Tuesday, October 20, 2009
သီတဂူစတား (sitagustar)
No comments
ဆယ်ကြီးနား
ပန်းခြံနှင့်စက်ရုံတို့ကိုလေ့လာပြီး မြင်းဇောင်းဆီသို့သွားကြရသည်၊ ပြိုင်ပွဲမြင်းများဖြစ်သည်၊ အလွန်လှပါသည့်မြင်းတွေဖြစ်သည်၊ သြစတေးလျစသည့်ပြည်ပမှ မှားယူးထားသည်ဟုသိရပါသည်။ ထိုနှင်းဆီကုန်းပိုင်ရှင်သည်၊ ကိုယ်ပိုင်ဆယ်ကြီးပါ ပိုင်ဆိုင်သည်၊ သုံးရေနှင့် သစ်ပင်များအတွက် ရေကို ထိုဆယ်ကန်ကြီးမှ မော်တာဖြင့်စုပ်ယူပါသည်။
ဓာတ်ပုံရိုက်ကြ
အစုလိုက်အစုလိုက် ဓာတ်ပုံရိုက်ကြည်သည်၊ ကိုယ်ခင်ရာ မင်ရာခေါ်ကြပြီးဓာတ်ပုံရိုက်ကြသည်၊ အဲဒီအထဲမှာ သီရိလင်္ကာသူလေးတစ်ယောက်ပါသည်၊ သူလဲ တော်တော် ရေးပန်းစားသည်၊ အသားရေက သီတဂူစတားလောက်တော့ မဲသည်၊ ဒါပေမဲ့ မျက်နှာပန်းလှတော့ လူချစ်လူခင်ပေါသည်၊ သူနှင့်ဓာတ်ပုံရိုက်ချင်သူတွေပေါမှပေါပဲ၊ ထိုင်းဘန္တေကြီးကတော့ အမိအရ တွဲရိုက်လိုက်သေးသည်၊ သီတဂူစတားတော့ ရှက်တာနဲ့ ဟန်လုပ်လိုက်ရသည်။ နိုင်ငံပေါင်းစုံက သူငယ်ချင်းတွေ အခုလို တွဲပြီးဓာတ်ပုံရိုက်ကြခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးစေသည်။ နေကလဲအရမ်းပူနေပါသည် သို့သော် အားလုံးရဲ့မျက်နှာမှာ ပျော်နေကြသည်။ သီတဂူစတားနှင့် အခန်းခြင်းကပ် အခန်းနံပါတ် ၉၀ က အီရန်က သီတဂူစတားကို ဓာတ်ပုံရိုက်ဖို့လာခေါ်သဖြင့် ရိုက်ဖြစ်သွားသည်၊ အဲနောက် အခြားနိုင်ငံက ကျောင်းသားတွေလဲ ရိုက်ချင်ပါတယ်ဆိုပြီး ပြေးလာကြသည်၊ ပြီးတော့ အီရန်ကျောင်းသားက သီတဂူစတားကို အာဖရိက ၊ကညာ၊ မွန်ဂိုနှင့် အာဖကန်နစ္စတန် ကျောင်းသားတွေနှင့်မိတ်ဆက်ပေးသည်၊ သူပြောပုံက- he is my good friend who live in room number 95 and he is a good monk. သူဟာ ငါ့ရဲ့ သူငယ်ချင်းကောင်းပါ၊ အခန်းနံပါတ် ၉၅ ကပါ၊ သဘောကောင်းတဲ့ ရဟန်းတစ်ပါးပါ၊ ဟု သီတဂူစတားအကြောင်းကို ပြောပြကာ မိတ်ဆက်ပေးသည်၊ သီတဂူစတားက သူ့အတွက် ကောင်းမှာပေါ့၊ သီတဂူစတားထံမှ ဆီလိုလျင် ဆီယူလို့ရသည်၊ ဆားလိုလျင် ဆားယူလို့ရသည်၊ ပရင့်ထုတ်ချင်ရင် ပရင့်ထုတ်လို့ရသည်။ သီတဂူစတားတို့ရဲ့ ထူးဆန်းသော အ၀တ်သည် သူတို့အတွက် ပိုပြီး ထူးဆန်းသစ်လွင်ပြီး အမှတ်ရစေပါသည်။
သီတဂူစတားလေ့လာရေးမှတ်တမ်း (၇)လာပါဦးမည်
Posted in: ခရီးသွားမှတ်တမ်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
သီတဂူစတား သြ၀ါဒကထာချီးမြင့် (TTC ရန်ကုန်) -------------------- ၂၀၁၅ခုနှစ်။ အောက်တိုဘာ (၇)ရက် ဒီကနေ့ (၇-၁၀-၂၀၁၅)နေ့ နံနက်ပိုင်း၊ေ...
-
သီတဂူရေဘေးအလှူတော် ချင်းပြည်နယ်အတွက် စတင် ---------------------- ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၁ရက် (၃၀-၈-၂၀၁၅)နေ့ညက သီတဂူဆရာတော်ကြီးသည် ချင်းပြည်...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
၂ ခုမြောက် ရဟန်းပြုရကျိုး မြတ်စွာဘုရား ထိုထက်အဆင့်မြင့်သော ရဟန်းပြုခြင်းရဲ့အကျိုး ကျေးဇူးကို မိန့်ကြားတော်မူပါအုံး ဆိုတော့ ပရိသတ်ရေ အလွန်ရှ...
-
သီတဂူဆရာတော်ကြီး ဗုဒ္ဓဂယာရောက် သီတဂူဆရာတော်ကြီး ဒီဇင်ဘာ (၁)ရက်နေ့က ဗုဒ္ဓဂယာသို့ ရောက်ရှိလာသည်။ နိုဝင်ဘာ (၃၀)ရက် ည ရန်ကုန် တရားပွဲ...
-
သီတဂူဆရာတော်ကြီး သက်တော်(၇၇)နှစ်ပြည့် မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ သီတဂူဆရာတော်ကြီးသက်တော်(၇၇)နှစ်ပြည့် မွေးနေ့ပူဇော်ပွဲကို ၁၃၇၅-...
-
စာနိဒါန်း စာဖတ်ရတာ လွယ်သလောက် စာရေးရတာ မလွယ်ပါလားနော်။ စာရေးသူဖြစ်ဖို့ဆိုတာမလွယ်ဘူးလေ။ ရေးတဲ့အချိန်တွေ၊ စဉ်းစားဖို့အချိန်တွေပေးရပါတယ်။ ဖတ်...
0 comments:
Post a Comment