
Sunday, October 18, 2009

သီတဂူစတား (sitagustar)
No comments
စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဖြစ်တော်မူသော ကျေးဇူးရှင် သီတဂူဆရာတော်ဘုရားသည် အစ္စရေးနိုင်ငံ ဘာသာရေးဆိုင်ရာ ကွန်ဖရင့်တစ်ခုက ပင့်ဖိတ်သဖြင့် ၁၇-၁၀-၀၉- နေ့က အစ္စရေးနိုင်ငံသို့ ကြွချီတော်မူသွားပါသည်။ အစ္စရေးနိုင်ငံ၌ တစ်ပတ်ခန့်ကြာမြင့်မည်ဟုသိရသည်။
ဆရာတော်သည် အသက် ရ၀-ကျော်ပြီ ဖြစ်သော်လည်း ယင်းကဲ့သို့ နိုင်ငံတကာအစည်းအဝေးပွဲများကို တက်တက်ကြွကြွ တက်ရောက်ပြီး ဓမ္မရေးရာ မိန့်ခွန်းတော်များကို မြိုင်မြိုင်ဆိုင်ဆိုင် မိန့်ကြားတော်မူလျက်ရှိပါသည်။ ဆရာတော်၏ ဇွဲလုံ့လကား အံမခန်းပါပေ။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ် ပါမောက္ခဆရာတော်တစ်ပါးက “ သီတဂူဆရာတော်ဟာ အလုပ်လုပ်လို့ အနယ်နယ်အရပ်ရပ်မှာ ဟိုးလေးတကျော် နာမည်ကြီးခြင်း ဖြစ်ပေသည်” ဟု ကောက်ချက်ချဖူးပါသည်။ ဆရာတော်ကလည်း “ငါတို့ကို တိုင်းပြည်နှင့်သာသနာက လေးစားတယ်ဆိုတာ အများအကျိုးပြုလုပ်ငန်းတွေကြောင့်ပဲ၊ ငါကတော့ သာသနာ့ကျေးကျွန်အဖြစ်ခံယူပါရစေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့်တွေကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာအတွက် အနစ်နာခံတဲ့စိတ် စွန့်လွှတ်တဲ့စိတ်နှင့် အလုပ်လုပ်စေချင်တယ်” ဟု တပည့်များကို မိန့်မြွက်တော်မူလေ့ရှိပါသည်။
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
အသားစားနည်း စနစ် နောက်စကားတစ်ခွန်း ဆက်မလို့ ဘုန်းကြီးက အားယူ နေတုန်း ချက်ချင်းကြားဖြတ်ပြီးတော့ သူပြောတယ်။ ဘုန်းကြီးပြောလိုက်တဲ့ စကားထဲမှ...
0 comments:
Post a Comment