သူတို့ အနုပညာကို လေ့လာနေတာပါ
ဒီတော့ ဗောဓိဓာတ်ရအောင်, ဘုရားဓာတ်ရအောင်, ဝမ်းခေါင်းထဲ ကိန်းအောင်းတဲ့ သန္ဓေသားကလေး ဘုရားလောင်းလေး ဖြစ်လာအောင်ဆိုပြီး ဘုရားရှေ့ ကာမဂုဏ်ခံစားတဲ့ပုံ၊ ဘုရားကိုယ်တော်မြတ်ကို လည်ပင်းဖက်ပြီးတော့, မျက်နှာချင်းအပ် ပြီးတော့ အမျိုးသမီးက ထိုင်ထားတဲ့ ပုံတွေကို ကြည့်ရတာဟာ အလွန်စိတ်ပျက်စရာ ကောင်းတယ်။
နီပေါမှာဆိုရင် ညစ်ညမ်းတဲ့ပုံတွေကို ကြေးရုပ်ကလေးများ ထုပြီးတော့ ဆိုင်ပေါ်တင်ပြီး ရောင်းသေးတယ်။
ဘုန်းကြီး မြန်မာပြည်ကလူတွေကို ပြလိုက်ချင်တာ။ ဘုရားကိုးကွယ်တာဟာ ဘယ်လောက်ညံ့ဖျင်းတဲ့ ကိုး ကွယ်ခြင်းတွေ ဖြစ်နေတုန်းဆိုတာကို ပြောပြချင်လို့ပါ။
အဲဒီအရုပ်ကလေးကို ဘုန်းကြီးက ဟိုဘက်က ကြည့် ဒီဘက်ကကြည့် လုပ်နေတော့ဘုန်းကြီးတို့ရဲ့ ပစ္စည်းလေးပါး ဒကာကြီး ဦးဘရီက ''ဆရာတော် ဘာတွေ ရစ်သီ ရစ်သီ လုပ်နေတုန်း'' တဲ့။ လာမေးတယ်။ ဆိုင်ထဲမှာ နည်းတဲ့ အရုပ်တွေမှ မဟုတ်ဘဲ။ မျိုးစုံနေတာ။
ဘုန်းကြီးကလဲ ''ဒကာကြီးရာ ဒါတွေကြည့်နေတာ မဟုတ်ပါဘူး။ သူတို့ရဲ့အနုပညာတွေ လေ့လာနေတာပါ''လို့ ပြောလိုက်ရတယ်။ ဘုန်းကြီးတို့ ပရိသတ်များ ပြောစရာတွေ အများကြီးရှိတယ်။
ကိုင်ဆောင်တောင်ဝှေး လိုလိုရာ ဆေးကြိတ်တယ်
ဘုန်းကြီးတို့တိုင်းပြည်မှာ အနှစ်ပြည့်တယ်။အခြား တိုင်းပြည်မှာ ရတနာသုံးပါးရှိတယ်ဆိုပေမဲ့ အနှစ် အပြည့် အဝ မရှိဘူး။
ဒီတော့ ခုနကဘုရားရှိခိုးတာလဲ ဘယ်လိုလဲ။ မတ်တက်ရပ်ကနေပြီးတော့ ဝမ်းလျားမှောက် ရှိခိုးကြတယ်။
တရားထိုင်တဲ့ အခါမှာလဲ စည်း(သံချွင်)လေး တီး လိုက်၊ နှဲလေးမှုတ်လိုက်နဲ့ တရားထိုင်ကြတယ်။
တရားထိုင်ပြီးတော့လဲ ညစာလေးလဲ ဘုရားရှေ့ ထိုင်ပြီးတော့ စားလိုက်တယ်။
ဘုရားကိုယ်တော်မြတ်ကို ပူဇော်တဲ့အခါမှာလည်း ကာမဂုဏ်နဲ့ (ညစ်ညမ်းတဲ့ အမူအရာတွေနဲ့) ပူဇော်ကြတယ်။
ဒီကနေ့ခေတ်တော့ အဲဒါတွေက ဒါလောက်ခေတ် မစားဘူး၊ ခေတ်စားတဲ့ အချိန်ကတော့ တကယ် ခေတ်စား ခဲ့တာ။
''မဟန့်''ဆိုတဲ့ ဟိန္ဒူဘုန်းကြီးက ဒီမဟာဗောဓိ စေတီတော်ကြီးဟာ ''မဟာဒေဝ''နတ် မင်းကြီးကို ဂုဏ်ပြု ပြီးတော့ တည်ထားတဲ့ စေတီပဲဆိုပြီး ဒီစေတီကြီးကို အပိုင် စီးထားတယ်။
စေတီတော်ကြီးရဲ့ အောက်လိုဏ်ဂူထဲမှာ သျှီဝ နတ်မင်းကြီးရဲ့ 'လိင်အင်္ဂါပုံ'ကို လုပ်ထားတယ်။ မသိတဲ့ ပုဂ္ဂိုလ်တွေ ဘုရားဖူးများ သွားတွေ့လို့ရှိရင် ''ဒါဟာ ဇော်ဂျီ တပသီတွေ ဆေးကြိတ်တာပဲဟ''ဆိုပြီးတော့ အဲဒီနေရာမှာ သူတို့ ဘုရားပူဇော်တဲ့ ပန်းပွင့်လေးတွေ ကြိတ်ပြီးတော့ နဖူးတောင် သုတ်လာတယ်လို့ ကြားဖူးတယ်၊ ဘုရားဖူးမှားတာပဲ။ သတိထားကြပါ။
ဘုရားဖူးတွေကို မှာလိုက်ပါရစေ
ဒါ့ကြောင့် မှာလိုက်စမ်းပါရစေ။ ဘုရားဖူး သွား မယ်ဆိုရင် အရုပ်မြင်တိုင်း ရှိမခိုးကြပါနဲ့။ အိန္ဒိယရောက်လို့ရှိ ရင်လေ အရုပ်တွေ့တိုင်း ဘုရားထင်ကာ ကုန်းပြီးတော့ ရှိ မခိုးလိုက်ကြပါနဲ့၊ စုံစမ်းစစ်ဆေးပြီးမှ ရှိခိုးကြပါ။
ဆဋ္ဌသင်္ဂါယနာတင်တဲ့ အချိန်တုန်းက မြန်မာ ပြည် အစိုးရနဲ့ အိန္ဒိယအစိုးရတို့ အကြိတ်အနယ် ဆွေးနွေး ပြီးတော့ အဲဒီ မဟုတ်တဲ့ အတုအယောင်တွေကို အကုန်လုံး ဗောဓိစေတော်ထဲက ထုတ်ပစ်ခဲ့ရတာ။
ဒီကနေ့တော့ ဗောဓိစေတီကြီးထဲမှ အဲဒီ''လိင် အင်္ဂါ ကြီး'' မရှိတော့ပါဘူး။ သို့သော် စေတီတော်ကြီးထဲမှာ မရှိပေမဲ့ စေတီဲရဲ့ အပြင်ဘက် ၁၅-ကိုက်၊ ကိုက် ၂ဝ- လောက်ကွာတဲ့ နေရာမှာ အုတ်တိုက်ကလေးတခုနဲ့ အဲဒါ ကြီး ရှိသေးတယ်။ အပြီးအပိုင် ဖယ်လို့ မရဘူး။
ဘာ့ကြောင့် ဖယ်မရသလဲဆိုတော့ ''မဟန့်''လို့ ခေါ်တဲ့ ဟိန္ဒူဘုန်းကြီးက လက်မခံဘူး။ သူက ဒါကို အဖယ် မခံဘူး။ အတင်းအကြပ်ခံပြီး တရားစွဲချင်လဲ စွဲဆိုပြီး နေ တော့ သူနဲ့ ရန်ဖြစ်နေရတာနဲ့ ဖယ်လို့ကို မရဘူး။
စေတီတော်ကြီးရဲ့ အတွင်းအပြင်မှာ ထုထားတဲ့ ဂျိန်းရုပ်တွေကိုတော့ အကုန်ဖယ်ပစ်လိုက်တယ်။ အဲဒါတွေ ကတော့ မရှိတော့ဘူး။ နှစ်ရုပ်တော့ကျန်တယ်။
''အဝလောကိတေဆွာရ'' လို့ခေါ်တဲ့ နတ်ရုပ် တစ်ရုပ်ရယ်။ နောက်ပြီးတော့ ဘုရားလောင်း နတ်ရုပ် တစ်ရုပ် ရယ်။ အဲဒီ နှစ်ရုပ်ကျတော့ ဗောဓိစေတီတော်ကြီးရဲ့ အရှေ့ မုခ်က ဝဲယာမှာ၊ အဲဒါကတော့ ခုအထိ ရှိသေးတယ်။
အရိမေတ္တယျဘုရားအလောင်းတဲ့
တိဘက်ဘုန်းကြီးတွေနဲ့ တိဘက်ဗုဒ္ဓဘာသာ အမျိုးသား အမျိုးသမီးတွေက ဗောဓိစေတီတော်ကြီးဆီ ရောက်လာလို့ရှိရင် စေတီတော်ကြီးကို ဦးသုံးကြိမ်ချ၊ ပြီး တော့ အခုနက အဝလောကိတေဆွာရ နတ်မင်းနဲ့ ဗောဓိ သတ္တဘုရားလောင်း အရုပ်ကို အထူးတလည် ပူဇော်ကြတာ၊ ဦးတိုက်ကြတာ။
ဗောဓိပင်ကို ဒါလောက် ဦးတိုက်တာ မဟုတ်ဘူး။ အဲဒီ ဘုရားလောင်းကို သူတို့က အကြိတ်အနယ် ဦးတိုက် နေကြတာ။ သူဟာ ''အရိမေတ္တယျဘုရားလောင်း'' တဲ့။ ဒီအရိမေတ္တယျ ဘုရားလောင်း ဘုရားဖြစ်တဲ့အခါကျရင် သူတို့ တိုင်းပြည်က ဘုရားလောင်းတွေ အကုန်လုံး အဲဒီမှာ ''ဘုရားဆု''ပန်ကြမှာတဲ့။
နောင် အဆက်ဆက် ပွင့်သွားမည့် ဘုရားတွေဟာ တိဘက်ကချည်းပဲတဲ့။ အဲဒါ မှန်းသာကြည့်၊ ဟိုမှာ ဘုရား လောင်းတွေ အများကြီးပဲ။ ဘုန်းကြီးတို့ ပရိသတ်များ ဘုရားဆု ဘယ်နှစ်ခါပန်ဖူးလဲ။ တယ်ညံ့တာပဲ။ တိဘက်က ယောက်ျားမှန်သမျှ အကုန်လုံး ဘုရားလောင်းချည်းပဲတဲ့။
ဘုရားဓာတ်ရအောင်လဲ သူတို့နည်းနဲ့သူတို့ ခုနက ပြောသလို ယူထားကြပေါ့။
ဒီမှာ ဘုန်းကြီးတို့ ပရိသတ် လူဖြစ်ရတာ အလွန် ကံကောင်းပါတယ်။ ဘာဖြစ်လို့ ကံကောင်းသလဲ။ ရတနာ သုံးပါး အစစ်အမှန် ရှိနေလို့ပါ။
ရတနာ ၃-ပါးပြီးရင် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာ ၃-ပါး။
သူတို့ရဲ့ သီလဆိုတာ ခုနကပြောပြီးပါပြီ။ နှဲလေး မှုတ်လိုက်၊ ညစာလေး စားလိုက်နဲ့ တရားအားထုတ်တဲ့ သီလမျိုးပဲ။ သမာဓိဆိုတာကလဲ ပညတ်ပေါ်မှာသာလျှင် များစွာရှုတဲ့ သမာဓိမျိုးပဲ။
သြစတြေးရီးယား အမျိုးသမီးတစ်ယောက် တရားထိုင်ပုံ
ဗောဓိပင်နား တရားထိုင်တဲ့ အမျိုးသမီး တစ် ယောက်ကို ဘုန်းကြီးက အသေအချာ ထိုင်ကြည့်ပြီးတော့ မေးခဲ့တယ်။
သူထိုင်တာက တင်ပျဉ်ခွေလေးရဲ့ အပေါ်မှာ ကြေးကွမ်းအစ် သဏ္ဌာန် ကြေးခွက်ကလေး တစ်ခုရှိတယ်။ အဲဒီကြေးကွမ်းအစ် အရွယ်အစားပဲ အဖုံးလေး ဖုံးထား တယ်။ အဲဒီအထဲမှာ မိုးကုတ်က ကျောက်အဖြုန်း ကလေး တွေလို ကျောက်နီသေးသေးလေး တွေပါတယ်။
တချို့လဲ ဂျုံစေ့လေးတွေ ထည့်ထားတယ်။ တချို့ လဲ ရွေးစေ့ကလေးတွေ ထည့်ထားတယ်။ အမျိုးမျိုးပဲ။ အဲဒီလို ကြေးဗူးကလေးတွေနဲ့ လာကြတယ်။ ထိုင်ပြီးတော့ တော်တော်လေးကြာတော့ အဲဒီ အဖုံးလေးဆွဲဖွင့်၊ အထဲက ရွေးစေ့ (သို့မဟုတ်) ဂျုံစေ့ (သို့မဟုတ်) ကျောက်ခဲလေးတွေ လက်တဆုပ်လောက် ဆွဲထုတ်လိုက်ပြီးတော့မှ အဖုံးလေးရဲ့ အောက်ပိုင်း မျက်နှာစာ မျက်နှာပြင်ထက်မှာ တခါတည်း အဲဒီလက်ထဲက ဥစ္စာတွေ ပုံပြီးတော့ ချလိုက်တယ်။
ပုံပြီးချလိုက်ပြီးတော့ တအား ပွတ်တာပဲ။ ရှဲရှဲရှဲရှဲ နဲ့နေအောင် ပွတ်တာပဲ။ ပွတ်လဲပြီးရော ခုနကဂျုံစေ့တို့ ကျောက်ခဲတို့ ရွေးစေ့တို့ကို ဖယ်လိုက်တဲ့အခါ ခုနက ကြေး ခွက်ကလေးများ ပွတ်ပါများတော့ ပြောင်းပြီးတော့ အရောင် တလက်လက်ထွက်နေတယ်။ တရားထိုင်တိုင်း ဒီလိုပဲ ပွတ်နေတာ။
အရောင် တလက်လက်ထွက်နေတဲ့ ဒီကြေးခွက် ကလေးရဲ့ မျက်နှာပြင်ကို ငုံ့ပြီးတော့ သူ့တို့ သေသေချာချာ ကြည့်တယ်။ ကြည့်ပြီးတော့ တခါပြန်ပိတ်၊ ပိတ်ပြီးတော့ တခါထိုင်ကြပြန်ရော။ တော်တော်ကြာ ဆွဲထုတ်ပြီးတော့ ပွတ်ကြပြန်ရော။ ကြည့်လိုက်ကြပြန်ရော။ ပြန်ပိတ်ပြီးတော့ ထိုင်လိုက်ကြပြန်ရော။ ဒီလို လုပ်နေကြတယ်။
(အပိုင်း-၁၄)မျှော်
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment