
Wednesday, October 21, 2009

သီတဂူစတား (sitagustar)
No comments
ဆိုကြမယ်ပျော်ကြမယ် အစီအစဉ်
နေ့လည်စာပြီး သည့်အခါ ဖျော်ဖြေရေးအစီအစဉ်စပါတော့သည်၊ ကျောင်းသားခေါင်းဆောင်က နိုင်ငံအလိုက် ကိုယ့်နိုင်ငံသီချင်းကို ထဆိုရသည်၊ ပရိသတ်တွေလဲ တ၀ါးဝါးနှင့် ပွဲကစည်ကားနေသည်။ လေးနိုင်ငံလောက်ဆိုအပြီးမှာ မြန်မာနှင့်သီရိလင်္ကာနိုင်ငံတို့ကို ခေါ်ပါတော့သည်၊ အဲဒီမှာ သီတဂူစတားတို့ ဒုက္ခရောက်တော့တာပဲ၊ ဆိုလို့ကလဲမသင့်တော်၊ မဆိုပြန်ရင်လဲ ညီညွတ်ရေးကိုဖြက်ရာကျမည်၊ ရိုင်းရာလဲကျသည်၊ သီတဂူစတားအကြံအိုက်နေချိန် ကျောင်းသားတစ်ယောက်ကို သတိရလိုက်သည်၊ သူဟာ English မေဂျာနှင့် M.A မထမနှစ် ကျောင်းတက်နေသူဖြစ်သည်၊ မောင်ကျောင်းသားရေ မောင်ရင့်ကိုပဲ အားကိုးရတော့မယ်၊ မောင်ရင်မလုပ်ရင် မဖြစ်တော့ဘူး၊ မဖြစ်မနေ မောင်ရင်ရတာ ဆိုကွာလို့ အကူအညီတောင်းလိုက်ရသည်၊ တော်သေးသည် အဆင်ပြေသွားသည်၊ သူကလဲ အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်သည် သတ္တိကလဲ အာဂလူဖြစ်သည့်အတွက် ပွဲက စည်သွားပြန်ပါသည်၊ သူဆိုသည့်သီချင်းက စတောဘယ်ရီ သီချင်းဖြစ်ပါတယ်၊ ပရိသတ်များလိုက်ဆိုနိုင်အောင် လမ်းကြောင်းပေးထားသဖြင့် ပွဲက ဆိုပြေပါသည်။ သီတဂူစတားတို့ အခုမှ ရင်ထဲက အလုံးကြီးကျသွားတော့သည်၊ သူသာမကယ်ရင် သီတဂူစတား ထပြီးဟဲရလိမ့်ထင်သည်၊ မောင်မင်းကြီးသား အစဉ်ပြေပါစေဟူ၍သာ အကြိမ်း၂ ဆုတောင်းနေရတော့သည်။
အဆိုပျော်ပြီးတာနဲ့ နှင်းဆီကုန်းပန်းခြံ၏ မန်နေဂျာ၊ ဒါရိုက်တာ၊ မူလတန်းကျောင်းဆရာများက ၀မ်းသာစကားပြောကြသည်။ ထိုအစီအစဉ်ပြီးတာ နာရီဝက်လောက်အနားယူပြီး အပြန်ခရီးစတင်တော့သည်။ အားလုံးကိုနုတ်ဆက်ခဲ့ပါတယ်၊ ဟတ်ပီးဒေ၀ါလီဟု ကြွေးကြော် ပြန်ခဲ့ကြသည်။ အဆောင်ကို ညနေ (၄)နာရီပြန်ရောက်ပါသည်။
ဤတွင် ဟတ်ပီးဒေ၀ါလီ လေ့လာရေးမှတ်တမ်းပြီး၏။
သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သီတဂူစတား
၂၀-၁၀-၂၀၀၉
Posted in: ခရီးသွားမှတ်တမ်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
သီတဂူဗုဒ္ဓနေ့ပူဇာ ဖိတ်ကြားခြင်း *********** မနက်ဖန် သာသနာနှစ် ၂၆၀၀ မြန်မာနှစ် ၁၃၇၈ ကဆုန်လပြည့်နေ့ (၂၁-၅-၂၀၁၆) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (...
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး (၂) တပည့်တော် ဆက်လက်ပူဇော်ချင်တာကတော့ ဆရာတော်ဘုရားကြီးရေးသားခဲ့သော စာများအကြောင်းပင် ဖြစ်ပ...
-
အောင်မြင်သော ခရီးသည် ဘ၀သောတံ ဘေ၀၀ါဟံ၊ တိဏ္ဏော ပါရင်္ဂတော အဟု။ ဧတေန သစ္စ၀စ္စေန၊ ဂမနံ မေ သမိဇ္ဈတု။ မြတ်ဗုဒ္ဓသည် ဘ၀သံသရာတည်းဟု ရေပင...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
အသားစားနည်း စနစ် နောက်စကားတစ်ခွန်း ဆက်မလို့ ဘုန်းကြီးက အားယူ နေတုန်း ချက်ချင်းကြားဖြတ်ပြီးတော့ သူပြောတယ်။ ဘုန်းကြီးပြောလိုက်တဲ့ စကားထဲမှ...
-
စာမိတ်ဆက် တစ်နေ့က ဘုံဘေ (မွမ်ဘိုင်း) အိန္ဒိယကနေ ပြန်လာတော့ ရန်ကုန်မှာ နေရာတကျဖြစ်တဲ့ အချိန် ရွာက ဆရာသမားရယ် မွေးသမိခင် အမေရယ်၊ ဆွေတော်အပေ...
-
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကို...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
0 comments:
Post a Comment