(မန္တ္တေလေး၊ အောက်တိုဘာလ ၂-ရက်)
ဗုဒ္ဓ သာသနာပြန့်ပွားထွန်းကားလာ အောင်ဆောင်ရွက်နေသည့် မန္တလေးမြို့ အခြေစိုက် ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေး အသင်း၏ ရခိုင်ပြည်နယ်တွင် ပထမဆုံး ဗုဒ္ဓဘာသာဝင် အဖြစ် ကူးပြောင်းခံ ယူပွဲကို ဘူးသီးတောင်မြို့နယ်တွင် ဒီဇင်ဘာလ၌ ကျင်းပသွားရန်ရှိသည်ဟု ယင်း အသင်းထံမှ စုံစမ်းသိရှိရသည်။
ယင်းပွဲကို ဒီဇင်ဘာလ ၂-ရက်နေ့မှ ၁၃ -ရက်နေ့အထိ ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာတွင် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။ ဘူးသီးတောင်မြို့နယ်သည် အစ္စလာမ်ဘာသာကို ကိုးကွယ်သူအများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်သည့် မြို့ဖြစ်သည်။
(The voice journal)
ကမ္ဘာပေါ်တွင် မွတ်ဆလင် ဦးရေ တဖြည်းဖြည်းချင်းတိုးပွား
----------------
(ဝါရှင်တန် ၊ အမေရိကန်၊ အောက်တိုဘာ ၁၂-ရက်)
ကမ္ဘာပေါ်တွင် မွတ်ဆလင်လူဦးရေ တဖြည်းဖြည်းချင်းတိုးပွားလာပြီး ယခု ၂ဝဝ၉-ခုနှစ် လယ်ပိုင်းတွင် ၁-ဒသမ ၅၇ - ဘီလီယံအထိရောက်ရှိလာပြီ ဖြစ်ကြောင်း မကြာသေးခင် အောက်တိုဘာလဆန်းပိုင်းက ထုတ်ပြန်ကြေညာသောကမ္ဘာ့ဘာသာရေးဆိုင်ရာအစီရင်ခံစာတစ်ရပ်ကို ကိုးကား၍ အေပီသတင်းဌာနက လရေးသားဖော်ပြသည်။
မွတ်ဆလင်လူဦးရေ တိုးပွားလာသည်ဟူသောသဘောမှာ အစ္စလာမ်ဘာသာကိုးကွယ်သူဦးရေ များပြားလာခြင်းဖြစ်ကြောင်း ကမ္ဘာပေါ်တွင်လူလေးဦးတွင် တစ်ဦးမှာ အစ္စလာမ်ဘာသာကို ယုံကြည် ကိုးကွယ်ကြကြောင်းအစီရင်ခံစာက ဆိုသည်။
အစီရင်ခံစာအရ အစ္စလာမ်ဘာသာသည် ကမ္ဘာပေါ်တွင် နားလည်သဘောပေါက်ရန် အလွယ်ကူဆုံးဘာသာအဖြစ် သတ်မှတ်ခံရသည်။ အဆိုပါအစီရင်ခံစာက The Pew Forum သမကာ ဘာသာရေးဆိုင်ရာသုတေသနအဖွဲ့က ဘာသာတရားနှင့် အများပြည်သူတို့၏ဘဝဟူသော ခေါင်းစဉ်ဖြင့်သုတေသနပြုလုပ်ပြီးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သုတေသနကို မွတ်ဆလင်ကမ္ဘာအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများ၌ သုံးနှစ်ကြာပြုလုပ်ခဲ့သည်။ The Pew Forum သမကာ မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးအဆိုအရ ဂျာမနီနိုင်ငံသည် လက်ဘနွန်နိုင်ငံထက် မွတ်ဆလင် ဦးရေများပြားပြီး တရုတ်ပြည်တွင် ဆီးရီးယားနိုင်ငံထက် မွတ်ဆလင်ဦးရေ များပြားလာသည်ကိုတွေ့ရကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု ပရင်စတန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ အေမီဂျမားလ်က ''ဒီအစီရင်ခံစာအရ ပြောရမယ်ဆိုရင် တစ်ချိန်တုန်းက ယူဆခဲ့တဲ့ အိုင်ဒီယာတစ်ခုဖြစ်တဲ့ မွတ်ဆလင်တွေဟာ အာရပ်လူမျိုးတွေဖြစ်ပြီး အာရပ်လူမျိုးတွေဟာမွတ်ဆလင်ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ လုံးလုံးလျားလျား ပြောင်းလဲသွားပြီဖြစ်ပါတယ်'' ဟုမှတ်ချက်ပြုပြောကြားသည်။ The Pew Forum သမကာ ၏ သုံးသပ်ချက်အရ ကမ္ဘာ့မွတ်ဆလင်လူဦးရေ၏၆ဝ- ရာခိုင်နှုန်းမှာ အာရှဒေသတွင် နေထိုင်လျက်ရှိသည်။
လူအများစုက လက်ခံယူဆကြသည်မှာ အစ္စလာမ်ဘာသာကိုးကွယ်သူ မွတ်ဆလင်များသည် အရှေ့အလယ်ပိုင်းဒေသတွင် အများဆုံး နေထိုင်ကြသည်ဟူသော အယူအဆမျိုးဖြစ်သော်လည်း အမှန် တကယ်တွင် အာရှဒေသ၌ အများဆုံးဖြစ်နေသည်ကိုတွေ့ရသည်။ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာသည် ဒုတိယမြောက်အကြီးဆုံး ဘာသာကြီးတစ်ခုဖြစ်ပြီး ခရစ်ယာန်ဘာသာ၏ နောက်မှလိုက်လျက်ရှိသည်။ ခရစ်ယာန်ဘာသာ ယုံကြည်သူ ဦးရေမှာ ၂ -ဒသမ ၂-သန်းထိရှိမည်ဟု ခန့်မှန်းရသည်။
The voice journal
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
1 comments:
ခရစ်ယာန်ဘာသာ ယုံကြည်သူ ဦးရေမှာ ၂ -ဒသမ ၂-သန်းထိရှိမည်ဟု ခန့်မှန်းရသည် ဟုဆိုရာတွင် ၂ -ဒသမ၂ ဘီလီယံ ဟုပြင်စေလိုပါသည် ဘုရား....နောက်တလက်စ ထဲ Post အားလုံးအတွက် စာလုံးပေါင်းမကျ စေရန် နှင့်မှန်စေရန် လည်း သတိထားစေလိုပါသည် ဘုရား......။ တပည့်တော် ကိုယ်တော်ရဲ့  blog ၂ ခုလုံးကိုအားပေးနေပါတယ်ဘုရား။ အရှင်ဘုရားကို လေးစား အားကျ ကြည်ညိုမိပါတယ် ဘုရား...........
Post a Comment