သီတဂူကပ္ပိယအဖွဲ့ (အထက် အောက်မြန်မာပြည်)
ဆေးရုံတော်များ
သီတဂူအာယုဒါန ဆေးရုံကြီးကို ရှေးဦးစွာတည်ထောင်ကာ လူနာပေါင်း မြောက်မြားစွာရဲ့ အသက်ကိုကုသ ကယ်တင်ခဲ့သည်မှာ နှစ်ပေါင်း ၂၁ ပင်ရောက်ရှိလာပြီ။ ဆေးပစ္စည်းနှင့် ဆေးရုံသုံးပစ္စည်းများ လိုအပ်နေသော မြို့နယ်များစွာရှိ ဆေးရုံတို့တွင် ဖြည့်ဆည်း လှူဒါန်းခဲ့သည့် အပြင် မြို့နယ် ကျေးရွာတို့တွင်လည်း ဆေးရုံများတည်ဆောက်ကာ လှူဒါန်းခဲ့သည်။ ဥပမာ-ပန်းတနော်ဆေးရုံ၊ သိပေါဆေးရုံ၊ ကလေးမြို့ဆေးရုံ၊ နတ်မောက်ဆေးရုံ၊ ဆားတောင်ဆေးရုံ အစရှိသည်တို့ဖြစ်သည်။
ယခု တပေါင်းလပြည့် ဆရာတော်ကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆားတောင်
သီတဂူ ဗြဟ္မာယု ပြည်သူ့ဆေးရုံတော် ကြီးကို ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံအဆောက်ဦးကြီး၏ ကုန်ကျစရိတ်မှာ ကျပ်သိန်း ၃၀၀၀ ကျော် ရှိပြီး ဆေးရုံထဲတွင် တပ်ဆင်ထားသော ပစ္စည်းတံဘိုးမှာ ကျပ်သိန်း ၄၀၀၀၀ (လေးသောင်း) ကျော်ရှိသည်ဟု သိရပါသည်။ ထိုဆေးရုံကြီးပေါ် ပေါက်လာသောကြောင့် ထိုဒေသရှိ ပြည်သူတွေ အားရ၀မ်းသာဖြစ်ကာ ဆရာတော်ကြီးကို အထူး ကျေးဇူးတင်နေကြသည်။
ယူနီဖောင်းတစ်မျိုးနဲ့ သီတဂူကပ္ပိယအဖွဲ့
ကျောင်းအမ အစ်မ စပယ်ရဲ့ သီတဂူစတားအထံသို့ ပေးပို့သော မူရင်းစာပါ ပူတွဲတင်ထားပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူစတား
ဖွင့်ပွဲအခမ်းအနား
ဘုန်းဘုန်း သီတဂူစတားဘုရား---
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ဆားတောင်ရွာတွင် သီတဂူဆရာတော်ကြီး ဦးဆောင်ပြီးသာသနာပြုအဖွဲ့ဝင်တွေ
အားလုံး စုပေါင်းလှူဒါန်းပြီး ဆောက်လုပ်သော သီတဂူဗြဟ္မာယု ပြည်သူ့ဆေးရုံတော်ကို ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့တွင်
ေ၇ွှကျင်သာသနာပိုင် ဆရာတော်ကြီးဖြစ်သော ၀ါဆိုဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီးအမှူးပြု
ကာ တိုင်းမှူးနှင့်ဌာနဆိုင်ရာများ၊ ထက်နှင့်အောက် သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်ဘုရား။ အဲဒိ့မှာ သီတဂူဆရာတော်ကြီး ပြောကြားသွားတာကတော့
ဒီဆေးရုံကို ၂၀၀၄ခုနှစ်လောက်ကထဲက ဆောက်လုပ်နေတာဖြစ်ပါတယ်၊ ၂၀၀၉ခုနှစ် ဒီဇင်ဘာလမှာ အားလုံးပြီးစီးသွားပါတယ်၊ ဒီဆေးရုံကြီးကို ဖွင့်လှစ်နိုင်တဲ့အတွက် များစွာပီတိဖြစ်ရပါတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ ဒီနယ်တ၀ိုက်မှာရှိကြတဲ့ ပြည်သူတွေအတွက် ကျန်းမာရေးကို အများကြီးစောင့်ရှောက်ပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ၊ ဒီအနီးတ၀ိုက်မှာ ဆေးရုံမရှိတဲ့အတွက်ကြောင့် စစ်ကိုင်း၊ မန္တလေးထိကို သွားပြီးဆေးကုသကြရတယ်၊ ခုဒီဆေးရုံကြီးဖြစ်ပေါ်လာတော့ ဒီအနီးတ၀ိုက်ကပြည်သူတွေအတွက် အများကြီးအချိန်ကုန်၊ စိတ်ပန်း ငွေပန်း လူပန်းမဖြစ်ကြတော့ဘဲ ကျန်းမာရေးစောင့်ရှောက်နိုင်တဲ့ အတွက်ဖြစ်တယ်။
ပြည်သူများဖြင့် စည်းကား
ဝါဆိုဆရာတော်ကြီး
ဝါဆိုဆရာတော်ကြီးက ရီစရာအနေနဲ့ ဘာမိန့်သလဲဆိုတော့ အရင်တုန်းကဆေးရုံတွေ သွားဖို့ ကားငှားရင် ကားသမားတွေ၇ဲ့ အဆမတန်ဈေးတောင်းတဲ့ ဒုက္ခတွေကို ဒီနယ်ကပြည်သူတွေ မခံစားရတော့လို့ သူ့အနေနဲ့ အများကြီးဝမ်းသာပီတိဖြစ်ရတယ်ဆိုတာ ထည့်မိန့်သွားတယ်ပါသေးတယ်။ နောက်တော့ တည်ထောင်ပေးတဲ့သူတွေက တည်ထောင်ပေးခဲ့ပေမဲ့ လက်ရှိနေထိုင်တဲ့သူတွေက သန့်သန့်ရှင်းရှင်း စည်းကမ်းတကျ အသုံးပြုကြဖို့လဲမိန့်မှာတော်မူတယ်။ တကယ့်ကိုအတုယူစရာ မိန့်မှာချက်လေးပါဘုရား။ ရွှေဘိုခရိုင်ဆားတောင်နယ် အနီးတ၀ိုက်ကလာတဲ့ ပြည်သူတွေရဲ့မျက်နှာတွေမှာ ဖေါ်မပြနိင်တဲ့ပီတိတွေကို တပည့်တော်မစပယ်တို့လဲ မျှဝေခံစားလာခဲ့ကြပါတယ်ဘုရာ။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
မပန်းစပယ်(လှဆန်းယဉ်)
ကျေးဇူးအထူးတင်ပါတယ် ကျောင်းအမရေ-
သီတဂူစတား
၁၈-၃-၂၀၁၀
Posted in: သီတဂူဆေးရုံများ
Email This
BlogThis!
Share to Facebook
1 comments:
တပည့်တော်ပညာသာရမှ ဒီထက်သာသနာပြုနိုင်ပစေ
မဏ္ဍိုင်
ပဲးခူး
ဦးပညာသာရ(မြိုင်)
Post a Comment