သီတဂူစတား

သီတဂူစတား

13 March 2013

သီလနဲ့ပညာ ဟန်ချက်ညီစေ (ပန်းကဗျာ)

သီလနဲ့ပညာ ဟန်ချက်ညီစေ
 (ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟာချူလာလောင်ကွန်တက္ကသိုလ် အဓိပတိဆရာတော်ကြီးက  သီတဂူဆရာတော်ကြီးအား စာပေပါရဂူ Ph.D ဒေါက်တာဘွဲ့ ဆက်ကပ်စဉ်)

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး၏ ၁၃၇၄ခုနှစ် တပေါင်းလပြည့် (၂၆-၃-၂၀၁၃)နေ့တွင် ကျရောက်သည့် သက်တော်(၇၆)နှစ်ပြည့် မွေးနေ့မင်္ဂလာ၌ တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ပူဇော်ပါသည် ဘုရား………

“သီတဂူအဓိဋ္ဌာန်”

ငါတို့ဖြစ်ရ၊ ဤလောက၀ယ်
ဘ၀သမိုင်း၊ မရိုင်းစေရန်
စိတ်မန်မချ၊ မာနမပါ
ဒို့စွမ်းရာဖြင့်
ဒို့သာသနာ
ဒို့ပြည်ရွာကို
သာယာစေမှု၊ လုံ့လပြုအံ့။


အထက်ပါ အဓိဌာန်အတိုင်း ဆရာတော်ကြီးသည် ”ဘ၀သမိုင်း မရိုင်းစေရန်” စာသားအတိုင်း ဘ၀သမိုင်းမရိုင်းအောင် တိုင်းပြည်နဲ့သာသနာအတွက် ကောင်းတဲ့လုပ်ငန်းမှန်သမျှကို လုပ်ခွင့်ရသလောက်၊ လုပ်နိုင်သလောက် ဆောင်ရွက်လျှက်ရှိပါသည်။ ဆရာတော်ကြီးသည် မိမိခန္ဓာ ကျန်းမာသရွေ့ လူမျိုးဘာသာ သာသနာအတွက် ရေအလှူတော်များ၊ ဆေးရုံအလှူတော်များ၊ တက္ကသိုလ်အလှူတော်များ၊ ပညာရေးအလှူတော်များ၊ ကျန်းမာရေးအလှူတော်များ၊ သဘာဝဘေးဒဏ်အတွက် အလှူတော်များ စသည် စသည်အားဖြင့် ပြုလုပ်အားထုတ်ခဲ့သည်မှာ သက်တော် ၇၆ နှစ်ပင် ရှိလာပြီဖြစ်သည်။

သီတဂူဆရာတော်ကြီးသည် ဆေးရုံစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိရာ ယခုဆိုလျှင် မြန်မာနိုင်ငံရှိ ပြည်နယ်ဒေသကြီးများနှင့် တိုင်းဒေသကြီးများတွင် တည်ဆောက်ဖွင့်လှစ်ပြီးဆေးရုံ (၂၀) ခုရှိပါသည်။ ဆရာတော်ကြီး၏ တရာတော်များမှ၊ တရားဓမ္မအဆုံးအများ သာမက အသိဥာဏ် ဗဟုသုတများ နာယူမှတ်သားစရာများစွာ ပါရှိပါသည်။ “သီလသည်သာ လူသားတို့၏ ဘ၀တရား”…ဟူသော ဆရာတော်ကြီး၏ တရားတော်တွင် ငါးပါးသီလစွမ်းရည်နှင့် ပတ်သက်သော ဗဟုသုတများစွာ ရရှိခဲ့ပါသည်။ ထို့ကြောင့် သီလရဲ့ စွမ်းရည်သတ္တိ သီလရဲ့ .. ကိုယ်ကျင့်တရားကို စောင့်ရှောက်ထိန်းသိမ်းချင်စိတ်ပေါက် အောင်..

“လူမှာလည်း သီလလောက် တကယ်စစ်မှန်တဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အရာဝတ္တူ မရှိပါဘူး…”.
“သီလ သည် နတ်ပြည်တက်ဖို့ စောင်းတန်း၊ သီလ မရှိရင် နတ်ပြည်တက်ဖို့ စောင်းတန်းမရှိသလိုပါပဲ”
“အထက်တန်းဘ၀ကို တက်လှမ်းဖို့ရာ လှေကားဟာ သီလပါပဲ…. သီလမရှိရင် ဘယ်လူမျိုးရဲ့ ဘယ်ဘ၀ပဲဖြစ်ဖြစ် ဘ၀ အထက်တန်းကိုရောက်စရာ မရှိပါဘူး”။
“သီလဆိုတာ လူသားတိုင်းရဲ့ ဘ၀ကိုမြှင့်ပေးတဲ့ ဘ၀အထက်တန်းကို ရောက်စေနိုင်တဲ့ စည်းကမ်းပါပဲ…”
“သီလဆိုတာ….ကိုယ်အမူအရာနဲ့ နှုတ်အမူအရာကို စောင့်ရှောက်တဲ့ စည်းကမ်းပါပဲ “ ဟူသော အချက်များဖြင့် သီလကို အထူး စောင့်ထိန်းရန်အတွက် တရားတော်ထဲတွင် ထည့်သွင်း ဟောကြားခဲ့ပါသည်။
နေ့စဉ် မိမိတို့ စောင့်ထိန်းနေသော…….ငါးပါးသီလ ထဲမှ ကာယကံ၊ ၀စီကံဖြင့် လိုက်နာ ဆောင်ရွက်သင့်သည်များကိုလည်း ဟောပြောညွန်ကြားခဲ့ပါသည်။

ပါဏာတိပါတာ= သူတပါး၏အသက်ကို သတ်ဖြတ်ခြင်းမှရှောင်ကြဉ်ပါ၏(ကာယကံအား စောင့်ထိန်းခြင်း)

အဒိန္နာဒါနာ= ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏)(ကာယကံအား စောင့်ထိန်းခြင်း)

ကာမေသုမိစ္ဆာစာရာ= (ကာမဂုဏ်အမှားအယွင်းကင်းခြင်းမှ ရှောင်ကြဉ်ပါ၏)( ကာယကံအား စောင့်ထိန်းခြင်း)

မုသာဝါဒါ=( မဟုတ်မမှန် မှားမှားယွင်းယွင်း ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏) (၀စီကံ အား စောင့်ထိန်းခြင်း)
ဝစီကံ ပါးစပ်ကိုထိန်း တဲ့ စည်းကမ်းကိုလည်း လိုက်နာစရာ အောက်ပါအချက်များအတိုင်း အကျယ်ချဲ့ ဟောကြားခဲ့ပါသည်။

• မှန်တာပြောမယ် မှားတာမပြောဘူးဆိုတဲ့စကား နဲ့တင်မလုံလောက်ပါဘူး။
• မှန်သောစကားပေမယ့် လူအချင်းချင်း ရန်ဖြစ်စေမယ့် စကားများ မပြောရပါ။
• ချစ်ခင်ညီညွတ်မှုကို အားဖြည့်မည့်စကားသာပြောပါ။
• ကြမ်းတမ်းရိုင်းစိုင်းသောစကားမပြောရ၊ ယဉ်ကျေးသိမ်မွေ့သောစကားသာပြောရပါမည်။
• အချိန်အခါနဲ့ ပြောဆိုရပါမည်။ အရှိကို အရှိတိုင်း/ အကျိုးရှိ/မရှိ ဓမ္မနဲ့ညီ/မညီ ၊ စည်းနဲ့ကမ်းနဲ့ပြောဆို ရပါမည်။
• နားထောင်သောသူများက မှတ်သားသိမ်းဆည်းနိုင်အောင် ပြောဆိုရပါမည်။
• အခိုင်အမာ ကျမ်းဂန်အကိုးအကားနှင့် ပြောဆိုရပါမည်။
• အပိုင်းအခြား အကန့်အသတ်နဲ့ ပြောဆိုရပါမည်။
• မိမိပြောလိုက်သော စကားတစ်လုံးကြောင့် ကြားကြသူ နားထောင်သူအပေါင်း အမှာ အသိအမှတ် များ အလွဲ၂အမှား၂ မဖြစ်အောင် ပြောဆိုရပါမည်။
• လောကကြီးလမ်းလွဲကိုမရောက် အောင် ငါနှုတ်ကို စောင့်ပြီးပြောဆိုရပါမည်…………… ဟု ၀စီကံနှင့် ပတ်သက်သော မှတ်သားစရာများကို ဆုံးမခဲ့ပါသည်။
ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါကြောင်းကိုလည်း အထက်ပါ အချက်များဖြင့် ဟောပြောညွန်ပြခဲ့ပါသည်။
သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ= ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့စေတတ်သော သေရည်သေရက်ကို သောက်သုံးခြင်းမှရှောင်ကြဉ်ပါ၏)( ကာယကံအား စောင့်ထိန်းခြင်း )
“ကာယကံလွန်ကျူးမှု ဒုစရိုက်၊ ၀စီကံ လွန်ကျူးမှုဒုစရိုက် မဖြစ်ရအောင် ကိုယ်အမူအရာနဲ့ စိတ်အမူအရာကို ထိန်းသိမ်းတာတဲ့ စည်းကမ်းဟာ သီလပဲဖြစ်ပါတယ်… ”
“ကိုယ်ကျင့်တရားဆိုတာ လူတို့၏ခြေထောက်သာဖြစ်ကြောင်း၊ ဘယ်ဘ၀၊ ဘယ်အနေအထား ဘယ်ပန်းတိုင် ဘာနဲ့သွားမလည်းဆိုရင် အကျင့်နဲ့ သွားရပါမည်။ ကိုယ်ကျင့်တရားနှင့်ပြည့်စုံလျှင် ခရီးလမ်းမှန်ကို ဖြောင့်ဖြောင့် သွားနိုင်ပြီး ကိုယ်ကျင့်တရားကုန်သောရင် ဘယ်လမ်းမှ သွားလို့မရပဲ…လမ်းခုလတ် အကုန်ရပ်ပါသည်။” ဟု မိမိကိုယ်ကျင့်တရားကို ထိန်းသိမ်းရပါမည်။

ကမ္ဘာလောကကြီးတွင် ကိုယ်ကျင့်တရားသီလကို ထိန်းသိမ်းခြင်းဖြင့် လူ့လောကကြီးတွင် ဘေးအန္တရယ်များ ကင်းရှင်းစေပါသည်..ဟု ဟောကြား တော်မူခဲ့သည်။ သို့သော် အဲဒီလမ်းကို လျှောက်သောလမ်းမှာ ခြေထောက်နှစ်ဘက် ကောင်းသော်လည်း မျက်လုံးမပါသောလမ်း (အကန်းလမ်းလျှောက်သလို) လမ်းမှား မလျှောက်ရအောင်. ခြေထောက်လည်း စုံအောင် မျက်လုံးလည်း ကောင်းဖို့ လိုပါသည်။ လူဘ၀အတွက် မရှိမဖြစ်ဟာ ခြေထောက်နှစ်ခု(အကျင့်သီလ) နှင့် မျက်စိနှလုံး(ပညာ) ဖြစ်ပါကြောင်း သီလနှင့်ပညာ အပြန်အလှန်မေးပြီး အချင်းချင်း တောက်ပြောင်အောင် ဘ၀ကိုမြှင့်တင်ဖို့လိုပါသည်။ ဘ၀ရဲ့ အရင်းအနှီးဟာ သီလနှင့်ပညာ နှစ်ခုသာဖြစ်ပါကြောင်းကိုလည်း ထည့်သွင်းဟောကြားခဲ့ပါသည်။

မြတ်ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမခံယူပြီး လိုက်နာကျင့်သုံးနေသော ဗုဒ္ဓဘာသာလူငယ်များ အတွက် မှတ်သားစရာ အချက်များကိုလည်း ဗုဒ္ဓဘာသာဆိုတဲ့ စကား၊ အင်္ဂါရပ်များနှင့် ညီညွတ်အောင်… လိုအပ်တဲ့ အချက် များကိုသိအောင် လည်း တရားတော်များတွင် ထည့်သွင်းဟောကြားတော် မူခဲ့ပါသည်မှာ တပည့်တော် တို့အတွက် အလွန် တန်ဖိုးရှိလှပါသည်။

တုနှိုင်းမရသော ဆရာတော်ကြီး၏ သီလ၊ သမာဓိ၊ ပညာဂုဏ်နှင့် သာသာနာအပေါ်တွင် ထားသည့် မေတ္တာ၊ စေတနာတို့အား တပည့်တော် ဒီစာမူဖြင့် ရေးသားပူဇော်ပါတယ်ဘုရား။ ဆရာတော်ကြီး ကျန်းမာချမ်းသာစွာဖြင့် သာသနာ့ပြုလုပ်ငန်းများနှင့် တပည့်တော်တို့အား တရားဓမ္မများကို ဆက်လက်ပေး စွမ်းနိုင်ပါစေလို့  ဆုတောင်း ပူဇော်ကန်တော့ပါတယ် ဘုရား ။ သီတဂူဆရာတော်ကြီး ကျန်းမာချမ်းသာပါစေ ဘုရား။

တပည့်တော်တို့ ဧရာဝတီစာကြည့်တိုက်မှ သာသနာတော်အတွက် အားကိုးဖြစ်တော်မူသော သီတဂူဆရာတော်ကြီးမွေးနေ့ ပူဇာအတွက် ရေးသားပူဇော်ခွင့်ပေးသော ဘုန်းဘုန်း အရှင်ကောဝိဒသိရီ (သီတဂူစတား) အား အထူးကျေးဇူးတင်ပါတယ်။
ပန်းကဗျာ
ဧရာဝတီစာကြည့်တိုက်
+++++++++++++++

 ပို့ထားသည့် ကျေးဇူးရင် သီတဂူဆရာတော်ကြီး၏ (၇၆)နှစ်ပြည့် မွေးနေ့ပူဇာ ပို့စ်များကို ဆက်လက် ဖော်ပြသွားပါမည်။ 

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၃-၂၀၁၃

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes