
Saturday, June 18, 2011

sitagustar
No comments
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ကြီးမှုးပြီး တည်ထောင် ဆောက်တည်ခဲ့တဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြို့နယ် (မြောက်ပိုင်း) ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာ့တက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၁၇) ရက် နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော် ဒု - သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ဇနီး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မတီ ဥက္ကဋ္ဌ ဦးတင်အေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တောင်ဥက္ကလာပမြို့နယ်အမတ် ဦးအောင်သိန်းလင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၊ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး သူရဦးမြင့်မောင်၊ နိုင်ငံတကာသံအရာရှိများနဲ့ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ နံနက် (၁၀) အချိန်တွင် နိုင်ငံတော် ဒု - သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာ့တက္ကသိုလ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပြီး၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။
အဲ့ဒီနောက်မှာတော့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက ကြွရောက်လာကြတဲ့ ဒါယိကာ၊ ဒါယိကာမများကို ငါးပါးသီလ ချီးမြှင့်ပြီး ကမ္ဘာ့ ဗုဒ္ဓသာသနာ့တက္ကသိုလ် တည်ထောင်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။ သီတဂူဆရာတော်က သာသနာ့တက္ကသိုလ်တည်ထောင်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားပြီးနောက် နိုင်ငံတော် ဒု - သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးက ဆရာတော်အရှင်သူမြတ်များကို လှုဖွယ်ဝတ္ထုများ ဆပ်ကပ် လှုဒါန်းပြီး အခမ်းအနားကို နေ့လည် (၁၂) နာရီအချိန်တွင် ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၆-၂၀၁၁
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
0 comments:
Post a Comment