သီတဂူစတား

သီတဂူစတား

05 September 2009

အနှစ်ကိုးပါး(အပိုင်း၁၁)


ထေရဝါဒနဲ့ မဟာယာန သီလကွာခြားပုံ
ဘုန်းကြီးတို့ သင်္ကန်းက သူတို့သင်္ကန်းနဲ့မတူဘူး။ သူတို့ သင်္ကန်းကတော့ အင်္ကျီကြီးလိုလို ဂါဝန်ကြီးလိုလို အဲဒါ နီညိုကြီး စွပ်ထားကြတာ။ ဘုန်းကြီးတို့ သင်္ကန်းကတော့ အခန်းနဲ့ အကန့်နဲ့ အဲဒါဘယ်ကမှ စွပ်ချလို့မရဘူး။ အလွန် ချမ်းလွန်းတဲ့အတွက်ကြောင့် ဘုန်းကြီးက နီညိုရောင် သင်္ကန်းကြီးကို ခေါင်းကနေခြုံထားတာ။
နီညိုရောင် နှစ်ထပ်သင်္ကန်းကြီးကို ခေါင်းကနေ ခြုံထားလို့ သူတို့က အဲဒါကြီး ကြည့်ပြီးတော့ ''အင်း . ဒီကိုယ်တော်လဲ တိဘက်ဘုန်းကြီးပဲ''လို့ ထင်ကြတာ။
အဲဒီကတည်းက စပြီးတော့ စိတ်ထဲဖြစ်သွားတယ်။ ''နီညိုရောင်သင်္ကန်းကြီးတွေများ အခြားတိုင်းပြည်သွားလို့ ရှိရင် ဝတ်လို့ မကောင်းဘူးထင်တယ်။ တိဘက်ဘုန်းကြီးလို့ အထင်ခံရတာကိုး''။
ဘုန်းကြီးက ''ငါ မြန်မာပြည်က လာတာ၊ မြန်မာဘုန်းကြီးတွေဟာ အထူးသဖြင့် ထေရဝါဒဘုန်းကြီးတွေဟာ မွန်းတည့် ၁၂-နာရီကျော်ပြီးရင် စားတဲ့ ထုံးစံမရှိပါဘူး''လို့ ပြောလိုက်တော့ ''ဘာကြောင့် မစားသလဲ''တဲ့။
''ငါတို့ ထေရဝါဒဝိနည်းမှာ မွန်းလဲပြီးရင် အစားအစာ မစားရဘူးဆိုတာ ဗုဒ္ဓက စည်းကမ်း ထုတ်ထားတာ''။
ဗုဒ္ဓရှင်တော်မြတ် ညစာစားသလား
''မြန်မာပြည်က ထေရဝါဒရဟန်းတော်တွေရဲ့ စည်းကမ်းက ဒီလိုဒီလိုရှိပါတယ်''လို့ရှင်းပြတော့ ကိုယ်တော် တစ်ပါးက ''အရှင်ဘုရားကို တပည့်တော် တစ်ခုပြောပါ့မယ်၊ ဘုရားကိုယ်တော်မြတ်ဟာ ဒီဗောဓိပင်ရဲ့အရှေ့ဘက်နား နေရဉ္ဇရာမြစ်ကမ်းဘေး ဥရုဝေလတောမှာ ဒုက္ကရစရိယာ ၆-နှစ်ကြာအောင် ကျင့်တော်မူတုန်းက အစာ မစားပဲ အငတ်ခံကျင့်ခဲ့တယ်။ ဒါကြောင့် ဘုရား မဖြစ်ခဲ့ဘူး''တဲ့။
ဗောဓိပင်ရဲ့ အရှေ့ဘက်မှာ နေရဉ္ဇရာမြစ်ရှိနေတယ်။ တစ်မိုင်လောက် ကျယ်တယ်။ သဲတွေ သောင်တွေနဲ့ ရေတော့ဘုန်းကြီးတို့ တစ်စက်မှမတွေ့ခဲ့ဘူး။ သောင်ကြီးကတော့ ဖွေးလို့။
သူက ဆက်ပြောတယ်။ ''ဘုရားလောင်းတော်က အစာငတ်ခံပြီးတော့ (၇) နှစ်ကျင့်ခဲ့တာဟာ ဘုရားဖြစ်သ လား။ မဖြစ်ဘူး။ ဘုရားမဖြစ်တော့မှ သေနာနိဂုံြး<ွကပြီး တော့ ဆွမ်းခံ၊ ဆွမ်းဘုဉ်းပေး။ ဆွမ်းစားပြီးတော့မှ ဒီဗောဓိ ပင်ရင်းမှာ ဆက်ကျင့်လို့ ဘုရားဖြစ်တာ''။ ''အရှင်ဘုရားတို့ ထေရဝါဒရဟန်းတွေ မစားပဲနဲ့ ဒီလိုသာ အငတ်ခံကျင့်ရင် ဘယ်တော့မှ ကိုယ်တော်တို့ ဗောဓိÓဏ်ရမှာ မဟုတ်ဘူး''တဲ့။ အဲဒါ သူတို့ အယူအဆ။ သူုတို့ပြောစကားအရ ဗောဓိဥာဏ်ရချင်ရင် ညစာ စားရမလို ဖြစ်နေတယ်။ အဲဒါ လွဲနေတယ်။ ''အစာငတ်ခံကျင့်တဲ့ ဘုရားလောင်းသည် ဘုရားမှ မဖြစ်ပဲနဲ့၊ စားပြီးကျင့်မှ ဘုရားဖြစ်တာ၊ ဒါကြောင့် အခုလို ပင်ပန်းတဲ့အခါ စားပေးရတယ်''တဲ့။ ဒါနဲ့ ဘုန်းကြီးက ''ကောင်းပြီဘုရား၊ အစာမစား ပဲနဲ့ အငတ်ခံကျင့်တုန်းက ဘုရားမဖြစ်တာ လက်ခံပါတယ်၊ စားပြီးတော့ကျင့်၊ အဲဒီအခါကျတော့မှ ဘုရားဖြစ်တာကိုလဲ လက်ခံပါတယ်၊ ဒါပေမဲ့ ဘုရား ဘယ်အချိန်မှာ စားတယ်ဆို တာကို သုတေသနလုပ်ပါဦး''လို့ ပြောလိုက်တယ်။ ''ဘုရားကိုယ်တော်မြတ် ဗောဓိပင်နားမှာ ဆွမ်းခံစားပြီးတော့ တရားကျင့်တယ်ဆိုတာတော့ ဟုတ်ပါတယ်၊ အဲဒီဆွမ်းဟာ ကိုယ်တော်တို့လို ခုလို ညဥ့်အချိန်အခါမှာ စားတာလား၊ ပြန်ကြည့်ပါဦး''ဆိုတော့ အဲဒီကိုယ်တော်က မပြောတော့ဘူး၊ ငေးနေတယ်။ ဘုန်းကြီးက ပြောလိုက်တယ်။ ''ဘုရားရှင်သည် ညစာ မစားဘူး။ မွန်းတည့်ပြီးရင် လုံးဝ အစာ မစားပါဘူး။ မြတ်ဗုဒ္ဓဟာ စားပြီးမှ ကျင့်တာတော့ မှန်တယ်။ နေမွန်း မတည့်သေးခင်သာ ဘုဉ်းပေးတာ။ ဒါကြောင့် အရှင်ဘုရား တို့ အယူအဆ မှားတယ်''လို့။ အတင်းပေးတော့လဲ ယူခဲ့ရ
အဲဒီတော့ သူက ''အရှင် ဘုရား မစားကောင်းလို့ အခုလို ညစာ မစားချင်လဲ နေပါတော့။ မနက်ခင်းကျတော့ စားရတာပေါ့၊ ယူသွားပါ'' ဆိုပြီး အတင်းပေးတယ်။
''ဟာ . . ခက်တော့တာပဲ။ အတင်းပေးနေတာကို ငြင်းရင်လဲ ဒါဟာ ယဉ်ကျေးမှု သဘောတရားအရ မငြင်းသင့်ဘူး၊ သဒ္ဓါတရားကောင်းကောင်းနဲ့ပေးနေတာ၊ ငြင်းရင် ရိုင်းစိုင်းတဲ့သဘော သက်ရောက်တယ်'' ဆိုတာကို ဘုန်းကြီးက ကြားဖူးထားတော့ ''ဒီပန်းသီးနဲ့ ဒီငှက်ပျောသီး ငါတော့ ယူတော့ ယူမှဖြစ်မယ်၊ မယူရင်လဲ သူတို့က ငါ့ကို ကျေနပ်ကြတော့မှာ မဟုတ်ဘူး။ ယူရင်လဲ ဒီကိုယ်တော် ညစာစားတယ်လို့ ငါ့ကို ထင်တော့မှာ။ ငါဘယ်လို လုပ်ရမလဲ''လို့ စဉ်းစားကြည့်တယ်။
စဉ်းစားပြီးတော့ ''တပည့်တော်မှာ ကပ္ပိယလဲ မပါဘူး၊ ဒါကြောင့် လက်မခံပါရစေနဲ့'' ဆိုတော့ ''အရှင်ဘုရား၊ တပည့်တော်တို့က ပေးရမည့်တာဝန်ရှိလို့ ပေးတာပါ'' ဆိုပြီး လွယ်အိတ်ထဲ သူက ထိုးထည့်လိုက်တယ်။
ဘုန်းကြီးလက်ထဲမှာ လွယ်အိတ်ကလေး ကိုင်ထားတယ်၊ လွယ်အိတ်ကလေးပါတယ်။ အဲဒါနဲ့ ပန်းသီး(၂)လုံး, ငှက်ပျောသီး(၃)လုံး, ဘီစကွတ်မုန့်တွေ လွယ်အိတ်ထဲ အလိုလို ရောက်သွားတယ်။
''ဒါတွေ ငါဘယ်လိုလုပ်ပါ့မလဲ''လို့ စဉ်းစားရင်းနဲ့ ဟိုဟိုဒီဒီကြည့်လိုက်တော့ အနားမှာ (၇)နှစ်သမီး အရွယ် လောက်ရှိတဲ့ ကုလားမလေး ငယ်ငယ်လေး နှစ်ယောက် ကို တွေ့ရတယ်။

(အပိုင်း၁၂)ဆက်ဖော်ပြပါမည်။

04 September 2009

အဆိပ်သင့် ပင်စည် (အပိုင်း-၁)

အဆိပ်သင့် ပင်စည်


ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။ ပြောင်းလဲခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ပဲသူမအတွက်အလျှံငြီးငြီးတောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။

"ချိုရယ်မင်းရဲ့ အပြစ်ကင်းတဲ့အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"
ချစ်သူ၏နွေးထွေးသောစကားသံများသည်သူမအတွက်ငြိမ့်ညောင်းသောဂီတသံများဖြစ်ခဲ့ဖူး ပါသည်။
"မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ" ဘ၀တူမိန်းကလေးများ၏ ချီးကျူးမှုကိုခံရသောအခါ သူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ရင်ထဲမှာတော့ တိတ်တခိုးပီတိလှိုင်းတို့ အလိပ်လိုက်တက်နေခဲ့ပါသည်။မင်္ဂလာဆောင်ပြီး နောက်တစ်နေ့မှာတော့ သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။ " ချိုမင်းကိုယ်တို့ မွတ်စလင်ဘာသာထဲဝင်ရမယ်.။"
"ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား" "မရဘူးချိုကိုယ့်ခင်ပွန်းရဲ့ဘာသာကိုဇနီးသည်က လိုက်ယူရတာကိုယ်တို့ မွတ်စလင်ဘာသာရဲ့ထုံးစံပဲ၊ ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။
"အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို" "အေးလေအားလုံးချို့အလိုကျထားတယ်လေ အခုချို့မှာတီဗွီ၊ဗီစီဒီ၊ရေခဲသေတ္တာ၊အဲယ်ကွန်း၊ တယ်လီဖုန်း၊သွားစရာရှိရင်ကား အားလုံးပြည့်စုံနေပြီ။ဒါတွေအားလုံးချို့ကိုချစ်လွန်းလို့
ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင်လုံလောက်ပြီလို့ ထင်ခဲ့တဲ့သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲသူမခင်ပွန်းရဲ့အလိုကျဘာသာ ပြောင်းခဲ့ရပါပြီ။
"ဟယ်...အမေလာတယ်၊၀မ်းသာလိုက်တာအမေရယ်သမီးလေအမေ့ကိုအရမ်းအောက်မေ့နေတာ၊ အမေနေကောင်းတယ်-နော်"
"အေး..ကောင်းပါတယ်သမီးရယ်၊.အမေလည်းငါသမီးသားဦးလေးမွေးတယ်ကြားကတည်းကလာချင်နေတာအိမ်မှာလေးချက်ပြုတ်ရေး တာဝန်လက်လွဲလို့မရတာနဲ့တော်တော်နဲ့မလာဖြစ်ဘူး။ဒါနဲ့ငါမြေးကြီးကြည့်စမ်းပါ ရစေအုံး ဟယ်။ငါ့မှာမြေးဦးသင်္ကန်းချီရတော့ မှာဆိုတော့ ၀မ်းသာနေတာ..ဟဲ့။"
အမှတ်မထင်ပြောလိုက်သောမိခင်ဒေါ်ရင်၏စကားသံကြောင့်သူမထိပ်ထိပ်ပြာပြာဖြစ်သွားရသည်။သူမ၏
ခင်ပွန်းကမီးဖိုခန်းမှာထမင်းစားနေခိုက်ဖြစ်၍တော်ပေသေးသည်။ဒေါ်ရင်ကတော့သူမအဖြစ်ကိုမသိရှာပဲ
ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။

........*................*.........*

အကြားအမြင်ဗဟုသုတနည်း၍ရိုးသားလွန်းသောမိခင်နှင့် မွတ်လင်ဘာသာဝင် ခင်ပွန်းသည်တို့အကြား
ပဋိပက္ခမဖြစ်စေရန် သူမသတိကြီးစွာထား၍ဂရုစိုက်ခဲ့သည့်ကြားမှာပင်ပြဿနာကရိုင်းပြစွာဝင်ရောက်လာခဲ့ ပါသည်။
"ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား" "ဟင်...အမေဘာလုပ်မိလို့လဲ"
"ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို ဆွမ်းထွက်လောင်းတာငါကိုယ်တိုင်မြင်လိုက်လို့ပေါ့"
"သြော်-အစ်ကိုရယ်ရွာမှာလဲအမေကနေ့တိုင်းဒီလိုဆွမ်းလောင်းနေကျလေ။ဒီမှာလည်းထမင်းဟင်းအဆင်
သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"
"မလိုချင်ဘူးကွာ-သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာငါမကြိုက်တာမလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြော
မင်းမပြောရင်ငါပြောရလိမ့်မယ်။"
"အို-အကိုပြောစရာမလိုပါဘူး၊ချို့ဘာသာ အဆင်ပြေအောင်ကြည့်ပြောပါ့မယ်။" မိခင်အားရန်လိုထိပါးလာမည့် ကိစအတွက်သူမကြမ်းတမ်းစွာ တုန့်ပြန်လိုက်ချင်ပါသည်။သို့သော်ပြဿနာက ပိုကြီးထွားလာနိုင်သည့်အတွက် နာကျင်မှုတို့ရောစွက်နေသောဒေါသကိုအသာမျိုသိပ်ထားလိုက်ရသည်။ သူ့မိခင်ပြန်သောနေ့တွင်မော်တင် သင်္ဘောဆိပ်သို့သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။ ကားပေါ်ကအဆင်းမှာပင် ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သော ရွာသူအိမ်နီးချင်းမိန်းကလေးများနှင့်ဆုံဖြစ်သည်။
"ဟယ်-မချိုဝလာလိုက်တာဟယ်၊သူဌေးမရုပ်တကယ်ကျတယ်သိလား၊နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။
ငါ့မှာတော့နင့်ကိုနေ့တိုင်းသတိရနေတာ။"
"အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊ငါမှာအပြင်လဲကောင်းကောင်းထွက်ခွင့်မရ၊သားလေးကလည်း
ရှိနေတော့အိမ်ထဲမှာပဲအောင်းနေရတယ်။"
"သြော်ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာဆိုင်းပါတယ်သိလား၊တန်ဆောင်တိုင်မီးပန်းတောင်းလှည့်ပွဲကလဲ အရင်နှစ်တွေထက်ပိုစည်မှာရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာငွေမတည်ပြီးမီးပန်းတောင်းပွဲကိုအထူး စပါယ်ရှယ်လုပ်ပေးမှာတဲ့။အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"
"အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"
ပြောသာပြောရသည်သူမဘ၀သည်ရွာကစည်ကားလှသောအလှူပွဲ၊ကထိန်ပွဲများနှင့်အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။ "မည့်သည့်ပွဲတော်ကိုမျှမသွားရဟု" တချက်လွတ်အမိန့်ထုတ်ခံခဲ့ရပြီးဖြစ်သည်။ကိုယ့်ဝမ်းနာကိုယ်
သာသိမို့သူငယ်ချင်းများကိုရွာအကြောင်းမပြောဖြစ်အောင်စကားလမ်းကြောင်းပြောင်းလိုက်ရသည်။
မိမိ၏ကျဉ်းကျပ်သောဘ၀နှင့်ရွာကိုလွမ်းဆွတ်သောရင်တွင်းဝေဒနာတို့ကိုသူငယ်ချင်းများမရိပ်မိစေရန်အပြုံး
တုဖြင့်ဖုံးထားရင်းစကားပြောနေရသည်။
အပြန်လမ်းတစ်လျှောက်တွင်ကားပေါ်လိုက်ပါရင်းရွာကပွဲတော်တွေအကြောင်းသူမတွေးနေမိသည်။ သူမ၏
အပျိုစင်ဘ၀အပျော်ဆုံးအချိန်များသည် ရွာမှပွဲတော်ရက်များပင်ဖြစ်ခဲ့ရသည်။ အလှူပွဲ၊ဘုရားပွဲ၊ရှိပြီဆိုလျှင်
တဒေါက်ဒေါက်ဓါးချက်သံလေးများဖြင့် စည်းချက်ညီညာသောကြက်သွန်လှီးပွဲမှာသူမပါဝင်စမြဲ။ ကွမ်းတောင်ပန်းတောင်ကိုင် အဖွဲ့နှင့်အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင် သူမသည်အရေးပါသူတစ်ယောက်။ ၀ါတွင်းဥပုသ်နေ့များနှင့် သင်္ကြန်ရက်များတွင်ဥပုသ်သည်များအား ကျွေးမွေးရန်မုန့်လုံးရေပေါ်လုပ်ရသည်မှာလဲ ပျော်စရာကောင်းလှသည်။ ရွာမှာကျန်ရစ်ခဲ့သောသူငယ်ချင်းများမှာ ပျော်ရွှင်စရာဤပွဲတော်ရက်များကိုဆက်လက်ဆင်နွဲကျပေဦးတော့မည်။ သူမမှာတော့ပွဲတော်ရက်များရောက်တိုင်းလွမ်းမောခြင်းနဲ့သာအချိန်ကုန်နေရပြီဖြစ်သည်။
ကြိုတင်တွေးမထားမိသောဆုံးရှုံးမှုများကိုသူမဆက်ပြီးမစဉ်းစားချင်တော့။ မျက်လုံးအစုံကိုပိတ်၍အတွေးကိုရပ်
ရန်ကြိုးစားလိုက်သည့်တိုင်မျက်ရည်စီးကြောင်းတို့က ပါးပြင်ပေါ်သို့လိမ့်ဆင်းလာသည်။

*................*...........xxxxxxx........*......................*

ဤခုနှစ်ဆူကုန်သော......မြတ်စွာဘုရားကိုယ်တော်အပေါင်းတို့သည်...ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်
အမှတ်ဖြင့်သာလျှင်...ရွှေဖ၀ါးရတနာ...စကြာရွှေဖ၀ါး....ဖြန့်ငြား........ဖြန့်ငြားပါစေသော်။

သူမတို့နေရာနှင့်မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှလွင့်ပျံလာသောအသံချဲ့စက်
အသံ။ဤသီချင်းသံသည်ရွာမှာအလှူဘုရားပွဲရှိတိုင်းဖွင့်နေကျသီးချင်းသံဖြစ်သည်။အခုမှပို၍တမ်းတစွာ
နားထောင်ဖြစ်သည်။ရွာကိုပို၍သတိရမိသည်။
သူမတို့အရပ်တွင်အလှူအစနေ့တွင် အသံချဲ့စက်ရောက်သည်နှင့်တပြိုင်နက်သီချင်းသံကိုစတင်ကြားရသည်။
ထိုအချိန်တွင်သူမတို့အမျိုးသမီးအုပ်စုက ကြက်သွန်လှီး၊ ကြက်သွန်ခွာဖြင့်အလုပ်ရှုပ်ကျမည်။ ဦးညွန့်တို့
ဦးအောင်လံတို့၊ ဦးကြီးများကအကျီဗလာကျင်း၍ ပုဆိုးခေါင်းပေါင်းဖြင့်လာရောက်ထမင်းချက်ကြမည်။ ကလေးတသိုက်က ဆူညံစွာပြေးလွှားဆော့ကစား၍အချို့ကအသံချဲ့စက်နားတွင်ဝိုင်းအုံနေကြမည်။ ညနေပိုင်းတွင် အလှူအိမ်ကကျွေးမွေးသော သီးစုံချဉ်ရေဟင်း၊ ငံပြာရည်ချက်၊ တို့စရာတို့ဖြင့်ကလေးလူကြီးအားလုံး ပျော်ပျော်ပါးပါးစားသောက်ကျတော့မည်။

ဤသီချင်းနှင့်စိတ်ကူးထဲကရွာအလှူပွဲ၏ ပုံရိပ်မြင်ကွင်းအစုံသည် သူမနှလုံးသားထဲအသွေးအသားထဲအထိ
ရုန်းကြွလှုပ်ရှားဆူဝေလာစေ၏။ ရင်တလှပ်လှပ်တုန်လာသည်အထိ ရွာကိုအောင်းမေ့မိ၏။ အိမ်အပြင်ထွက်၍
အသံချဲ့စက်အသံကြားရာသို့ သူမထွက်ကြည့်လိုက်သည်။ ယောဂီလုံချည်များဝတ်လျှက်သာသနာတော်အကျိုးအတွက် ငွေဖလား ကိုယ်စီကိုင်ကာအလှူခံနေသူများ၊တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊ ကျောင်းတော်ကြီးအတွင်း ၀င်၍ဘုရားဝတ်ပြုနေသူများ၊ကျက်သရေရှိလှသောမြင်ကွင်းအစုံကို သူမလွမ်းမောစွာငေးကြည့်နေမိသည်။

ဖြစ်လိုရာဖြစ်စေတော့ပိုက်ဆံအိတ်ထဲမှငွေသုံးထောင်ကျပ်ကိုထုတ်ယူ၍ခပ်သုတ်သုတ်သွားလှူလိုက်သည်။
ဘ၀တသက်တာအတွင်းမှာအရသာအရှိဆုံးအလှူဟုသူမဘာသာမှတ်ချက်ပြုရင်းကြည်နူးလိုက်သည်ဖြစ်ခြင်း။

အပိုင်း (၂) မျှော်

(ဤ၀တ္ထုတိုလေးသည်အဖြစ်ပျက်မှန်တစ်ခုအားအခြေခံပြီး ခံစားရေးဖွဲ့ထားသောဝတ္ထုတိုတပုဒ်ဖြစ်ပါသည်။)
မှတ်ချက်။ ။ အင်တာနက်မှရှာဖွေ၍ ဝေငှပါသည်။

03 September 2009

အနှစ်ကိုးပါး(အပိုင်း၁၀)



ယိမ်းထွက်နေတာလိုပဲ

ဘုန်းကြီးကတော့ အဲဒါတွေ အကုန်လုံးလျှောက် ကြည့်နေတယ်။ ဘေးကကြည့်ရင်တော့ ဒီကိုယ်တော်ကတော့ သမာဓိမရှိဘူးလို့ ထင်ရမယ်။ သမာဓိလဲ မရပါဘူး။ သမာဓိ မရဘူးဆိုတာ သေချာတယ်။ သူတို့လုပ်တာပဲ ကြည့်နေရတာကိုး။ အချိန်က ည ၈-နာရီလောက် ဖြစ်သွားပြီ။ ကြည့်ပြီးတော့ ထိုင်နေတယ်။
နောက် တော်တော်ကြာတော့ ဘာလုပ်ပြန်တုန်းဆိုရင် အလယ်ကကိုယ်တော်ကြီးက ဂလိုင်လေးကို တိုးတိုး တိုးတိုးနဲ့လှုပ်ပြန်တော့ ''ဒါဟာ တရားဖြုတ်တဲ့သဘောရှိတယ်၊ တရားထိုင်တဲ့ အလုပ်ကို ရပ်ခိုင်းတဲ့သဘောရှိတယ်'' လို့ ဘုန်းကြီး တွေးမိတယ်။ ဂလိုင်လေးကို ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ မျှဉ်းပြီးတော့ လှုပ်ပေးလိုက်တယ်။
ဖြည်းဖြည်းဖြည်းဖြည်း မျှဉ်းပြီးတော့ လှုပ်ပေးလိုက်တဲ့အချိန်မှာ ပရိသတ်အကုန်လုံးဟာ အသံလေးကို တိုးတိုးတိုးတိုးနဲ့ သူတို့ရွက်ကြပြန်ရော။
အသံလေး တိုးတိုးတိုးတိုးနဲ့ သူတို့ ရွတ်ပြီးတော့မှ အသံဟာ တဖြည်းဖြည်း မြင့်မြင့်မြင့်မြင့်ပြီးတော့ တက်လာ နောက်ဆုံးကျမှ အသံရပ်သွားတယ်။ အသံလဲ ရပ်သွားရော လက်ဝဲဘက် အစွန်မှာနေတဲ့ နှဲအရှည်ကြီး ကိုင်ထားတဲ့ ကိုယ်တော်က စပြီး နှဲကြီးကို ''တော်''ဆိုပြီးတော့ မှုတ်လိုက် တော့တာကိုး။
နှဲသံကြီးကို ''တော်''ဆိုပြီး တအား မှုတ်လဲချလိုက်ရော ဘေးနားက နှဲအသေး နှစ်လက် ကိုင်ထားတဲ့ ကိုယ် တော်နှစ်ပါးရယ်, ဟိုဘက်က ဘင်ကြီးကိုင်ထားတဲ့ ကိုယ်တော်ရယ် အကုန်လုံး တပြိုင်နက်ထပြီးတော့ နှဲမှုတ်တဲ့ ကိုယ်တော်က မှုတ်၊ စည်းလိုက်တဲ့ ကိုယ်တော်ကလိုက်၊ ဘင်ကြီး ကိုင်ထားတဲ့ ကိုယ်တော်ကလဲ ဒိန်းဒိန်းဒိန်းဒိန်းနဲ့ ဘင်ကြီးထုဆိုတော့ ယိမ်းထွက်နေတာနဲ့ တူလိုက်တာ။
နှဲမှုတ်တာကလဲ ဘုန်းကြီးကိုယ်တိုင်က မှုတ်တာ။ လူတွေမှုတ်တာ မဟုတ်ဘူး။ တိဘက်ဘုန်းကြီးတွေက နှဲ မှုတ်။ ဘေးနားကနေပြီးတော့ တဒိန်းဒိန်းနဲ့ ဘင်ကြီးထု။မှုတ်လို့ ထုလို့ ခတ်လို့ တီးလို့ တော်တော်လေး အရှိန်ရ ကျေနပ်ပြီဆိုတော့ မန္တာန်တွေ ရွက်လိုက်ကြပြန်ရော။ ဘုရား ရှိခိုးကြပြန်ရော။ ပြီးတော့ တရားထိုင်လိုက် ကြပြန် ရော။
သူတို့ ဘုရားရှိခိုးကြပုံ
သုံးကြိမ်သုံးခါ အဲဒီလို ပြီးသွားပြီးဆိုတော့ အချိန် က ၉-နာရီ-၄၅-မိနစ်လောက် ဖြစ်သွားတယ်။ ၉-နာရီ ၄၅-မိနစ်လောက် ဖြစ်သွားတော့မှ အဲဒီလုပ်ငန်းတွေ အကုန်ရပ်ပြီး၊ အားလုံး မတ်တတ်ထပြီးတော့ သူတို့ ဘုရား ရှိခိုးကြတယ်။
မတ်တတ်ရပ်ပြီးတော့ ဘယ့်နှယ်ရှိခိုးသလဲဆိုရင် လက်တွေအကုန်လုံးကို တပြိုင်နက် လက်အုပ်ချီပြီးတော့ ကောင်းကင်မြှောက်လိုက်ကြတယ်။ လက်တွေ အကုန်စုပြီး လက်အုပ်ချီ၊ ကောင်းကင်မြှောက်၊ ခေါင်းပေါ်မှာ လက်ကလေးတွေ စီပြီးတော့ မြှောက်ထားတယ်။
လက်နှစ်ဘက် လက်အုပ်ချီ ကောင်းကင်မြှောက် ခေါင်းပေါ် ရောက်သွားပြီးတော့မှ ထိုင်နေတဲ့ ကိုယ်တော် ကြီး(ဆရာကြီး)က တစ်ချက် အော်ပေးလိုက်တယ်။ ဘာအော်ပေးလိုက်တယ်တော့ မသိဘူး။ ခေါင်းပေါ် မြှောက်ထားတဲ့ လက်တွေကို တပြိုင်နက် နဖူးအထိ ချလိုက်တယ်။ လက်အုပ်ချီပြီးသား မတ်တတ်။
နောက် တစ်ချက်အော်ပေးလိုက်တော့ နဖူးက လက်တွေ မေးစေ့အောက်သို့ တစ်ဆင့် ချလိုက်ကြတယ်။ မေးစေ့အောက်ကနေ နောက်တစ်ခါ အော်လိုက်ပြန်တော့ ရင်ဘက်သို့ တစ်ဆင့်ချလိုက်ကြတယ်။
နဖူး၊ မေးစေ၊့ ရင်ဘတ်၊ သုံးဆင့်။ ရင်ဘတ်သို့ လက်ကိုရောက်အောင် ချပြီးပြီဆိုတော့မှ နောက်တစ်ချက် အော်လိုက်တဲ့ အခါမှာတော့ ဗြုန်းကနဲဆို အကုန်လုံး အဲဒီ လူအုပ်ကြီး တစ်ခုလုံးဟာ လက်တွေကိုရှေ့တိုးပြီးတော့ ဗောဓိပင်ဘက်ကို ဦးတည်ပြီးတော့ အကုန်လုံး ဝမ်းလျား မှောက်ကြတယ်။
အကုန်လုံး ဗြုန်းကနဲဆို ဝမ်လျားမှောက် လိုက်ကြတယ်။ ဘုန်းကြီးက ရုတ်တရက်တော့ လန့်သွားတယ်။ ''ဒီလူ တွေ မေ့လဲကုန်ပြီလား၊ ဘာဖြစ်တာလဲ၊ တစ္ဆေဖမ်းသလား'' လို့ တွေးမိတယ်။
ဝမ်းလျားမှောက်ချလိုက်ပြီးတော့မှ တစ်ယောက်မှ ခေါင်းမဖော်ကြဘူး။ လက်အုပ်ချီထားတဲ့ လက်ကလေးတွေ ကို ရှေ့တိုးပြီးတော့ မှောက်ခုံလေးတွေနေကြတယ်။ မှောက်ခုံလေးတွေနေကြတော့ ဆရာကြီးလုပ်သူက နည်းနည်းကလေး တိုင်ပေး၊ မှောက်လျက်က လိုက်ဆိုကြတယ်။ ပြီးတော့ တစ်ခါပြန်ထ။
ထလိုက် ဝမ်းလျားမှောက်လိုက်၊ မတ်တတ် ထ လိုက်၊ ဝမ်းလျားမှောက်လိုက် အဲဒီလို သုံးကြိမ်တိုင်တိုင် ဦးချပြီးတော့မှ အကုန်လုံး ထိုင်ပြီး အပန်းဖြေကြတယ်။ပေနေတဲ့ ဖုန်လေးတွေ ဘာလေးတွေ သုတ်ပြီးတော့ ထိုင်ကြ တယ်။
သူတို့က တရားအားထုတ်လိုက်၊ နှဲကလေး မှုတ်လိုက်ဆိုတော့ သမာဓိ ဘယ်လိုလုပ်ဖြစ်မှာလဲ။ သူတို့ မစဉ်း စားကြဘူး။ ကိုယ့်ဟာကိုယ် အဟုတ်ထင်နေကြတယ်။
တရားသိမ်း အပန်းဖြေနည်း
ပြီးတော့မှ အငယ်ကိုယ်တော် သုံးပါးလေးပါးက ထပြီးတော့ ရှေ့နားက တောင်းကြီးတွေ ဆွဲဖွင့်၊ အဝတ်ဖြူ ကြီးတွေနဲ့အုပ်ထားတာ။ ဆွဲဖွင့်လိုက်တော့မှ အထဲကထွက် လာတဲ့ ပန်းသီးတို့ ငှက်ပျောသီးတို့ ဘီစကွတ်မုန့်တို့ နို့ဆီဗူး တို့ အကုန်ထွက်လာကြတယ်။
ပန်းကန်ပြားတွေ ဆွဲထုတ်ပြီးတော့ အဲဒါတွေ ထည့်။ ပန်းသီးတို့ ငှက်ပျောသီးတို့ ဘီစကွတ်တို့ ချိုချဉ်ခဲတို့ အကုန်ထည့်ပြီးတော့မှ ခုနက တရားအားထုတ်တဲ့ ကိုယ် တော်တွေ အဲဒီမှာ ဝေပြီတော့ စားကြတာ။
တရားအားထုတ်လို့အပြီး ဗောဓိပင်အောက်မှာ သူတို့အကုန်စားကြတာ။ ဘုန်းကြီးရော သီလရှင်ရော အကုန်ပဲ အဲဒီမှာ စားကြတာ။
ဘုန်းကြီးက ''ဒါဟာ ဆွမ်းတော်ကြီး တင်တာနဲ့ တူပါတယ်''လို့ထင်တာ။ မဟုတ်ဘူး။ မြန်မာပြည် ဆွမ်းတော်ကြီး တင်တဲ့နည်းလို့ ဘုန်းကြီးက အောက်မေ့မိတာ။ ဘုရားရှေ့ တောင်းကြီးတွေချထားတော့ ''သြော် စားစရာတွေ ဆွမ်းတော်ကြီးတင်တာ ဖြစ်မှာပဲပေါ့''။
မြန်မာပြည်ကတော့ ဆွမ်းတော်ကြီးတင်တာ ညကတည်းက တင်တာကိုး။ ဘဲကင်ရော၊ ကြက်ကင်ရော၊ ဝက်အူ ချောင်းရော ဘုရားရှေ့ ညကတည်းက တိုးလို့တွဲလောင်း၊ အကုန်ချိတ်ထားတယ်။ ဘဲကင်ကြီးတွေကြည့်လိုက်ရင် ခြေ ထောက်တွေထောင်လို့။
အဲဒီလိုလုပ်ကြတော့ မြန်မာပြည်က ဆွမ်းတော်ကြီး တင်နည်းကတော့ ဟောဒီ ရောက်နေပြီထင် တယ်လို့ အောက်မေ့တာ။ မဟုတ်ဘူး။ ဘုရားတင်တာ မဟုတ်ဘူး။ တရားအားထုတ်လို့အပြီးမှာ အဲဒီဟာတွေကို ဘုန်းကြီးတွေ အကုန်ထိုင်စားကြတာ။
ညစာစားပွဲ ကျင်းပသလိုဖြစ်နေ
အဲဒီအချိန်ကျတော့ ''မဖြစ်ဘူး၊ ငါထ တော့မှပဲ'' ဆိုပြီးတော့ ဘုန်းကြီး ထတယ်။ အဲဒီလိုထတော့ သြစတြေး ရီးယား ကိုယ်တော်တစ်ပါးက လက်ဆွဲပြီးတော့ အထိုင်ခိုင်း တယ်။ ''ပြန်ထိုင်ပါ''တဲ့။ ''ဘာလို့ထိုင် ရမှာလဲ''လို့ ပြောနေ တုန်း ရှိသေးတယ်။ ကိုယ်တော်တစ်ပါးက ပန်းကန်ပြား တချပ်ကိုင်ပြီး ယူလာတယ်။
အဲဒီပန်းကန်ပြားထဲမှာ ပန်းသီး(၂)လုံးပါတယ်။ ငှက်ပျောသီးက (၃)လုံးပါတယ်။ ဘီစကွတ်မုန့်ကလဲ (၅)ခု လောက်ပါတယ်။ ချိုချဉ်ခဲလေးက (၇)ခဲပါတယ်။ အဲဒါလေး ဘုန်းကြီးကို လာပေးတယ်။ ''ဘုဉ်းပေးပါ''တဲ့။ သူတို့နဲ့ အတူတူ မိတ်ဖြစ်ဆွေဖြစ်ပေါ့တဲ့။ ညစာစားပွဲကျနေတာပဲ။
ဘုန်းကြီးက ပြောလိုက်ပါတယ်။ ''ငါတို့ ထေရဝါဒ ရဟန်းတော်များဟာ နေမွန်းတည့်ပြီးလို့ နေ့ ၁၂-နာရီ ကျော်ပြီးလို့ရှိရင် နောက်တစ်ရက် နေရောင်ကို မမြင်ရ မချင်း ငါတို့ ဒီလိုအစားအစာများကို စားတဲ့ ထုံးစံ မရှိပါ ဘူး''လို့။
အဲဒီတော့မှ မေးတယ်။ ''ဟာ .အရှင်ဘုရားတို့ ဘယ်တိုင်းပြည်ကလဲ''တဲ့။
ဘုန်းကြီးကို သူတို့က တိဘက် ဘုန်းကြီးပဲ အောက် မေ့နေကြတာ။ ''ငါ မြန်မာပြည်က'' ။ အဲဒီတော့မှ သူတို့က ဘုန်းကြီးကို ခြေဆုံးခေါင်းဆုံး အသေအချာ ကြည့်ကြတယ်။

အပိုင်း (၁၁)မျှော်)

31 August 2009

အနှစ်ကိုးပါး (အပိုင်း-၉)



ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ်
အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာကို လေ့လာ လိုက်စားကြတယ်။ ဗုဒ္ဓဘာသာကို သူတို့အလွန် စိတ်ဝင်စားနေကြတယ်။ ဗုဒ္ဓဘာသာကို အလွန်စိတ်ဝင်စားလို့ ဗုဒ္ဓဘာသာ ကျင့်နည်းကြံနည်းကို ကျင့်ကြံကြိုးကုတ် အားထုတ်မယ်လို့ နည်းရှာကြတဲ့ အခါမှာ ဒီလူတွေဟာ တကယ် 'ထေရဝါဒသာသနာနည်း'ကို မရကြပဲ တိဘက် 'ဒလိုင်းလားမား'ထံမှာ တပည့်ခံပြီးတော့ 'မဟာ ယာနနည်း'တွေကို သူတို့ကျင့်မိနေကြတယ်ဆိုတာကို အဲဒီမှာ ဘုန်းကြီး သဘောပေါက်သွားတယ်။
ဘုန်းကြီးတို့ပရိသတ်များ သူတို့တတွေမှာ ဆရာကောင်းမရကြဘူးနော်။ ခုနက ပြောထားတဲ့အချက်ကို မမေ့လိုက်နဲ့။
သမထကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာ ပညတ်ကိုချည်း တစ်ဘက်သတ် ဖိရှုသွားတဲ့ ပုဂ္ဂိုလ်တွေက ဈာန်လမ်း ချည်းသွားတယ်။ ဥာဏ်လမ်း မလာတော့ဘူး။ သမာဓိ အတော် အတန်ရတဲ့အခါမှာ ရုပ်နာမ်သို့ပြောင်းရှုတဲ့ ပုဂ္ဂိုလ်တွေကတော့ ဥာဏ်လမ်းကို တက်သွားတယ်။
သူတို့ လုပ်နေတဲ့အလုပ်က ဈာန်လမ်းကို ဦးတည ပြီးတော့ ကောင်းကင်ပျံဖို့တို့ မြေကြီးထဲငုပ်ဖို့တို့ မီးထဲလမ်း လျှောက်ဖို့တို့ ရေပေါ်မှာ အိပ်ပြဖို့တို့ အဲဒါတွေစိတ်ဝင်စား ပြီးတော့ သူတို့လုပ်နေကြတာ။
ဒီတော့ သူတို့လူအုပ်ကြီး ဗောဓိပင်နားမှာ တရားထိုင်ကြတယ်။ မနက် ၈-နာရီလောက်မှာ တစ်ကြိမ်၊ နေ့လည် ၂-နာရီလောက်မှာ တစ်ကြိမ်၊ ည ၈-နာရီလောက် မှာ တစ်ကြိမ် တရားထိုင်ကြပါတယ်။
သူတို့နဲ့ရောပြီးတော့ ဝင်ထိုင်ကြည့်တယ်
မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းထိုင်တဲ့ အချိန်မှာတော့ သူတို့အနားမှာ ဘုန်းကြီး အချိန်ကြာကြာ မရှိဘူး။ ည ၈-နာရီထိုင်တဲ့ အချိန်ကျတော့ ဘုန်းကြီးကလဲ ''ကိုင်းကွာ ငါ လဲပဲ တရားထိုင်မယ်''ဆိုပြီး သူတို့နဲ့ရောပြီးတော့ ဘေးနားက အသားလေး ကပ်ထိုင်တယ်။
အတန်းလိုက် အတန်းလိုက် သူတို့တတွေ ထိုင်ကြတယ်။ ရှေ့ဆုံးတန်းကို မှန်းပြီးတော့ ကြည့်လိုက်စမ်းပါ။ အင်္ဂလိပ်အမျိုးသမီးရဲ့ ဂါဝန်သဏ္ဌာန်ရှိတဲ့ တိဘက်သင်္ကန်း နီနီကြီး ဝတ်ထားတဲ့ ခပ်ဝဝ တိဘက်ဘုန်းကြီး တစ်ပါး၊ အပေါ်ရုံခြုံထည်ကြီးခြုံပြီးတော့ သူက အလယ် တည့်တည့်က ထိုင်တယ်။
သူ့လက်ထဲမှာ ဂလိုင်ကလေး တစ်လုံးပါတယ်။ နောက်ပြီးတော့ ဟောဒီမြန်မာပြည်က ဆိုင်းဝိုင်းတွေမှာ တီးတဲ့ သံချွင်လေး တစ်ခုပါတယ်။ တိဘက်ဘုန်းကြီးကြီး ရှေ့ဘက်မှာ အမွှေးတိုင်လေးတွေ ထွန်းလို့ သူ့ဘေးနားမှာ ဝဲယာမှာဆိုလို့ရှိရင် တိဘက်ကိုယ်တော် ခပ်ငယ်ငယ် နှစ်ပါး။
တိဘက်ကိုယ်တော် ခပ်ငယ်ငယ်နှစ်ပါးမှာ နှဲ တစ်ယောက် တစ်ချောင်းစီကိုင်ထား တာတွေ့ရတယ်။ နှဲတစ် လက်စီပါတယ်။ အစွန်းဘက်ကို လှမ်းကြည့်လိုက်ယင် လက်ဝဲဘက်အစွန်းမှာ ကိုယ်တော်တစ်ပါးက နှဲကြီး အကြီးကြီး တစ်ချောင်းပါတယ်။
လက်ယာဘက်အစွန်းလှည့်ကြည့်လိုက်တဲ့ အခါကျတော့ လက်ယာဘက်အစွန်းက ကိုယ်တော် တစ်ပါးရဲ့ လက်ထဲမှာတော့ မြန်မာပြည်က ခေတ်ပေါ်တီးဝိုင်းတွေမှာ တီးတဲ့ ဘင်သဏ္ဌာန်ရှိတဲ့ ဒိန်း ဒိန်းနဲ့ထုတဲ့ အရာဝတ္ထုကြီး တစ်ခု သူ့လက်ထဲမှာပါတယ်။
ရှေ့ဆုံးက သူတို့ထိုင်ကြတယ်။ အလယ်ကတော့ ဆရာကြီးပေါ့။ နောက်နားက သူ့နေရာနဲ့သူ စီတန်းပြီးတော့ ထိုင်ကြတယ်။ အဲဒါ ဗောဓိပင်အောက်မှာ။
ဗုဒ္ဓကိုပူဇော်ကြမလို့ ထင်တယ်
ဘုရား ကိုယ်တော်မြတ် ဒီဗောဓိပင် အောက်မှာ သစ္စာလေးပါးကို သိမြင်ပြီးတော့ ဘုရားအဖြစ်သို့ရောက်၊ မာရ်ငါးပါးကို အောင်မြင်တော်မူတဲ့ ၁ဝ၃-ခုနှစ်၊ ကဆုန်လ လပြည့်ကျော် ၁-ရက်နေ့သို့ကူးတဲ့အချိန်။
အဲဒီအချိန်အခါတုန်းက ဒီဗောဓိပင်အောက်မှာ မာရ်ငါးပါး အောင်မြင်တော်မူတဲ့ မြတ်စွာဘုရားကို စကြာဝဠာ တစ်သောင်းက နတ်ဗြဟ္မာအပေါင်း နဂါးတွေရော၊ ဂဠုန်တွေရော၊ နတ်တွေရော၊ ဗြဟ္မာတွေရော၊ တူရိယာ ဂီတမျိုးစုံနဲ့ ဘုရားကိုယ်တော်မြတ်ကို သီဆိုတီးမှုတ်ပြီ ဘုရားကို ပူဇော်တယ်။
သိကြားမင်းကြီးကလဲ ခရုသင်းကြီးမှုတ်ပြီးတော့ ဘုရားကို ပူဇော်တယ်။ ပဉ္စသိင်္ခနတ်သားကြီးကလဲ စောင်း နဲ့ ပူဇော်တယ်။
ကာဠနဂါးမင်းကြီးကလဲ သမီးတွေခေါ်လာပြီးတော့ အဲဒီမှာ ဂီတတွေနဲ့ သီဆိုတီးမှုတ်ပြီးတော့ သမီးတွေကို ကခိုင်းပြီးတော့ ဘုရားကိုယ်တော်မြတ်ကို ပူဇော်တယ်။
ဘုရားကိုယ်တော်မြတ် ဗောဓိပင်နဲ့ ရွှေပလ္လင်၊ မာရ် ငါးပါးအောင်တုန်းက နတ်တွေ ဗြဟ္မာတွေ နဂါးတွေ ဂဠုန်တွေက တူရိယာဂီတတွေနဲ့ ပူဇော်တယ်လို့ ကြားဖူး တယ်။ အခုတော့ ဘုန်းကြီးတွေက ဘုရားကို နှဲနဲ့ မှုတ်ပြီး တော့ ပူဇော်ကြတော့မယ်လို့ စိတ်ထဲမှာ အတွေး ပေါက်လာတယ်။
သူတို့ တရားနာပုံ၊ တရားထိုင်ပုံ
တော်တော်လဲကြာရော အလယ်တည့်တည့်က ထိုင်တဲ့ကိုယ်တော်ကြီးက လက်ထဲကဂလိုင်ကို ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ အသံလေး ခပ်နိမ့်နိမ့်နဲ့ သူလှုပ်ပါတယ်။ နောက် တော်တော်ကြာတော့ တအားပြင်းပြီးတော့ အသံ ခပ်ပြင်းပြင်းနဲ့ အသံဆူညံသွားအောင် လှုပ်လိုက်ပါတယ်။
အဲဒီလို ဂလိုင်လှုပ်နေတဲ့အချိန်မှာ ပရိသတ် အားလုံးဟာ လက်အုပ်ချီပြီးတော့ နေကြတယ်။ တော်တော် ကြာတော့ ဖြုတ်ခနဲဂလိုင်သံကို ရပ်ပစ်လိုက်တယ်။ ရပ်ပစ်လိုက်ပြီးတော့မှ ရှေ့တည့်တည့် နားမှာထိုင်နေတဲ့ သီလရှင် တစ်ယောက်ရှိတယ်။
အဲဒီသီလရှင်က အင်္ဂလိပ်အမျိုးသမီး၊ တိဘက် နည်းနဲ့ သီလရှင်ဝတ်ထားတာ။ သူကလဲပဲ သူကရှေ့ ကနေ ပေထုပ်ကလေးဖွင့်ပြီးတော့ နည်းနည်းစပေးတယ်။
နည်းနည်းလေး စပေးလိုက်တဲ့အခါကျတော့မှ ဘေးဝဲယာအစွန်းမှာ ထိုင်နေတဲ့ နှဲကိုင်တဲ့ ကိုယ်တော်တွေ ကနေပြီးတော့ သံမှန်လေး ပေါ့လေ။ နှဲတော့မမှုတ် သေးဘူး။ ကဗျာလေးတွေ မန္တာန်လေးတွေကို တိုးတိုး တိုးတိုးနဲ့ ရွတ်ပေးတယ်။ ရှေ့က စပေးတယ်။ ခုနဘေးက ကိုယ်တော် တွေကရွတ်တယ်။ နောက် ပရိသတ်အကုန်လုံးဟာ သံပြိုင် တစ်ညီတစ်ညွတ်တည်း လိုက်ပြီးတော့ ဆိုကြတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကို ပူဇော်နေကြတာပဲလို့ ထင်တယ်။ ဘာမှတော့ ဘုန်းကြီး နားမလည်ဘူး။ သူတို့ရွတ် နေရလို့ အသံညီလာပြီဆိုတော့မှ အသံကို တော်တော် မြှင့် ပြီး တော့ သံပြိုင်သူတို့ရွတ်ကြတယ်။
အသံမြှင့်ပြီးတော့ ရွတ်လို့ အားကောင်းနေတဲ့ အချိန်မှာ အလယ်ကောင်က ဆရာကြီးကနေပြီး လက်ထဲက သံချွန်လေး ကိုင်ပြီးတော့ ''ချွင်''ဆို တစ်ချက် ခေါက်ပေး လိုက်တယ်။ အဲဒီလို တစ်ချက်ခေါက် ပေးလိုက်ရော ကိုယ် တော်တွေ အကုန်လုံး အသံတွေ တိတ်သွားကြတယ်။
အသံတွေ တိတ်သွားတော့ အဲဒီသံချွင်ကိုင်တဲ့ ဂလိုင်ကိုင်တဲ့ ကိုယ်တော်ကြီးက တိုးတိုးတိုးတိုးနဲ့ သူက တရားဟောတယ်။ သူ တရားဟောတာကို နောက်က အားလုံး စိတ်စိုက်ပြီးတော့ လက်အုပ်ချီထားကြ။ ဘယ်ဘက် လက်ပေါ်မှာ ညာဘက်လက်ကလေး ထပ်ပြီးတော့ မျက်စိ မှိတ်ထိုင် တရားနာကြတယ်။
တရားနာပြီးတဲ့အခါကျတော့ ဂလိုင်လေးကိုတစ်ခါ ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ သူလှုပ်ပြန်ရော၊ အသံဟာမြင့် မြင့်ပြီးတော့ တက်လာရော၊ နောက်ဆုံးတအားမြှင့်ပြီးတဲ့ အခါကျတော့မှ ဖြုတ်ကနဲဆို အသံ ရပ်လိုက်ပြီးတော့ နောက်တစ်ခါ မန္တာန်တွေ ရွတ်ကြပြန်ရော။
အဲဒီလို သုံးကြိမ်သုံးခါ ရွတ်လိုက်၊ ဘုရားရှိခိုးလိုက်၊ တရားဟောလိုက်၊ ရွတ်လိုက်၊ ဘုရားရှိခိုးလိုက်၊ တရား ဟောလိုက်နဲ့ သုံးကြိမ်လောက်လုပ်ပြီးတဲ့အခါကျတော့မှ ငြိမ်ပြီးတော့ သူတို့တတွေ တရားထိုင်နေကြတယ်။
အပိုင် (၁၀)ဆက်လက်ဖော်ပြပါမည်။

29 August 2009

ဗုဒ္ဓဘာသာနှင့် အတွေးအခေါ်လွတ်လပ်မှု


မြတ်ဗုဒ္ဓဒေသနာတော်အရ ဝိစိကိစ္ဆာဟူသောယုံမှား ခြင်းသည် ရှင်းလင်းသောအသိ(သစ္စာအသိ)၏ ကြီးမားသော အတားအဆီးတစ်ခုဖြစ်သည်။ ထို့အပြင် စိတ်ဓာတ်ဖွံ့ဖြိုး တိုးတက်ရေးသာမက မည်သည့်ဖွံ့ ဖြိုး တိုးတက်ရေး မျိုးကိုမဆို ဝိစိကိစ္ဆာတရားသည် ကြီးမားသောအနှောက်အယှက် အတား အဆီးတစ်ခုဖြစ်သည်။
သို့သော်- ဝိစိကိစ္ဆာဟူသော ယုံမှားမှုသည် တကယ် စင်စစ် ကြီးမားသောအပြစ်ကြီး Sin-တစ်ခုတော့မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတွင် အခြားသောဘာ သာများမှာကဲ့သို့ အခိုင်အမာ ကတိပြု ယုံကြည်ခြင်းမျိုးမရှိပေ။ အခြားဘာသာများ၌ သက်ဆိုင်ရာဘုရားသခင်တို့ကို မယုံကြည်လျှင် (သို့) ယုံမှားခြင်းဖြစ်လျှင် ကြီးလေးသော ပြစ်ဒဏ်ထိုက်သည်။ ထိုအပြစ်မျိုးကိုSin- ဟုခေါ်ကြသည်။
ဗုဒ္ဓဘာသာ၌ ဗုဒ္ဓကိုယုံမှားရုံမျှ မယုံကြည်ရုံမျှဖြင့် ထိုယုံမှားသူ မယုံကြည်သူတို့မှာ ကြီးလေးသောပြစ်ဒဏ်ထိုက် သည်ဟူ၍ ဆိုရိုးမရှိချေ။ မကောင်းမှုအားလုံးတို့၏ ရေသောက်မြစ်သည် ဝိစိကိစ္ဆာမဟုတ်။ အဝိဇ္ဇာ (မသိခြင်း) နှင့် တဏှာ (အလိုရမက်ကြီးခြင်း)တို့ ဖြစ်ကုန်၏။ တွေဝေခြင်း ယုံမှားခြင်း တုန်လှုပ်ခြင်း ဆုံးဖြတ်နိုင်မှု ခက်ခဲခြင်းတွေ ရှိနေသမျှကာလပတ်လုံး ထိုသူ့ဘဝမှာ တိုးတက်မှု မဖြစ်နိုင်ဟူသော အချက်ကို ငြင်းနိုင်ဖွယ်မရှိချေ။
အရှိတရား အမှန်တရားကို ရှင်းလင်းစွာ မသိကြသေးသမျှကာလပတ်လုံး ထိုသူတို့၏သန္တာန်မှာ သံသယ ကိန်းအောင်းနေသေးလို့-ဟူသော အချက်သည်လည်း ငြင်း နိုင်ဖွယ်ရာမရှိချေ။ ဘဝ၏ စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့်မြင့် တိုးတက်ဖို့ရန်အလို့ငှါ ထိုဝိစိကိစ္ဆာတရားကို အကြွင်းမဲ့ ပယ်သတ်ရမည်ဟူသည့်အချက်မှာ အမှန်တကယ်လိုအပ် သည့် လိုအပ်ချက်ပင်ဖြစ်သည်။ ထိုဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်ပစ်မည်ဆိုလျှင် ထိုသူသည် အရှိနှင့်အမှန်ကို အတိအကျ ရှင်းလင်းသိမြင်ရမည်ဖြစ်သည်။
လူတစ်ယောက်ကို "သင်သည် ဤအချက်၌ မယုံမှား သင့်၊ ဤအချက်၌ ယုံကြည်ရမည်"ဟုပြောဆိုရန်"အကြောင်း အချက်မရှိပေ။ တကယ်ပြောရန်လိုအပ်သည်ကား သင်သိတာ သင်မြင်တာကို ငါယုံကြည်၏-ဟု ဆိုလိုခြင်းမဟုတ်၊ ငါသိတာ ငါမြင်တာကို ငါယုံကြည်၏-ဟု ပြောဆိုရန်သာရှိသည်။
ဥပမာ- ကျောင်းသားတစ်ယောက်သည် ဂဏန်း သင်္ချာပုစ္ဆာတစ်ခုကို တွက်ချက်နေ သည်ဆိုပါစို့၊ ထိုဂဏန်း သင်္ချာပုစ္ဆာသည်သူသိမြင် တတ်ကျွမ်းထားသည့်အဆင့်ကို ကျော်လွန်ပြီး ခက်လွန်းနေလျှင် ထိုကျောင်းသား၌ စိတ်ရှုတ်ခြင်း တွေဝေခြင်း ဝိစိကိစ္ဆာ ဝင်လာပြီဖြစ်သည်။ ထိုဝိစိကိစ္ဆာ သူ့မှာ ရှိနေသမျှကာလပတ်လုံး ထိုကျောင်းသားတွက် ဂဏန်း သင်္ချာအတတ်သည် တိုးတက်ဖို့ မဖြစ်နိုင်တော့ချေ။
သူသည်ရှေ့သို့တစ်ဆင့်တက်လိုလျှင် ထိုပြဿနာကို ရှင်းပစ်ရမည်။ ထိုသံသယကို ပယ်ပစ်ရမည်။ ထိုဝိစိကိစ္ဆာ သံသယတို့ကို ပယ်ရှားသောနည်းလမ်းများရှိပါသည်။
"ကျွန်ုပ် ယုံကြည်ပါ၏၊ ကျွန်ုပ် သံသယမရှိပါ "ဟု ပြောဆိုရုံမျှဖြင့် ပြဿနာ၏အဖြေကို ရလိမ့်မည်မဟုတ်ပါ။ ကိုယ်တိုင်သိမြင်နားလည်ခြင်းမရှိပဲ တစ်စုံတစ်ခုသောဝါဒကို လက်ခံဖို့ရန် အတင်းအကြပ်ပြုလုပ်ခြင်းသည် သူ၏စိတ်ဆန္ဒ နှင့် အသိပညာမပါသောကြောင့် နိုင်ငံရေးသမားတို့ အတင်းအကြပ် စည်းရုံးသိမ်းသွင်းခြင်းမျိုးဖြစ်သည်။
မြတ်ဗုဒ္ဓသည် လူသားတိုင်းကို ဆန္ဒပြင်းပြစွာနှင့် အစဉ်သဖြင့် တိုက်တွန်းသည်မှာ ဝိစိကိစ္ဆာ (ယုံမှားသံသယ) ကို ပယ်ရှားဖို့ရန် ဖြစ်သည်။ မြတ်ဗုဒ္ဓသည် လူးသားတို့၏သန္တာန်ဝယ် စွဲမှီ၍နေသော ကြောင်းကျိုး အကောင်းအဆိုး အမှားအမှန်ကို မဝေခွဲနိုင် မဆုံးဖြတ်နိုင်သည့် ထိုကဲ့သို့သော ဝိစိကိစ္ဆာမျိုးကို ပယ်ရှာဖို့ ပြင်းပြသောဆန္ဒရှိတော်မူ၏။
သူ၏ ပရိနိဗ္ဗာန်မပြုမှီ မိနစ်ပိုင်းအတွင်းကလေးမှာပင်လျှင် သူသည် သူ၏တပည့်သာဝကတို့ကို အကြိမ်ပေါင်း များစွာပြောဆိုခဲ့သည်မှာ "ရဟန်းတို့ ငါဘုရားရဲ့ အဆုံးအမနှင့် ပတ်သက်၍ သင်တို့မှာ ယုံမှားသံသယရှိကြလျှင် ငါဘုရား ကိုပွင့်ပွင့်လင်းလင်း မေးလိုက်ကြ။ ငါဘုရားမရှိသည့် နောက် သင်တို့၏စိတ်အစဉ်ဝယ် သံသယတို့ဖြင့် ရှုတ်ထွေးပြီး စိတ်ပင်ပန်းမှုများဖြင့် မကျန်ရစ်စေကြကုန်နှင့်။ ငါဘုရား ရှိခိုက် သင်တို့၏သံသယများကို မေးခြင်းဖြင့် သင်တို့၏ယုံမှားမှုကို ရှင်းလင်းကြ"ဟူသတည်း။
"ထိုအခါ တပည့်တို့သည် ဆိတ်ငြိမ်၍ နေကြကုန်၏၊ ထိုအခါ မြတ်ဗုဒ္ဓက ဆက်လက်၍မိန့်ကြားသည်မှာ "သင်တို့ သည် အကယ်၍ ငါဘုရားကို ရိုသေကြောက်ရွံ့သောကြောင့် မမေးနိုင်ကြကုန်သည်ဖြစ်အံ့၊ အချင်းချင်း အပြန်ပြန် အလှန်လှန် သံသယတွေကို ထုတ်ပြ၍ သံဃာအားလုံး၏ ကိုယ်စားပြု တစ်စုံတစ်ယောက်က ထိုဝိစိကိစ္ဆာ( သံသယ)တို့ကို ငါဘုရားအား မေးကြကုန်လော့"ဟူ၏။
ဤသည်မှာ ဘာသာရေးသမိုင်း၌ ဗုဒ္ဓဘာသာ၏ အတွေးအခေါ်လွတ်လပ်မှုကိုသာ ဖော်ပြရုံမျှမက ဆရာဖြစ်တော်မူသော မြတ်ဗုဒ္ဓ၏ သဘောထားကြီးခြင်း ခွင့်လွှတ်ခြင်းကိုပါ ဖော်ပြသည့် သမိုင်းတင်မှတ်တမ်းဖြစ်သည်။

27 August 2009

အနှစ်ကိုးပါး(အပိုင်း-၈)



အင်္ဂလိပ်လို ဘာသာပြန်ပြီး ထုတ်ဝေဖို့ဆိုတာ

အဲဒီမှာ သူက ပြောသေးတယ်။''ဒီလောက်တောင် အဖိုးတန်တဲ့စာအုပ်တွေ မြန်မာပြည်မှာ ရှိပါလျက်နဲ့ အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ ကမ္ဘာကို မထုတ်တာ ဘာဖြစ်လို့လဲ''တဲ့။
''အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ ကမ္ဘာကို မဖြန့်ချိတာကတော့ တခြားမဟုတ်ပါဘူး။ ဘုန်းကြီးတို့ ဖြန့်ချိ ဖို့ရန် အကုန်လုံး စွမ်းနိုင်ကြပါတယ်''။ စွမ်းတာ မစွမ်းတာ ထားပေါ့လေ၊ စွမ်းနိုင်ပါတယ်လို့ ပြောလိုက်တယ်။
''ကမ္ဘာကို အင်္ဂလိပ်လို ဘာသာပြန်ပြီး မထုတ်တာကတော့ တခြားမဟုတ်ပါဘူး။ အလွန်အဖိုးတန်တဲ့ စိန်၊ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြား၊ နီလာ၊ ဥဿဖယားဆိုတဲ့ ရတနာတွေကို ဒကာမကြီးတို့ရရင် အဲဒီအဖိုးတန် ရတနာတွေကို ရလာတော့ ဘယ်လိုလုပ်သလဲ၊ အဲဒီစိန်တုံးကြီး ခေါင်းပေါ်ရွက်ပြီး တိုင်းပြည်လှည့်ပြီးတော့ ပြမှာလား'' လို့ ဘုန်းကြီးက မေးတော့ ''ဟာ ဘယ်ပြမှာလဲ''တဲ့။
''ဘယ်လို လုပ်မလဲ ဒကာမကြီး'' ဆိုတော့ ''သေတ္တာထဲ ထည့်ထားမှာပေါ့''တဲ့။
''ဘုန်းကြီးတို့လဲ သေတ္တာထဲ ထည့်ထားတာ၊ ဒါလောက် အဖိုးတန်တဲ့ စာပေတွေဟာ ရတနာတွေ။ ဒါကြောင့် ဘုန်းကြီးတို့လဲ မြန်မာ့သေတ္တာထဲ ထည့်လှောင်ထားတာ၊ ကြည့်ချင်လာခဲ့၊ အဆင်သင့်ပဲ ငါတို့ပြမယ်'' လို့ အဲဒီလို ကြံဖန်ပြီးတော့ ပြောလိုက်ရတယ်။ သူ သဘောကျသွားတယ်။
ရတနာအပြည့်ရှိတဲ့ မြန်မာပြည်
အဲဒီမှာ ထိုအဘွားကြီး တဆက်တည်းပြောတယ်။ ''အရှင်ဘုရားတို့မြန်မာပြည်က ရတနာပြည့်တဲ့ တိုင်းပြည်'' တဲ့။
''ဘာကြောင့် ရတနာတွေပြည့်နေတဲ့ တိုင်းပြည်လို့ ပြောသလဲ၊ မိုးကုတ်ရောက်ခဲ့လို့လား''လို့ ဘုန်းကြီးက ချော် မေးလိုက်တယ်။
''မရောက်ပါဘူး၊ ဒါပေမဲ့ မိုးကုတ်ဝိပဿနာ ကျမ်းစာအုပ်တွေကို သူဖတ်ဖူးပါတယ်၊ မိုးကုတ်ဆရာတော် ဘုရားကြီးလဲ ဖူးတော့ မဖူးဘူးပါဘူး၊ ဆရာတော်ဘုရားကြီး ဟောတဲ့ တရားတိတ်ခွေတွေကို ယူခဲ့ပါတယ်။ မြန်မာလို ကောင်းကောင်း တတ်တဲ့အခါကျရင် နားထောင်မယ်။ တရားတိတ်ခွေတွေ ယူလာပါတယ်''။
''မိုးကုတ်ဆရာတော် ဘုရားကြီးကိုလဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်၊ ရုပ်တုကို ရိုက်ယူလာတာပါ။ စွန်းလွန်းဆရာ တော်ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီးတို့၊ ညောင်လွန့်ဆရာတော်ဘုရားကြီးတို့ နေရာများကိုလည်း ရောက်ခဲ့တယ်''လို့ သူက ပြောတယ်။
အဲဒီလို ပရိယတ္တိ၊ ပဋိပတ္တိစွယ်စုံတော်တဲ့ ဆရာတော်ကြီးတွေ မြန်မာပြည်မှာ ကျေးလက်တောရွာတွေမှာ အများကြီးပဲ။ မြို့သိမ်မြို့ငယ်လေးတွေမှာလဲ အများကြီးရှိပါတယ်။ တောရွာတွေမှာ ပိုပြီးပေါတယ်။
သူက ပြောသေးတယ်။ ''အဲဒီလောက် ပရိယတ်လဲတော်၊ ပဋိပတ်လဲတော်၊ တရားအကျင့်မှာလဲ ကောင်း၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေလဲပဲ ပေါက်ရောက်ပြီးတော့ တရား တကယ်သိနေတဲ့ ပုဂ္ဂိုလ်ထူးတွေဟာ မြန်မာပြည်မှာ အများကြီး ရှိတယ်''။
''ဒါကြောင့် မြန်မာပြည်ဟာ ရတနာအပြည့်ရှိတဲ့ တိုင်းပြည်လို့ တပည့်တော် ပြောချင်ပါတယ်''တဲ့။
ဗောဓိပင်နားမှာ တွေ့လိုက်ရတဲ့ အဘွားကြီးတစ်ယောက်က ပြောတာ။
ဘုန်းကြီး စဉ်းစားမိတယ်။ ''တို့မြန်မာပြည်ကို သူ တို့က ဒီလိုမြင်တာ၊ တို့မြန်မာလူမျိုးတွေကတော့ တို့မြန်မာ ပြည်ကို အလွန်မွဲတဲ့ တိုင်းပြည်လို့ မြင်နေတယ်၊ ပြောင်းပြန် ဖြစ်နေတယ်''လို့။
မြန်မာတွေ မြင်ပုံကတော့ တစ်မျိုးကြီးပဲ။ ''မြန်မာပြည်ဟာ ဆင်းရဲတယ်၊ မွဲတယ်၊ အောက်တန်းကျတယ်၊ ဘာမှ ဟန်မကျ ဘူး၊ ခေတ်နောက်ကျနေပြီ''လို့ ပြောကြတယ်။
ခုနက အဘွားကြီးပြောသွားတာကတော့ ''မြန်မာ ပြည်သည် ရတနာပြည့်တဲ့ တိုင်းပြည်''တဲ့။
ဗောဓိပင်နား တဝိုက်လေ့လာလိုက်တော့
မနက် အရုဏ်ဆွမ်းစားပြီးတာနဲ့ ဗောဓိပင်နားကို ဘုန်းကြီး ရောက်သွားတယ်။ နေ့ဆွမ်းစားကာနီးမှ ဘုန်းကြီးက တည်းခိုတဲကျောင်းကို ပြန်တယ်။ နေ့ဆွမ်းစားပြီးတာနဲ့ ချက်ချင်း ဗောဓိပင်နားပြန်သွားတယ်။ ည ၁ဝ-နာရီ၊ ၁၁-နာရီမှ ကျောင်းပြန်တယ်။ တစ်နေ့လုံး အဲဒီအနားမှာ နေတယ်။
ကိုယ်ကိုယ်တိုင်လဲ လုပ်စရာရှိတဲ့ ကုသိုလ်ရမယ့် လုပ်ငန်းတွေလုပ်၊ ကုသိုလ်ရမဲ့လုပ်ငန်းကို ကိုယ့်ဟာကိုယ် အပြေးအလွှား လုပ်ကိုင်ဆောင်ရွက်ပြီးတော့မှ ဒီဗောဓိပင်နား လာတဲ့လူပေါင်းစုံဟာ ဘာတွေလုပ်နေကြသလဲဆိုတာကို လျှောက်ပြီးတော့ ထောက်လှမ်းတယ်။
အဲဒီလို စုံစမ်းထောက်လှမ်းတော့ တွေ့ရပါတယ်။ လူအုပ်ကြီး တစ်အုပ်၊ လူ၆ဝလောက် ရှိမယ်လို့ ထင်ပါတယ်။ လူအုပ်ကြီးဟာ အကုန်လုံး မျက်နှာဖြူလူမျိုးတွေချည်းပဲ၊ လူစုံပါတယ်။ တချို့ ဆွီဒင်က၊ တချို့ ဂျာမနီက၊ တချို့ သြစတြေးရီးယား၊ တချို့ အီတလီ၊ တချို့လဲ အမေရိကား၊ တချို့လဲ အင်္ဂလိပ်တွေ လူစုံတက်စုံပါပဲ။
အဲဒီလူပေါင်း ၆ဝ-လောက်ရှိတဲ့လူအုပ်ကြီး တစ် အုပ်ကို ကြည့်လိုက်တော့ တစ်ဝက်လောက်သော ယောက်ျား၊ မိန်းမတွေဟာ ခေါင်းကို အကုန်ရိတ်ထားကြတယ်။ ဆံပင်တွေ မရှိကြဘူး။ ခေါင်းကဆံပင်တွေ အကုန်ရိတ်ထားကြတယ်။ ခါးမှာလဲ နီညိုရင့်ရောင် အဝတ်တွေ ဝတ်ထားကြတယ်။
ဒီကတည်းက ဘုန်းကြီးသိလိုက်ပြီ။ ''ဒီပုဂ္ဂိုလ်တွေ ဟာ တိဘက်ဘုန်းကြီးတွေထံမှာ တပည့်ခံပြီးတော့ တိဘက် ရဟန်းဝတ်ထားကြတာ။ တိဘက်နည်းနဲ့ ရဟန်းပြု ထားကြတာ ယောက်ျားတွေ။ အဲဒီ မျက်နှာဖြူအမျိုးသမီးတွေကလဲ ခေါင်းကဆံပင်တွေရိတ်ပြီး ခုနက နီညိုအဝတ်တွေ ဝတ်ပြီး သူတို့ကလဲ တိဘက်နည်းနဲ့ သီလရှင်ဝတ်ထားကြတာ''။
ဒီတော့ မဟာယာနနည်းနဲ့ ရဟန်းပြု၊ မဟာယာန နည်းနဲ့ သီလရှင်ဝတ်ထားတဲ့ ရဟန်းနှင့် သီလရှင်တွေက တစ်ဝက်လောက်၊ သာမန်အရပ်ဝတ် အရပ်စားနဲ့လူက တစ်ဝက်လောက် အားလုံး လူ ၅ဝ-ကျော် ၆ဝ-နီးပါးပေါ့။
(အပိုင်း-၉) ကိုဆက်လက်ဖော်ပြသွားပါမည်

25 August 2009

အနှစ်ကိုးပါး(အပိုင်း-၇)



တမင်လုပ်ကြံရေးထားတဲ့ သုတ္တန်
''အဲဒါကို ဒကာကြီး ငြင်းချင်သေးလား''ဆိုတော့ '' ဒီသုတ္တန်ဟာ တစုံတယောက်သောပုဂ္ဂိုလ်က တမင်ရေး ထည့်ထားတဲ့ သုတ္တန် ဖြစ်မှာပေါ့''တဲ့။
အဲဒီလိုပြောလိုက်တော့ ဘုန်းကြီး နည်းနည်း စိတ် ဆိုးချင်လာတယ်။ စိတ်ဆိုးချင်ပေမဲ့ အောင့်ထားရတယ်။ စိတ်ဆိုးရင် ရှုံးမှာကိုး။
ပိဋကတ်သုံးပုံကို အပြည့်အစုံယုံတဲ့ သဒ္ဓါတရား, ဓမ္မရတနာကို ယုံကြည်တဲ့ စိတ်ဓာတ်ဟာ ဟောဒီ မြန်မာ ပြည်က ဗုဒ္ဓဘာသာ သူတော်စင်တွေမှာ အပြည့်အဝ ရှိတယ်။
ဟိုဒကာကြီးပြောလိုက်ပုံက ''ဒီသုတ္တန်ဟာ လုပ်ကြံပြီးတော့ ရေးထားတဲ့သုတ္တန်''ဆိုတော့ 'မိစ္ဆာဝါဒ-မှားယွင်းတဲ့ အယူအဆ'ဟာ သူ့နှလုံးသားထဲ ရောက်နေတယ်။
''ဟိုလူ ဒီလူရေး ထည့်ထားတာတွေ''ဆိုတော့ ''ဓမ္မံ သရဏံ ဂစ္ဆာမိ''ဟာ အဲဒီကစပြီးတော့ အားနည်းနေတယ်''။
အားနည်းနေတော့ ရတနာသုံးပါးရဲ့ ဂုဏ်သတ္တိ (တနည်း)ရတနာသုံးပါးရဲ့ ဂုဏ်ရည်ကို ယုံကြည်တဲ့ သဒ္ဓါသည် သူ့မှာ အပြည့်အဝမရှိဘူး။
ဘုရား ကိုးကွယ်တယ်၊ တရား ကိုးကွယ်တယ်၊ သံဃာကိုးကွယ်တယ်ဆိုပေမဲ့ အပြည့်အစုံ လက်ခံပြီးတော့ ကိုးကွယ်ကြတာမျိုး မဟုတ်ဘူး။
တချို့ တဝက်သာ လက်ခံပြီးတော့ တချို့ တဝက်ကို လက်မခံပဲနဲ့ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ''မြန်မာပြည်ရဲ့ အပြင်ဘက်မှာ အလွန်များတာပဲ''လို့ သဘောပေါက်လိုက်တယ်။

မေတ္တာတရားကို အစားအစာနဲ့ မသတ်မှတ်ပါနဲ့
အဲဒီနောက် ဘုန်းကြီးက ဆက်ပြောလိုက်တယ်။''ဒကာကြီး မြတ်ဗုဒ္ဓက သူ့အသက် မသတ်ဖို့ကိုချည်း အမြဲတမ်း ဟောပါတယ်။ မညှဉ်းဆဲဖို့ အမြဲတမ်း ဟောပါတယ်။ မေတ္တာပွားဖို့ အမြဲတမ်း ဟောပါတယ်''။
''ဗုဒ္ဓသားတော်, သမီးတော်တွေကို သတ္တဝါတို့ရဲ့ အသက်ကို မသတ်ရဘူးဆိုတဲ့ သိက္ခာပုဒ်တွေ တားမြစ်ထား တယ်''။
''ဒါပေမဲ့ အစွန်း ၃-ပါးလဲ လွတ်မယ်။ ၁ဝ-မျိုး သော အသားမှလဲ လွတ်မယ်။ တရားသဘောကို ဆင်ခြင်ပြီးတော့ စားမယ်ဆိုရင် အပ်စပ်ပါတယ်''။
''ဒါပေမဲ့ ကိုယ်တိုင်သတ်စားဖို့တော့ ဘုရားရှင်က လုံးဝ ခွင့်မပြုဘူး''။
အဲဒီလို ပြောပြီးတော့မှ ''ဒကာကြီး အစားအစာနဲ့ မေတ္တာကို သတ်မှတ်ခြင်းသည် မပြည့်စုံပါဘူး။ မေတ္တာတရားကို ဒေါသငြိမ်းတာ မငြိမ်းတာနှင့် သတ်မှတ်ရတယ်၊ အသီးအရွက်တွေကို စားပြီး ဒေါသကြီးပြီးတော့ နေရင် အဲဒီလူကြီးကို 'မေတ္တာရှင်'လို့ သတ်မှတ်လို့ ဘယ်ရမလဲ''။
''အသားစားချင်လဲ စားပေါ့၊ ငါးစားချင်လဲ စားပေါ့၊ ဒေါသငြိမ်းအောင် ပယ်နိုင်တဲ့ ပုဂ္ဂိုလ်သည် 'မေတ္တာရှင်' ပါပဲ''။
''ဒကာကြီး ဘာပြောချင်သေးတုန်း''လို့ ဘုန်းကြီးက မေးလိုက်တယ်။ သူက ''မပြောတော့ပါဘူး'' ဆိုပြီးတော့ ရပ်သွားတယ်။
မပြောနိုင်လို့ ရပ်သွားတာ။ ကျေနပ်လို့ရပ်သွားတာ မဟုတ်ဘူး။ စိတ်ကတော့ ဆိုးမြဲဆိုးမြဲပဲ။ မျက်နှာကြီး နီနေတယ်။ အခမ်းအနားပြီးသွားတဲ့အခါကျတော့ ဘုန်းကြီးက သူ့ဆီကို ထသွားတယ်။
ထသွားပြီးတော့ လက်ဆွဲလိုက်တယ်။ ''ဒကာကြီး ထစမ်းပါဦး''ဆိုပြီး လက်ဆွဲတော့ သူ မတ်တတ်ကလေး ထလာတယ်။
''ဘုန်းကြီးပြောတာတွေ အကုန်လုံး ဒကာကြီး ကျေကျေနပ်နပ် လက်ခံရဲ့လား''လို့ ဘုန်းကြီးက မေးကြည့်သေး တယ်။
''အရှင်ဘုရားပြောတာတွေကို တပည့်တော် ဘာမှ မငြင်းပါဘူးဘုရား''တဲ့။ ''လက်ခံတယ်''လို့တော့ မပြောဘူး။
''ဒါပေမဲ့ အရှင်ဘုရားတို့ဟာ အသားတွေစားစား ပြီးတော့ တရားဟောနေတာ အဲဒါတော့ တပည့်တော် မကြိုက်ဘူး''တဲ့။ သူက တွယ်လွတ်လိုက်သေးတယ်။
ဘုန်းကြီးက သူ့ကို ''ဒကာကြီးကို နည်းမျိုးစုံနဲ့ ဘုန်းကြီး ပြောပြီးပါပြီ၊ မေတ္တာတရားကို အစားအစာနဲ့ မသတ်မှတ်ပါနဲ့လို့ ဆိုထားလျက်သားနဲ့ ဒကာကြီးက လက်မခံဘူး''။
''လက်မခံလဲ မတတ်နိုင်ဘူး ဒကာကြီး။ အရွက်ပဲ စားစား၊ အသီးပဲစားစား၊ စားချင်တာစား၊ ဒါပေမဲ့ ဒေါသ ကိုတော့ နိုင်အောင်ထိန်းပါ'' ပြောလိုက်ပါတယ်။
အဲဒီမှာ ည ၇-နာရီခွဲလောက်မှာ ဘုန်းကြီးတို့ရဲ့ အခမ်းအနား ပြီးသွားတယ်။

တဘက်သတ် အစွဲအလမ်း တစ်ဇောက်ကန်း
ဒီတော့ သာသနာကွယ်ခြင်းအကြောင်းတွေကို ရှာလိုက်လို့ရှိရင် ''ဣဓ မေဝ သစ္စံ မောဃမညံ''ဆိုတာကို တွေ့ရတယ်။
ဣဓမေဝသစ္စံ၊ ဤငါရဲ့ဝါဒသည်သာလျှင် မှန်တယ်။ မောဃမညံ၊ သူတပါးတို့ရဲ့ အယူဝါဒဟာ အမှားတွေချည်းပဲ။
''ငါ့ဝါဒက အမှန်။ သူတပါးရဲ့အယူဝါဒက အကုန် မှားတယ်''လို့ တစ်ဘက်သတ် အစွဲသန်ခြင်းသည် သာသနာ ကွယ်ပခြင်းရဲ့ အကြောင်းတစ်ခုပဲ။
ကိုယ့်ဝါဒ အမှန်ချည်း တစ်ဘက်သတ်ဖိချ။ သူတစ်ပါး ဝါဒ အမှားချည်း တစ်ဘက်သတ်ဖိချ။ ဒါဟာ သာသနာ ရဲ့ အားနည်းမှု အကြောင်းတွေပဲ။
မျှမျှတတ စဉ်းစားပြီးတော့ မှားတာကို ပယ်စွန့် မှန်တာကို လက်ခံ။ ဒီလိုမှ သဘာဝကျတာ။
ခုတော့ သူ့အသား မစားပဲနဲ့ နေလာခဲ့တဲ့ အလေ့အကျင့်ကို အကောင်းဆုံးလုပ်ပြီးတော့ အသားစားတဲ့ ပုဂ္ဂိုလ်တွေ အပါယ်ပဲ ချက်ချင်းဆင်းရတော့မလိုလို၊ သူ ယုတ်မာတွေ အကုန်ဖြစ်ကုန်ပြီလိုလိုနဲ့ သူက ပြောတယ်။
ဒီလိုလုပ်လာတော့ အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အစွဲ သန်နေတဲ့ အတွက်ကြောင့် သူတော်ကောင်းဓာတ်တော့ များများကြီး မကိန်းနိုင်ဘူးဆိုတာ ထင်ရှားတယ်။ ဒါကြောင့် အရာရာကို မျှမျှတတ ရှိဖို့လိုအပ်ပါတယ်။
အပိုင်း(၈)ဆက်လက်ဖော်ပြသွားပါမည်

သီတဂူအယုဒါနဆေးရုံအလှူတော်



စတင်တည်ဆောက်ဖို့ အကြံဖြစ်ခြင်း
ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။ ထိုကဲ့သို့သော အခါက သီတဂူဆရာတော်လောင်းလျာ ဦးပဉ္စင်းလေးသည် ၁၀-ဝါမျှသာ ရှိသေးသည်။ အနီးစခန်းဆရာတော်ထံ၌ အထက်တန်းပိဋကတ်စာပေနှင့် ဘာသန္တရစာပေများကို လေ့လာဆည်းပူးနေချိန် ဖြစ်ပေသည်။
မိုးတစိမ့် စိမ့်ရွာနေသည့် တစ်ခုသော နံနက်ခင်းဝယ် သီလရှင် ဆရာလေးတစ်ပါးသည် နံနက်ဆွမ်း ချက်ရန်အတွက် ထင်းပုံကို လက်နှင့် နှိုက်လိုက်ရာ အမှတ်မထင် မြွေဟောက်က ကိုက်လေ၏။ ဆရာလေးသည် အဆိပ်တက်ပြီး မေ့မျောလဲကျသွားလေတော့၏။ ချောင်ပိုင်သီလရှင် နာယကဆရာကြီးများ ပျာယာခတ်ပြီး ခြေ မကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တော့၏။ ထို့ကြောင့် သီတဂူဆရာတော် အလောင်းအလျာ ဦးပဉ္စင်းလေးကို အကူအညီတောင်းပါတော့သည်။
ဦးပဉ္စင်းလေးကလည်း ချက်ချင်း လိုက်သွားပြီး မြွေကိုက်သည့်ဒဏ်ရာ၏အထက်၌ ခါးပန်းကြိုးနှင့် ချည်လိုက်၏။ ဒဏ်ရာကို ဓားနှင့်ခွဲပြီး သွေးကို ညှစ်ထုတ်လိုက်၏။ သံပရာသီးနှင့်ဆားကို ရော၍ ဒဏ်ရာကို သိပ်ပေးပြီး ဆရာလေးကိုလည်း ယင်းသံပရာသီးနှင့်ဆားကိုပင် ဖျော်၍ တိုက်လေ၏။
ထို့နောက် လူနာကို စောင်နှင့်ထုပ်ကာ မြင်းလှည်းဂိတ်သို့ ထမ်းပို့လိုက်ကြ၏။ မနက်အစောကြီး ဖြစ်သောကြောင့် မြင်းလှည်းသမားကိုလည်း အိမ်ထိ သွားခေါ်ရသေး၏။ ထိုမှတဖန် မြင်းလှည်းဖြင့် တောင်ရိုးမှ မိုးမလင်းမီ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ သွားကြရ၏။ မိုးလင်းသောအခါမှသာ ဆရာဝန်နှင့်သူနာပြုများ၏ ဆေးကုသမှုကို ခံယူရလေသည်။ ကံကောင်းထောက်မစွာ ဆရာလေး အသက် ရှင်ခဲ့လေသည်။ အကယ်၍ ဒဏ်ရာသာ ပြင်းထန်လျှင် အသက်ရှင်သန်ဖို့မလွယ်ကူတော့။
ထိုအခက်ခဲတို့တွေ့ရခြင်းမှာ တောင်ရိုး၌ ဆေးရုံမရှိခြင်း ကြောင့်ဖြစ်ပေသည်။ ဆေးရုံရှိလျှင် အလွယ်တကူ ဆေးကုသနိုင်ပါသည်။ ``တောင်ရိုးမှာ ဆေးရုံရှိသင့်တယ်´´ဟု စိတ်ထဲ၌ တွေးမိလေသည်။ ဤကား ဆေးရုံဆောက်လုပ် ရန်စိတ်ကူး၏ ပထမဆုံး အကြံဖြစ်၏။
ဒုတိယမ္ပိ ကြံစည်မိ
သီတဂူဆရာတော်သည် သီတဂူကျောင်းတိုက်ကို ၁၃၃၈-ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ နှစ်စဉ် တော် သလင်းလတွင် ကျင်းပသည့် မန္တလေးမြို့ မလွန်ဆန်လှူရေစက်ချပွဲသို့ မြန်မာပြည်တဝှမ်း မလွန် ဆန်လှူ အသင်းထောက်များမှ တချို့အသင်းဝင်လူများသည် သီတဂူကျောင်းတိုက်သို့ တည်းခိုကြ၏။
ဧရာဝတီတိုင်း မလွန်ဆန် လှူအသင်းထောက်တစ်ခုမှ လူကြီးတစ်ယောက်သည် တစ်ညတွင် ဝမ်းလျှော လေ၏။ ဝမ်းအကြိမ်ပေါင်း ၂၇- ကြိမ်သွားလေသည်။ ထို့ကြောင့် သီတဂူဆရာတော်သည် ထိုလူနာကို ရေနွေးပူပူ ပျားရည်ချိုချို နှမ်းဆီမွှေးမွှေး ပတ္တမြားသွေးဆေးတို့ဖြင့် ရော၍တိုက်လေသည်။
ထို့နောင် လူနာကို စိတ်မချသဖြင့် ညဉ့်နက်သန်းခေါင် အချိန်ကြီး၌ စစ်ကိုင်းဆေးရုံသို့ မြင်းလှည်း ဖြင့် ပို့လိုက်လေသည်။ လူနာ အသက်ချမ်းသာရာ ရဖို့အတွက် အပြေးအလွှား စိတ်မောကိုယ်မောဖြင့် ခက်ရာ ခက်ဆစ် သွားရခြင်းမှာ တောင်ရိုးမှာ ဆေးရုံမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ``တောင်ရိုးမှာ ဆေးရုံရှိလျှင် ကောင်းမှာပဲ´´ဒုတိယမ္ပိ အကြံဖြစ်မိပြန်သည်။
တတိယမ္ပိ ကြံစည်မိ
ရှမ်းပြည်တောင်ပိုင်း နမ်းခမ်းမြို့သို့ ရောက်ခဲ့စဉ်က အမေရိကန်နိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဆီးဂရေး၏ ဆေးရုံကြီးကို တွေ့ခဲ့ရသဖြင့် တအံ့တဩ ငေးမောကြည့်ရှုပြီး ``ငါတို့ရဟန်းတော်များ လည်း အခုလို ဆေးရုံ တည်ဆောက်နိုင်ရင် ကောင်းမှာပဲ´´ဟု အတွေးဝင်ခဲ့သည်။
သီတဂူအရှင် အူကျရောဂါဖြစ်တုန်းက ရန်ကုန်မြို့ရှိ ရာမကရစ်ရှနားအသင်းပိုင် ဂန္ဓီဆေးရုံသို့ တက်ရောက်၍ ကုခဲ့ရသေးသည်။ ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးအနေဖြင့် ဘာသာခြားများ၏ ဆေးရုံ၌ တက်ရောက်၍ ကုရခြင်းမှာ ``အမျိုး ဘာသာ သာသနာစိတ်´´ဖြင့် ကြည့်လျှင် အောက်တန်းကျ လှပေသည်။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မှာနေ၍ ဘာသာခြားပိုင်ဆေးရုံမှာတက်ရသည်မှာ တွေးကြည့်လေ ရှက်စရာကောင်း လေပင်တည်း။
ထို့ကြောင့် ``ငါတို့နိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းတော်များ ဦးစီးတဲ့ ဆေးရုံရှိသင့်တယ်၊ ငါ စွမ်းနိုင်တဲ့ တနေ့ကျရင် ဆေးရုံဆောက်မည်´´ဟူသော ခိုင်မာသော အဓိဋ္ဌာန် ချလိုက်မိပါသည်။
ဘာသာခြားများ ပိုင်ဆိုင်သည့် ထိုဆီးဂရေးဆေးရုံနှင့် ဂန္ဓီဆေးရုံတို့က သီတဂူဆရာတော်ကို သီတဂူ အာယုဒါနဆေးရုံဆောက်လုပ်ဖို့အတွက် မဖြစ်ဖြစ်အောင် တိုက်တွန်းခဲ့ကြသည်။ ယင်းသို့ တိုက်တွန်း ခဲ့သော ကြောင့် သီတဂူဆရာတော်သည် အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး သီတဂူအာယုဒါနဆေးရုံကို ၁၃၅၀-ခုနှစ်တွင် ပန္နက်ရိုက်၍ ၁၃၅၂-ခုနှစ်တွင် တည်ဆောက် ခဲ့ပါသည်။
ယနေ့သီတဂူဆေးရုံ
ယနေ့အချိန်၌ ရဟန်း, သာမဏေ, သူတော်, သီလရှင်, ဆင်းရဲသားတို့ အားကိုးရာဖြစ်သည့် သီတဂူ အထူးကုဆေးရုံကြီးသည် မြန်မာပြည်တွင် ထင်ပေါ်ကျော်ကြားလျက် ရှိ၏။ ရန်ကုန်, မန္တလေးမြို့မှ အထူးကု ဆရာဝန်ကြီးများက နေ့စဉ်လုပ်အားဒါနပြုလုပ်၍ ကုသပေးလျက် ရှိပေသည်။
ပြည်ပနိုင်ငံအသီးသီးမှ အထူးကုဆရာဝန်ကြီးများကလည်း ဤဆေးရုံကြီးသို့ လာရောက်၍ လုပ်အား ဒါနပြုနေကြပါသည်။ ဆေးရုံအုပ်, ဆရာဝန်, သူနာပြု ဝန်ထမ်းပေါင်း ၇၀-ကျော်တို့က နေ့စဉ် အတွင်းလူနာ ၈၀-ခန့်၊ အပြင်လူနာ ၂၀ဝ-ခန့်တို့ကို ကုသပေးလျက်ရှိပါသည်။ သီတဂူ အာယုဒါနဆေးရုံတော်မှ မျက်စိအလင်း ရရှိသူပေါင်း ၁၅၀ဝ-ခန့် ရှိသွားပေပြီ။
ယခုအချိန်၌ ဆေးရုံ၏ အထွေထွေကုန်ကျစရိတ်မှာ တစ်လလျှင် ပျမ်းမျှ ကျပ်သိန်း ၇၀-ကျော် ဝန်းကျင် ရှိပါသည်။ မြန်မာပြည်တွင်းမှ အလှူရှင်များ၊ ပြည်ပနိုင်ငံအသီးသီးမှ အလှူရှင်များက စေတနာထက်သန်စွာ လှူ ဒါန်းလျက်ရှိပေသည်။

သီတဂူတပည့် တင်ဆက်သည်။

24 August 2009

အနှစ်ကိုးပါး (အပိုင်း-၆)



အသားစားနည်း စနစ်
နောက်စကားတစ်ခွန်း ဆက်မလို့ ဘုန်းကြီးက အားယူ နေတုန်း ချက်ချင်းကြားဖြတ်ပြီးတော့ သူပြောတယ်။ ဘုန်းကြီးပြောလိုက်တဲ့ စကားထဲမှာ ''အသားကို စနစ်တကျ စားပြီးတော့'' ဆိုတော့ အဲဒါလေးကို သူက ဘယ်လိုမှ မကြိုက်ဘဲ ဖြစ်သွားတယ်။
''အသားစားတာ ဘယ်လိုစနစ်တွေနဲ့ စားရဦးမှာ လဲ''တဲ့။ သူက ဒီလိုလာတယ်။
ဘုန်းကြီးက စနစ်ကို ပြောပြလိုက်တယ်။ ''ဗုဒ္ဓက အသားကြီး ၁ဝ-မျိုး မစားရဘူး။ စားတဲ့အခါ အစွန်း ၃-ပါးမှလဲ လွတ်ရမယ်''။
''အစွန်းသုံးပါးလွတ်သောအသား၊ ဆယ်မျိုးသော အသားမှ လွတ်သောအသားကို စားတဲ့အခါမှာလဲပဲ ပစ္စ ဝေက္ခဏာ သုံးမျိုးနဲ့ ဆင်ခြင်၍စား''။
၁။ ဓာတုပစ္စဝေက္ခဏာ- ဓာတ်သဘောကို ဆင်ခြင်။
၂။ ပဋိကူလပစ္စဝေက္ခဏာ- စက်ဆုပ်ဘွယ် အနေနဲ့ ဆင်ခြင်။
၃။ မဟာပစ္စဝေက္ခဏာဆိုတာ ရှင်ငယ်, ရဟန်း ငယ် များ, ဆင်ခြင်နှလုံးသွင်းတာ။
''အဲဒီလို ပစ္စဝေက္ခဏာ သုံးပါးတွင် တစ်ပါးပါးကို ဆင်ခြင်စား။ အစွန်းသုံးပါးမှ လွတ်တဲ့ အသားကိုစား။ ဆယ်မျိုးသော အသားမှလွတ်သောအသားကိုစား။ အဲဒါ အသားစားတဲ့စနစ်ပဲဗျ၊ ဗုဒ္ဓ ပေးထားတဲ့ စနစ်ပဲ''လို့ ဘုန်း ကြီးက ဒီလိုပြောလိုက်ရော သူက တက်လာပြန်တယ်။ ''ဗုဒ္ဓ ဟာ အသားမစားပါဘူး၊ ဗုဒ္ဓကိုယ်တိုင် အသားမစားဘူး ဆိုတာ အရှင်ဘုရား နားလည်ရဲ့လား''တဲ့ သူက။
''ဗုဒ္ဓဟာ အသားမစားဘူးလို့ ဒကာကြီး ဘယ်လိုလုပ် ပြောနိုင်တာလဲ။ အထောက်အထား ပြစမ်းပါ'' လို့ ဘုန်းကြီးက မေးလိုက်တော့ သူက ''တခြား မပြပါရစေနဲ့၊ ဗုဒ္ဓဟာ အလွန်ကြီးမားတဲ့ မဟာကရုဏာရှင်, အလွန်ကြီးမားတဲ့ မေတ္တာရှင် တစ်ယောက်ဖြစ်တယ်။ အလွန်ကြီးမားတဲ့ မေတ္တာရှင်, ကရုဏာရှင် တစ်ယောက်ဟာ ဘယ်နည်းနှင့်မှ အသားကို မစားနိုင်ဘူး၊ မစားဘူး''တဲ့။
''ဟုတ်ပါတယ်။ ကြီးမားတဲ့ မေတ္တာကရုဏာ ဗုဒ္ဓမှာ ရှိပါတယ်။ လက်ခံပါတယ်။ ဗုဒ္ဓကိုယ်တော်တိုင် အဲဒီလို စားနည်းစနစ်ကို ချပေးခဲ့တယ်ဆိုတာကို ဒကာကြီး စာမှ ဖတ်ဖူးရဲ့လား''လို့ပြောလိုက်ရော သူစိတ်ဆိုးသွားတယ်။
''ရဟန်းတော်များ အသားမစားထိုက်ဘူးလို့ ဆိုပြီး တော့ ရဟန်းတစ်ပါးက တောင်းပန်ခဲ့တဲ့အချက်ကို မြတ်စွာ ဘုရားက ပယ်ချခဲ့တယ် ဆိုတာကိုရော ဒကာကြီး ဖတ်ဖူးရဲလား''ဆိုတော့ သူက ''မဖတ်ဖူးဘူး''တဲ့။
''အဲဒါ ဒကာကြီး ညံ့တာပဲ''လို့ ဘုန်းကြီးက သူ့ကို တို့လိုက်တယ်။ အဲဒီမှာ သူ ပိုပြီးစိတ်ဆိုးတော့တာပဲ။ သူက သက်သက်လွတ်စားတဲ့လူ။ ဒေါသတွေ တရှူးရှူးထနေတယ်။ ဒီက အသားစားတဲ့လူ။ ဒေါသမဖြစ်ပါဘူး။ သူ့ကို ဒေါသ မဖြစ်ဖြစ်အောင် တဖြေးဖြေး တို့ပေးနေတာ။
မေတ္တာအကြောင်း ပြောနေကြတာဆိုတော့ ဒေါသထွက်ရင် ရှုံးတာပဲ။ ဘုန်းကြီးက ဒေါသမထွက်တော့ အဲဒီပွဲမှာ ဘုန်းကြီး လုံးဝနိုင်ခဲ့တယ်။

ဒေဝဒတ်ပန်ကြားခဲ့တဲ့ ပဉ္စဝတ္ထုယာစန
၁။ သာသနာတော်ထမ်း ရဟန်းမှန်ရင် အသား မစားရဘူး။
၂။ သင်္ကန်း သုံးထည်တည်း ဝတ်ရမယ်။
၃။ ပံ့သကူသင်္ကန်းကိုပဲ ဝတ်ရမယ်။
၎။ တောထဲမှာပဲ နေရမယ်။
၅။ သစ်ပင်အောက်မှာပဲ နေရမယ်။
''ဒကာကြီး ရှင်ဒေဝဒတ် သည် ဘုရားကိုယ်တော် မြတ်ကြီးကို သူတော်ကောင်းယောင် ဆောင်ပြီးတော့ အဲဒီလို တောင်းပန်ခဲ့ဖူးတယ်ဆိုတာကို ကြားဖူးရဲ့လား''လို့ မေး လိုက်တော့ ''ကြားဖူးတယ် ပြောရမလား, မကြားဖူးဘူးလို့ ပြောရမလား''ဆိုပြီး သူ ခေါင်းငုံ့ပြီးတော့ စဉ်းစားနေတယ်။
စဉ်းစားပြီးတော့မှ ''အဲဒါ ကြားဖူးပါတယ်''တဲ့။ ''ဒါပေမယ့်ဗျာ အဲဒီတောင်းပန်ချက်ဟာ အလွန်ကောင်းတဲ့ တောင်းပန်ချက်ပဲ''တဲ့ သူက။
''အဲဒီလောက်ကောင်းတဲ့ တောင်းပန်ချက်ကို မြတ်စွာဘုရား ပယ်ချပစ်လိုက်တယ်ဆိုတာကိုရော ကြားဖူးရဲ့ လား''လို့ ဘုန်းကြီးက ထပ်မေးတော့ သူက ''မသိဘူး''တဲ့။
''အဲဒါ မသိလို့ရှိရင် ဟောဒီ 'ဓမ္မကိတ္တိဝိဟာရ' မှာ ပိဋကတ်သုံးပုံရှိတယ်။ ဘုန်းကြီးတို့ တည်းခိုတာက ဓမ္မကိတ္တိဝိဟာရမှာ တည်းခိုတယ်။ ဒီ ဓမ္မကိတ္တိဝိဟာရမှာ နီပေါသီလရှင် ဒေါ်သုဓမ္မဝတီဆိုတာ ရှိပါတယ်။ ဒေါ်သုဓမ္မဝတီထံမှာ အဲဒီပိဋကတ်စာအုပ်ကို ဖွင့်ပြီးတော့ ဖတ်ကြည့်ပါ။ မဖတ်တတ်ရင်လဲ သူ့ကို ဖတ်ခိုင်း အဓိပ္ပာယ်ကို ပြောပြလိမ့်မယ်''။
ဒေဝဒတ် တောင်းပန်ခဲ့တဲ့ သက်သက်လွတ်ဝါဒကို မြတ်စွာဘုရား ပယ်ချယ်လိုက်တာဆိုတဲ့အကြောင်း 'ဝိနည်း စူဠဝဂ္ဂပါဠိတော်' မှာ ရှိပါတယ်။
''ဒကာကြီး မြတ်ဗုဒ္ဓ အသားစားတယ်ဆိုတာကို တထစ်ချသာ မှတ်ထားစမ်းပါ။ ဒါပေမဲ့ စားတာက စနစ်တကျ စားတာ''။
''ပြီးတော့ ဘုရားရှင်ကို ပရိနိဗ္ဗာန်စံခါနီး စုန္ဒ ရွှေပန်းတိမ်သည် ကပ်တာ ဝက်သားပဲ''လို့ပြောလိုက်တော့ သူက ''ဝက်သားမဟုတ်ဘူး။ ဝက်တွေသွားတဲ့လမ်းမှာပေါက်တဲ့ မှို''တဲ့။

တစ်ကမ္ဘာလုံးက ငြင်းနေကြတဲ့ စာတစ်ပုဒ်
''သူကရမဒ္ဒဝပုဒ်ကို 'နူးညံ့တဲ့ဝက်ပျိုသား'လို့ ဘာသာပြန် ရမလား၊ ဒါမှမဟုတ် 'မှို'လို့ ဘာသာပြန်ရ မလား'' ဆိုတာကို တစ်ကမ္ဘာလုံးက ငြင်းနေကြတယ်။
အဲဒီ ''သူကရမဒ္ဒဝ''သည် တစ်ကမ္ဘာလုံးက ငြင်းနေကြတဲ့ ပါဠိပုဒ်။
အထ ခေါ စုန္ဒော ကမ္မာရပုတ္တော တဿာရတ္တိယာ အစ္စယေန သကေနိဝေသနေ ပဏီတံ၊ ခါဒနီယံ ဘော ဇနိယံ ပဋိယာဒါပေတွာ ပဟူတဉ္စ သူကရမဒ္ဒဝံ။ (သုတ် မဟာဝါ)
သူတို့က ''သူကရဆိုတာက ဝက်။ မဒ္ဒဝဆိုတာက နင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုယူတယ်။ ဒီတော့ 'ဝက် နင်းတဲ့ မြေကြီးမှာ ပေါက်တဲ့မှို' ပဲ'' တဲ့။
အဲဒီပုဒ်ကို ဘုန်းကြီးက ဆက်ပြီးတော့ မငြင်းတော့ဘူး။ ဒီပုဒ်က တစ်ကမ္ဘာလုံး ငြင်းနေကြတာ။
''ကောင်းပြီ ဒကာကြီး 'သူကရမဒ္ဒဝ'ကို ဝက်သား လို့ လက်မခံဘူး။ ဝက်နင်းတဲ့နေရာမှာ ပေါက်တဲ့မှိုလို့ ဆိုရင် ထားပါတော့။ အဲဒါကို မငြင်းလိုပါဘူး''။
''နောက်တခု ပြောမယ်။ ဥဂ္ဂသူကြွယ်ကြီးက မြတ်စွာဘုရားကို ဆွမ်းကပ်တဲ့အကြောင်းကို ဖော်ပြတဲ့ 'ဥဂ္ဂ သုတ္တန်'ဆိုတာရှိတယ်၊ ဥဂ္ဂသုတ္တန်ကို ဒကာကြီး ဖတ်ဖူးရဲ့ လား''။
သူ ဗဟုသုတနည်းတာတွေကို ပေါ်အောင်လို့ ဘုန်းကြီးက လူကြားထဲ အဲဒါတွေကိုချည်း မေးတာပဲ။
''ဖတ်ဖူးရဲ့လား''မေးတော့ ''မဖတ်ဖူးဘူး''တဲ့။
''မဖတ်ဖူးရင် ပြောပြမယ်။ ဥဂ္ဂသေန သူကြွယ်ကြီး ဘုရားဆွမ်းကပ်တုန်းက လျှောက်တယ်''။
ပီယံ မေ ဘန္တေ မနာပံ သမ္ပန္နကောလကံ သူကရ မံသံ။ (သူကရ= ဝက်။ မံသ= အသား)။
''ဆီးသီးနဲ့ချက်ထားတဲ့ ဝက်သားဟင်းကို တပည့် တော်အား ချီးမြှောက်သောအားဖြင့် မြတ်စွာဘုရား လက်ခံ တော်မူပါ။'' အဲဒီလို ဥဂ္ဂသေနက လျှောက်တယ်။ ဘုရားကလည်း လက်ခံတော်မူတယ်။

အပိုင်း- (၇) မျှော်

23 August 2009

ဗုဒ္ဓဘာသာကို ယုံကြည်မှု


ဗုဒ္ဓဘာသာကို ယုံကြည်မှု
(သို့မဟုတ်)
ပညာအပေါ်မှာတည်ဆောက်ထားသည့် သဒ္ဓါ
------------

တစ်ခုသောအခါ မြတ်ဗုဒ္ဓသည် အိုးလုပ်သူတို့ ၏တဲ၌ ခရီးသွားခိုက် ဝင်ရောက်နားခို၏။ ထိုတဲ၌ ဗုဒ္ဓ၏ရှေး ဦး စွာက ရသေ့တစ်ယောက် ဝင်ရောက်ပြီး တည်ခိုနေထိုင် ဆဲဖြစ်နေ၏။ အိုးလုပ်တဲကြီးက ကျယ်ဝန်းဟန်တူပါသည်။ ရဟန်းနှင့် ရသေ့တို့နှစ်ယောက် လွတ်လပ်စွာ တည်းခိုခွင့် ရှိကြ၏။တစ်ယောက်နှင့် တစ်ယောက်မူကား မသိရှိကြ။ ဗုဒ္ဓကလည်း ရသေ့ကိုလေ့လာ၊ ရသေ့ကလည်း ဗုဒ္ဓကိုလေ့လာ၊ ထို့နောက် အချင်းချင်း အပြန်အလှန် မိတ်ဆက်ကြ၏။ မြတ်ဗုဒ္ဓက ထိုရသေ့ကိုမေး၏။
"သင်သည် မည်သူ့ကို ရည်ညွှန်း၍ ရသေ့ဝတ် သနည်း"။ ရသေ့ကဖြေ၏။ "အကျွန်ုပ်၏ဆရာသည်သကျမုနိ ဂေါတမဗုဒ္ဓဖြစ်၏။ သကျမုနိ ဂေါတမဗုဒ္ဓကို ဆရာဟူ၍ ရည် ညွှန်းကာ ရသေ့ပြုခဲ့ပါသည်။ အကျွန်ုပ်သည် သကျမုနိဂေါတ မြတ်ဗုဒ္ဓ၏ ဓမ္မကို ကြိုက်နှစ်သက်ပါသည်"ဟု ဖြေကြား၏။
"သင်သည် သင့်ဆရာကို မြင်ဖူးသလော"။
"မမြင်ဖူးပါ"။
"သင့်ဆရာ၏ ဓမ္မကိုကော ကြားဖူးပြီးပြီလော"။
"မကြားဖူးသေးပါ"
"သို့ဖြစ်လျှင် ငါသည် သင့်ကို ဓမ္မတစ်ပုဒ်လောက် ဟောပြမည်၊ နားကြားမည်လော"။
"နာကြားပါမည်"ဟု ဖြေကြားသောအခါ မြတ်ဗုဒ္ဓ က သစ္စာလေးပါး မြတ်တရားကို ဟောကြားတော်မူလေသည်။ ဓမ္မ၏နိဂုံး၌ ထိုရသေ့သည် သစ္စာကိုအကြွင်းမဲ့ထွင်းဖောက်၍ သိမြင် သွားလေသည်။
ဤ၌ သစ္စာကိုရှာဖွေသူ ရသေ့ပုက္ကုသာတိသည် သူ့အား သစ္စာတရားဟောပြနေသည့် သူ့ဆရာဗုဒ္ဓကိုပင် သူသည် ဗုဒ္ဓမှန်းသိခဲ့သည် မဟုတ်ပေ။ သစ္စာတရားကို ထိုးထွင်းသိမြင်ပြီးမှသာလျှင် ထိုသစ္စာတရားဟောကြား သူဟာ သူရည်မှန်းထားသော သူ့ဆရာမှန်းသိခဲ့လေသည်။
ထိုအခါမှ ရသေ့သည် မြတ်ဗုဒ္ဓနှင့် အိုးလုပ်တဲ၌ တစ်ညတာ အတူနေခဲ့ရာ ဗုဒ္ဓမှန်းမသိ အရိုအသေမပြုခဲ့မိ သည်တို့ကို ရှိခိုးဝန်ချ တောင်းပန်ကန်တော့ခဲ့လေသည်။ သစ္စာကို အလျှင်သိ၊ သစ္စာကိုဟောကြားသည့် သူ့ဆရာကို နောက်မှသာ သိသည့် ပုက္ကုသာတိသည် မြတ်ဗုဒ္ဓထံ တပည့်ခံ၍ ရဟန်းပြုခဲ့ လေသည်။
ကိုးကွယ်မှုကိုအခြေခံသည့် Religion-ဟူ သော ဘာသာတရားအားလုံးတို့သည် ယုံကြည်မှုအပေါ်၌ တည် ဆောက်ထားကြကုန်၏။ ဉာဏ်မပါသော ထိုယုံကြည်မှုတို့ သည် အကန်းတို့သာဖြစ်ကြကုန်၏။
ဗုဒ္ဓ၏အဆုံးအမက ယုံကြည်ခြင်း သဒ္ဓါကို ကြောင်းကျိုးဆင်ခြင်သိမြင်ခြင်း ဟူသော ပညာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ သဒ္ဓါဟူသော ယုံကြည်ခြင်းမှာလည်း ကျေနပ်သဘောတူ လက်ခံပြီးဖြစ်သောကြောင့် စိတ်ချယုံကြည်ခြင်းဖြစ်၏။ ကျေနပ်ခြင်း သဘောတူညီခြင်း ကြောင်းကျိုးဆင် ခြင်ခြင်းမရှိသော ယုံကြည်ခြင်းမျိုးကို ဗုဒ္ဓသာသနာတော်က အကန်းယုံဟု ဆိုနိုင်သည်။
ကြောင်းကျိုးသိမြင်ဆင်ခြင်ပြီးမှ ယုံကြည်စိတ်ချသော သဒ္ဓါဖြင့် ကိုးကွယ်ခြင်းမျိုးသည် အဆင့် မြင့်ကိုးကွယ်ခြင်း (သို့မဟုတ်) တကယ်ပင် သရဏဂုံတင်ခြင်း ဖြစ်ပေသည်။ ၄-ရာစုနှစ်က အလွန်ထင်ရှားကျော်ကြားသည့် ကြီးကျယ်သော အတွေးအခေါ်ပညာရှင် အာသိင်္ဂဆရာ ကြီး၏ အဘိဓမ္မာကျမ်းအရ သဒ္ဓါသည် အဆင့်သုံးဆင့် ရှိသည်။
၁။ အကြောင်းအချက်တစ်ခုကို ပြည့်စုံအခိုင်အမာ ယုံကြည်ခြင်း၊ သို့သော် ယုတ္တိရှိသော အရည်အချင်းကို နားမ လည်သေး။
၂။ ယုတ္တိကောင်းသော အရည်အချင်းတစ်ခုကို သိမြင် နားလည်၍ ရွှင်လန်းစွာ ယုံကြည်၏၊ သို့သော် အယူ ဝါဒတစ်ခုကို လက်မခံသေး။
၃။ ပြည့်စုံခိုင်မြဲစွာလည်းသဘောတူ၏။ယုံကြည် လောက်သော အရည်အချင်းကိုလည်း ကောင်းစွာဆင်ခြင် နိုင်၏။ အယူဝါဒတစ်ခုခုကိုလည်း ရွှင်လန်းစိတ်ဝင်စားစွာ လက်ခံယုံကြည်၏။ အာသိင်္ဂအဘိဓမ္မာဆရာကြီးက သူ၏အဘိဓမ္မာ သမုစ္စယကျမ်းတွင် ဤသို့ဆိုခဲ့လေသည်။
ဗုဒ္ဓဃောသဆရာကြီး၏ အဘိဓမ္မာအဖွင့်ကျမ်း ပေါင်းမြောက်များစွာတို့တွင်လည်း
၁။ အစဉ်အလာအားဖြင့် ယုံကြည် ခြင်း၊
၂။သင်ကြားခြင်း, နာကြားခြင်းတို့ဖြင့် တိုးတက်လာသော ယုံကြည်ခြင်း၊
၃။ကျင့်သုံးမှုကို အခြေခံ၍ ပေါက်ရောက်သော ယုံကြည်ခြင်း၊
၎။သစ္စာသိသောကြောင့် အမြင့်ဆုံးရောက်ရှိသည့် ယုံကြည်ခြင်းတို့ဖြင့် ခွဲခြားပြခဲ့လေသည်။
အစဉ်အလာအားဖြင့် ယုံကြည်လက်ခံခြင်း Traditional Belief-သည် အကန်းယုံ Blind Faith နှင့် ရောနှောဆက်စပ်မှုရှိလေသည်။ ယုံကြည်ခြင်း မယုံကြည်ခြင်း ဆိုတဲ့ ပြဿနာ၌ မြင်ခြင်း မမြင်ခြင်းဟူသော အဓိပ္ပါယ်များ ပါဝင်သည်။ မြင်ရလျှင်ယုံ၏။ မမြင်ရလျှင် မယုံနိုင်ဟူသော လောကစကား၌ Seeing and blinding-တို့ ဟန်ချက်ညီစွာ ပေါင်းစပ်ပေးသည့် အဓိပ္ပါယ်ဖြစ်၏။
ထို့ကြောင့် သိမြင်ခြင်းဟူသော စာလုံးတိုင်း၌ ယုံ ကြည်ခြင်းဟူသောအဓိပ္ပါယ်ပါရမည်။ ယုံကြည်ခြင်းဟူသော စာလုံး၌လည်း သိမြင်ခြင်းဟူသော အဓိပ္ပါယ်ပါရမည်။
သို့ သော်လည်း ပတ္တမြားလုံးကို လက်တွင်ဆုပ်ထားသော လူတစ် ယောက်က ငါ ပတ္တမြားလုံးကို ဆုပ်ထားသည် သင်ယုံရဲ့လားဟု အခြားသူတစ်ယောက်ကို မေးလျှင် ထိုသူက ပြောနိုင်သည် "ငါသည် ထိုပတ္တမြားကို မမြင်ရသောကြောင့် မယုံဘူး" အကယ်၍ လက်သီးဆုပ်ကို ဖွင့်လျှက် လက်ဖဝါးပြင်တွင် ပတ္တမြားကို တင်ပြလိုက်လျှင် ထိုသူကိုယ်တိုင် မြင်ရသည်ဖြစ် ခြင်းကြောင့် ထိုသူသည် ကျွန်ုပ်မယုံဟု ပြောဆိုဖွယ်ရာမရှိ တော့ပေ။
ထို့ကြောင့် သစ္စာကိုရှုမြင်ရာ၌ လက်ဖဝါးပြင်တွင် တင်ထားသောပတ္တမြားကို ထင်ရှားစွာမြင်ရ သကဲ့သို့ သိမြင်ရမည်ရမည်မှာ မြတ်ဗုဒ္ဓဓမ္မ၌ သစ္စာ၏ သဘောဖြစ်သည်။ ထို့ကြောင့်ပင် ကေသမုတ္တိရွာ၌ အတ္တနာဝ ဇာနေယျာထ- ကိုယ်တိုင် စူးစမ်းလေလာပြီး သိအောင်လုပ်ကြပါ-ဟူသောစကားကို ကာလာမတို့ အား မြတ်ဗုဒ္ဓ မိန့်ကြားခဲ့ခြင်းဖြစ်သည်။
သစ္စာကို သိခြင်းဟူသည် ကိုးကွယ်ခြင်း ဆည်းကပ်ခြင်း ယုံကြည်ခြင်း ကြိုက်နှစ်သက်ခြင်း ငြိကပ်ခြင်း တဆင့်ကြားခြင်း ယုတ္တိရှာခြင်း ခန့်မှန်းတွေးဆခြင်း ဓလေ့ ထုံးစံ တဆင့်ကြား ကောလဟလများကို ကျော်လွန်၍ ကိုယ်တိုင် ကိုယ်ပိုင်သောဥာဏ်ဖြင့် ဖောက်ထွင်း သိမြင်သော သန္ဒိဋ္ဌိက အမြင်မျိုး ဖြစ်လေသည်။
နိဗ္ဗာန်ကို မြင်သောသူဟူသည်ကား မိမိ၏ ကိလေ သာ အမှောင်ကိုမိမိကိုယ်တိုင် ပယ်ဖျောက်ပြီးသူသာဖြစ်သည်။ မိမိ၏ကိလေသာအမှောင်ကို မိမိကိုယ်တိုင်မပယ် ဖျောက်နိုင် သေးသူသည် ယုံကြည်ခြင်း ကိုးကွယ်ခြင်း နှစ်သက်ခြင်း လက်ခံခြင်း တဆင့်ကြားခြင်း ယုတ္တိရှာခြင်း မှန်းဆခြင်းတို့ဖြင့် နိဗ္ဗာန်ကို တကယ်မမြင်နိုင်ပေ။
နိဗ္ဗာန်ကို ယုံကြည်ခြင်းသည် ပဓာနကျသည့်ကိစ္စမ ဟုတ်၊သိခြင်းမြင်ခြင်းသည်သာ ပဓာနဖြစ်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ဓမ္မ၌ ဧဟိပဿိကဟူသော ဂုဏ်အရည်အချင်း တစ်ခု ရှိလေသည်။
ဧဟိပဿိကဆိုသည်ကား Come and see- လာကြကြည့်ကြဟု ဖိတ်ခေါ်နေခြင်းဖြစ်သည်။ Come and believe - လာကြယုံကြည်ကြဟု ဖိတ်ခေါ်နေခြင်း မဟုတ်။ ဗုဒ္ဓစာပေ၌ သစ္စာကို သိသောပုဂ္ဂိုလ်တို့၏ အကြောင်း အရာကို ဖေါ်ပြသော နေရာတိုင်း၌ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ-မြူကင်းသောအညစ်အကြေးကင်းသော ဓမ္မစက္ခု သည်ဖြစ်၏။
"The dustless and stainless Eye to Truth (Dhamma cak khu) has arisen" သစ္စာကိုမြင်၏။ သစ္စာကို ရ၏။ သစ္စာဥာဏ်သို့ရောက်၏။ သစ္စာကိုသိ၏။ သစ္စာကို ထွင်းဖောက်၏။ ယုံမှားမှုအားလုံးကို ပယ်ဖျောက်၏။ တွေဝေခြင်းမရှိ။ မှန်သောဥာဏ်ဖြင့်သိ၏။
(ယထာဘူတံ ပဇာနာတိ) ဗုဒ္ဓရှင်တော် ကိုယ်တိုင်၏ဗောဓိဥာဏ်ကို ရတော်မူရာ၌လည်း"စက္ခုံ ဥဒပါဒိ ဥာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ-မျက်လုံးဖြစ် လာ၏။ ပညာဥာဏ်ဖြစ်လာ၏။ ဗောဓိဥာဏ်ဖြစ်လာ၏။ ဝိဇ္ဇာဥာဏ်ဖြစ်လာ၏။ အဝိဇ္ဇာအမှောင်ဖျောက်၍ ဝိဇ္ဇာအရောင် ရောက်လာ၏"ဟု ဗုဒ္ဓကိုယ်တိုင်ပင် မိန့်တော်မူ ခဲ့ပါသည်။
ဒုက္ခမရှိရာဖြစ်သည့် မြတ်နိဗ္ဗာန်ကို ဥာဏ်ဖြင့်သာ မြင်နိုင် သိနိုင်သည်။ ယုံကြည်ရုံမျှဖြင့် မြင်သိနေသော အရာမျိုးမ ဟုတ်ပေ။ ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်မှု သဒ္ဓါတရားသည် ပညာပေါ်၌ တည်ဆောက်ထားပါသည်။

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes