစဉ်)
Happy Birthday Sayadaw! May you be happy, healthy
and long life!
ဆရာတော်ဘုရား---မွေးနေ့ပေါင်းများစွာ အလှူဒါနများ ပြုလုပ်နိုင်ပါစေ၊ သာသနာနှင့်တိုင်းပြည်၊ ကမ္ဘာသူ ကမ္ဘာသားများ အေးချမ်းသော ဘ၀ကို ပိုင်ဆိုင်နိုင်ကြဖို့ အေးချမ်းတဲ့ ဓမ္မတွေ ဆထက်တိုး၍ ကျန်းမာစွာ ဟောပြော၊ ဝေငှနိုင်ပါစေ။
ဆရာတော်ဘုရား---မွေးနေ့ပေါင်းများစွာ အလှူဒါနများ ပြုလုပ်နိုင်ပါစေ၊ သာသနာနှင့်တိုင်းပြည်၊ ကမ္ဘာသူ ကမ္ဘာသားများ အေးချမ်းသော ဘ၀ကို ပိုင်ဆိုင်နိုင်ကြဖို့ အေးချမ်းတဲ့ ဓမ္မတွေ ဆထက်တိုး၍ ကျန်းမာစွာ ဟောပြော၊ ဝေငှနိုင်ပါစေ။
အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့ရှိ သီတဂူဆရာတော် တပည့်များ
၁။ အရှင်ကောဝိဒသိရီ (သီတဂူစတား)
၂။ အရှင်မေဓာနန္ဒ
၃။ အရှင်သြသဓာလင်္ကာရ
၎။ အရှင်ခေမာစာရာလင်္ကာရ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၃-၂၀၁၃
၁။ အရှင်ကောဝိဒသိရီ (သီတဂူစတား)
၂။ အရှင်မေဓာနန္ဒ
၃။ အရှင်သြသဓာလင်္ကာရ
၎။ အရှင်ခေမာစာရာလင်္ကာရ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၃-၂၀၁၃
0 comments:
Post a Comment