
Thursday, October 22, 2009

သီတဂူစတား (sitagustar)
No comments
(မန္တလေး၊ အောက်တိုဘာ ၉-ရက်)
ဗုဒ္ခသာသနာပြန့်ပွားထွန်းကားလာအောင် ဆောင်ရွက်နေသည့် မန္တလေးမြို့တွင် အခြေစိုက်ထားသော ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်းကြီးသည် နယ်စပ် ဒေသနှင့် တောင်တန်းဒေသများတွင် သာသနာပြုလုပ်ငန်းများနှင့် လူမှုရေး အကျိုးပြု လုပ်ငန်းများ တွဲဖက်ဆောင်ရွက်နေလျက်ရှိပါသည်။ ယင်းအသင်းကြီးသည် အသင်း ထောက် ၁၉၈-သင်းတို့၏ ပူးပေါင်းလှူဒါန်းမှုဖြင့် ပြည်နယ်နှင့် တိုင်းမြို့နယ်များရှိ ကျောင်းပေါင်း ၉၁၉ ကျောင်းတွင် အောက်တိုဘာလ ၇-ရက်နေ့ မှာ ကထိန်ခင်းခဲ့ပါသည်။
ကျောင်းပေါင်း ကိုးရာကျော်တွင် ကထိန်သင်္ကန်း၊ ဂွမ်းစောင်အပါအဝင် အခြားလှူဖွယ်ပစ္စည်းများကို လှူဒါန်းသွားမည်ဖြစ်ပြီး ပဒေသာပင်တစ်ခုလျှင် ပစ္စည်းဝတ္ထုကျပ် ငါးသောင်းဖိုးခန့်ရှိကြောင်း၊ ကထိန်အောင်ပွဲကို ၂ဝ၁ဝခုနှစ် မတ်လ ၄ ရက်မှ၁ဝ ရက်နေ့အတွင်း ဆရာတော်ကြီး၏ သာသနာပြုခရီးစဉ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ¤င်းကဆိုသည်။ ကထိန်သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ အလှူခံမည်ဖြစ်ကြောင်း ယင်းအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဗုဒ္ဓဘာသာသာသနာပြုအသင်းကြီးသည် ၂ဝဝ၈-ခုနှစ် ပထမအကြိမ် ကထိန်ခင်းစဉ်က ကျောင်းတိုက် ၆ဝဝ -ကျော်ကို ကထိန်နှင့် ဆက်စပ်သည့် ပစ္စည်း တန်ဖိုးကျပ်သိန်း ၁ဝဝ- နီးပါးဖိုး လှူဒါန်းနိုင်ခဲ့သည်။ ယင်းအသင်းကြီးကို ဗြဟ္မစိုရ် လူမှုရေးအသင်း ထူထောင်ခဲ့သည့် ဆရာတော် ဘဒ္ဒန္တတိက္ခ (အဂ္ဂမဟာပဏ္ဏိတ)က ဦးဆောင်၍ ရှင်ပြုရဟန်းခံပွဲများ၊ ဗုဒ္ဓဘာသာအဆုံးအမခံယူပွဲများကို နှစ်စဉ် ပြုလုပ်လျက်ရှိသည်။
(The voice journal)
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
0 comments:
Post a Comment