သီတဂူစတား

သီတဂူစတား

17 January 2010

သီတဂူဆရာတော်သြ၀ါဒ အပိုင်း(၄)





ဤပုံများသည် သီတဂူဆရာတော်ကြီး ၏ နာဂစ် Ministry များဖြစ်သည် ရွှံ့တွေ ဗွတ်တွေနှင့် လမ်းခရီးက ကြမ်းထမ်းပေမဲ့ ပန်းသမျှကို ပင်ပန်းနွမ်းနယ်နေတဲ့ လူသားတွေရဲ့ မျက်နှာမြင်လိုက်ရတော့ မေတ္တာစိတ် ကရုဏာစိတ်တွေက အနိုင်ယူခဲ့ပါတယ်။

သီတဂူဆရာတော်သြ၀ါဒ
(ပူနေးကျောင်းသားများ)


(1)
စဏ္ဍာသောကမှ ဓမ္မာသောက

ငါ ဘာပြောလဲဆိုတော့ တစ်ခါတရံ တချို့လူတွေသည် ပညာတော့တက်ပါတယ် ဒါပေမဲ့ ကိုယ်ကျင့်သီလ မရှိဘူး၊ တချို့ကြပြန်တော့လည်း ကိုယ်ကျင့်သီလရှိပေမဲ့ ပညာမဲ့နေတယ်။ မင်းတို့တစ်တွေကတော့ နှစ်မျိုးလုံးရှိနေရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ခုလုံးဟာ သာသနာပြုတာဝန် နှစ်ရပ်ထမ်းဆောင်နိုင်ဘို့ရန် အရေးကြီးသည့် မင်းတို့အတွက် အရင်းအနှီးပဲ။
ယနေ့ခေတ်မှာတော့ အိန္ဒိယနိုင်ငံမှာ ဂျိန်းဘုန်းကြီးတွေ အနည်းငယ်မျှသာ ကျန်တော့သည်။ အသောမင်းကြီးအကြောင်းကို ဆက်ပြောဦးမယ်။ အသောက မင်းကြီးသည် သူ၏ဖခမည်းတော် နတ်ရွာစံပြီးနောက်ပိုင်း သူ၏ ၉၉ ယောက်သော ညီအစ်ကိုများ အပါဝင် များစွာသော လူတွေကို သတ်ဖျက်သုတ်သင်ခဲ့သည်. သူ၏ဖခမည်းတော်သည် မိဖုရားတစ်ရာကျော်ကို မိဖုရားအဖြစ်တင်မြောက်ခဲ့သည်အတွက် သူ့မှာ ညီအစ်ကို ၉၉ ယောက်ရှိခဲ့သည်။ အသောကမင်းသည် အဲဒီ ညီအစ်ကိုအားလုံးကို သုတ်သင်ပစ်လိုက်သည်။ ဒါ့ကြောင့် သူကို ရက်စက်ကြမ်းကြုတ်သောမင်း (စဏ္ဍာသောက) ဟုခေါ်သည်၊ သာရတ္တဒီပနီဋီကာ၌ တွေ့နိုင်ပါသည်။ ဒါပေမဲ့ ယခုအခါမှာတော့ သူဟာ ဓမ္မာသောက၊ သိရီဓမ္မာသောက ဟူ၍ ဂုဏ်ပြုလာကြသည်။ ရက်စက်သောမင်း (စဏ္ဍာသောက)မှ သူတော်ကောင်း မင်း (ဓမ္မာသောက)အဖြစ်သို့ ဘယ်လိုပြောင်းလဲလာတယ်ဆိုရင်။ Missionary သည် ကြမ်းတမ်းရက်စက်ခြင်းမှာ သိမ်မွေ့နုညံ့ပျော့ပြောင်းအောင် ပြောင်းလွဲနိုင်တဲ့ အလွန်အရေပါသည့် စွမ်းအင်တစ်ခုဖြစ်ပါသည်။ သူ၏သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်၊ အသောကမင်းကြီး၏တူတော်သူ အသက် ၇နှစ်မျှသာရှိသေးသော နိဂြောဓကိုရင် ရဟန္တာအရှင်မြတ်သည် နံနက် နေထွက်စပြုအချိန် ဘုရင်ကြီး၏နန်းတော်ရှေ့က ဖြတ်သွားစဉ် ရှင်ဘုရင်ကြီးကလည်း ပြတင်းပေါက်ဖွင့်ပြီးကြည့်လိုက်စဉ် ဘုရင်ကြီး၏ နှလုံးသားမှာ ရှေးက မတွေ့ထိဘူး မကြားဘူး မခံစားဘူးသေးသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဘုရင်ကြီးသည် များစွာသော ပဒေသရာဇ်မင်း၊ ဆွေးတော်မျိုးတော်များနှင့် ညီအစ်ကိုများနှင့် သူ့ကိုဆန့်ကျင်သူအားလုံးကို သတ်ဖျက်ခဲ့သည့်အပြင် ဂျိန်းဘုန်းကြီးတွေကိုလည်း နေ့စဉ် ရှိခိုးနေခဲ့ရသည့် အတွက်ကြောင့် များစွာနောင်တ ပူပန်နေရပါသည်။
So, what I mean? Sometimes some people, they have only wisdom but they don't have character. Some people have only character but they don't have wisdom. You must have the both character and wisdom. These are your investments to do two tasks and duties Missionary and Ministry.
Now a day, how many Jain Monks priests exist in India? Very a few remain. I want to continue King Empire Asoka. After his father death, he killed many human beings as well as his 99 brothers because of his father who got marriage over hundred queens. Therefore he has 99 brothers and killed all. He is cruel King (candasoka). You must read about him Sarattadipanitika) but now a day he becomes Dhammasoka, Siridhammasoaka. How become Candasoka (Cruel King) to Dhammasoka (Honorable King)?
Missionary is very powerful to convert from Candasoka (Cruel King) to become Dhammasoka. You know in history, in the morning his nephew, seven year ages, Samanera Niroja Arhan going through the in front of palace of King Empire, the King Empire Asoka felt unheard in his heart before because he has killed many Padesarajas, many relatives, many opposites people and he have worshiped Jain Monks. Therefore he felt sad.

အသောကနှင့် ဂျိန်းဘုန်းကြီးများ
(2)
မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာ အိန္ဒိယပြည်ကြီးတွင် သိန်းပေါင်းများစွာသော ရဟန္တာအရှင်မြတ်များ ရှိခဲ့သေးပေမဲ့ ဖူးမျော်ခွင့်မရခဲ့သောကြောင့်လည်း မင်းကြီး စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ကိုရင်လေးရဲ တည်ငြိမ်တဲ့အသွင်အပြင်ကို မြင်လိုက်ရသည့်အချိန်မှာတော့ ထူးဆန်းစွာခံစားရသည်၊ များစွာသော ပြည်သူတွေကို သတ်ဖျတ်ခဲ့ခြင်းကြောင့်လည်း နောင်တ ပူဆွေးမှုများဖြစ်ခဲ့ရသည်။ ပြတင်းပေါက်မှ မြင်တွေ့လိုက်ရသော ကိုရင်လေး၏ တည်ငြိမ်းပြတ်သားသော အသွင်ကို ဖူးမြင်လိုက်ရသော မင်းကြီး၏စိတ်နှစ်လုံး အေးချမ်းပြီး တည်ငြိမ်မှုလည်း ဖြစ်ပေါ်လာခဲ့သည်။ ကိုရင်လေးကို ရွှေနန်းတော်သို့ ပင့်ဖိတ်ပြီး လျှောက်ထားလေသည်။ ရွှေနန်းတော်အတွင်း ကုလားထိုင်း ပလ္လင် စသည်တို့ဖြင့် နေရာမျိုးစုံ ပြင်ဆင်ထားပြီးဖြစ်ပါတယ် အရှင်ဘုရားနှင့် သင့်တော်သော နေရာကို ရွေးပြီး သတင်းသုံးရန် လျှောက်ထားလေသည်။ ကိုရင်လေးကို ရွှေနန်းတော်အတွင်း မပင့်မီကာလာမှာ အသောကမင်းကြီးသည် ဂျိန်းဘုန်းကြီးများစွာကို ပင့်ဖိတ်ခဲ့ဖူးသည်။ မင်းကြီးသည် ထိုနည်းတူစွာ ဂျိန်းဘုန်းကြီးများကိုလည်း လျှောက်ထားခဲ့ဖူးသည်၊ ရွှေနန်းတော်အတွင်းမှာ စားပွဲ ကုလားထိုင်နှင့် ပလ္လင်စသည့် နေရာထိုင်ခင်းအမျိုး ပြင်ဆင်ထားပြီးဖြစ်ကြောင်း အရှင်မြတ်များနှင့် သင့်တော်မည့် နေရာများကို ရွေးပြီး သတင်းကြပါရန် လျှောက်ထားသောအခါ။ ဂျိန်းဘုန်းကြီးတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဒို့ ဘယ်နေရာထိုင်ကြမလဲ၊ မင်းကော ဘယ်မှာထိုင်မလဲ ဆွေးနွေးကြလေသည်။ နောက်ဆုံး သူတို့အားလုံး နန်းတော်အပြင်ဘက်ထွက်ပြီး မြေကြီးပေါ်မှာပဲ ထိုင်ကြလေသည်။ သူတို့အားလုံး အလွန်ခမ်းနားထယ်ဝါသော ကုလားထိုင် ကော်ဇော်ကြီးတွေအပေါ် ထိုင်ရမှာ ကြောက်ရွံ့နေကြလေသည်။ အကြောင်းကတော့ သူတို့အားလုံးသည် လုံးဝ အ၀တ်အစား ၀တ်မထားပဲ မိမွေးတိုင်းဖမွေးတိုင်းပင် လာကြသည့်အပြင် ရေလည်းမချိုးကြသည့်အတွက် အလွန်ညစ်ပတ်နေကြသည်။ ဒါကြောင့် သူတို့တတွေသည် သူတို့နှင့် သင့်တော်သော မြေကြီးပေါ်ကို နေရာယူဘို့ သူတို့ကိုယ်တိုင်ပဲ ရွေးချယ်ကြလေသည်။
ထိုအချိန်မှာတော့ အသောကမင်းကြီးသည် ဒီဂျိန်းဘုန်းကြီးတွေ သန္တာန်မှာ ဘာတရားအနှစ်မှ မရှိကြောင်းကို စမ်းသပ် တွေ့ရှိ နားလည်လိုက်သည်။
After death of the Buddha, over millions of Arahantas exited in India but the King has no chance to worship Arahantas, he was so sad. Looking through the window he saw the Arhanta Samanera. As soon as he saw the Arahanta Samanera, he felt his in heart. When he saw Aranta Niroja Samaneara, his mind became peaceful and love also. And then he invited Samanera. When Samanera arrived at the Palace, the King asked him that you must choose your proper place. I prepared many places in my royal palace. Oh! Wonderful place! Before Samanera, the King invited Jain monks. Hey! I prepared many places for you in my royal palace. You must choose your proper place. All Jain monks are naked, never took shower and very dirty. They discussed where we want to sit and where you want to sit. Please choose where you want to sit but there were afraid to sit on the carpet in Royal Palace because they were totally naked, dirty and never tool shower. At the time, went out of palace and sat down on the ground. This place was proper for them.
At the time the King traced and tasted and understood that they don't have any essence of the light of dhamma in their heart because they were afraid to sit on the carpet in Royal Palace. In the Palace, there were many chairs and throne and so on.

မှတ်ချက်။ ။ Missionary နှင့် Ministry သာသာပြုနည်းနှစ်ရပ်ကို ပေါ်လွင်စေရန် သီတဂူဆရာတော်ကြီး၏ နာဂစ် ကယ်ဆယ်ရေးပုံရိပ်ဖြင့် ဖော်ပြလိုက်ပါသည်။

သီတဂူဆရာတော်သြ၀ါဒ အပိုင်း(၅)ဆက်ပါဦးမည်။
သီတဂူစတား
၁၇-၁-၂၀၁၀

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes