ကညာနိုင်ငံအမျိုးသမီးနှင့် ဆွေးနွေးစ စကားလေးဖြက်ပြီး နှင်းဆီကုန်းပန်းခြံလေ့လာရေးစပါ တော့သည်။ ၂၅ ဧက ကျယ်ဝန်းသည့် ပန်းခြံကြီးတစ်ခုလုံးကို ပလက်စတစ်အမိုး အကာတို့ဖြင့်ပြုလုပ်ထားသည်၊ အလင်းရောင်နှင့် လေ၀င်လေပေါက်တို့လဲပါသည်၊ အတွင်မှာလဲ လျပ်စစ်မီးများဖြင့်တံဆာဆင်ထားသည်၊ မြန်မာပြည်သားတစ်ယောက်အနေနှင့်အံသြမိသည်မှာ လျပ်စစ်မီးကို အလျှံအပယ်သုံးထားခြင်ပင်၊ မီးကလဲ ၂ရက် ၄ နာရီမဟုတ်ဘဲ တစ်ရက် ၂၄ နာရီ လာသည်၊ အပင်ကိုဖျက်သော မိုးမွားများမလာနိုင်အောင် ဓာတုဗေဒနည်းပညာသုံးထားသည်မှာလဲ အံ့သြစရာပင်၊ ပန်းခြံ၏ ဘေးချင်းကပ်မှာကား နှင်းဆီပန်းထုတ်ပိုးစက်ရုံကြီးဖြစ်သည်၊ အလွန်ခေတ်မီသော နည်းပညာများဖြင့်စနစ်တကျ တည်ဆောက်ထားသည်၊ ထိုစက်ရုံ၏အနားမှာ ဆေးလိပ်စက်ရုံကြီးတစ်ကိုလဲတွေ့ရသည်၊ ထိုစက်ရုံကိုတော့ သီတဂူစတားတို့လေ့လာခွင့်မရပါ၊ အိန္ဒိပြည်သည် ဆေးလိပ်သောက်ခြင်းကို အထူးပိတ်ပင်ထားသည်၊ အိန္ဒိယလူမျိုးတွေ ဆေးလိပ်သောက်တာ အတော်ကိုရှားပါသည်၊ မတွေ့ရသလောက်ပင်၊ ဆေးလိပ်သောက်ခြင်းသည် အပြစ်ကြီးတစ်ခု ကျူးလွန်နေသလိုဖြစ်နေသည်။ ထိုဆေးလိပ်စက်ရုံကို လေ့လာခွင့် မပြုတာ ဒါကြောင့်ထင်ပါသည်။ စက်ရုံနှင့်ပန်းခြံတို့ကို လုံးဝဓာတ်ပုံရိုက်ခွင့်မပြုသည့်ကြားက သူငယ်ချင်းတစ်ယောက်က သီတဂူစတားကင်မရာ လမ်းယူပြီး ပန်းခြံကို ရိုက်လိုက်သေးသည်။
သီတဂူစတားလေ့လာရေးမှတ်တမ်း (၆)ဆက်ရန်


Tuesday, October 20, 2009
သီတဂူစတား (sitagustar)
Posted in:
0 comments:
Post a Comment