
Tuesday, June 25, 2013

sitagustar
No comments
မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံး ဝမ်းသာစရာ
သတင်းကောင်း....
(သီတဂူဆရာတော်ဘုရားကြီးနှင့်တကွ မြန်မာပြည်ပြန်ရန် မလေး(လဝက)ရုံးတွင်
လက်ဗွေနှိပ်ရန်သွားသော မြန်မာအမျိုးသား/သ္မီးများ အမှတ်တရ)
မြန်မာပြည်မှ သီတဂူဆရာတော်ကြီးသည် မလေးရှားနိုင်ငံရောက်
မြန်မာအလုပ်သမားများ မိမိတို့ဌာနေသို့ အေးချမ်းစွာ ပြန်နိုင်ရန် ရည်ရွယ်၍
အလှူငွေလှူဒါန်းရန် င်္ဒီနေ့(၂၄.၆.၂၀၁၃)ညနေပိုင်းမှာ
ကြွရောက်တော်မူလာပါတယ်....
လေဆိပ်မှ ဆင်းလျင်ဆင်းချင်း မလေးရှား လဝကရုံးသို့
တိုက်ရိုက်ကြွရောက်တော်မူလာပါတယ်၊ ဒီနေ့ လဝကရုံးမှာ လက်ဗွေနှိပ်ရန်
ရောက်ရှိနေသူများအား ဒုက္ခရောက်နေသည်ဟု ကြား၍ ရောက်လာခဲ့ရကြောင်း မိမိမှာ အလှူငွေ
ကန်ဒေါ်လာ (၁၀၀၀၀၀) ပါလာကြောင်း တတ်နိုင်သလောက် ကူညီပေးသွားမည်ဖြစ်ကြောင်း လက်ရှိ
လဝကရုံးတွင် ပေးဆောင်နေရသော ဒဏ်ကြေး (၄၀၀)အား သီတဂူအထောက်အကူပြုအဖွဲ့မှ
ဆရာတော်ဦးဆောင်၍ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း။
ထို့ကြောင့် ယနေ့မှစတင်၍
အမိမြန်မာပြည်သို့ ပြန်လိုသူများအနေဖြင့် ငွေကုန်ကြေးကျမရှိဘဲ မိမိတို့အိမ်သို့
ပြန်နိုင်တော့မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်...........
၁။
မလေးရှားနိုင်ငံ မြန်မာသံရုံးမှ ယာယီနိုင်ငံသူလက်မှတ်(CI) အခမဲ့ထုတ်ပေးခြင်း။
၂။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်တည်ထောင်ထားသော
ဧရာဝတီေ ဖာင်ဒေးရှင်းမှ လေယဉ်လက်မှတ်နှင့် လဝကရုံးသို့သွားလာရန်၎င်း
လေဆိပ်သို့ပို့ဆောင်ရန်၎င်း ဘစ်ကားများ စီစဉ်ပေးခြင်း။
၃။ မြန်မာပြည်
သီတဂူအထောက်အကူပြုအဖွဲ့မှ သီတဂူဆရာတော်ကြီးဦးဆောင်၍ လဝက ရုံးမှ ဒဏ်ကြေး (၄၀၀) အား
ပေးဆောင်ပေးခြင်း။ အစရှိသောအကူအညီများအားလုံးကို ကျွန်တော်များ
ဧရာဝတိစေတနာ့ဝန်ထမ်းအဖွဲ့(မလေးရှား)နှင့်အတူ မည်သည့်
ငွေကြေးကောက်ခံခြင်း တစ်စုံတစ်ရာမရှိဘဲ ဆောင်ရွက် နေပါသဖြင့်
ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း........
ဤသတင်းအားလဲ SHARE
မျှဝေပေးခြင်းအားဖြင့် မြန်မာနိုင်ငံသားများအားလုံးသိစေရန်
ကုသိုလ်ယူနိုင်ကြပါတယ်......
Myo Nyunt ဖေ့ဘုတ်မှ ကူးယူသည်။
ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၃
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
0 comments:
Post a Comment