
Friday, June 21, 2013

sitagustar
No comments
ပြည်မြန်မာလူကြီးမင်းများ တော်လာပြီ
၂၇-၉-၂၀၁၀ နေ့ သီရိလင်္ကာမှာ
ဖြစ်ပျက်ခဲ့တဲ့ သတင်းလေး မှတ်မိကြဦးမည် ထင်ပါသည်၊ နာဂစ်ဒဏ်ခံ မိဘမဲ့ ကလေးများဟု
ခေါင်းစဉ်တပ်ပြီး ခေါ်သွားခံရတဲ့ ကိုရင်လေးတွေ၊ သီလရှင်လေးတွေကို သီတဂူဆရာတော်ကြီးက
လေယာဉ်စရိတ်အကုန်ကျခံသည်၊ သိမ်းဆည်းခံထားရသော ပတ်စပို့တွေကို ရအောင်ယူပေးသည်။
ဤနည်းဖြင့် သီရိလင်္ကာရောက် ကိုရင်၊ သီလရှင်လေးများကို ကယ်တင်ခဲ့ဖူးသည်။
ဒီလင့်ကလေးကို ကြည်လိုက်ရင် သတင်းအပြည့်စုံ ရမည်။
အဲဒီအချိန်က
ဝန်ကြီးဌာနတွေကို သက်ဆိုင်ရာမှ အကြောင်းကြားသော်လည်း ၀န်ကြီးဌာနများက
သူတို့ဌာနနှင့် မဆိုင်ကြောင်း၊ ဟိုဘက်ပုတ်ချ၊ ဒီဘက်လွဲချနဲ့ အချိန်ကြာမြင့်ခဲ့သည်၊
တချို့ဌာနတွေကဆို “သူတို့ဌာနက ရေ မျှော ကမ်းတင်သူများကိုသာ တာဝန်ရှိသည်၊ ဒီကိစ္စမှာ
တာဝန်မရှိ”ဟု မျက်နှာလွဲ ခဲပစ် လုပ်ခဲ့ကြဖူးသည်။ နောက်ဆုံး ဘယ်သူမှ တာဝန်မယူရင်
သီတဂူဆရာတော် တာဝန်ယူမည်ဟု ဆုံးဖြတ်ကာ သီရိလင်္ကာ မြန်မာသံအမတ် အကူညီဖြင့်
အောင်မြင်ခဲ့ဖူးသည်။
(Eleven Media
Group မှ မလေးရှားအတွက် အလှူခံငွေများ သွားရောက်လှူဒါန်းစဉ်)
မလေးရှားအတွက် လှူဒါန်းရန်
ယခုတစ်ခါ ၂၆-၆-၂၀၁၃နေ့မှာ မလေးရှားရောက် မြန်မာပြည်သူ
ပြည်သားများကို အကူအညီပေးရန် သီတဂူဆရာတော်ကြီး ကြွသွားအုန်းမည်ဟု Eleven Media
Group သတင်းအရ သိရသည်။
မလေးရှားတွင် အခက်အခဲတွေ့နေသော
မြန်မာနိုင်ငံသားများ အတွက် ထပ်မံလှူဒါန်းလိုသူများ အနေဖြင့် သီတဂူဆရာတော်နှင့်
သီတဂူ သာသနာပြုအဖွဲ့ (ဒေါက်တာမြတ်သူ (ဘဏ္ဍာရေးမှူး)ဖုန်း - ၀၉၅၁၀၃၉၁၃၊
ဒေါက်တာကျော်ဝင်း ဖုန်း - ၀၁-၅၀၁၇၁၅)ထံ ဆက်သွယ်လှူဒါန်းနိုင်သလို Eleven Media
Group သို့ ထပ်မံ လာရောက်လှူဒါန်းမှုများ အားလည်း သီတဂူဆရာတော်နှင့် သီတဂူ
သာသနာပြုအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Eleven
Media Group)
မြန်မာလူကြီးမင်းများ တော်လာ
အစိုးရအသစ်တက်လာပြီး နောက်ပိုင်း
မလေးရှားအရေးနှင့် ပက်သက်ပြီး ပြည်ပရောက် ကိုယ့်မြန်မာပြည်သူ ပြည်သားတွေကို
ကြည့်တတ်လာသည်၊ စဉ်းစားပေးလာသည်၊ အကူညီတွေ ပေးလာသည်ကို တွေ့ရသဖြင့် အလွန့်အလွန်
ဝမ်းသာမိသည်။ ပြည်သူတွေရဲ့ အခက်အခဲကို အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့်
အစိုးရအနေနဲ့ပါ ပူးပေါင်းပြီး ၀ိုင်းဝန်းဖြေရှင်းပေးနေကြသည်ကို ကြားမိတော့
ဟိုးးးးလွန်ခဲ့တဲ့ သီရိလင်္ကာ အဖြစ်ပျက်လေးကို သွားသတိရမိသည်။ “မြန်မာလူကြီးမင်းများ
တော်လာသည်”ဟု မြန်မာပြည်သားတစ်ယောက်အနေဖြင့်
ခံစားမိသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၆-၂၀၁၃
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
0 comments:
Post a Comment