
Thursday, December 10, 2009

သီတဂူစတား (sitagustar)
1 comment
ဝန်ဇင်း ဘ-က စာသင်ကျောင်း
(နိုဝင်ဘာ -၂၇)
မိတ္ထီလာမြို့ ဝန်ဇင်းရပ်ရှိ ဓမ္မာစရိယတိုက်ကျောင်းဝင်းအတွင်းတွင် တည်ရှိသော ဘုန်းတော်ကြီးသင် ပရဟိတစာသင်ကျောင်း (ဘ-က)၌ ဆင်းရဲနွမ်းပါးသောကလေးများနှင့် မိဘမဲ့ ကလေးများကို အခမဲ့ လက်ခံသင်ကြားပေးလျက်ရှိရာ ယခုအခါ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသူ၊ ကျောင်းသားဦးရေ ၆၃ဝ - ဦးရှိသွားပြီဖြစ်ကြောင်း အဆိုပါ ကျောင်းတိုက်ထံမှ သိရသည်။
အဆိုပါပရဟိတကျောင်းကို ၂ဝဝ၄-ခုနှစ်မှ စတင်၍ မိတ္ထီလာမြို့ ပထမကျော် ဓမ္မာစရိယတိုက်သစ် ပဓာန နာယကဆရာတော် ဘဒ္ဒန္တသီလာစာရက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူငယ်တန်း ၁၅၉-ဦး၊ ပထမတန်း ၁၂၁- ဦး၊ ဒုတိယတန်း ၁၁၈ ဦး၊ တတိယတန်း ၁၅၄ ဦး၊စတုတ္ထတန်း ၇၈ ဦး စုစုပေါင်း ၆၃ဝ-ဦးကို အတန်းအလိုက် ကျောင်းသင်ရိုးညွှန်းတမ်းအပြင် ယဉ်ကျေးမှု၊ အားကစားနှင့် အနုပညာ တို့ကိုပါ သင်ကြားပေးလျက်ရှိကြောင်း သင်ကြားရေးတာဝန်ခံဆရာတော် ဦးဇနိတက မြွက်ကြားသည်။
ယင်းကျောင်းတိုက်၌ စာကြည့်တိုက်တည်ထောင်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိ သောကြောင့် စာအုပ်များလှူဒါန်းနိုင်ကြောင်း၊ စာသင်ခုံ၊ စားပွဲ၊ကုလားထိုင်များ၊ အတန်းစဉ်အလိုက်ပုံနှိပ်နှင့် စာရေးကိရိယာများ၊ MultimediaRoom အတွက် လိုအပ်သောကွန်ပျူတာပစ္စည်းများနှင့် မျက်နှာကြက်များအတွက်လည်း တတ်အားသရွေ့ ပညာဒါနကုသိုလ်ယူနိုင်ပါကြောင်းဆရာတော်က ထပ်ဆင့်ြ>ွမက်ကြားသည်။ အဆိုပါ ပညာဒါနကျောင်းမှ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများကို ကုသိုလ်ရှင်များ၏ လှူဒါန်း မှုများဖြင့် နှစ်စဉ်ပညာရည်ချွန်ဆုများ ပေးအပ်လျက်ရှိသည်။
အေးကျော့ခိုင်
(The voice journal)
Posted in: လူမှုရေး
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
1 comments:
တပည့်တော် စာလာဖတ်ပါတယ် ဦးဇင်း
Post a Comment